Saturday, December 21, 2013

အုန်းနို့ခေါက်ဆွဲ

အုန်းနို့ခေါက်ဆွဲ လုပ်စားပြီး အဆီရစ်နေရင်းနဲ့ ဘလော့ဂ်ထဲမှာ အုန်းနို့ခေါက်ဆွဲအလွယ်ချက်နည်းလေးတင်ပေးလိုက်ပါတယ်နော် :P :P

လိုအပ်ပစ္စည်းတွေကတော့

(၁) ကြက် ပေါင်သား ၃ခြမ်း
(၂) ပဲဝါခြမ်း နို့ဆီဗူး ၁ဗူး
(၃) ခေါက်ဆွဲခြောက် ၁စည်း
(၄) အုန်းနို့ နို့ဆီဗူး ၁ ဗူး
(၅) ကြက်သွန်နီဥသေး ၅

(၆) ကြက်သွန်ဖြူ  အမွှာကြီး ၂မွှာ
(၇) ငရုတ်သီးအစိမ်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
(အစပ်ကြိုက်ရင်တော့ ၃ ဇွန်းထည့်ပါ)
(၈)ဂျင်း လက်တစ်စစ်
(၉) ငါးပိစိမ်းစား လက်တစ်စစ်ခန့်
(ဟင်းလေးအောင်လို့ပါ မထည့်လဲရပါတယ် )
(၁၀) ဆား/ ဟင်းခက်မှုန့်/ နံနွင်းမှုန့် အနည်းငယ်ဆီ နှင့်
(၁၁) ဆီ / နံနံပင်/ ပဲသီး/ သံပရာသီး တို့ပဲဖြစ်ပါတယ်


ချက်ပြုတ်နည်း


(၁)  ဟင်းမချက်ခင် ပဲတွေကိုရေ ၃နာရီလောက်စိမ်ထားပေးပါ။ ခေါက်ဆွဲကိုပြုတ်ထားပါ။ ပဲပြုတ်ထားပါ။ ကြက်သားတွေကို အနေတော်တုံးပေးပါ ပြီးရင် ဆားနဲ့နံနွင်းမှုန့်နဲ့နယ်ထားပေးပါ ကြက်သွန်နီ/ဖြူ  / ဂျင်း / ငရုတ်သီးမုန့်ရောထောင်းပေးပါ အနေတော်ဖြစ်ရင် ငပိစိမ်းစားကိုရောထောင်းလိုက်ပါ။

(၂) ဒယ်အိုးတည် ဆီထည့်ပြီး ဆီပူလာရင် ထောင်းထားတာတွေကိုဆီသတ်ပါ နံနွင်းမုန့်နည်းနည်းထည့်ပေးပါ ဆား ဟင်းခက်မှုန့်ထည့်ပါ။ အရောင်နီပြီးဆီပြန်လာရင် ကြက်သားထည့်မွှေပါ အိုးကပ်လာရင်ရေလောင်းထည့်ပြီးဆက်တည်ထားပါ ။

(၃) ပြုတ်ထားတဲ့ပဲတွေကိုထောင်းပေးပါ။ ကြက်သားအိုးဆီပြန်လာရင်တော့ ထောင်းထားတဲ့ပဲတွေကို ထည့်လိုက်ပါ ဆူလာရင်တော့ မီးမှန်မှန်နဲ့တည်ထားလိုက်ပါ ၁၀ မိနစ်လောက်ကြာရင်တော့ အုန်းနို့ တစ်ဝက်လောင်းထည့်ပြီး အပေါ့အငံမြည်းပါ ။ ဟင်းအဆင်ပြေလို့ ချခါနီးကျရင် ကျန်တဲ့အုန်းနို့တစ်ဝက်ထက်ထည့်လိုက်ပါ ၅မိနစ်လောက်ကြာကြာတည်ထားပေးပါ ။

(၄) စားခါနီးကျရင်တော့ နံနံပင် ၊ ကြက်သွန်နီ ၊ သံပရာသီးလေးညစ်ပေးလိုက်ပါ။

Sunday, December 15, 2013

MY BOY

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit