Wednesday, December 31, 2008

နည်းနည်းလောက်ကြော်ငြာချင်လို့ပါ..........ချင့်




သယ်ရင်းblackdream ရဲ့ကြိုးစားမူ့လေးပေါ့.........
Myanmar Genius Forum ကိုသွားရောက်လည်ပတ်ပြီး
ပျော်ရွှင်မူ့များရကြပါစေချင့်...........အောက်မှာသူများရေးပြီးသားတင်လိုက်ပါတယ်ချင့်..ဟီးးး
နှစ်သစ်မှာ........ပျော်ရွှင်ကြပါစေချင့်

စက္ကန့်နှင့်အမျှ ပြောင်းလဲနေတဲ့ ကျွန်တော်တို့ရဲ့၂၁ရာစုထဲမှာ အသိပညာ၊အတတ်ပညာများဟာ
အချိန်နှင့်အမျှ တိုးတတ်ပြောင်းလဲလို့ လာနေပြီးဖြစ်ပါတယ်။ ဒီလိုတိုးတတ်ပြောင်းလဲနေတဲ့ နည်းပညာများ၊ အတတ်ပညာများကို မျက်ခြေမပျက်လိုက်နိုင်ဖို့ဆိုရင်တော့ ကျွန်တော်တို့ရဲ့ မျက်စိတွေနားတွေကို
အစွမ်းကုန် ဖွင့်ထားဖို့လိုပါလိမ့်မယ်........။

ထို့ကြောင့် ကျွန်တော်သိထားတတ်ထားသည်များကို
ဝေမျှရန် ၊ မသိသေးတာတွေကို မေးမြန်းတိုင်ပင်နိုင်ကြစေရန်အတွက် ကျွန်တော်တို့ရဲ့ Myanmar Genius Forum ကို တည်ထောင်လိုက်ရခြင်း ဖြစ်ပါတယ်၊
အားလုံးပူးပေါင်းလက်တွဲပြီး ကျွန်တော်တို့ချစ်သောနိုင်ငံနှင့် အနာဂတ်အတွက် မိမိကျရာအခန်းကဏ္ဍမှ
ပါဝင်ကြိုးစားရင်းမိမိတို့ရဲ့ တိမ်းမြုပ်နေသောအရည်အချင်းများကို ထုတ်ဖော်ပြသကြဖို့ ကျွန်တော်တို့ရဲ့
Myanmar Genius ၀ိုင်းတော်သားများမှ လေးစားစွာ၊ ဖိတ်ခေါ်ကြိုဆိုပါကြောင်း အသိပေးအပ်ပါတယ်..။


Novice Member (0 Post to 50) - Download Role

Beginner Member (50 Posts to 100 Posts) -

Wordpress with subdomain (yourdomain.myanmargenius.com)

Permanent Member (100 Posts to 500 Posts) - Wordpress+Subdomain+

FTP account with Database

VIP Member & Special Member - (Wordpress, Joomla, Phpbb3,

Icyphoenix, Vbulletin) + Subdomain + FTP account with Database

စသောအစီအစဉ်များနှင့် အခြားသော အစီအစဉ်ပေါင်းများစွာကို အခမဲ့ အသုံးပြုခွင့် ပေးသွားမှာ ဖြစ်ပါတယ်။


Sunday, December 28, 2008

ကြွားဆိုလို့ကြွားလိုက်ပါတယ်ချင့်

မမ၀ါကတတ်ခ်လိုက်တယ်ကြွားရမယ်တဲ့........အကြွားမသန်တော့ဘာကြွားရမယ်မှန်းကို
သိတော့ဘူး
အဲ့ဒါနဲ့မရေးပဲနေလိုက်တာတစ်လပြည့်သွားပါလေရောဗျာ...........ဟင့်
ခုတော့နှစ်လည်းကူးတော့မယ် အကြွေးတွေလဲနှစ်သစ်ကိုသယ်မသွားချင်တာနဲ့
မီးလေးတို့ အကြံထုတ် လို့........ရေးလိုက်ပါတယ်ချင့်
ကြွားရမှာကတော့..........အဟမ်း..........

မီးလေးကဘယ်အရာကိုမှစွဲစွဲလမ်းလမ်း မရှိတတ်ဘူး ကြိုက်ရင်ဝယ်တယ် ပျက်ရင်ပစ်တယ်
မကြိုက်တော့ရင် ချောင်ထိုးထားတတ်တယ် ပစ္စည်းတစ်ခုကိုဘယ်တော့မှ အမြဲတမ်း..တမ်းတမ်းစွဲ
တစ်ခုထဲလဲသုံးမတတ်ဘူး နာကပ်ဆိုလဲ.....၀ယ်လိုက်မယ်..အများကြီး...(အများနဲ့ဝယ်မှဈေးချိုတယ်လေ...ဟိဟိ)
ဆွဲကြိုးဆိုလဲပုံစံအမျိုးမျိုးဝယ် ဆွဲလားဆိုတော့ မဆွဲဖြစ်ဘူး အလှကြိုက်တယ် မပြင်တတ်ဘူး (လှတဲ့သူဆိုတော့မပြင်လဲလှတာပဲလေ....ဟတ်ဟတ်)

လက်ကောက်ကတော့ကြီးကြီးပဲပတ်တယ် သိပ်မ၀ယ်ဖြစ်ဘူး ဆံပင်ညှပ်တဲ့ကလစ်ကတော့ မီးလေးမ၀ယ်ဘူး ညီမလေးဝယ်လာရင် ယူတတ်လိုက်တယ် ဟိဟိ... အ၀တ်အစားဆိုရင်လဲ ညီမလေးကများသောအားဖြင့် ၀ယ်ပေးတယ် မီးလေးဝယ်တာ သူကမကြိုက်ဘူးလေ မီးလေးဝယ်တာ..စတိုင်မရှိပါဘူးတဲ့ရှင်..ပြောတတ်လိုက်တာလဲ မပြောပါနဲ့တော့ သူဝယ်တာပဲစတိုင်ရှိတယ်လေ...ဟွန့် ခုညီမလေးပြန်သွားတော့ မီးလေးလဲအ၀တ်အစားဝယ်မတတ်တော့ဘူး ဟတ်ဟတ်

ဖိနပ်ဆိုလဲသူကရှူးတို့ဘွတ်တို့စီးတာ မီးလေးကကြိုးသိုင်း ဖိနပ်အပါး ဒေါက်ဆိုရင်မြင့်မှ (အခုတော့ဖိနပ်အပါးပဲစီးတာများတယ်) သူဖိနပ်ရွေးရင်မီးလေးခြေထောက်ညောင်းမှညောင်းပဲ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်နဲ့ အိပ်ပါငိုက်တယ် မပြီးတတ်တော့ဘူး..... မီးလေးကဖိနပ်အပိတ်မစီးတတ်ဘူး ခြေမနာတယ် ပြီးတော့ အသက်ရှူရကြပ်သလိုခံစားရတယ် သူနဲ့အမြဲစကားများတယ် နင့်ဖိနပ်ငါကြည့်တာအသက်ရှူရကြပ်တယ်လို့ သူလဲပြန်ခွပ်တာပဲ နင့်ခြေထောက်မှာကြိုးတွေပတ်ထားတာ လည်းငါအသက်ရှူရကြပ်တာပဲတဲ့..........ဟိဟိ.. ဒီလောက်လှတာကို...နော်


မမ၀ါတို့လိုတော့ကြွားစရာသိပ်မရှိပါဘူးလေ ရှိတာလေးပဲပြောပြရတာ လက်သဲဆိုးဆေးဆိုလဲ အများကြီးမရှိဘူး မီးလေးက စိတ်ကူးပေါက်ရင် လက်သဲကိုတုံးတိထားတာ အဲ့အခါကျရင်အမဲရောင်ဆိုးလိုက်တယ် အရှည်ထားရင်တော့ အကြည်ရောင်လေးတွေ မဟုတ်ရင်လဲ အရောင်ဖျော့ဖျော့လေးတွေပဲဆိုးတာ သုံးပုလင်းလောက်ပဲဝယ်ဖြစ်တယ် အများကြီးဝယ်ပြီးတစ်ခါမှလဲ စိတ်မရှည်တော့မဆိုးဖြစ်ပါဘူး

သူများတွေလိုမျက်နာမှာလိုင်နာတွေ ပါးနီတွေလဲမသုံးတတ်ဘူး မီးလေးဆီမှာဆို ပေါင်ဒါတစ်ဘူး နှုတ်ခမ်းနီအရောင်ရင်ရင့် မျက်တောင်ကော့ဆေးနဲ့ မျက်ခုံးဆွဲတံပဲရှိတာ ဒါတောင်အဒေါ်ပြောလွန်းအားကြီးလွန်းလို့ မျက်ခုံးဆွဲတာ အလှမပြင်တတ်တော့ မပြင်ဖြစ်ဘူးပေါ့

ဟီးးးးအဲ့ဒါကြောင့်လဲအပျိုကြီးဖြစ်နေတာပေါ့.......ဟတ်ဟတ်(ကြုံတုန်းကြော်ငြာဝင်တာ)
သူငယ်ချင်းတွေက အပြင်ထွက်မှတွေ့ရတာဆိုတော့ သူတို့ထင်တာမီးလေးအလှပြင်တာ ၀ါသနာပါတယ်ပေါ့ ဟိဟိ အခုအလုပ်တွေပိတ်ထားကြလို့မီးလေးဆီမှာစုရောက်နေတော့မှပဲ ဘုရားတကြတော့တယ်

မီးလေးနင်အိမ်မှာနေရင်ဒီစတိုင်ပေါ့လေ”တဲ့

“အေးလေ..ငါကဘာပြင်ရဦးမှာလဲ”
“မပြင်ချင်ပါဘူး အလုပ်ရှုပ်တယ် အချိန်ကုန်တယ်”လို့ပဲပြန်ပြောပေးလိုက်တယ် ....ဟီးးးးးးး

မီးလေးအိမ်မှာနေရင် ဆံပင်ကိုစုပြီးထုံ ဘောင်းဘီတို..အကျီ်လက်ပြတ်မျက်နာကအပြောင်နဲ့. .ဒီလောက်မိုက်တာကိုများ..သူတို့မို့ပြောကြတယ်..နော်.......ဟိဟိ.............. နောက်တစ်ခုက စာအုပ်တွေပဲ ကြိုက်ပြီးဆိုရင်..ဘာစာအုပ်ရယ်လို့မဟုတ်ဘူး အကုန်ဝယ်တယ် အခုမှနည်းနည်းတော်တယ် စာကြည့်တိုက်မှာသွားမွှေနေရလို့ အမေဆိုပြောတယ် “မီးလေးနင့်စာအုပ်တွေနင်ဘာလုပ်မှာလဲ ဖတ်ပြီးရင်လဲ စာကြည့်တိုက်သွားလှူလိုက်ပါလား အိမ်ရှုပ်တယ်” အဲ့ဒီစကားကတော့ အမေပြောလွန်းလို့ ရိုးနေတဲ့စကားတစ်ခွန်းပေါ့ မီးလေးကအင်မလုပ်အဲမလုပ်နဲ့လေ အခုတော့လဲ စိတ်ဆုံးဖြတ်လို့ စာကြည့်တိုက်မှာအကုန်သွားလှူလိုက်ပါပြီးချင့်

အမေတို့ကလဲပြန်တော့မှာ မီးလေးကလဲသယ်မနိုင်ပါဘူး ဖတ်ပြီးသွားပြီဆိုတော့ သိမ်းထားချင်တာပေါ့ သူများပေးရမှာနှမျှောတယ်လေ စာအုပ်တွေကအသစ်တွေကြီးပဲ .. အဲ့လိုလဲကပ်စီးနဲပါသေးတယ်ချင့် ဟိဟိ..ကြိုပြောထားတယ်နော် ဘာမှလာမတောင်းကြနဲ့..ဟတ်ဟတ်

မီးလေးရဲ့ကြွားတာလေးကတော့ ဒီလောက်ပါပဲရှင် ဘာမှကြွားစရာမရှိတဲ့အတွက် ဓါတ်ပုံနဲ့တကွတော့ ဖော်မပြတော့ပါဘူး.... ဟိဟိ...တော်ကြာမရှိမဲ့ရှိမဲ့လေးတွေ လာတောင်းနေကြရင်..ဒွတ်ခ...

Thursday, December 25, 2008

ဒီဇင်ဘာနှုတ်ခမ်းနှင့်(၂၀၀၈)အလွမ်း

မီးရောင်အောက်မှာ ဖြူစင်စွာ ထက်ကောင်းကင်ယံ ကနေ ဖြည်းညှင်းစွာ ကျဆင်းလာနေတဲ့ နှင်းပွင့်ဖြူလေးတွေကို ကျမ နှစ်သက်စွာ ပြတင်းကနေ ငေးကြည့်နေရင်း “သူတို့လေးတွေကတော့ အေးမြ နေမှာပဲနော်”။ ကျမလဲ သူတို့ကို နှစ်သက်လို့ အဖြူရောင်ကို သဘောကျ နှစ်ခြိုက်မိတာလား မသိတော့ပါဘူး။

ခရစ်စမတ်ရာသီ ပြီးခဲ့ပြန်ပေါ့ နှစ်သစ်ကူးပြောင်းဖို့ (ဒါမှမဟုတ်) နှစ်ဟောင်းကုန်ဖို့ ရက်ကလဲ တဖြည်းဖြည်း နီးကပ်လာပြီလေ။ ကျမအတွက်တော့ မထူးဆန်းတော့တဲ့ ခရစ်စမတ်နဲ့ ပျော်ရွှင်စရာ ကောင်းမှာ မဟုတ်တဲ့ နှစ်သစ် ဖြစ်နေဦးမလားပဲ။

လွန်ခဲ့တဲ့ နှစ်တွေတုန်းကလဲ ဒီလိုပဲ ထူးမခြားနား ဖြတ်သန်းလာရတာ မဟုတ်လား။ ဒီနှစ်တွေလဲ အိမ်ထဲမှာပဲ အချိန်တွေ ကုန်ဦးတော့မှာပဲလေ။ ဘာမှ မတတ်နိုင်ဘူးလေ၊ ကျမက ဖန်ဆင်းရှင်မှ မဟုတ်တာပဲ၊ ကျမ ရွေးချယ်ပိုင်ခွင့် မရှိတဲ့ ကျမပိုင်ဆိုင်နေတဲ့ ကျမဘ၀ပဲလေ။


*****
ပြတင်းကနေ ငေးကြည့်နေရင်းနဲ့ အဖြူရောင် အရိပ်လေးတစ်ခု ဟိုးးးးး ဝေးဝေးဆီကနေ ကျမရှိရာဆီ တစ်ရွေ့ရွေ့ လှမ်းလာနေတာ တွေ့လိုက်ရတယ်၊ ကျမ အမြင်မှားတာများလား။ တဖြည်းဖြည်း နီးကပ်လာပြီး မြင်နိုင်လောက်တဲ့ နေရာရောက်တော့မှ အဲ့ဒီအရိပ်လေးရဲ့ ဖြူလွလွ အနွေးထည် ထူထူဝတ်ထားပြီး လက်ပိုက်ရင်း တစ်လှမ်းချင်း လျှောက်လှမ်းလာပုံက မင်းသားလေး တစ်ပါး လှမ်းလာနေသလိုပါပဲ။

မျက်နှာကျပုံ ပြေပြစ်ပြီး နူးညံ့တဲ့ မျက်ဝန်းတစ်စုံ၊ နွေးထွေးမဲ့ နှုတ်ခမ်း နဲ့ တိကျတဲ့ မေးရိုးတွေကြောင့် သူဟာ လူချောတစ်ဦးလို့ ကျမ မှတ်ချက်ချမိပါတယ်။ မီးရောင်ကြောင့်သာ သူ့မျက်နှာကို ထင်ထင်ရှားရှား မြင်ခွင့်ရပေမယ့် နီးကပ်လာရင်တော့ ကျမ ဒီလိုမျိုး စေ့စေ့ ကြည့်ရဲတော့မှာ မဟုတ်ပါဘူး။ သူ့ကို ကျမမြင်ဖူးသလို ရှိနေပေါ့၊ တစ်စစ နီးကပ်လာတဲ့ခါမှာ “သူဘယ်သွားမှာပါလိမ့်”


ဒေါက်.. ဒေါက်... ဒေါက်....”
အိုးးးး ကျမရှိရာကို လာတာပဲ၊ ဘုရားသခင် တကယ်လားဟင်!! ကျမ စိတ်ကူးယဉ်တာ များသွားလို့များလား။ ကျမလဲ တံခါးရှိရာသွားလို့ ဖွင့်ပေးမိတယ်။ ကျမက သူ့ကိုမေးမြန်းတော့ သူက နူးညံ့ ချိုသာ ပြေပြစ်လှစွာ ပြန်ပြောမှုကြောင့်လဲ ကျေနပ်မိတာပေါ့။

နှင်းကျတာ ရပ်သွားရင် ခရီးဆက်ပါ့မယ် ပြောတာကြောင့် အိမ်ထဲဝင်ဖို့ ဖိတ်ခေါ်မိတယ်လေ။ သူက မီးလင်းဖိုနား သွားထိုင်နှင့်ပြီး ကျမလဲ ဖြည်းဖြည်းချင်း သူ့နောက်နား ဘေးဘက် မကျတကျ နေရာလေးမှာ ငြိမ်ငြိမ်လေး ထိုင်နေမိတယ်။


သူက သူ့ရဲ့အကြောင်း တစ်ချို့ကို စိတ်ရှည်စွာ ပြောပြလေရဲ့။ သူစကားပြောပုံက အသံသြဇာအပြည့်နဲ့ သာယာ တိုးညှင်းပြီး ချိုသာစွာ ပြောတတ်ပုံ လေယူလေသိမ်းကို ကျမ သဘောကျမိပါတယ်။ သူ့မျက်နှာကို ဘေးတိုက် ခိုးခိုး ကြည့်နေရင်းမှ တစစ ကျမရဲ့ ရင်ခုန်သံတွေ မြန်လာတာ ကျမတောင် သတိမထားမိလိုက်ပါလား။

ကျမတို့တွေ တစ်ညလုံး စကားတွေ ဖောင်ဖွဲ့ပြောနေမိတာ ဟိုးး အရင်တုန်းက သိခဲ့ ခင်မင်ခွင့်ရခဲ့တဲ့ သူတွေ အတိုင်းပါပဲ။ သူက ဖော်ရွေတတ်ပြီး အကြင်နာတရား ရှိမယ့်ပုံလဲ ရတယ်လေ။


မီးလင်းဖိုက မီးရှိန်ကြောင့် ထင်ရဲ့ သူ့အနွေးထည်ကို ချွတ်ပြီး နောက်ဖက်က ခုံပေါ် လှမ်းတင်လိုက်တယ်။ သူ့လှုပ်ရှားမှုတွေက ငြင်သာလှပြီး ကျမ မကြည့်လဲ မြင်နေရတာပေါ့။ နှင်းကျတာ ရပ်သွားမှာတောင် ကျမစိုးမိပါရဲ့။ ဒီအချိန် ခဏတာလေးကို ဆွဲဆန့်ထားလို့ ရရင် သိပ်ကောင်းမှာနော်။ ကျမရဲ့ အထီးကျန် ကမ္ဘာလေးထဲကို ဧည့်သည်အဖြစ် သူက ပထမဆုံး ရောက်ရှိလာတာ မဟုတ်လား။

ကျမရဲ့ အတွေးတွေ မဆုံးခင်မှာပဲ နှင်းကျတာ တဖြည်းဖြည်း စဲသွားတယ်။ သူက အပြင်ကို တစ်ချက် ကြည့်လိုက်ရင်း သွားတော့မယ်လို့ နှုတ်ဆက်တယ်။ “ဟင့်အင်း မသွားပါနဲ့၊ ကျမကို ဒီလို အထီးကျန်နေခဲ့တာ ကြည့်ရက်လား၊ တစ်ခါတည်း ခေါ်သွားလိုက်ပါတော့လား၊ ရှင်ရဲ့ နွေးထွေးမှုတွေ ချိုသာလှတဲ့ အသံတွေကို ကျမ ဆက်လက် နားထောင်နေပါရစေ၊ ထွက်မသွားလိုက်ပါနဲ့နော်”

စိုးထိတ်မှု အတွေးတွေနဲ့ ကျမ အော်ဟစ်လို့သာ တားလိုက်ချင်တော့တယ်လေ၊ တရွေ့ရွေ့ သွားနေတဲ့ သူ့နောက်ကျောကို ငေးကြည့်နေမိတာပေါ့။ သူကတော့ ကျောခိုင်းလို့ တံခါးပေါက်ရှိရာ အရောက်မှာ “ဒီမှာ ရှင့်အနွေးထည် ကျန်နေခဲ့ပြီ” ကျမရဲ့ အသံကြောင့် ထင်ရဲ့ သူရပ်တန့်လိုက်ပြီး နောက်လှည့်လို့ ကျမကို စောင့်နေတယ်။ ကျမလဲ သူ့အနွေးထည် ဖြူလွလွလေး ကိုင်ရင်း တရွေ့ရွေ့ သူရှိရာဆီ အသက်မရှူမိပဲ လျှောက်လှမ်း လာနေမိတာပေါ့။

အနားရောက်တော့ အနွေးထည်လေး လှမ်းပေးရင်း အမှတ်မထင် နွေးထွေးလှတဲ့ သူ့လက်အစုံနဲ့ ထိမိလိုက်တဲ့ခါမှာ ကျမ ရှက်သွေးဖြန်းသွားပါတယ်။ သူက ကျမလက်ကို ဆုပ်ကိုင်လာချိန်မှာတော့ ညှို့ဓါတ်မိသူ တစ်ယောက်လို သူ့မျက်နှာကို မော့ကြည့်ရင်း ငြိမ်သက်နေမိတယ်။ ပြုံးနေတဲ့ သူ့မျက်နှာက ကျမမျက်နှာနား တဖြည်းဖြည်း နီးကပ်လာချိန်မှာတော့............

*****
ကျမ မျက်စိ ဖွင့်ကြည့်လိုက်တဲ့ခါမှာ... နှင်းတွေကွဲနေပြီး အလင်းရောင်တောင် အတော်ရနေပြီပဲ။ ကြည့်စမ်း ကျမ အိပ်ပျော်သွားလိုက်တာ... ပြီးတော့ လှပလိုက်တဲ့ အိပ်မက်လေးပါလား၊ ဒီလိုမျိုး တစ်ခါမှ မမက်ခဲ့ဖူးဘူး။ အိပ်မက်တိုင်းသာ တကယ်ဖြစ်လာမယ်ဆိုရင်...........

ကျမအတွက်တော့ ဒီ (၂၀၀၉) က ပျော်စရာတွေ အတိ ပြီးနေတော့မှာလား။ ကျမရင်ခုန်စွာနဲ့ စောင့်မျှော်နေမိတော့မှာ... အခုမှပဲ ကျမအတွက် ဒီဇင်ဘာဟာ လှပသွားပြီး အထီးကျန် ဆန်မနေတော့တာ သတိထားမိတယ်။ ဒီ ၀ိုးတ၀ါး အိပ်မက်ကြောင့် များလားကွယ်။ ဒီ့အတွက် ဘုရားသခင်ကို ကျေးဇူးအထူးတင်ပါတယ်။

*****
သူမရဲ့ မျက်နှာမှာ ကြည်လင်တဲ့ အပြုံးတွေ ဖူးပွင့်နေပြီး နှင်းပွင့်လေးလို အေးမြစွာနဲ့ တွန်းလှည်းရဲ့ ဘီးကို လက်နဲ့လှည့်ရင်း အိမ်ခန်းတွင်းသို့ တဖြည်းဖြည်းနဲ့ တိုးဝင် ပျောက်ကွယ်သွားပါတော့တယ်။
*****
ချစ်မညလေး (အိမ်မက်ဒိုင်ယာရီ) ရဲ့ဘလော့ခ်ထဲက ညလေးရေးထားတဲ့ဝတ္ထုတိုလေးကို ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ရှင်..........ဟီးးးးးး မီးလေးဆားချက်တာဟုတ်ဖူးနော် ဟိဟိ
*****
သူငယ်ချင်း မောင်နှမများ အားလုံးပဲ နှစ်သစ်မှာ စိတ်သစ် ကိုယ်သစ်နဲ့ ဘ၀သစ်ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေနော်.....

Happy New Year 2009!!!


Wednesday, December 24, 2008

မောင်

အလွမ်းကဗျာ လေးတွေကို
နှစ်သက်စွာ ရေးနေမိခဲ့တဲ့
မ..ကိုမှ…အလွမ်းတွေ
ခံစား တတ်လာအောင်
သင်ပေးနေတာလား……မောင်….၊

ကဗျာလေးတွေ ပိုပီပြင်လာအောင်
ခံစားချက်တွေ ထည့်သွင်းနိုင်အောင်လို့
ပညာတွေ ပေးနေတာလား……….မောင်…။

သံယောဇဉ်တွေ တစ်ရစ်ရစ်တိုးလို့
တစ်ဖြည်းဖြည်းနဲ့ ပိုပိုချစ်လာခဲ့မိတယ်
အလိမ်အညာ စကားလုံးတွေနဲ့
မ..နှလုံးသားကိုဖမ်းစား……..
မောင့်ရဲ့နည်းဗျူဟာထဲမှာ
ကျရှုံးနေရသူပါ………မောင်..၊

မျှော်လင့်ချက်တွေပေးလို့
မောင်စွန့်ခွာသွားမယ်ဆိုရင်တောင်
ငိုကြွေးချင်နေတာတောင်မှ
အပြုံးမပျက်……..
ကျန်ရစ်ပေးမယ့် သူပါ…...မောင်။



Wednesday, December 17, 2008

အကြိုက်ဆုံး.......ကဗျာ

တူမတော်လေးမက်မက်(dream)ကတီတီရေတတ်ခ်ပို့စ်လို့လာအော်သွားတာ တော်တော်တောင်ကြာသွားပြီး
(၄)ရက်ပဲနော်တဲ့....မပြီးရင်ချစ်တဲ့သူနဲ့လွဲသွားရင်တာဝန်မယူဘူးတဲ့ဗျာ..စက်ရက်တယ်ဗျာ....
ဒါနဲ့ပဲချစ်သူကိုအရေးတကြီးအကြောင်းကြားလက်ထပ်ဖို့အရေး လုပ်ရတော့မယ်လို့
စိတ်ကူးမိသွားတယ်ဆိုပါတော့ဗျာ......ဟီးးးးးးးးး

ကဲကဲ...ဘာကဗျာရေးမယ်ဆိုတာ...သိချင်နေကြတယ်..မဟုတ်လား............ငှဲငှဲငှဲ
နာမည်ကြီးကဗျာတွေက..လူတိုင်းသိနေကြတာဆိုတော့ ဘယ်သူမှမသိနိုင်လောက်တဲ့
ကဗျာကိုပဲရွေးလိုက်ပါတော့တယ်ချင့်....
ကဗျာခေါင်းစဉ်တော့မမှတ်မိတော့ဘူးဗျာ........သယ်ရင်းတွေနဲ့(၉)တန်းနှစ်တုန်းက...သူနိုင်ကိုယ်နိုင်
ရေးကြတဲ့ကဗျာပေါ့............

ငှက်၏ခြေရာ လေမှာမရှိ
ငါး၏ခြေရာ ရေမှာမရှိ
ယောင်္ကျားတို့၏ အချစ်
သစ္စာမရှိ.......တဲ့.................

ဘလော့ဂါသူလေးများ....ကြိုက်ကြပါသလားရှင်........ထောက်ခံပေးကြနော်.............ဟဲဟဲ
နောက်တစ်ပုဒ်ကတော့............အလွမ်းတွေနဲ့မွှေ့ပျော်သူဆိုတော့..အလွမ်းကဗျာလေးပေါ့နော်
ဆောင်းတွင်းရောက်နေပြီးဆိုတော့..........ဆောင်းနဲ့ပတ်သတ်တဲ့ကဗျာလေးပေါ့......

ချစ်သူမသိတဲ့..........ဆောင်း

မြူနှင်းတွေ ဝေရင်
ပင့်သက်ကို ရှိုက်လို့
အတိတ်ကို ပြန်တွေးစမြဲပါလေ။

ဟိုးတစ်ချိန်တုန်းက ဆိုတဲ့
အတွေးတွေနှင့်
နေရာဟောင်းမှာ ခြေစုံရပ်လို့
ငါဟာ စင်စစ်
ရူးသွပ်နေသူ တစ်ယောက် မဟုတ်ပါလား.....။

တစ်နေ့နေ့မှာ..........
ရောက်လာခဲ့မလားရယ်လို့
တမျှော်တလင့်နှင့် ရင်မှာမောလှပြီး.....။

ဆောင်းရယ်............
ငါ့ကို လှည့်စားနိုင်လွန်းတယ်...........။

မုန်းထိုက်တဲ့ အထောက်အထား
မေ့ထိုက်တဲ့ အကြောင်းချက်တွေ
တွေ့ပါလျှက်နှင့်
မမုန်းရက် မမေ့နိုင်တဲ့
ငါ့ကိုယ်ငါလည်း အပြစ်မဖို့ချင်ပြီ။

အချစ် ဆိုတာကို
ပေးဆပ်စွန့်လွှတ်ခြင်းလို့
ခံယူမိတဲ့ ငါ့အတွက်
ပျော်ရွှင်ခြင်းတွေ ဆိတ်သုဉ်း
ဒဏ်ရာမည်းမည်းတွေကို
ရင်မှာပိုက်လို့
အခုတော့လေ............
မမေ့တတ်သူတစ်ယောက်သာ
ရင်နာရ စမြဲပါကွယ်....၊

ဆောင်း.............
မြူနှင်းတွေဝေရင်
ပင့်သက်ကို ရှိုက်လို့
အတိတ်ကို ပြန်တွေးမိ စမြဲပါလေ...........။

ရေးသားသူ.........သစ်ပင်(တောင်ကြီး)

မီးလေးရေးတာထက်ကောင်းချင်မှကောင်းမယ်နော်..........ဟိဟိ
ဆောင်းအကြောင်းကိုကြိုက်လို့ဒီကဗျာလေးရွေးလိုက်တာပါ
တူမတော်လေးရေ...ကျေနပ်တော့နော်...............အာဝါးးးးးးးးးးးး

Sunday, December 14, 2008

ပဟေဋ္ဌိ...........အဖြေ

ညီမလေးပုလဲကတော့နံပါတ်(၂)ဖြေတဲ့အတွက်..မိဘသဘောမတူတဲ့ကြားက
အချစ်ကိုဦးစားပေပြီး မိမိစိတ်သဘောကျတဲ့သူ့နဲ့..ဇွတ်အတင်းယူမှာတဲ့ကွယ်
တူလေးဂျယ်ကတော့လေ..ခုချိန်ကစပြီးဘလော့ဂါသူလေးတွေကိုဖားထားနော်
သွားပြီးစမနေနဲ့တော့…လူပျိုကြီးဖြစ်မှာတဲ့ကွယ်……….
တူမတော်မက်မက်နော်….ဟွန်းးးးးမပြောချင်ဘူးအရှောင်ကောင်းတယ်မှတ်…..
မောင်လေးဗီဗီကတော့အိမ်ရှေ့ကကောင်ဆိုတော့..သူ့ခမျာလဲခုထိရှာတာမတွေ့သေး
တော့..အချိန်တန်တော့လဲလူပျိုကြီးမဖြစ်ချင်တော့..မေမေ့သဘောဆိုပြီး………
အမေ့နားကပ်လို့..မိဘပေးစားတဲ့သူကိုပဲယူလိုက်ရတယ်ပေါ့ကွယ်…..ငှဲငှဲ
မောင်လေးစိုင်းနောင်ရေအမကအိမ်ထဲမှာရှိနေတော့နီးရာဆိုရင်
အိပ်ယာထဲကကောင်ပေါ့ကွယ်…..ဟိဟိ
ငါ့မောင်လေးဝင်းဇော်တော့သနားပါတယ်….အချစ်မတွေ့တော့ဘုန်းကြီးဝတ်ရပြီပေါ့
စကိုင်းတောင်နားမှာသွားဝတ်ရင်တော့အကြောင်းကြားလိုက်ပါကွယ်နော်…ဟဲဟဲ
မမ၀ါကတော့မြွေကြောက်တယ်ဆိုတော့…ဦးဥာဏ်ကိုအကူအညီတောင်ပေါ့..ဟိဟိ
အံမယ်လှလှကခုထိတော့မစွံသေဘူး….အင်းးးးးးးးးးးချစ်တဲ့သူကိုပိုင်ဆိုင်နိုင်မှာတဲ့..
ချစ်တဲ့သူနဲ့လက်တွဲရမှာတဲ့နော်..မရှိသေးရင်ရှာထားနော်သယ်ရင်းရေ……အကူအညီလိုလဲ
လှမ်းပြောလိုက်ပေါ့……ဟီး
ကိုစွမ်းကတော့မချစ်ချင်ချစ်ချင်နဲ့ချစ်လိုက်တော့.သူ့ခမျာချစ်တဲ့သူကိုပဲ အတင်းယူလိုက်ပါတော့တယ်ကွယ်………….
မမဆုမွန်ကတော့မြွေကြောက်တော့…ဖွားသီလရှင်လုပ်နဲ့နော်……ဟိဟိ
မောင်လေးအိမ်ရေသနားပါတယ်…ထင်ပါတယ်…ပေါကြောင်ကြောင်လေးဆိုတာကို
ဟီးးးးးးးးစတာနော်မဖြေတော့မသိရဘူးပေါ့ကွယ်
ကိုvankoကတော့ချစ်တဲ့သူနဲ့လက်တွဲရမယ်ဆိုတာတော့သေချာသလောပါပဲ
ဖြေထားတာကကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု့အပြည့်နဲ့ပဲဆိုတော့…ဟဲဟဲ
မောင်လေးအိတာရေတိုတိုပြတ်ပြတ်နဲ့ဖြေထားလိုက်တာ…စိတ်မကောင်းပါဘူး
လူပျိုကြီးတဲ့ကွယ်…ခုထဲကရှာထားတော့နော်…..း)
ကိုကြီးပီကေ..ကီပေ..ကတော့ပြောချင်တော့ဘူးဟွန်းးးးးးးး
သူမဖြေချင်တိုင်း….လူချိုး…
မောင်လေးတောင်ပေါ်သားကတော့လူလည်ကြီးပဲ..ဖြေထားဘူး..ဟွန်း
Htike22ကတော့ငယ်ထိပ်မြွေပေါက်မှတော့မောင်လေးရယ်လည်ပင်းမှာကြိုးနဲ့ချည်
ထားလိုက်ပေါ့ကွယ်….ဟိဟိ……လူပျိုကြီးတဲ့ကွယ်…
ညီမလေးနေ့အိမ်မက်ကသိနေတယ်ဆိုတော့…ပြောတော့ပါဘူး…အဟဲ
မောင်လေးအညတြကတော့..တော်လိုက်တာချစ်တဲ့သူနဲ့လက်တွဲရမယ်တဲ့
ကံကောင်းပါစေနော်..း)
အကိုတော်ဇင်ယော်ကတော့ခုထိမစွံသေးတာ..မဆန်းပါဘူးနော်……. အံ့ပါရဲ့တော်မအိပ်ပဲနေမှာလာ….မြွေနဲ့ဖက်အိပ်မယ်ပေါ့လေ…. ငယ်ထိပ်မြွေပေါက်မှာတော့ကြောက်တတ်တယ်ပေါ့လေ..ဟွန့်..သတိထားနော်လူပျိုကြီးရဲ့…ဟိဟိ
မလတ်(နှင်းဆီနက်)ကတော့အပျိုကြီးတဲ့တော်…အရှုံးမပေးနဲ့မလတ်ရေကြိုးစားကြိုးစား
အလင်းရောင်လေးရေ..အိုကေအိုကေ….ချစ်တဲ့သူနဲ့လက်တွဲရမယ်တဲ့..အဆင်ပြေပါစေကွာနော်
4everlove..ကမိဘသဘောတူတဲ့လူနဲ့လက်တွဲမယ်ဆိုပါလား….အင်း.သူလဲမိဘအားကိုးတာပဲ…း)
သယ်ရင်းခေါင်ခေါင်ရေ…မီးမီးမထင်လိုက်မိဘူးကွယ်..ဟိဟိအပျိုကြီးဖြစ်မှာတဲ့… သိပ်မရွေးနဲ့တော့နော်…ဖြစ်သွားမှဒွတ်ခ…..ဟိဟိ
ဒီတစ်ခါတော့..ညခင်းနဲ့လမင်း..ကလူလိမ္မာလေးပေါ့နော်…မိဘပေးစားတဲ့သူနဲ့ပဲ လက်တွဲတော့မယ်ဆိုပါလား…ကောင်းလေစွကောင်းလေစွ….း)
စေတန်လေးရေမသွားချင်လဲနေပေါ့..ဟွန်း
မောင်လေးမိုးကြယ်ရေအဖြေပေးပြီနော်..လူပျိုကြီးတဲ့..ဟားဟ…ခုထဲကရှာထားတော့နော်
ဂျူဝသန်လဲလူလည်လေးပဲ…ရပါတယ်ရပါတယ်…း)
ကိုအိမ်မက်ရှင်လဲ…ဘာမှပူနဲ့တော့မမနဲ့လက်တွဲရမယ်..ဟိဟိ..ပျော်ရွှင်ပါစေနော်
ငှက်ငယ်လေးရယ်..ဟင့်..နံပါတ်(၁)ကိုသတ်ချင်တယ်ဆိုတော့…နည်းနည်းတော်သေးတယ်.. ခုတော့(၃)တဲ့….သညားပါရယ်ကွာ…စိတ်မကောင်းမဖြစ်နဲ့..ခုထဲကရှာထားတော့နော်
ဟိဟိ..စတာနော်..
အင်းးးးးးးကိုဟိန်းညီကိုမှတ်ချက်ချရမယ်ဆိုရင်တော့…အဟမ်း.. အကိုကအနီးဆုံးကအကောင်ကိုသတ်ချင်တဲ့သူဆိုတော့… အကိုကနီးစပ်မှု့ကိုတင်းမခံနိုင်ဘူးနော်… .ပြီးတော့…ဒီလောက်ပဲပြောတော့မယ်..သိချင်သေးရင်မုန့်လာဝယ်ကျွေး……ဟိဟိ
သံလွင်ဟီးရိုးတဲ့ကွာ..အကြံပိုင်သလားမမေးနဲ့..ဟွန့်..မပြောလိုက်ချင်ဘူး..လိုချင်တယ်ပေါ့လေ နောက်မှအများကြီး.ယူလာပေးမယ်…ဟင်းဟင်း
အကိုတော်မိုးသောက်လဲဝေ့လည်ကြောင်ပတ်လုပ်သွားတယ်နော် နောက်တစ်ခေါက်ထိမှာစိုးတယ်ပေါ့လေ..ဟိဟိ
ကိုဂျုလိုင်ကတော့အကြံပိုင်တယ်ဗျာ......ချစ်တဲ့သူနဲ့ရမှာပါ.....
မမသက်တန့်လဲတူတူပဲ..ဟွန့်ဖြေပါဆိုဖြေသွားဘူး..သိပ်မကြောက်ပါနဲ့မမရယ်….
ကော်ရုပ်တွေပါ…ဟိဟိ
Dream..angel…ကတော့ချစ်တဲ့သူနဲ့လက်တွဲရမယ်တဲ့….တကယ်ဖြစ်နိုင်ပါစေရှင်…
ပျော်ရွှင်ပါစေနော်…..း)
မောင်လေးရှင်းသန့်ကိုတော့မြွေသတ်ဖို့အပ်တစ်ချောင်းပေးမယ်..ကျေနပ်လား….ဟိဟိ
ကိုရုပ်ကလေးကတော့လေ….သတ်ပါဆိုမသတ်သွားဘူး..မြွေမင်းသားကခုမရှိသေးဘူးကွ… ချိတ်ချိုးတယ်နော်..ဟွန့်
ညီမလေးသဉ္ဇာရေ…မလွမ်းနဲ့တော့နော်အဆင်ပြေသွားလိမ့်မယ်.. ချစ်တဲ့သူနဲ့လက်တွဲနိုင်မှာတဲ့ကွယ်….ဟေးးးးးးးဖြောင်းဖြောင်းရွှီးရွှီး….ဟိဟိ
ညီမလေးရောင်ပြန်ကအိမ်ရှေ့ဆိုတော့…မိဘသဘောတူတဲ့သူနဲ့တဲ့ကွယ်… ချစ်တဲ့သူကိုမိဘကျေနပ်လာတဲ့အထိ…ကြိုးစားခိုင်းပေါ့ကွယ်နော်…
အဆင်ပြေပါစေနော်ညီမလေး
မီးတောက်ရေကြားထဲကအထီးအမခွဲခိုင်းနေရတယ်လို့..မီးမီးကဇူးနဲ့မပြီးထားဘူးချင့်..ဟီး
စတာနော်….း)
ကိုစိုင်းဝဏ္ဏကတော့ချစ်တဲ့သူလေးကိုလက် တွဲနိုင်အောင်သာကြိုးစားပေတော့ဗျို့…..
(၁)မိဘသဘောတူတဲ့လူနဲ့ဖူးစာဆုံမယ်
(၂)ခိုးရာလိုက်ပြေးမယ်
(၃)အပျိုကြီး ၊ လူပျိုကြီးဖြစ်မယ်
(၄)ချစ်တဲ့သူနဲ့လက်တွဲရမယ်တဲ့……….
လာရောက်ဖြေပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးတင်ရှိပါတယ်နော်….
မီးလေးလာ..အဟဲ…ပထမမေးတော့ချက်ချင်းပဲ…
မြွေနဲ့တော့မအိပ်ချင်ပါဘူးဆိုပြီးအိပ်ယာကမြွေကို သတ်ပြီးချက်စားလိုက်တာတော့..ဟိဟိ…. ဗိုက်ဝသွားတာနဲ့…တစ်ခြားအကောင်တွေငါ့ဆီလာရင်ဒွတ်ခပဲဆိုပြီးအိမ်ရှေ့ကကောင်ကို သတ်ပြီးထွက်ပြေးတာပေါ့..ဟားဟ
အကြံပိုင်ပါတယ်ဆိုတဲံ့..ဟီးရိုး..မင်းဘာတတ်နိုင်သေးလဲကွ..ဟိဟိ

Friday, December 12, 2008

ဖြေပေးကြပါဦးနော်

မီးလေးမေးခွန်းလေးတစ်ခုမေးမလို့ပါ…အပျော်ပေါ့နော်…
မီးလေးစိတ်လဲနည်းနည်းညစ်နေတာနဲ့ သူငယ်ချင်းတွေနဲ့ဟာသလေးတွေပြော
ပဟေဌိလေးတွေ ဖွက်ကျတယ် အခုမီးလေးကမီးလေးရဲ့ဘလော့ခ်မောင်နှမတွေ ကိုလက်ဆင့်ပြန်ကမ်းမှာပေါ့နော် သိပြီးသားသူတွေလဲ ရှိကြမှာပါ…….မေးတော့မယ်နော်


အိမ်တစ်အိမ်မှာပေါ့ မြွေလေးကောင်ရှိတယ်……….

(၁) အိမ်ရှေ့မှာ…..တစ်ကောင်

(၂) အိမ်နောက်ဖေးမှာ……တစ်ကောင်..

(၃)အိမ်ရဲ့ထုတ်တန်းမှာ ………တစ်ကောင်

(၄)ကျန်တစ်ကောင်က ကိုယ်အိပ်မယ့် အိပ်ယာထဲမှာ……


တစ်ကောင်ကို မဖြစ်မနေသတ်ရမယ်ဆိုရင် ဘယ်အကောင်ကိုသတ်လိုက်မှာလဲ မသတ်လို့မရဘူးနော် သတ်ကိုသတ်ရတော့မယ်…..ဖြေကြည့်နော် တစ်ရက်အချိန်ပေးမယ် ပြီးရင်အဖြေကိုကြည့်ပြီး အဲ့ဒီလူရဲ့ စိတ်ဘယ်လိုရှိလဲဆိုတာ ဖြေပေးမယ်နော် အပျော်ပေါ့ ဒါက ( psyco ) နဲ့ဆိုင်တယ်နော် ဖတ်ပြီးတာနဲ့အဖြေတစ်ခုတော့ စိတ်ထဲကအတိုင်း ဖြေပေးသွားပါလို့နော်………….

အားလုံးကိုခင်မင်လျှက်



Tuesday, December 9, 2008

ကိုယ့်ကိုယ်ကိုယ် မုန်းမိတဲ့ (၁၀) ချက်

ကိုပုလုကွေးနဲ့ကိုအရုပ်ကလေးတို့ တတ်ခ်းထားတာလဲကြာပြီးရေးမယ်ရေးမယ်နဲ့ အလုပ်တွေကလဲအခုတလောများလာတာနဲ့ အချိန်မပေးနိုင်တော့ဘူး
ကဗျာတွေလဲမရေးရတာကြာပေါ့ ဖတ်မယ်ဆိုပြီးငှားလာတဲ့စာအုပ်တွေကလဲ ကုတင်နားမှာပုံလို့ အခန်းကလဲရှုပ်ပွ အမေတောင်လာပြီးပြော၇တယ် မြွေတွေခိုနေပြီးလာတဲ့ အမေလာပြီးရှင်းပေးတဲ့အခန်းမှာ နေပြီးအိမ်ပြန်ချင်တဲ့စိတ်ကိုထိန်း နေရတာလဲခဏခဏ.... စိတ်ပူလို့ဖုန်းခဏခဏဆက်ဆက်လာတဲ့အမေ့ကို မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျနေတာတောင် အမေမသိအောင်လို့ လေသံကိုမာပြီးအေးဆေးပါလို့ပြောနေမိတာလဲအခါခါပဲ............ဪ..ဒွတ်ခဒွတ်ခ
ဆက်ရေးနေရင်ငိုချင်းညည်းတယ်ဖြစ်နေဦးမယ်..........

ဆက်လိုက်ပါဦးမယ်..မီးလေးကကိုယ့်ကိုယ်ကို..အရမ်းချစ်တာ.. မုန်းရမယ်ဆိုတော့တော်တော်လေးကိုခက်တာပဲနော်.........ဟီးးးးးးးး
အင်းးးး....မမုန်းချင်မုန်းချင်နဲ့မုန်းရဦးမှာပေါ့လေ......ကဲ...လာပြီးနော်

(၁)ပျင်းရိလွန်းတာ
ပျင်းတာတော့မပြောနဲ့..ထမင်းစားရမှာတောင်ပျင်းတယ်.. ဗိုက်ဆာနေလဲပျင်းလို့ဒီတိုင်းနေတာ အခုတောင်အလုပ်လုပ်ချင်တာမဟုတ်ဘူး (မီးလေးတို့များပျင်းရမှာတောင်ပျင်းတယ်) ဟိဟိ..အမေ့ပြောနကျပေါ့ဒီစကားလေ.... ပျင်းတာနာမည်သာမကောင်းတာလူအရမ်းသက်သာတာသိလား. ဟီး

(၂)အအိပ်မက်တာ
မီးလေးအိပ်နေလို့ကတော့အမေလာခေါ်တာတောင်မထဘူး.... အနားမှာလဲလာမညံနဲ့မရဘူး စိတ်တိုလာရော...အအိပ်မက်လို့ထမင်းလွတ်တာလဲခဏခဏပဲ

(၃)ဒေါသကြီးလွန်းတာ
ဒါကတော့စိတ်တိုလာရင်ထိန်းရအရမ်းခက်တယ် လုပ်ပြီးမှ..စိတ်ပြေသွားမှ..ဪ...ငါဒီလိုမလုပ်သင့်ဘူး စိတ်ထိန်းနိုင်ရမှာပေါ့လို့...ဟိဟိ

(၄)ခံစားရလွယ်တာ
မဆူလိုက်နဲ့ထစ်ခနဲရှိမျက်ရည်ကအရင်ကျတယ်...
ဝတ္ထုဖတ်လို့ဝမ်းနည်းစရာမတွေ့နဲ့ မီးလေးတို့မျက်ရည်ထွက်နေပြီး.......

(၅)စိတ်မှတ်ကြီးတာ
မမှတ်ထားလဲသူကရှိနေရော ဘယ်လိုမှမပြေဘူး ပြန်လုပ်လိုက်ရမှ အခုတောင်မှတ်ထားတာတွေရှိသေးတယ်
ဟတ်ဟတ်ဟတ်

(၆)လက်မြန်လွန်းတာ
တစ်ခြားတော့မဟုတ်ပါဘူး...သူများလာမလုပ်ခင်ပြန်တီးနေတတ်တဲ့လက်အကျင့် သည်းခံလိုက်မယ်ဆိုတာမရှိဘူး....ပါးစပ်ကလုပ်လိုက်ရဆိုရင်..လက်ကရောက်ပြီးသွားပြီး
ဒါတောင်မိန်းကလေးမို့လို့..တဲ့အမေပြောတာလေ

(၇)သရဲအလွန်ကြောက်တတ်တာ
မမြင်ရတဲ့သရဲကိုငယ်ငယ်လေးထဲကကြောက်တာ အပြင်သွားရင်လူမကြောက်ဘူး သရဲပဲကြောက်တယ်
မီးလင်းမှအိပ်တတ်တယ်မှောင်နေရင်အလိုလိုစိတ်ခြောက်ခြားတယ်....ဘယ်တော့မှအမှောင်ထဲမှာမနေဘူး
ကြောက်လွန်းလို့....ဟဲဟဲ

(၈)ပိုးကောင်ကြောက်တတ်တာ
မီးလေးကသရဲလဲကြောက်တယ်ပိုးကောင်လဲကြောက်တယ် တစ်ခါတစ်လေတီကောင်တောင်ကြောက်တယ် တီကောင်တွေ့ရင်လူကိုတွန့်သွားတာပဲ...အသီးအရွက်မှာပါတတ်တဲ့ပိုးကောင်စိမ်းစိမ်းလေးတွေ တွေ့ရင်တော့လုံးဝမစားတော့ဘူး ရွံလဲရွံတယ်ကြောက်လဲကြောက်တယ် ဒီခန္ဓာကိုယ်ကြီးနဲ့.......ဟီးးးးး
မထင်ရဘူးနော်

(၉)အိပ်ယာထနောက်ကျတတ်တာ
ဘယ်တော့မှစောစောမထချင်ဘူး အခုဆိုပိုဆိုးသေးတယ်(၈)နာရီထဆိုရင်(၉)နာရီလောက်မှနိုးတယ်
စောစောနိုးသွားရင်တောင်ပြန်အိပ်တတ်တယ်ညညဆိုတော်ရုံမအိပ်ဘူး မနက်ဆိုလဲမထတော့ဘူး...အဟဲ

(၁၀)ချစ်စရာကောင်းလွန်းတာ..........(ဟိဟိ..ကပ်ကြွားတာမယုံနဲ့)
အရမ်းချစ်စရာကောင်းလွန်းလို့ကိုယ့်ကိုယ်ကိုယ်လဲမုန်းမိတယ် ဘာလို့ဒီလောက်ချစ်စရာကောင်းရတာလဲပေါ့
အမေ့ကိုမကျေနပ်ဘူး..ဘယ်လို့ဒီလိုလေးမွေးထားရတာလဲပေါ့နော်....

ဟီးးးးးးးးပေါကြောင်ကြောင်လေးရေးထားပေးတာကို အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်နော်.......

Monday, December 1, 2008

ကျိုးပျက်ခဲ့ပြီးနောက်

ဂုဏ်ပကာသန

အဆင့်အတန်း တွေကြောင့်

တို့တွေဝေးခဲ့ကြရတယ်နော်………..၊


တို့နှစ်ယောက်…….

“ သစ္စာစူးရင် ရူးကြေး “လို့လည်း

ကြိမ်ဆိုဖူးခဲ့ပါရဲ့……နော်၊


ကို...နမ်းရှိုက်လိုက်ပြီ ဖြစ်တဲ့

နန်းထက်ပွင့်ဝေ ပင်မြင်စံ

တော်ဝင်သဇင် မဟုတ်ပေမယ့်………

အဖြူစင်ဆုံး တောစံပယ်လေးကို

အမှတ်ရပါလေစ………..၊


ဝေးခဲ့တဲ့အချိန်တွေ ကြာခဲ့ပြီဖြစ်တဲ့

ကို့…ကိုမိတ်ဆွေတစ်ယောက်အဖြစ်

ရေစက်ဆုံ ခဲ့တာမို့

ချစ်ပြီးတာတွေ မမုန်း

ဆုံချင်သေးတယ်………ကိုရယ်.။



သူငယ်ချင်းအတွက် ရေးပေးခဲ့တဲ့ကဗျာလေးတစ်ပုဒ်ပါ

အခုတလောမီးလေးအသစ်မတင်နိုင်သေးတာနဲ့ ရှိပြီးသားကဗျာလေးကို တင်လိုက်ပါတယ်နော်

အခုတလောမအားသေးတာနဲ့အိမ်လည်မသွားနိုင်သေး ပါသဖြင့် အားတာနဲ့ချက်ချင်းအလည်လာပါမယ်လို့နော်

တတ်ခ်ကြွေးတွေလည်း ပြီးအောင်ရေးပေးပါ့မယ်နော် မီးလေးကိုခင်မင်သူများအားလုံးကိုမီးလေးကလည်းခင်မင်ပါတယ်လို့...

အားလုံးကိုခင်မင်လျှက်..........မီးလေး

Wednesday, November 26, 2008

အမှတ်တမဲ့ အလွမ်းများ

ရင်ထဲကခံစားချက်တွေကို
မင်းသိအောင် ပြောပြချင်ပေမယ့်
မင်းနှင့်ဝေးခဲ့ကြတာ ဘာလိုလိုနဲ့ ……
(၂)နှစ်တင်းတင်းပြည့်ခဲ့ပြီးနော်………၊

ချစ်တယ်ဆိုတဲ့………
စကားလုံး မပါပေမယ့်……
“ ရင်ခုန်ခြင်းတွေ ရရှိခဲ့တဲ့ “ ဆိုတဲ့
စာသားလေးကိုပဲ ရူးသွပ်ခဲ့ရတယ်..............၊
.................................................................
................................................................၊

ဖြစ်ပျက်သမျှ အရာအားလုံးဟာ
အိမ်မက်သာဆိုရင်………
ငါမနိုးထချင်သေးဘူး………..၊

မင်းကိုမမျှော်လင့်တော့ ပေမယ့်
တမ်းတနေမိတယ်………၊

စိတ်မနာပေမယ့်……….
မုန်းချင်နေမိတယ်………၊

ငါ့အတွက်အမှတ်တရဖြစ်စေတဲ့
အရာအားလုံးဟာ…….
မင်းအတွက်တော့……….
အမှတ်တမဲ့တွေပဲလား…..?????



Saturday, November 22, 2008

အချစ်ရဲ့ ရလဒ်

မင်းကိုသိပ်ချစ်မိခဲ့တယ်

သိပ်ချစ်မိခဲ့လို့လဲ..........

မင်းပြန်ချစ်လာအောင်

အမျိုးမျိုးကြိုးစားခဲ့ရတယ်

နောက်ဆုံးတော့လဲ…ကွာ…….၊


ရေခဲရေနှင့် ဗြန်းခနဲအပတ်ခံလိုက်ရသလို

အေးစက်ခါးသီးမှု့ မျက်ဝန်းကြီးက

မင်းဆီကအရှိန်နှင့်ပြေးထွက်

ငါ့မျက်ဝန်းကြည်နူး ရိပ်တွေနှင့်

ဝုန်းကနဲဆောင့်......၊


နာကျင်ပွန်းပဲ့စွာ

အညိုအမဲ စွဲသွားရတဲ့

ငါ့ အကြင်နာ ကြိုးပမ်းမှု့လေးများကို

သနားကြင်နာစွာဆေးကုလျက်

အာမခံသေတ္တာထဲ ထည့်ပြီး

သိမ်းထားလိုက်ရတော့တယ်........။




Thursday, November 20, 2008

လွန်ဆွဲအား

အချစ်ဆိုတာ………
ရယူပိုင်ဆိုင်ခြင်းလို့………
ဆိုပေမယ့်လည်း……..
ငါချစ်ရတဲ့သူက….
ငါ့ရင်ခွင်ထဲမှာနေပြီး
တစ်ခြားတစ်ယောက်ကို
တမ်းတနေတဲ့ အဖြစ်မျိုးကို
ဘယ်လိုမှခံနိုင်ရည် မရှိခဲ့တာ
အမှန်ပါ……….၊


အချစ်အတွက်………
စွန့်လွှတ် အနစ်နာခံနိုင်ရမယ်လို့
ဆိုထားပေမယ့်…လည်း
စွန့်လွှတ်ဖို့ တွေးကြည့်ရုံနှင့်ပင်
ငါ့နှလုံးသား ကွဲကြေ
ငါ့ရင်တစ်ခုလုံး မီးဟုန်းဟုန်း
တောက်လောင်နေသလို
ခံစားနေရပြီး……….၊

ရယူခြင်းနှင့် စွန့်လွှတ်ခြင်း ဆိုတဲ့
လွန်ဆွဲအားမှာ
ဆုံးဖြတ်ရခက်စွာ.......
ငါလည်း တွေဝေနေမိဆဲပဲ….။



Monday, November 17, 2008

ပဟေဠိ

အားလုံးပဲမင်္ဂလာပါရှင် အခုတလောမီးလေးဆီမှာကွန်ကခဏခဏကျနေတာနဲ့ ပို့စ်အသစ်လဲမတင်ရဘူး
ပြီးတော့ နှလုံးသားလေးလဲ အေးခဲနေတာအရည်မပျော်သေးတာနဲ့ ကဗျာတွေလဲစပ်လို့မရသေးဘူးရှင့်
မနေ့ကတော့မီးကင်လိုက်ပါတယ် တူးသွားတာနဲ့ ဘယ်လို့မှတောင်စားလို့မရတော့ဘူး.....အဟဲ
မီးလေးဆီလာလည်ကြတဲ့ မီးလေးရဲ့မောင်နှမ သူငယ်ချင်းများအားလုံးကို အရမ်းပဲကျေးဇူးတင်ရှိပါတယ်နော်
အခုမီးလေး ဒီအကောင်ကြီးကဘာကောင်လဲ သိချင်လို့ဝိုင်းပြီး ကူညီဖြေပေးကြပါနော် အပျော်ပေါ့နော် အပျင်းလည်းပြေအောင်ပေါ့..အဟဲ...ဆားချက်တယ်လို့ပြောရင်လဲခံရမှာပဲ နောက်မှပဲ ပို့စ်တွေအများကြီးတင်တော့မယ်နော် ဖြေပေးသွားကြနော်..........
အားလုံးကို...ခင်မင်လျှက်..........မီးလေး

Saturday, November 15, 2008

အေးခဲသွားတဲ့ နှလုံးသား

ငါ့နှလုံးသားကို
အချက်ပေါင်း များစွာ
ခွဲခဲ့ပြီး..........

ငါ့မျက်ရည်တွေကို
နင်းလျှောက်လို့........
ကျောခိုင်းထားခဲ့တဲ့မင်းကို....
ခွင့်လွတ်ခြင်းတွေနှင့်အတူ
ချစ်နေဆဲပါ...........၊

ရင်ခွင်သစ်မှာ........
ပျော်မွေ့နေမယ့် မင်းကို
မြင်ယောင်ရင်း.........

အခုလိုချမ်းအေးလွန်းတဲ့
ဆောင်းတွင်း ကာလမှာ....
ငါ့မျက်ရည်တွေနဲ့..........
ငါ့နှလုံးသားတွေလဲ....

Friday, November 14, 2008

ကိုယ့်အသက်ဘယ်အရွယ်ထိ နေရမလဲသိချင်လား

ဘယ်နေ့ထိနေရမလဲ သိချင်လားတဲ့
မှန်မမှန်တော့မသိပါဘူး သယ်ရင်းတစ်ယောက်ကပြောပြလို့
ဒီဆိုဒ်လေးမှာသွားကြည့်ခဲ့တာ ပြန်မျှဝေတာပါ
အပျော်ပေါ့နော်...မီးလေးကတော့အသက်..၉၀..လောက်ထိနေရဦးမှာတဲ့...ဟိဟိ
ဟုတ်လားမဟုတ်လားလဲသိဘူး.....
အားလုံးပဲပျော်ရွှင်နိုင်ကြပါစေနော်..အခုတလော...ဆားချက်နေလိုက်ဦးမယ်
ဆားဈေးတွေအရမ်းကောင်းနေလို့....ဟတ်ဟတ်
http://www.deathclock.com/index.cfm ဒီမှာပါ

Thursday, November 13, 2008

အချစ်ကို တပ်ဆင်ခြင်း

forward မေးလ်ထဲဟာလေးပါ ဘယ်သူရေးလဲဆိုတောတော့ မတွေ့ပါဘူးပြန်လည်မျှဝေလိုက်တာပါ မီးလေးဒီပို့စ်လေးကိုသဘောကျလို့ပါ..

အင်ဂျင်နီယာ-----"ဘာများ ၀န်ဆောင်ပေးရမလဲ ခင်ဗျာ။"


ဧည့်သည်--------"နှလုံးသားမှာ အချစ်ကို တပ်ဆင်မလို့ ဆုံးဖြတ်ထားပါတယ်။ ဘယ်လို
တပ်ဆင်ရမလဲဆိုတာကို တဆင့်ခြင်း ပြောပြလို့ရမလား။

အင်ဂျင်နီယာ-----"ရပါတယ်. . .တပ်ဆင်ဖို့အဆင့်သင့်ဖြစ်ပြီလား
။"

ဧည့်သည်---------"ဟုတ်ကဲ့။ အဆင်သင့်ဖြစ်ပါပြီ.ဒါပေမဲ့ နည်းပညာတွေကို
သိပ်နားမလည်လို့
ပထမဦးဆုံး ဘာလုပ်ရမလဲ ဆိုတာကို ပြောပြပါလား။"

အင်ဂျင်နီယာ----"ပထမအဆင့် အနေနဲ့ ရင်ဘတ်ကို ဖွင့်လိုက်ပါ။ နှလုံးသားကို ရှာ
တွေ့ပြီလား။"

ဧည့်သည်------"တွေ့ပါပြီ။ဒါပေမဲ့
တချို့ပရိုဂရမ်တွေ အလုပ်လုပ်နေတာ
တွေ့ရတယ်။ သူတို့
အလုပ်လုပ်နေတဲ့ အချိန် အချစ်ကို တပ်ဆင်ရမှာ အခက်အခဲ ရှိနိုင်လား။"


အင်ဂျင်နီယာ----"ဘာပရိုဂရမ်တွေ အလုပ်လုပ်နေသလဲ။"

ဧည့်သည်--------"အင်း... ဒဏ်ရာဟောင်း၊ တစ်ကိုယ်ကောင်းဆန်စိတ်၊ မနာလို ၀န်တိုစိတ်၊
နာကျည်းစိတ်တွေက အလုပ်လုပ်နေပါတယ်။

အင်ဂျင်နီယာ-----"ကိစ္စမရှိပါဘူး. . .အချစ်ကိုတပ်ဆင် လိုက်တာနဲ့ အချစ်
ဒဏ်ရာဟောင်းကို
စစ်စတန်(system) ကနေ ဖျက်လိုက်မှာပါ။ အဲဒီ ဒဏ်ရာဟောင်းက မှတ်ဥာဏ် (memory)ထဲမှာ
ကျန်ချင်ကျန်ခဲ့လိုက်မယ်။ ဒါပေမဲ့ တခြား ပရိုဂရမ်တွေကိုတော့ အနှောင့်အယှက်
မဖြစ်စေပါဘူး။ အချစ်မှာ ရှိတဲ့ ကိုယ်ချင်းစာစိတ်က တကိုယ်ကောင်းဆန်စိတ်ကို
ဖုံးသွားလိမ့်မယ်။ မနာလိုစိတ်နဲ့ နာကျည်းစိတ်တွေကို အရင်ပိတ်ပစ်ရဦးမယ်။
နို့မဟုတ်ရင် အချစ်ကို တပ်ဆင်ရာမှာ အခက်အခဲ ရှိလိမ့်မယ်။ သူတို့ကို
ပိတ်ပစ်နိုင်မလား "

ဧည့်သည်-------"သူတို့ကို ဘယ်လိုပိတ်ရမလဲ? ပြောပြနိုင်မလား"

အင်ဂျင်နီယာ----"ရပါတယ်... ခွင့်လွတ်စိတ်ကို ရွေးပြီး ရမ်း(run)လိုက်ပါ။ မနာလို
ဝန်တိုစိတ်နဲ့ နာကျည်းစိတ်တွေ လုံးဝပျောက်သွားတဲ့အထိ ထပ်သလဲလဲရမ်းပေးပါ"

ဧည့်သည်--------"ကောင်းပြီလေ...အချစ်ကို တပ်ဆင်လို့ ပြီးပါပြီ။ ဒါပုံမှန်
ဟုတ်ပါသလား"

အင်ဂျင်နီယာ-----"ဟုတ်ပါတယ်…ဒါပေမဲ့ ဒါဟာ အခြေခံအဆင့်ပဲ ရှိသေးတယ်။ အချစ်ကို
တခြားနှလုံးသား တခုနဲ့ ဆက်သွယ်ပေးလိုက်မှ သူဟာ အဆင့် ထပ်တိုးသွားနိုင်တယ်။"

ဧည့်သည်--------"ဟာ မှားယွင်းနေကြောင်း အသိပေးချက် ပေါ်လာပါလား? အချစ်ပရိုဂရမ်ဟာ
အခြားတစ်ခုမှာ အလုပ် မလုပ်နိုင်ဘူးတဲ့။ ဘယ်လိုလုပ်ရမလဲ?"

အင်ဂျင်နီယာ-----"စိတ်မပူပါနဲ့...အချစ်ဆိုတဲ့ အရာဟာ အတွင်းစိတ်ကနေပဲ
အလုပ်စလုပ်တယ်လို့
ပြောတာပါ။ လွယ်လွယ် ပြောရရင် အချစ်ကို တခြားနှလုံးသားတစ်ခုနဲ့ မဆက်သွယ်ခင်
ကိုယ့်ကိုယ်အရင် ချစ်ဖို့ပါပဲ"

ဧည့်သည်-------"ဒါဆို ဘယ်လိုလုပ်ရမလဲ။"

အင်ဂျင်နီယာ----"ကိုယ့်ကို လက်ခံတဲ့ ဖိုင်ကို ရွေးလိုက်ပါ။ ဒီဖိုင်ထဲက
"ကိုယ့်ကို ခွင့်လွတ်မူ" "ကိုယ့်တန်ဖိုးကို ကိုယ်နားလည်မူ" နဲ့
"ကိုယ်လိုချင်တဲ့ ကန့်သတ်မူ" ဆိုတဲ့ ဖိုင်တွေကို ကော်ပီလုပ်ပြီး ရင်ဘတ်ထဲကို
ထည့်လိုက်ပါ။ တူနေတဲ့ ဖိုင်တွေကို ဖုံးသွားမှာပါ။ ဝေဖန်တတ်တဲ့ စိတ်ကိုလည်း
ဖျက်ပစ်လိုက်ပါ။ နောက်ပြီး(recycle bin)ထဲက ရှိသမျှအားလုံးကိုလည်း ဖျက်လိုက်ပါ"

ဧည့်သည်-----"အင်း..ကောင်းပါပြီ။ နှလုံးသားမှာ ဖိုင်အသစ်လေးတွေ ထွက်လာတာ
မြင်နေရပြီ...စခရင်
မျက်နှာပေါ်မှာ အပြုံးလေးတွေ တွေ့နေရပြီ။ "တည်ငြိမ်ခြင်း" နဲ့ "စစ်မှန်ခြင်း"က
နှလုံးသားမှာ အပြည့် ကော်ပီကူးထားတယ်။ ဒါဟာ ပုံမှန် ဟုတ်ပါသလား"

အင်ဂျင်နီယာ-----"ပုံမှန်ပါပဲ...တခါတလေ ဒီိလိုပဲ အဆင်ပြေသွားတတ်တယ်။
တခါတလေတော့လည်း
စောင့်ရတတ်တယ်။ အခုဆိုရင် အချစ်ကိုတပ်ဆင်လို့ ပြီးသွားပြီ။ စတင်
အလုပ်လုပ်နေပြီ။

အချစ်ဆိုတာ လူတိုင်းရဲ့ နှလုံးသားထဲမှာ ဆောင်ထားသင့်တဲ့ ဖရီးဆော့ဝဲလ် တစ်ခုလို့
ကျွန်တော်ပြောဖို့ မေ့သွားတယ်။ အဲဒီ ဆော့ဝဲလ်နဲ့ သူ့ထဲက ဖိုင်တွေကို တခြားလူနဲ့
မျှဝေဖို့ မမေ့ပါနဲ့။ အဲဒီ လူတွေကလည်း တခြားလူတွေကို ထပ်ပြီး မျှဝေပေးကြမှာပါ။
နောက်ဆုံး အရမ်းကောင်းတဲ့ ဖိုင်တစ်ချို့ ကိုယ့်စီ ပြန်ရောက်လာမှာပါ"



Wednesday, November 12, 2008

ငတတ်ပြားနေ့ (သို့) သူခိုးကြီးနေ့

ဘာလိုလိုနဲ့....တန်ဆောင်းမုန်းလပြည့်နေ့ရဲ့ဆေးပေါင်းခတဲ့ပွဲပြီးတော့..အားလုံးပျော်ရွှင်စွာ
စောင့်စားနေကြတဲ့သူခိုးကြီးငတတ်ပြားနေ့ကိုရောက်လာပြီးပေါ့ ငှဲငှဲ....... မြန်မာပြည်မှာရှိကြတဲ့သူတွေကတော့ကဲသာကဲပေါ့.....ဒီနိုင်ငံမှာတော့ အဲ့လိုငတတ်ပြားနေ့
တွေမရှိပါဘူး. .ပျော်စရာလဲမကောင်းဘူးပေါ့......

မီးလေးတို့မြို့မှာဆိုရင်တော့ ဆေးပေါင်းခတဲ့ညနဲ့ငတတ်ပြားညတွေမှာ လမ်းမပေါ်မှာပေါ့နော်ခုံတွေခင်းပြီး
အလှူလုပ်တာပေါ့....နေ့လည်ဆိုမယ်ဇလီရွက်တွေလိုက်ခူးပေါ့.....ညနေပိုင်းလောက်ဆိုရင်ဆိုရင်ကလေးလူကြီးတွေလာကြပြီး လာစားကြတာပေါ့နော် အဖွားတို့ကအမြဲတမ်းပဲ အလှူလုပ်ရင်ထိပ်ဆုံးက မီးလေးတောင်အားကျတယ်...အဖွားမရှိတော့ အဒေါ်တို့နဲ့ဖွားလေးတို့လုပ်ကြမယ်ထင်တယ်

မီးလေးငယ်ငယ်တုန်းကဆို ပိုပြီးပျော်ဖို့ကောင်းတယ်(အခုလဲသိပ်မကြီးသေးပါဘူး..ဟီးးးး) ငတတ်ပြားညမှာပေါ့နော် သူများအိမ်ကကြက်တွေကို အကိုတို့ ဦးဦးတို့က လိုက်ခိုးပေါ့ ပြီးတော့ဘူးသီးလဲ လိုက်ခိုးသေးတယ် ကြက်သားကို ကာလသားချက် ချက်တာပေါ့ ပြီတော့ဘူးသီးနဲ့ကတစ်ခွက်ပေါ့... ကလေးတွေအတွက်အချိုချက်ပေးတယ်... အုန်းထမင်းစားကြမယ်ဆိုပြီးတော့ အုန်းသီးသွားခိုးတာပေါ့ အဲ့ဒီမှာမီးလေးကအဖေါ်လိုက်သွားတာ သိပ်တော့မဝေးပါဘူး အိမ်ရှေ့အိမ်မှာပဲ..ဟီးးး
အကိုကြီးကအုန်းပင်ပေါ်တတ်ပြီးအုန်းသီးပစ်ချလိုက်တာဘုန်း..ဆိုတဲ့အသံလဲကြားရော သူ့သခင်နိုးလာပါလေရော မီးလေးလဲပြေးပုန်းတာပေါ့ အဟဲ..အုန်းသီးကိုတော့လက်ကမချဘူး ထားခဲ့ရင်ငတ်မှာပေါ့နော် သူ့ကိုတော့ဒီအတိုင်းလေးပဲထားခဲ့လိုက်တယ် ဟီးးးးးး..မီးအကျင့်ပုတ်တာတော့မဟုတ်ဘူးနော် သူမှမဆင်းလာရဲတာ အဒေါ်ကအခြေအနေကြည့်ပြီး ပြန်ခေါ်လာရတယ်.. အဲ့ဒီတုန်းကမီးလေးတော်တော်ကိုငယ်သေးတယ် နောက်ပိုင်းဘယ်သူဘာလုပ်လုပ်စားဖို့ချောင်းတာကလွဲရင် ဘာမှလိုက်မလုပ်တော့ဘူး ဟိုတစ်ခါအိမ်ပြန်သွားတုန်းက ငတတ်ပြားနေ့မှာသူငယ်ချင်းမိန်းမခိုးလို့လိုက်သွားပေး၇သေးတယ်
ပြန်လာတော့အဖေကသင်္ဘောသီးသုပ်စားမယ်တဲ့ သွားခိုးဆိုတော့ မလုပ်တာကြာတော့ဘယ်မှာသွားခိုးရမလဲမသိဘူးပေါ့ အဲ့ဒါနဲ့ ဘကြီးအိမ်မှာသင်္ဘောသီးတွေတွေ့ထားတာနဲ့ ဘကြီးအိမ်မှာသွားခိုးတာပေါ့...ဟီးဟီး ဆားချက်တာပေါ့ အဲ့ဒီအချိန်မှာ........... အိမ်တစ်ခါးပေါက်ပွင့်လာတော့ လန့်ဖျန့်သွားတာပဲ (အသဲကငယ်တယ်လေ..ဟိဟိ)နောက်မှအမဖြစ်တော့ သေဖေါ်ညှိလိုက်တယ်အဟဲ.. သူကလဲအိုကေပေါ့ ခူးပြီးသုပ်စားလိုက် စကားပြောလိုက် သုပ်စားလိုက်နဲ့ ဘကြီးအိမ်ကအပင်မှာ သင်္ဘောသီးတွေမကျန်တော့ဘူး ဟီးးးးးးးမနက်လဲရောက်ရော ဘကြီးအိမ်မှာစစ်ဖြစ်နေပြီး မီးလေးရေလို့လဲခေါ်လိုက်ရော ..ဗုဒ္ဓေါလို့ပါ..တမိသွားတယ် ကိုယ်ဖက်ကိုလှည့်လာပြီးလားပေါ့နော် မနေ့ကဘယ်သွားသေးလဲ ငါ့သင်္ဘောသီးအကုန်ပြောင်သွားလို့ ဘယ်သူလာခူးလဲသိလားတဲ့ မသိဘူးဘကြီးလို့ပဲပြောလိုက်တာပေါ့ အမကတော့မျက်နာဇီးရွက်လောက်ပဲရှိတော့တယ် သူကအဖေကိုကြောက်၇တာကိုး မီးလေးလဲမသိသလိုလေးလစ်လာလိုက်တယ် အမတော့မှတ်သွားလာဆိုတော့မမှတ်မိဘူးနော် အဖေအရှေ့ကလဲထွက်လာရော မျက်နာကလေးပြောင်စပ်စပ်နဲ့..... မီးလေးတို့မောင်နှမတွေတစ်ယောက်မှ အပိုးမကျိုးကြဘူး ဟီးးးးးးးးး..


နောက်မှမီးလေးရဲ့အကြောင်းဟာသလေးတွေ ပို့စ်တင်လိုက်မယ် အားပေးပါဦးနော်..

PS-မရယ်ရရင်လဲအားနာနာနဲ့၇ယ်ပေးကြပါနော်...

Sunday, November 9, 2008

ဖမ်းဆုပ်မရတဲ့ အချစ်

မင်းနဲ့သာ မဆုံစည်းခဲ့ဖူးဆိုရင်
ချစ်ခြင်းရသကို ရူးမိုက်စွာ
ငါခံစားတတ် ခဲ့မှာ မဟုတ်သလို........

တက်မက်ခြင်း သေရေတွေလည်း.....
ငါ့အတွတ် မူးအီချိုမြလို့
နေမှာ မဟုတ်ဘူး............၊

ရှည်လျှားတဲ့ ဘ၀ သံသရာတောင်
မင်းနဲ့ခွဲနေရတဲ့........
စက္ကန့်ဝက်လောက်.......
ရှည်လျှားမှာ မဟုတ်သလို........

ပထ၀ီမြေထု ကြီးလဲ...
မင်းအပေါ်မြက်နိုးမှု့လောက်
သိပ်သည်းမှာ မဟုတ်ဘူး........၊

မင်းသာမရှိရင်........
တိတ်ဆိတ်ခြင်းမှလဲ...
တုန်လှုပ်ခြောက်ခြားစရာ၊
နှစ်မျှော် ကြည်မွှေ့ဖွယ်ရာ
ရသတစ်ခု ဖြစ်လာမှာ မဟုတ်သလို........

စွဲလမ်းခြင်းများစွာ......၊
သတိရခြင်းများစွာ တို့သည်လည်း
ကဗျာတစ်ပုဒ် ဖြစ်လာမှာ
မဟုတ်ဘူး..........။


Friday, November 7, 2008

ဆန္ဒ နှင့် ဘဝ

ဆန္ဒ နှင့်ဘဝ
တစ်ထပ်တည်းကျအောင်
ကြိုးစားနေတဲ့ အချိန်မှာ........
မင်းနားလည်ပေးနိုင်လိမ့်မယ်လို့
မျှော်လင့်မိခဲ့ပေမယ်လည်း...........

နာကျည်းမှု့တွေ ရောစွတ်နေတဲ့
မျက်ဝန်းတစ်စုံနဲ့
စိမ်းကားစွာကြည့်လို့.......
သံရည်ပူတွေအလား
ရင်ခွင်ကို လောင်ကျွမ်းစေမယ်
့်စကားလုံးတွေနဲ့ ထိုးနှက်
ငါ့နှလုံးသားကို ............
အသေသတ်သွားခဲ့တာလား..........၊

ဖြစ်ချင်တာထက် ဖြစ်သင့်တာကို
ဦးစားပေးရမယ့် ဘ၀မှာ
မင်းပေးခဲ့တဲ့ ဖိတ်စာလေးကိုကြည့်လို့
မင်းတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲကို.........
တတ်ရောက်နိုင်ဖို့အတွက်
ခွန်အားတွေ မွေးဖို့ကလွဲရင်......
ငါ ဘာများတတ်နိုင်ဦးမှာလဲ........နော်...၊

Thursday, November 6, 2008

ကျေးဇူးတင်လျွှာ........

မနေ့ကမီးလေးရဲ့မွေးနေ့ပွဲကို လာရောက်အားပေးပြီး ဆုတွေလဲပေးသွား
လက်ဆောင်တွေလဲပေးသွား မုန့်တွေလဲအ၀စားသွားကြတဲ့
မီးလေးရဲ့မောင်နှမများသူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ရှိပါတယ်နော် လက်ဆောင်လေးတွေကဗျာလေးတွေ မပြတော့ဘူးနော်
မွေးနေ့ဆုတောင်းကဗျာလေးတွေနဲ့ လက်ဆောင်လေးတွေပို့လာပေးတဲ့အတွက်လဲ အရမ်းကိုဝမ်းသာရပါတယ် ကျေးဇူးလဲအများကြီးတင်ရှိပါတယ်နော်............
အားလုံးကိုခင်မင်စွာဖြင့်....
မီးလေး

Wednesday, November 5, 2008

ဒီပုံလေးနှစ်ပုံကတော့မောင်လေး ကြယ်ဇင်သွေးရဲ့လက်ဆောင်လေးပါ


ဒီပုံလေးကတော့ကိုကျော်သက်သွေးပို့လာပေးတဲ့မွေးနေ့လက်ဆောင်လေးပါ
ကျေးဇူးတင်ပါတယ်နော်






ပန်းနုလွင်လွင် ပန်းပျိုးပင်၏
ကြည့်မဝသည့် ရှုမဆုံးအလှ..
မြုနှင်းဆိုင်း၍ ငြိမ်းချမ်းပါစွ
အေးရိပ်ဆောင်ကြင်း တောတောင်အလှ...
နေမင်းရောင်ဝါ ထွန်းဝေဖြာလှ
ရောင်ခြည်လင်း၏ နွေးထွေးအလှ...
လမင်းစန္တာ ရွှန်းဝေသာစွ
အေးငြိမ်းလှသည့် မြရိပ်အလှ...
အလှမျိုးစုံထူးဝေကြုံသည်
ငါ၏အမ မီလေးဇာသည်
ယနေ့ မွေးနေ့
ငါး ဆယ့်တစ်မှ
တခက်သစ်နွယ် ရွှေကြာပန်းလား
အတင့်ဆန်းစွာနှင့်ရွှင်လန်းနိုင်ပါစေ
ငြိမ်းချမ်း၍ အေးရိပ်မှာ
ချွေးတိတ်စွာနှင့် မှေးစက်နိုင်ပါစေ။
ဘဝသအမောတွေမှာ မနစ်မြောပဲ
ဆန္တသဘောတွေကို အတ္တနဲ့ခွဲလို့
လှပစွာနဲ့ ဘဝကိုဆင်မြန်းနိုင်ပါစေ။
"ငါ့"အမြင်တွေကို
တခဏတောင်မမြင်စေဘဲ
ဘဝလမ်း စခန်းသာလို့
ကျန်းခန်းမာပါစေ။
ချစ်ဆူးသူနဲ အချစ်ဖူးလေးတွေ
အမ ကေသာထက်ဆင်မြန်း
အကြင်နာလမ်းတွေမှာ
အချစ်မခန်း ကုန်နိုင်ပါစေ။
ငယ်တော်သမီး ကြီးတောထီးတဲ့
မိဘကို ဆထက်တပိုး
ကျေးဇူးဆပ်နိုင်သော
သမီးလိမ္မာဖြစ်ပါစေ။
ရပ်ရွာအကျိုးဆောင်ကာပိုး၍
နိုင်ငံဂုဏ်ရှိန်လွှင့်ထူနိုင်သော
ခေတ်သစ်မျိုးဆက်သစ်တဦးဖြစ်ပါစေ။
သားသမီးကျင့်၊ တပည့်ကျင့်
ငါးဖြာစီနှင့်ပြည့်စုံမှီသည့်
တော်လေးဝဝင် မြန်မာဟု
ဂုဏ်ယူစွာဝင့်ကြွားနိုင်ပါစေ။
အခွင့်ရယ် အခါကြုံခိုက်
ရောက်ရှိခိုက် လူ့ဘဝတွင်
မြတ်ဗုဒ္ဓ၏ ဝိပဿနာကို
အတော်အသင့် သိမြင်နိုင်သော
အမည်မခံပဲ တကယ်ကိုစစ်မှန်သော
ဗုဒ္ဓဘာသာဝင်ဖြစ်ပါစေလို့
အတောမသတ်သည့်
မိုးအလား ပီတီဝေဖြာ ရွှန်းဝေစွာနှင့်
ဆုတောင်းပေးပါတယ်။

ခင်မင်လေးစားစွာဖြင့်
ဖြိုးဝေတိုး(MoetAin)
ဒီကဗျာလေးကတော့ မောင်လေးဖြိုးဝေတိုးရဲ့မွေးနေ့လက်ဆောင် ကဗျာလေးဖြစ်ပါတယ် မောင်လေးရဲ့ဘလော့ခ်မှာလဲ မီးလေးအတွက်ပို့စ်တင်ပေးထားပါတယ် .......
မောင်လေးရေ..ကျေးဇူးအရမ်းတင်တယ်နော်

မီးလေးဇာ ရဲ့ ၂၄ နှစ်ပြည့်မွေးနေ့











ဒီနေ့ ၅ရက်နေ့ဟာမီးလေးရဲ့... ၂၄ နှစ်ပြည့် မွေးနေ့လေးဖြစ်ပါတယ် ဒီနှစ်တော့နေ့မတိုက်တာနဲ့ဘာမှတော့မလုပ် ဖြစ်ပါဘူး မီးလေးလဲအလုပ်မနားရ သူငယ်ချင်းတွေလဲမအားတာနဲ့ မစီစဉ်ဖြစ်ဖူးပေါ့......ညကတော့. .အမေ့ဆီကိုဖုန်းဆက်ပြီးတော့ပြောဖြစ်ပါတယ် အမေကတော့မွေးနေ့လုပ်ဦးမလို့လားတဲ့ မလုပ်တော့ဘူးလို့ပဲပြောလိုက်ရတယ် အားမှမအားတာ အားရင်တော့လား..ဟဲဟဲ
ပြီးခဲ့တဲ့နှစ်တုန်းက အိမ်မှာလဲလုပ်တယ် နေ့ပိုင်းမအားတဲ့သူတွေကိုလဲ ညပိုင်းဆိုင်မှာလိုက်ကျွေးတယ် ပြီးတော့ဘာပြောထားတယ်ထင်လဲ... နင်တို့အ၀စားနော် နောက်နှစ်ငါ့မွေးနေ့မရှိတော့ဘူး မလုပ်တော့ဘူးလို့ သူတို့ကဘာဖြစ်လို့လဲတဲ့..ဟိဟိ..ယောင်္ကျားယူတော့မလို့လို့ပြောလိုက်တယ် အခုရလဲမရဘူး..ဟတ်ဟတ်
သူများတွေကမီးမီးကို အပျိုကြီးလို့ခေါ်ကုန်ကြပြီး..ဟင့်...
အမေကတော့အားပေးပါတယ် ဘာမှမပူနဲ့သမီးတဲ့ အမေဗန်းထဲထည့်ပြီး လိုက်ရောင်းပေးမယ်တဲ့ ဟင့်ဟင့်
သယ်ရင်းတွေကလဲ မရောင်းပါနဲ့အန်တီရယ်တဲ့ ခြေထောက်ညောင်းတာပဲအဖတ်တင်မယ် ဘယ်သူမှမ၀ယ်ဘူး တစ်ခုဝယ်တစ်ခုအပိုပေးမယ်ဆိုရင်တော့ရမလားမသိဘူးတဲ့..ဟင့် မီးကိုဝိုင်းပြောကြတယ်လေ..ဟင့်..
အဟဲ...ဘယ်တွေရောက်ကုန်ပါလိမ့်..ဟီးးးးးးးးး.
မီးလေးလဲဒီနှစ်မလုပ်တော့တာပေါ့နော်....ဘလော့ခ်လေးမှာပဲလုပ်လိုက်တော့မယ်
ကိတ်မုန့်တွေလဲရှယ်ပဲနော်...၀ိုင်တွေလဲအိမ်ပြန်သယ်သွားလို့ရတယ် တစ်ယောက်တစ်ပုလင်းယူပြန်နော် လက်ဆောင်ပေးတယ်........ဟဲဟဲ
မီးလေးဆီကိုလာရောက်လည်ပါတ် အားပေးသွားကျတဲ့သူများကိုမီးလေးအရမ်းပဲကျေးဇူးတင်ရှိပါတယ်နော်
နောက်များလဲမကြာခဏအမြဲတမ်း လာရောက်အားပေးကြပါဦးလို့ မီးလေးကဖတ်ခေါ်ပါတယ်နော်

Monday, November 3, 2008

ဆန္ဒ ရဲ့ နောက်ကွယ်

နင်နဲ့ ပတ်သတ်လိုက်တိုင်း.....
ငါ ပြန်ပြီးခံစား လာရတာက
အမုန်း........၊

ကတိတွေ သစ္စာတွေပေးပြီး
နင်လုပ်သွားလိုက်တာက
ရွံ့မုန်းစရာကောင်းတဲ့......
ဖောက်ပြန်မှု့........၊

အလုပ်ကြီး အကိုင်ကြီး
အကြောင်းတွေ ပြောပြီး........
နင်တကယ်လုပ်နေတာက
ယောက်ျား ပိုင်လုံး...........၊

ဘယ်သူသေသေ
ငတေမာရင်ပြီးရောလို့.......
တွက်ထားတတ်တဲ့........
နင့်ရဲ့တစ်ကိုယ်ကောင်းစိတ်..........၊

ဟိုလူ့အတွက် ဒီလူ့အတွက်ပြောပြီး
တကယ်တမ်း နင်လုပ်နေတာက
နင့်အတွက်..........၊

နင့်အကြောင်း ချရေးမယ်ဆိုရင်
စာရွက်တွေတောင်
မလောက်ငှတာမို့......
နင်သိအောင် ငါအပြောချင်ဆုံး
စကား တစ်ခွန်းက......
"နင်သေသွားရင် ကောင်းမယ်".........၊


မီးလေးရေးတဲ့ ကဗျာလေးရိုင်းသွားလို့ရှိရင် ကြိုတင်တောင်းပန်ပါတယ်နော်.........

Saturday, November 1, 2008

ဆုံမှတ်မရှိတဲ့မျဉ်းပြိုင်

ပြန်မရနိုင်တော့တဲ့....
ဟိုတုန်းက နေ့ရက်တွေကို...
မတောင့်တမိပေမယ့်..........
နွေးထွေးတဲ့လက်တစ်စုံရဲ့အင်အား
ငါတမ်းတမိသေးတယ်.........၊

အဆုတ်တွင်းသို့........
အသက်ရှူသွင်းလိုက်တိုင်း
သတိရနေသေးတာက...........
ဘ၀နှင့် ဆန္ဒကိုဆွဲဆန့်ချင်နေမိတာလား.......၊

အတ္တနှင့် သံသယတွေကြားမှာ
ပေါင်းစပ်လို့မရနိုင်တာ
ဘာကြောင့်လဲ လို့
ငါမေးမိမှာ မဟုတ်ဘူး........၊

မာနတွေကိုယ်ဆီနှင့်
နားလည်မှု့တွေလွဲလို့
၃-၄..လိုကျောခိုင်းထားမိတဲ့
ငါတို့နှစ်ယောက်ရဲ့ဇာတ်လမ်းက
ဘယ်တော့မှ မဆုံနိုင်တော့တဲ့
မျဉ်းပြိုင် နှစ်ကြောင်းလိုပေါ့.........။

Thursday, October 30, 2008

တိတ်တခိုး တမ်းခြင်း

မင်းမသိအောင်
တိတ်တိတ်လေး ချစ်ပြီး....
မျှော်လင့်ခြင်း များစွာဖြင့်
ရူးသွပ်စွာစောင့်စားခဲ့ဖူးတယ်.......၊

ဘယ်တော့မှ မပြောင်းလဲမဲ့
အချစ်တွေနှင့်.......
ရင်နင့်အောင်ချစ်ခဲ့တာတောင်
မင်းအချစ်တွေက
ငါ့အတွက်ဖြစ်မလာဘူး.........၊

ဝမ်းနည်းဖို့ ကောင်းခဲ့ပေမဲ့
အစကတည်းက ........
တစ်ဖက်သတ် ချစ်ရသူမို့
အပြစ်လဲမမြင်ရက် ပါဘူး.......၊

အလွမ်းတွေနှင့် ဇာတ်သိမ်းရမဲ့
ပုံပြင်လေးတွေလည်း .......
ရင်နာနာနဲ့ နားထောင်ချင်သေးတယ်.......၊

မင်းဓါတ်ပုံလေး ကြည့်ပြီး
ပိုင်ဆိုင်ခွင့် အတွက် မဟုတ်တဲ့
ဆုံဆည်းခွင့်လေးလည်း........
မျှော်လင့်မိနေသေးတယ်........။

နှင်း





Wednesday, October 22, 2008

အဆိပ်လူး မြှား


မြှားပစ်ကျွမ်းတဲ့ နင်
ပစ်လိုက်တဲ့ မြှားတစ်စင်းက...........
ငါ့နှလုံးသားရဲ့ ...........
အနက်ရှိုင်း ဆုံးထိ
တစ်စိုက်မက်မက် စူးဝင်လို့...........
ငါကလဲ တစ်ရှိုက်က်မက်မက်
ငြိတွယ် မိခဲ့တယ်...............၊

သွေးစိမ်း ရှင်ရှင်တွေ..........
ထွက်ကျ နေတာတောင်
အရူးတစ်ယောက်လို..........
ယောင်ရမ်း တောင့်တမိပြန်တယ်.............၊

မျှော်လင့်ခြင်း ၊ ယုံကြည်ခြင်း...........
တွေရဲ့သတ်ဖြတ်မှု့ကြောင့်...........
သေအံ့မူးမူး ပစ္စုပ္ပန် မှာတောင်
လိုချင်မိတာ နင်ပေးဖူးတဲ့.........
"အဆိပ်လူးမြှား " ...........။


နှင်း

Monday, October 20, 2008

ချစ်သူနှင့် ကျွန်မ၏ဆန္ဒ

နွေ မိုး ဆောင်း.....

သုံးရာသီလုံး လိုအပ်စွာ

အသုံးပြုနေတဲ့...........

ချစ်သူဆောင်းတဲ့ ထီးလေး

ဖြစ်ချင်သလို.........

ချစ်သူပေါက်တဲ့ အီးလဲ

ဖြစ်ချင်တယ်...........အဟဲ.......၊

( မလိုအပ်တော့ရင် စွန့်ပြစ်လို့ရပါတယ် )

ချစ်သူ သွားလိုရာကို

အဖေါ်အဖြစ် ခရီးရောက်အောင်

ပို့ပေးမယ့်...........

ချစ်သူ စီးတဲ့ ဖိနပ်လေး

ဖြစ်ချင်သလို...

ချစ်သူညှစ်မဲ့ နှပ်လေးလဲ

ဖြစ်ချင်တယ်...........ဟီး၊

( ရှုတ်တယ်ဆိုပြီး နှင်ထုတ်လိုက်လဲ ထွက်သွားဖို့ အသင့်ပါ ချစ်သူ)

ရွက်ဝါလေး လို့..........

တမြတ်တနိုး ခေါ်တတ်တဲ့

ချစ်သူ အတွက်

ရွာဝက်လေးလဲ ဖြစ်ချင်တယ်..........၊ငှဲငှဲ

( ဟင်းမရှိရင် ချက်စားလို့ ရအောင်ပေါ့နော်)

မက်မန်းသီး ကြိုက်တဲ့ တို့ကို

မက်ပလဲ လို့စတတ်တဲ့

ချစ်သူ အတွက်

မက်ပလဲလေးဖြစ်ချင်ခဲ့ သလို

မဲပလက်လေးလဲ ဖြစ်ချင်သေးတယ်..........၊ဟိဟိ

( အသားမဲမဲလေးနဲ့ ညိုချောလေးပေါ့)

ချစ်သူနဲ့ ပတ်သက်မယ်

ချစ်သူလိုအပ်မယ် ဆိုရင်...........

အရာအားလုံးကို ဖြစ်ချင်ခဲ့သူပါ...............။


PS >> ဘာရယ်တော့မဟုတ်ပါဘူးနော် ဟာသလေးဖြစ်အောင်လို့ပါ

မီးလေးရဲ့ကဗျာလေးဖတ်ပြီးတော့ ပျော်ရွှင်နိုင်ကြပါစေနော်

ရယ်သောသူအသက်ရှည်သည်တဲ့..............

အားလုံးပဲရယ်သွားကြပါဦးနော်...........

အားလုံးကိုခင်တဲ့.............မီးလေး




Friday, October 17, 2008

မမာနိုင်တဲ့အသည်း.....

နာကျင်မှု့ကြောင့် ငိုကြွေးချင်နေတဲ့
နင့်ရဲ့ ခံစားချက်တွေကို............
ငါစာနာနားလည်စွာ
ထပ်တူခံစား လို့ရခဲ့ပါတယ်.........၊

နွမ်းလျှနေတဲ့ နှလုံးသားတစ်စုံနဲ့
ကွဲအက်နေတဲ့ အသည်းက
ဒဏ်ရာတွေ အတွက်............
ထွက်ပေါက် တစ်ခုအဖြစ်...
ငါ့အပေါ်မှာ ရင်ဖွင့်ကာ
အန်ချလိုက်ပါ..............
အပြုံးမပျက် ခံယူပေးပါ့မယ်..........၊

ပြီးဆုံးသွားပြီး ဖြစ်တဲ့
နင်တို့ နှစ်ယောက်ရဲ့ ဇာတ်လမ်းကို.........
တစ်ကပြန်စလို မရသလို
မပြီးဆုံးနိုင် သေးတဲ့.......
နင့်ဘ၀ရဲ့ အနာဂတ်
နေ့ရက် တွေကိုလဲ..........
မပျက်စီး စေချင်ဘူး..( နင်မမေ့သင့်ဘူး ).......၊

စိတ်ထင်တိုင်းကျဲ တတ်တဲ့နင့်ကို
တစ်ယောက်ထဲ လွတ်ထားရမှာလဲ.........
စိတ်မချ ပြန်ဘူး........
( စွန့်ခွာမသွားရက်ဘူး)
ဘာကြောင့်လဲဆိုတော့..........
နင်မသိခဲ့ဘူးတဲ့ အချစ်တွေနဲ့
ငါကနင့်ကို သိပ်ချစ်နေတယ်ဆိုတာ...........
နင်ဘယ်တော့မှလဲ သိမှာမဟုတ်ပါဘူး.................။


နှင်း













အချစ်ဆိုတာ


အချစ်ဆိုတာ.....တဲ့...တူမလေးယောင်းယောင်း(dream ) ကတတ်ခ်ထားတာလဲကြာနေပြီး
ဘယ်လိုရေးလို့ရေးရမလဲဆိုတာလဲမသိတာနဲ့ သူများအိမ်တွေမှာလိုက်ချောင်းကြည့်လိုက်တာ
တစ်ယောက်တစ်မျိုး စီနဲ့တော်လိုက်ကြတာနော်... မီးလေးမှာတော့ဘယ်လိုရေးရမှန်းမသိတာနဲ့
ဒွတ်ခတွေရောက်လို့.....ဟီးးး
အဲ့ဒါနဲ့ပဲ...မတတ်တစ်ခေါက်လေးနဲ့ ဘာသာပြန်လိုက်တယ်နော်....အချစ်=အချစ်....တဲ့...ဟီးး
အဲ့လိုလေးသာရေးလိုက်လို့ကတော့ တူမတော်လေး ချက်ချင်းရောက်လာပြီး မပီကလာပီကလာ
စကားလေးတွေနဲ့ပြောတော့မှာတော့မြင်ယောင်သေးတယ်...ဟဲဟဲ
လာပါပြီး မီးလေးအချစ် ဒသနလေး............

အချစ်ဆိုတာ.......၀င်္ကပါ...တစ်ခုနဲ့တူတယ်.....
တစ်စုံတစ်ယောက်ကို မချစ်ဘူးထင်ပြီးချစ်နေမိတတ်သလို..ကိုယ်ကစွဲစွဲလမ်းလမ်းနဲ့
ချစ်နေမိသူကိုလဲမချစ်နိုင်တော့သလိုမျိုးလဲ ဖြစ်တတ်တယ်...... တစ်ခါတစ်လေ...
အသံလေးကြားရရုံနဲ့ချစ်နေမိပြီး
လူချင်းတွေ့တော့ မချစ်နိုင်တော့တာမျိုးလဲ..ကြုံတတ်တယ်.....
ကိုယ်ကစူးစူးနစ်နစ်မုန်းနေသူကိုလဲ... ပြန်ချစ်သွားတတ်သေးတယ်.. မိဘတွေကဘယ်
လိုမှအထင်မကြီးသဘော
မတူနိုင်တဲ့သူကိုမှကိုယ်က အားကိုးပြီးမခွဲနိုင်မခွာရက် ချစ်မိနေတတ်တာမျိုးလဲ ဖြစ်တတ်တယ်......

ချစ်ဖူးတဲ့လူတိုင်းလိုလို ဖြစ်တတ်ကြတာကတော့ သူ့ကိုကိုယ်ကဘာကြောင့်ချစ်နေမိရတာလဲ.......
ဘယ်တုန်းကချစ်မိသွားတာလဲ...... ဘာကြောင့်လဲဆိုတဲ့မေးခွန်းတွေနဲ့
အဖြေမထွက်ပဲ ဖြစ်နေတတ်တယ်.
သူ့ကိုပဲချစ်တယ်သူမှသူပဲလို့ ဆုံးဖြတ်ပြီးလို့မကြာသေးခင်းမှာ နောက်တစ်ယောက်ကို
ရင်ခုန်မိပြန်တယ်...
တစ်ယောက်ပြီးတစ်ယောက်ပြောင်းလဲကာ ချစ်နေတတ်ပြန်ရော......

အချစ်ဆိုတဲ့....အထဲမှာ
ပေးဆပ်ခြင်း...၊...ရယူခြင်း....
နားလည်ခွင့်လွတ်ခြင်း
တန်ဖိုးထားလေစားခြင်း
စွန့်လွတ်အနစ်နာခံခြင်း......စတဲ့......ခြင်းပေါင်းများစွာတွေပါဝင်တယ်....

ပေးဆပ်ခြင်းမှာလဲအမျိုးမျိုးကွဲပြားသေးတယ်....သူပျော်ရွှင်နေတာ..၊..
သူဘ၀လေးတင့်တယ်နေတာကိုမြင်ချင်လို့
သူ့ကိုသိပ်ချစ်နေရက်နဲ့ပေးဆပ်လိုက်တာ........ဒါမှမဟုတ်......
ကိုယ်ကိုတိုင်ကလဲ....သတ္တိကြောင်လို့....ရှေ့ဆက်မဖြစ်နိုင်မှန်းသိလို့ လူကြားကောင်းအောင်..
ငါ့ကသူ့ကိုချစ်တာရယူလိုမှု့မဟုတ်ပါဘူး...ပေးဆပ်ခြင်းတွေနဲ့ချစ်နေရုံလေးပါဆိုပြီး....ပြောကြတဲ့
သူတွေလဲရှိတတ်သေးတယ်..........
ရယူပိုင်ဆိုင်ခြင်းတဲ့.....အင်း.....ဘယ်လိုပြောရမလဲ....မရယူဖူးဘူးဆိုတော့မပြောတော့ပါဘူးလေနော်...ဟဲ
ဲတူမလေးယောင်းယောင်းရေ ဒီလောက်နဲ့ပဲကျေနပ်လိုက်တော့နော် ဆက်မရေးတတ်တော့ဘူး....ဟီးးး
မီးလေးလဲဘယ်သူ့ကိုမှလက်ဆင့် မကမ်းတော့ပါဘူး......
မေးချင်တာလေးတစ်ခုတော့ရှိတယ်...ဖြေသွားပေးကြပါဦးနော်...............
စွန့်လွတ်အနစ်နာခံနိုင်တဲ့သူနဲ့.... ရယူပိုင်ဆိုင်နိုင်တဲ့သူနှစ်ဦးမှာ ဘယ်သူကသူရဲကောင်းပိုဆန်လဲ...
ဖြေသွားပေးနော်...........
ခင်မင်လျှက်..........

မီးလေး







Wednesday, October 15, 2008

တုန့်ယမ်ကု ဟင်းချက်နည်း

မမ၀ါနဲ့သဉ္ဖာက တုန့်ယမ်ကုဟင်းချက်နည်းလေး ပြောပြပေးလို့ ပြောထားတဲ့အတွက် မီးလေးလဲ

ပုံနှင့်တစ်ကွဖော်ပြပေးချင်တာနဲ့ ဟင်းကိုပြန်ချက်လိုက်တယ်.........ဟီးးးးးးး....ကြွားချင်တာဟုတ်ဖူးနော်

သေချာပြောပြလို့မတတ်လို့.........လိုအပ်တဲ့ပစ္စည်းတွေကတော့.................

(၁)..ပုဇွန်........၅ကောင်း

(၂)မှို...........အပွင့်ကြီး......၇ပွင့်

(၃)စပလင်....၃ပင်နှင့်ပတဲကော်...လက်နှစ်ဆင့်လောက်...

(၄)ငရုပ်သီးတောင့်..၆တောင့်နှင့်ဆားအနည်းငယ်

(၅)နံနံပင်နှင့်ကြက်သွန်မြိတ်အနည်းငယ်

(၆)သံပရာသီးတစ်လုံးနှင့်ငရုပ်သီးဆီစိမ်ထားတဲ့ဟာလေးအနည်းငယ်ပါ(ပုံမှာပလင်းလေးပုံလေးပြထားပါတယ်)

(၇)ခနော်တစ်တုံးနှင့်အုန်းနို့ဘူးသေးတစ်ဘူး

(၈)ရှောက်နိုရွက်၃-၄ရွက်နှင့်ခရမ်းချဉ်သီးတစ်လုံးတို့ပဲဖြစ်ပါတယ်


ပုဇွန်ကိုအခွံနွှာနောက်ချီးထုတ်ထားပါ ၊ မှိုကိုရေစင်အောင်ဆေးပြီးအပွင့်ကြီးလျင် ထက်ခြမ်းခွဲပြီးရေစစ်ထားပါ ၊

စပလင်ကိုလက်တစ်ဆင့်ခန့်စောင်းပြီးလှီးထားပါ ၊ ပတဲကော်ကိုပါးပါးလှီးထားပါ. နံနံပင်၊ကြက်သွန်မြိတ်၊သံပရာ

သီး နှင့်ခရမ်းချဉ်သီးကိုလိုသလိုလေးလှီးထားပါ ငရုပ်သီးကိုပါးပါးလေးစောင်းပြီးလှီးထားပါ ၊ ရှောက်နိုရွက်ကို

အရွက်လိုက်ရေဆေးပြီးထား ထားပါ ၊ရေကိုနို့ဆီဘူး၃ခွက် စာလောက်တည်ထားပါ ၊

ရေဆူလာတာနဲ့စပါလင်၊ပတဲကောနှင့်ခနော်ထည့်ပါ၊ နှစ်မိနစ်လောက်ကြာရင် ခရမ်းချဉ်သီးနဲ့ငရုပ်သီးထည့်ပါ ၊
ရေပြန်ဆူလာရင်( ငရုပ်သီးဆီစိမ်ထားတာလေး)ထမင်းစားဇွန်းနဲ့တစ်ဇွန်ထည့်ပါ၊ ပြီးရင်မှိုထည့်ကြက်သွန်မြိတ်

်ထည့် ရှောက်နိုရွက်ထည့် ရေပြန်ဆူလာရင်ဆားအနည်းငယ်ထည့်..အပေါ့အငန်မြည်းကြည့်..

ပုဇွန်ထည့်အုန်းနို့အနည်းငယ်

ထည့်ပြီးနောက်ထပ်တစ်ကြိမ် ရေပြန်ဆူလာရင်သံပရာသီး အနည်းငယ်ထည့်ပြီးချလို့ရပါပြီး

မှတ်ချက်၊ ။ ပုဇွန်ကိုနောက်ဆုံးမှထည့်ရပါမယ် ထည့်ပြီးတာနဲ့ရေပြန်ဆူရင်အိုးကိုချရပါမယ်

မဟုတ်ရင်ပုဇွန်အသားမာသွားပါလိမ့်မယ်.. ခနော်အစားကြက်ရိုးကိုအကြာကြီးပြုတ်လဲရပါတယ်

သံပရာသီးကိုစားခါနီးမှ...စားသုံးမဲ့ပန်ကန်ထဲကိုညစ်ထဲ့ ရင်ပိုပြီးအရသာရှိပါတယ် ပုံထဲမှာပြထားသလိုလေး

ဟင်းကိုပန်ကန်ထဲထည့်ပြီးအပေါ်ကနံနံပင်လေးအုပ်ပြီး သံပရာရည်လေးညစ်ပြီးတော့ စားလိုက်လို့

ဆွေမျိုးမေ့သွားမယ် ဆိုရင်မီးလေးမသိဘူးနော်...........ဟီးးးးး

အလွယ်တစ်ကူစားသုံးနိုင်တဲ့ဟင်းတစ်ခွက်ဖြစ်ပါတယ်ရှင်...........

မီးလေးချက်ထားတာလေး အိမ်ပြန်သယ်သွားကြပါဦးနော် အကုန်ယူသွားလဲ ချိတ်ချိုးဘူးနော်.........ဟတ်ဟတ်


မီးလေး

မမျှော်လင့်ခဲ့မိသော......

နင့်ကို......

သိပ်ချစ်နေ မိပြီးလို့....

သိလိုက်ရတဲ့ အခိုက်အတန့်

ငါနင့်ကို ဆုံးရှုံးသွားရမှာ...

စိုးရိမ်မိခဲ့တယ်....၊

အစကတည်းက....

ပိုင်ဆိုင်ခွင့် မရှိခဲ့တဲ့....

ငါ........

ဆုံးရှုံးမှာ ကြောက်နေမိတာ...

ငါရဲ့အတ္တကြောင့်လား....၊

ဒါပေမယ့်.....လည်း

နင်ပျော်ရွှင်နေတာကို....

မြင်ချင်နေခဲ့တဲ့ ငါပဲလေ.....

နင့်မှာ နင်သိပ်ချစ်တဲ့.....

ကောင်မလေး ရှိနေတာ....

သိနေရက်နဲ့...........

ချစ်ခဲ့မိတဲ့ ငါ့အတွက်တော့

အလွမ်းတွေကို အဖော်ပြုလို့

နင့်ရဲ့ အဝေးဆုံးမှာပဲ....

နေလိုက်တော့မယ်....ဟာ...။

နှင်း

Saturday, October 11, 2008

မီးလေးဇာရဲ့ ဗရုတ်သုတ်ခဆုံးသော နေ့တစ်နေ့

မောင်လေးဖြိုးဝေတိုးရေ ဘယ်ကဘယ်လိုစရေးရမှန်း တောင်မသိတော့ဘူး...။

အကြွေးလာတောင်းတော့လဲ ကြောက်ကြောက်နဲ့ပေးရတော့တာပေါ့လေ...

ဗရုတ်သုတ်ခတဲ့.....အဲ့လိုဗရုတ်သုတ်ခမဖြစ်တာတောင် ကြာလှပေါ့.......

အခုတော့လူကီးလေး...အဲလေ..လူကြီးလေးဖြစ်နေပြီဆိုတော့...ဟဲဟဲ....ဟန်ကိုယ်ဖို့လေ....အဟိ

အကြွေးများနဲ့...အဲ..မှားပြန်ပြီး.အတွေးများနဲ့ချာချာလည်...... ရေးလိုက်ပြီဗျို့....မီးလေးရဲ့ဗရုတ်သုတ်ခတဲ့....


၉တန်းနှစ်ကပေါ့..မှတ်မှတ်ရရပေါ့....... ညပိုင်းမှာလမ်းထဲကအဖော်တွေနဲ့ ဒီကြိုတမ်းတို့ထုတ်စီးထိုးတမ်းလို့

ကစားကြတာအရှိန်လွန်ပြီး အိပ်တာနောက်ကျသွားတယ် သိတယ်မဟုတ်လားအပျော်မက်တာလေ

မိုးလင်းတော့အိပ်ယာကမထချင်ဘူး အဒေါ်ကမီးလေးထတော့ဆို အင်း..အဲ...နဲ့ဆက်အိပ်နေတာ...

အဖေကမီးလေးတစ်ယောက် အိမ်မပြန်လာသေးဘူးဆိုပြီးတော့ လာလိုက်ခေါ်တာ အိပ်တုန်းလို့

အဒေါ်လဲပြောလိုက်ရော အခန်းထဲဝင်လာပြီး ဘောလုံးလာကန်ပါလေရော...ဟီး

အဲ့ဒါနဲ့ပဲ ကျောင်းသွားတာ စာအုပ်ကလွဲပြီး ဘာမှကိုမပါတော့ဘူး မေ့ကုန်တာလေ.....

ကျောင်းပေါက်ဝလဲရောက်ရော သူများတွေကမ္ဘာမကျေတောင်ဆိုနေကြပြီး... ကမ္ဘာမကျေလဲဆိုပြီးရော

အခန်းကိုပြေးတာ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီးတော့လေ..... မပြေးရင်လဲမရဘူး

ဆရာကြီးကကြိမ်လုံးနဲ့လာနေတာဗျ....ဟဲဟဲ... စာသင်ခန်းလဲရောက်ရော ဆရာမကရောက်နေပြီး

မီးလေးလဲကုတ်ချောင်းကုတ်ချောင်းနဲ့ဝင်လာတာပေါ့ ...ထိုင်တာကရှေ့ဆုံးတန်းမှာ...ဒီကြားထဲ

အလိုက်မသိတဲ့သူငယ်ချင်းကလဲ ဆရာမကိုစာအုပ်ထပေးတာ မော့လာတဲ့ဆရာမမျက်နှာ (အမလေးးးး)

အဟီးးး...ဆိုပြီးတော့မျက်နာချိုသွေးတာတောင်..ဟင့်.... ခိုင်သဉ္ဖာအိမ်စာလုပ်လာ လားတဲ့..သေရောပေါ့

မနေ့ညကတစ်ညလုံးကစားနေတာ စာအုပ်တွေကြည့်လိုက်တော့လဲ အချိန်စာရင်းတောင်မလဲရသေးဘူး

မနေ့ကစာအုပ်တွေပဲ... မပြီးသေးဘူးလို့လပြောလိုက်ရော ဘာလုပ်ခိုင်းလဲသိလား ကျောက်သင်ပုန်းပေါ်မှာ

အခုချက်ချင်းတွက်ပြတဲ့ ..သူငယ်ချင်းတွေကလဲ မီးလေးကိုသိပ်ချစ်ကြတာ တဟီးဟီးတဟားဟား

ကြိတ်ပုန်းပြီးရီနေကြတယ်လေ....ဟွန့်..

ဒီကလဲပဲတီပင်ပေါက်လက်ရေး...ဟုတ်ပါဘူး..ဆရာဝန်လက်ရေးလေးနဲ့

တွက်ပြပေးလိုက်တာပေါ့........ကျောင်းဆင်းခါနီးနှစ်ချိန်က ကာယချိန်ဆိုတော့

မနေ့ညကအရှိန်ကမသေသေးဘူး လေသူငယ်ချင်းတွေနဲ့ ပြေလိုက်တမ်းကစားလိုက်

ကြိုးခုန်လိုက်နဲ့လုပ်နေကြတာပေါ့..(မီးလေးတို့၉တန်းနှစ်တုန်း ကစာသင်ချိန်က

အခန်းမလောက်လို့နေ့တစ်ဝက်ပဲသင်ရပါတယ် မီးလေးတို့ရဲ့အခန်းကလဲ အဆိုးတွေစုပြုံနေတဲ့အခန်း

မို့လို့ကြီးကောင်ကြီးမားနဲ့လဲ အခန်းထဲမှာကစားကြပါတယ်...ဟီး..) အဲ့ဒီမှာဇတ်လမ်းကပြန်စတယ်

ခုံပေါ်ကနေသူများတွေကိုလိုက်ဖမ်းရင်းနဲ့ ခုံကျိုးကြပါလေရော

လူကတော့ဘာမှမဖြစ်သွားဘူး..ဟင့်..ထမီပေါ့..ဗြိဆိုပြီးတော့ပြဲသွားပါလေရော

တစ်ခန်းလုံက..တဟားဟားဆိုတဲ့အသံများညံသွားပါလေရော...ဟီးးးး ရှက်တောင်ရှက်လာပြီး..အဟိ....

အဲ့ဒီအချိန်မှာပဲ ကာယဆရာမက “ခိုင်သဉ္ဖာ ဒီနေ့လူသစ်တွေကို အေရိုးဗစ်နဲ့ပ၀ါကသင်ပေးရမယ်နော်

ကျောင်းဆင်းတာနဲ့ခန်းမကိုလာခဲ့” တဲ့ ဆရာမရဲ့တစ်ချကိလွတ်အမိန့်မှာ မီးလေးထမီကွဲနဲ့ဘယ်လိုလုပ်ရမလဲ

ဆိုတာအကျက်ရိုက်ပါလေရော အိမ်မှာပြန်ယူဖို့ကလဲ အချိန်ကမလောက် ဒီတိုင်းကြီးလဲမသွားရဲပါဘူး...ဟဲ..

အခန်းထဲကယောင်္ကျားလေး သူငယ်ချင်းရဲ့ဆိုင်ကယ်ကိုငှားပြီး သူ့ကိုပါအိမ်အထိလိုက်ပို့ခိုင်းရပါတယ်

ကျောင်းနဲ့အိမ်နဲ့ကနီးနီးလေးပါပဲ အကွဲလေးနဲ့ဆိုတော့လဲ လမ်းလျှောက်လို့ မရဘူးပေါ့...ဟီး....

အဲ့ဒါပါပဲ မီးလေးရဲ့ ဗရုတ်သုတ်ခဆုံးသောနေ့တစ်နေ့ပေါ့.............

မောင်လေးဖြိုးဝေတိုးရေ...ကျေနပ်မယ်လို့ထင်တယ်နော်...ဟီး

မီးလေးပြန်တတ်ခ်မဲ့..ကံစမ်းမဲကျတဲ့သူတွေကတော့......

ဦးဦးရန်အောင် ၊ မမဂျစ်တူး ၊ မမီ(မောင့်မယ်လိုဒီ) မမခငိဦးမေ ပင့်ဂိုလ်းblackdream နဲ့ မင်းယွန်းသစ်
တို့ဖြစ်ပါတယ်

ရေးပေးကြပါဦးနော်...၊္ဘ္ဘ္ဘ္ဘ

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit