Wednesday, November 26, 2008

အမှတ်တမဲ့ အလွမ်းများ

ရင်ထဲကခံစားချက်တွေကို
မင်းသိအောင် ပြောပြချင်ပေမယ့်
မင်းနှင့်ဝေးခဲ့ကြတာ ဘာလိုလိုနဲ့ ……
(၂)နှစ်တင်းတင်းပြည့်ခဲ့ပြီးနော်………၊

ချစ်တယ်ဆိုတဲ့………
စကားလုံး မပါပေမယ့်……
“ ရင်ခုန်ခြင်းတွေ ရရှိခဲ့တဲ့ “ ဆိုတဲ့
စာသားလေးကိုပဲ ရူးသွပ်ခဲ့ရတယ်..............၊
.................................................................
................................................................၊

ဖြစ်ပျက်သမျှ အရာအားလုံးဟာ
အိမ်မက်သာဆိုရင်………
ငါမနိုးထချင်သေးဘူး………..၊

မင်းကိုမမျှော်လင့်တော့ ပေမယ့်
တမ်းတနေမိတယ်………၊

စိတ်မနာပေမယ့်……….
မုန်းချင်နေမိတယ်………၊

ငါ့အတွက်အမှတ်တရဖြစ်စေတဲ့
အရာအားလုံးဟာ…….
မင်းအတွက်တော့……….
အမှတ်တမဲ့တွေပဲလား…..?????



Saturday, November 22, 2008

အချစ်ရဲ့ ရလဒ်

မင်းကိုသိပ်ချစ်မိခဲ့တယ်

သိပ်ချစ်မိခဲ့လို့လဲ..........

မင်းပြန်ချစ်လာအောင်

အမျိုးမျိုးကြိုးစားခဲ့ရတယ်

နောက်ဆုံးတော့လဲ…ကွာ…….၊


ရေခဲရေနှင့် ဗြန်းခနဲအပတ်ခံလိုက်ရသလို

အေးစက်ခါးသီးမှု့ မျက်ဝန်းကြီးက

မင်းဆီကအရှိန်နှင့်ပြေးထွက်

ငါ့မျက်ဝန်းကြည်နူး ရိပ်တွေနှင့်

ဝုန်းကနဲဆောင့်......၊


နာကျင်ပွန်းပဲ့စွာ

အညိုအမဲ စွဲသွားရတဲ့

ငါ့ အကြင်နာ ကြိုးပမ်းမှု့လေးများကို

သနားကြင်နာစွာဆေးကုလျက်

အာမခံသေတ္တာထဲ ထည့်ပြီး

သိမ်းထားလိုက်ရတော့တယ်........။




Thursday, November 20, 2008

လွန်ဆွဲအား

အချစ်ဆိုတာ………
ရယူပိုင်ဆိုင်ခြင်းလို့………
ဆိုပေမယ့်လည်း……..
ငါချစ်ရတဲ့သူက….
ငါ့ရင်ခွင်ထဲမှာနေပြီး
တစ်ခြားတစ်ယောက်ကို
တမ်းတနေတဲ့ အဖြစ်မျိုးကို
ဘယ်လိုမှခံနိုင်ရည် မရှိခဲ့တာ
အမှန်ပါ……….၊


အချစ်အတွက်………
စွန့်လွှတ် အနစ်နာခံနိုင်ရမယ်လို့
ဆိုထားပေမယ့်…လည်း
စွန့်လွှတ်ဖို့ တွေးကြည့်ရုံနှင့်ပင်
ငါ့နှလုံးသား ကွဲကြေ
ငါ့ရင်တစ်ခုလုံး မီးဟုန်းဟုန်း
တောက်လောင်နေသလို
ခံစားနေရပြီး……….၊

ရယူခြင်းနှင့် စွန့်လွှတ်ခြင်း ဆိုတဲ့
လွန်ဆွဲအားမှာ
ဆုံးဖြတ်ရခက်စွာ.......
ငါလည်း တွေဝေနေမိဆဲပဲ….။



Monday, November 17, 2008

ပဟေဠိ

အားလုံးပဲမင်္ဂလာပါရှင် အခုတလောမီးလေးဆီမှာကွန်ကခဏခဏကျနေတာနဲ့ ပို့စ်အသစ်လဲမတင်ရဘူး
ပြီးတော့ နှလုံးသားလေးလဲ အေးခဲနေတာအရည်မပျော်သေးတာနဲ့ ကဗျာတွေလဲစပ်လို့မရသေးဘူးရှင့်
မနေ့ကတော့မီးကင်လိုက်ပါတယ် တူးသွားတာနဲ့ ဘယ်လို့မှတောင်စားလို့မရတော့ဘူး.....အဟဲ
မီးလေးဆီလာလည်ကြတဲ့ မီးလေးရဲ့မောင်နှမ သူငယ်ချင်းများအားလုံးကို အရမ်းပဲကျေးဇူးတင်ရှိပါတယ်နော်
အခုမီးလေး ဒီအကောင်ကြီးကဘာကောင်လဲ သိချင်လို့ဝိုင်းပြီး ကူညီဖြေပေးကြပါနော် အပျော်ပေါ့နော် အပျင်းလည်းပြေအောင်ပေါ့..အဟဲ...ဆားချက်တယ်လို့ပြောရင်လဲခံရမှာပဲ နောက်မှပဲ ပို့စ်တွေအများကြီးတင်တော့မယ်နော် ဖြေပေးသွားကြနော်..........
အားလုံးကို...ခင်မင်လျှက်..........မီးလေး

Saturday, November 15, 2008

အေးခဲသွားတဲ့ နှလုံးသား

ငါ့နှလုံးသားကို
အချက်ပေါင်း များစွာ
ခွဲခဲ့ပြီး..........

ငါ့မျက်ရည်တွေကို
နင်းလျှောက်လို့........
ကျောခိုင်းထားခဲ့တဲ့မင်းကို....
ခွင့်လွတ်ခြင်းတွေနှင့်အတူ
ချစ်နေဆဲပါ...........၊

ရင်ခွင်သစ်မှာ........
ပျော်မွေ့နေမယ့် မင်းကို
မြင်ယောင်ရင်း.........

အခုလိုချမ်းအေးလွန်းတဲ့
ဆောင်းတွင်း ကာလမှာ....
ငါ့မျက်ရည်တွေနဲ့..........
ငါ့နှလုံးသားတွေလဲ....
အေးခဲလို့နေပြီး...............။

Friday, November 14, 2008

ကိုယ့်အသက်ဘယ်အရွယ်ထိ နေရမလဲသိချင်လား

ဘယ်နေ့ထိနေရမလဲ သိချင်လားတဲ့
မှန်မမှန်တော့မသိပါဘူး သယ်ရင်းတစ်ယောက်ကပြောပြလို့
ဒီဆိုဒ်လေးမှာသွားကြည့်ခဲ့တာ ပြန်မျှဝေတာပါ
အပျော်ပေါ့နော်...မီးလေးကတော့အသက်..၉၀..လောက်ထိနေရဦးမှာတဲ့...ဟိဟိ
ဟုတ်လားမဟုတ်လားလဲသိဘူး.....
အားလုံးပဲပျော်ရွှင်နိုင်ကြပါစေနော်..အခုတလော...ဆားချက်နေလိုက်ဦးမယ်
ဆားဈေးတွေအရမ်းကောင်းနေလို့....ဟတ်ဟတ်
http://www.deathclock.com/index.cfm ဒီမှာပါ

Thursday, November 13, 2008

အချစ်ကို တပ်ဆင်ခြင်း

forward မေးလ်ထဲဟာလေးပါ ဘယ်သူရေးလဲဆိုတောတော့ မတွေ့ပါဘူးပြန်လည်မျှဝေလိုက်တာပါ မီးလေးဒီပို့စ်လေးကိုသဘောကျလို့ပါ..

အင်ဂျင်နီယာ-----"ဘာများ ၀န်ဆောင်ပေးရမလဲ ခင်ဗျာ။"


ဧည့်သည်--------"နှလုံးသားမှာ အချစ်ကို တပ်ဆင်မလို့ ဆုံးဖြတ်ထားပါတယ်။ ဘယ်လို
တပ်ဆင်ရမလဲဆိုတာကို တဆင့်ခြင်း ပြောပြလို့ရမလား။

အင်ဂျင်နီယာ-----"ရပါတယ်. . .တပ်ဆင်ဖို့အဆင့်သင့်ဖြစ်ပြီလား
။"

ဧည့်သည်---------"ဟုတ်ကဲ့။ အဆင်သင့်ဖြစ်ပါပြီ.ဒါပေမဲ့ နည်းပညာတွေကို
သိပ်နားမလည်လို့
ပထမဦးဆုံး ဘာလုပ်ရမလဲ ဆိုတာကို ပြောပြပါလား။"

အင်ဂျင်နီယာ----"ပထမအဆင့် အနေနဲ့ ရင်ဘတ်ကို ဖွင့်လိုက်ပါ။ နှလုံးသားကို ရှာ
တွေ့ပြီလား။"

ဧည့်သည်------"တွေ့ပါပြီ။ဒါပေမဲ့
တချို့ပရိုဂရမ်တွေ အလုပ်လုပ်နေတာ
တွေ့ရတယ်။ သူတို့
အလုပ်လုပ်နေတဲ့ အချိန် အချစ်ကို တပ်ဆင်ရမှာ အခက်အခဲ ရှိနိုင်လား။"


အင်ဂျင်နီယာ----"ဘာပရိုဂရမ်တွေ အလုပ်လုပ်နေသလဲ။"

ဧည့်သည်--------"အင်း... ဒဏ်ရာဟောင်း၊ တစ်ကိုယ်ကောင်းဆန်စိတ်၊ မနာလို ၀န်တိုစိတ်၊
နာကျည်းစိတ်တွေက အလုပ်လုပ်နေပါတယ်။

အင်ဂျင်နီယာ-----"ကိစ္စမရှိပါဘူး. . .အချစ်ကိုတပ်ဆင် လိုက်တာနဲ့ အချစ်
ဒဏ်ရာဟောင်းကို
စစ်စတန်(system) ကနေ ဖျက်လိုက်မှာပါ။ အဲဒီ ဒဏ်ရာဟောင်းက မှတ်ဥာဏ် (memory)ထဲမှာ
ကျန်ချင်ကျန်ခဲ့လိုက်မယ်။ ဒါပေမဲ့ တခြား ပရိုဂရမ်တွေကိုတော့ အနှောင့်အယှက်
မဖြစ်စေပါဘူး။ အချစ်မှာ ရှိတဲ့ ကိုယ်ချင်းစာစိတ်က တကိုယ်ကောင်းဆန်စိတ်ကို
ဖုံးသွားလိမ့်မယ်။ မနာလိုစိတ်နဲ့ နာကျည်းစိတ်တွေကို အရင်ပိတ်ပစ်ရဦးမယ်။
နို့မဟုတ်ရင် အချစ်ကို တပ်ဆင်ရာမှာ အခက်အခဲ ရှိလိမ့်မယ်။ သူတို့ကို
ပိတ်ပစ်နိုင်မလား "

ဧည့်သည်-------"သူတို့ကို ဘယ်လိုပိတ်ရမလဲ? ပြောပြနိုင်မလား"

အင်ဂျင်နီယာ----"ရပါတယ်... ခွင့်လွတ်စိတ်ကို ရွေးပြီး ရမ်း(run)လိုက်ပါ။ မနာလို
ဝန်တိုစိတ်နဲ့ နာကျည်းစိတ်တွေ လုံးဝပျောက်သွားတဲ့အထိ ထပ်သလဲလဲရမ်းပေးပါ"

ဧည့်သည်--------"ကောင်းပြီလေ...အချစ်ကို တပ်ဆင်လို့ ပြီးပါပြီ။ ဒါပုံမှန်
ဟုတ်ပါသလား"

အင်ဂျင်နီယာ-----"ဟုတ်ပါတယ်…ဒါပေမဲ့ ဒါဟာ အခြေခံအဆင့်ပဲ ရှိသေးတယ်။ အချစ်ကို
တခြားနှလုံးသား တခုနဲ့ ဆက်သွယ်ပေးလိုက်မှ သူဟာ အဆင့် ထပ်တိုးသွားနိုင်တယ်။"

ဧည့်သည်--------"ဟာ မှားယွင်းနေကြောင်း အသိပေးချက် ပေါ်လာပါလား? အချစ်ပရိုဂရမ်ဟာ
အခြားတစ်ခုမှာ အလုပ် မလုပ်နိုင်ဘူးတဲ့။ ဘယ်လိုလုပ်ရမလဲ?"

အင်ဂျင်နီယာ-----"စိတ်မပူပါနဲ့...အချစ်ဆိုတဲ့ အရာဟာ အတွင်းစိတ်ကနေပဲ
အလုပ်စလုပ်တယ်လို့
ပြောတာပါ။ လွယ်လွယ် ပြောရရင် အချစ်ကို တခြားနှလုံးသားတစ်ခုနဲ့ မဆက်သွယ်ခင်
ကိုယ့်ကိုယ်အရင် ချစ်ဖို့ပါပဲ"

ဧည့်သည်-------"ဒါဆို ဘယ်လိုလုပ်ရမလဲ။"

အင်ဂျင်နီယာ----"ကိုယ့်ကို လက်ခံတဲ့ ဖိုင်ကို ရွေးလိုက်ပါ။ ဒီဖိုင်ထဲက
"ကိုယ့်ကို ခွင့်လွတ်မူ" "ကိုယ့်တန်ဖိုးကို ကိုယ်နားလည်မူ" နဲ့
"ကိုယ်လိုချင်တဲ့ ကန့်သတ်မူ" ဆိုတဲ့ ဖိုင်တွေကို ကော်ပီလုပ်ပြီး ရင်ဘတ်ထဲကို
ထည့်လိုက်ပါ။ တူနေတဲ့ ဖိုင်တွေကို ဖုံးသွားမှာပါ။ ဝေဖန်တတ်တဲ့ စိတ်ကိုလည်း
ဖျက်ပစ်လိုက်ပါ။ နောက်ပြီး(recycle bin)ထဲက ရှိသမျှအားလုံးကိုလည်း ဖျက်လိုက်ပါ"

ဧည့်သည်-----"အင်း..ကောင်းပါပြီ။ နှလုံးသားမှာ ဖိုင်အသစ်လေးတွေ ထွက်လာတာ
မြင်နေရပြီ...စခရင်
မျက်နှာပေါ်မှာ အပြုံးလေးတွေ တွေ့နေရပြီ။ "တည်ငြိမ်ခြင်း" နဲ့ "စစ်မှန်ခြင်း"က
နှလုံးသားမှာ အပြည့် ကော်ပီကူးထားတယ်။ ဒါဟာ ပုံမှန် ဟုတ်ပါသလား"

အင်ဂျင်နီယာ-----"ပုံမှန်ပါပဲ...တခါတလေ ဒီိလိုပဲ အဆင်ပြေသွားတတ်တယ်။
တခါတလေတော့လည်း
စောင့်ရတတ်တယ်။ အခုဆိုရင် အချစ်ကိုတပ်ဆင်လို့ ပြီးသွားပြီ။ စတင်
အလုပ်လုပ်နေပြီ။

အချစ်ဆိုတာ လူတိုင်းရဲ့ နှလုံးသားထဲမှာ ဆောင်ထားသင့်တဲ့ ဖရီးဆော့ဝဲလ် တစ်ခုလို့
ကျွန်တော်ပြောဖို့ မေ့သွားတယ်။ အဲဒီ ဆော့ဝဲလ်နဲ့ သူ့ထဲက ဖိုင်တွေကို တခြားလူနဲ့
မျှဝေဖို့ မမေ့ပါနဲ့။ အဲဒီ လူတွေကလည်း တခြားလူတွေကို ထပ်ပြီး မျှဝေပေးကြမှာပါ။
နောက်ဆုံး အရမ်းကောင်းတဲ့ ဖိုင်တစ်ချို့ ကိုယ့်စီ ပြန်ရောက်လာမှာပါ"



Wednesday, November 12, 2008

ငတတ်ပြားနေ့ (သို့) သူခိုးကြီးနေ့

ဘာလိုလိုနဲ့....တန်ဆောင်းမုန်းလပြည့်နေ့ရဲ့ဆေးပေါင်းခတဲ့ပွဲပြီးတော့..အားလုံးပျော်ရွှင်စွာ
စောင့်စားနေကြတဲ့သူခိုးကြီးငတတ်ပြားနေ့ကိုရောက်လာပြီးပေါ့ ငှဲငှဲ....... မြန်မာပြည်မှာရှိကြတဲ့သူတွေကတော့ကဲသာကဲပေါ့.....ဒီနိုင်ငံမှာတော့ အဲ့လိုငတတ်ပြားနေ့
တွေမရှိပါဘူး. .ပျော်စရာလဲမကောင်းဘူးပေါ့......

မီးလေးတို့မြို့မှာဆိုရင်တော့ ဆေးပေါင်းခတဲ့ညနဲ့ငတတ်ပြားညတွေမှာ လမ်းမပေါ်မှာပေါ့နော်ခုံတွေခင်းပြီး
အလှူလုပ်တာပေါ့....နေ့လည်ဆိုမယ်ဇလီရွက်တွေလိုက်ခူးပေါ့.....ညနေပိုင်းလောက်ဆိုရင်ဆိုရင်ကလေးလူကြီးတွေလာကြပြီး လာစားကြတာပေါ့နော် အဖွားတို့ကအမြဲတမ်းပဲ အလှူလုပ်ရင်ထိပ်ဆုံးက မီးလေးတောင်အားကျတယ်...အဖွားမရှိတော့ အဒေါ်တို့နဲ့ဖွားလေးတို့လုပ်ကြမယ်ထင်တယ်

မီးလေးငယ်ငယ်တုန်းကဆို ပိုပြီးပျော်ဖို့ကောင်းတယ်(အခုလဲသိပ်မကြီးသေးပါဘူး..ဟီးးးး) ငတတ်ပြားညမှာပေါ့နော် သူများအိမ်ကကြက်တွေကို အကိုတို့ ဦးဦးတို့က လိုက်ခိုးပေါ့ ပြီးတော့ဘူးသီးလဲ လိုက်ခိုးသေးတယ် ကြက်သားကို ကာလသားချက် ချက်တာပေါ့ ပြီတော့ဘူးသီးနဲ့ကတစ်ခွက်ပေါ့... ကလေးတွေအတွက်အချိုချက်ပေးတယ်... အုန်းထမင်းစားကြမယ်ဆိုပြီးတော့ အုန်းသီးသွားခိုးတာပေါ့ အဲ့ဒီမှာမီးလေးကအဖေါ်လိုက်သွားတာ သိပ်တော့မဝေးပါဘူး အိမ်ရှေ့အိမ်မှာပဲ..ဟီးးး
အကိုကြီးကအုန်းပင်ပေါ်တတ်ပြီးအုန်းသီးပစ်ချလိုက်တာဘုန်း..ဆိုတဲ့အသံလဲကြားရော သူ့သခင်နိုးလာပါလေရော မီးလေးလဲပြေးပုန်းတာပေါ့ အဟဲ..အုန်းသီးကိုတော့လက်ကမချဘူး ထားခဲ့ရင်ငတ်မှာပေါ့နော် သူ့ကိုတော့ဒီအတိုင်းလေးပဲထားခဲ့လိုက်တယ် ဟီးးးးးး..မီးအကျင့်ပုတ်တာတော့မဟုတ်ဘူးနော် သူမှမဆင်းလာရဲတာ အဒေါ်ကအခြေအနေကြည့်ပြီး ပြန်ခေါ်လာရတယ်.. အဲ့ဒီတုန်းကမီးလေးတော်တော်ကိုငယ်သေးတယ် နောက်ပိုင်းဘယ်သူဘာလုပ်လုပ်စားဖို့ချောင်းတာကလွဲရင် ဘာမှလိုက်မလုပ်တော့ဘူး ဟိုတစ်ခါအိမ်ပြန်သွားတုန်းက ငတတ်ပြားနေ့မှာသူငယ်ချင်းမိန်းမခိုးလို့လိုက်သွားပေး၇သေးတယ်
ပြန်လာတော့အဖေကသင်္ဘောသီးသုပ်စားမယ်တဲ့ သွားခိုးဆိုတော့ မလုပ်တာကြာတော့ဘယ်မှာသွားခိုးရမလဲမသိဘူးပေါ့ အဲ့ဒါနဲ့ ဘကြီးအိမ်မှာသင်္ဘောသီးတွေတွေ့ထားတာနဲ့ ဘကြီးအိမ်မှာသွားခိုးတာပေါ့...ဟီးဟီး ဆားချက်တာပေါ့ အဲ့ဒီအချိန်မှာ........... အိမ်တစ်ခါးပေါက်ပွင့်လာတော့ လန့်ဖျန့်သွားတာပဲ (အသဲကငယ်တယ်လေ..ဟိဟိ)နောက်မှအမဖြစ်တော့ သေဖေါ်ညှိလိုက်တယ်အဟဲ.. သူကလဲအိုကေပေါ့ ခူးပြီးသုပ်စားလိုက် စကားပြောလိုက် သုပ်စားလိုက်နဲ့ ဘကြီးအိမ်ကအပင်မှာ သင်္ဘောသီးတွေမကျန်တော့ဘူး ဟီးးးးးးးမနက်လဲရောက်ရော ဘကြီးအိမ်မှာစစ်ဖြစ်နေပြီး မီးလေးရေလို့လဲခေါ်လိုက်ရော ..ဗုဒ္ဓေါလို့ပါ..တမိသွားတယ် ကိုယ်ဖက်ကိုလှည့်လာပြီးလားပေါ့နော် မနေ့ကဘယ်သွားသေးလဲ ငါ့သင်္ဘောသီးအကုန်ပြောင်သွားလို့ ဘယ်သူလာခူးလဲသိလားတဲ့ မသိဘူးဘကြီးလို့ပဲပြောလိုက်တာပေါ့ အမကတော့မျက်နာဇီးရွက်လောက်ပဲရှိတော့တယ် သူကအဖေကိုကြောက်၇တာကိုး မီးလေးလဲမသိသလိုလေးလစ်လာလိုက်တယ် အမတော့မှတ်သွားလာဆိုတော့မမှတ်မိဘူးနော် အဖေအရှေ့ကလဲထွက်လာရော မျက်နာကလေးပြောင်စပ်စပ်နဲ့..... မီးလေးတို့မောင်နှမတွေတစ်ယောက်မှ အပိုးမကျိုးကြဘူး ဟီးးးးးးးးး..


နောက်မှမီးလေးရဲ့အကြောင်းဟာသလေးတွေ ပို့စ်တင်လိုက်မယ် အားပေးပါဦးနော်..

PS-မရယ်ရရင်လဲအားနာနာနဲ့၇ယ်ပေးကြပါနော်...

Sunday, November 9, 2008

ဖမ်းဆုပ်မရတဲ့ အချစ်

မင်းနဲ့သာ မဆုံစည်းခဲ့ဖူးဆိုရင်
ချစ်ခြင်းရသကို ရူးမိုက်စွာ
ငါခံစားတတ် ခဲ့မှာ မဟုတ်သလို........

တက်မက်ခြင်း သေရေတွေလည်း.....
ငါ့အတွတ် မူးအီချိုမြလို့
နေမှာ မဟုတ်ဘူး............၊

ရှည်လျှားတဲ့ ဘ၀ သံသရာတောင်
မင်းနဲ့ခွဲနေရတဲ့........
စက္ကန့်ဝက်လောက်.......
ရှည်လျှားမှာ မဟုတ်သလို........

ပထ၀ီမြေထု ကြီးလဲ...
မင်းအပေါ်မြက်နိုးမှု့လောက်
သိပ်သည်းမှာ မဟုတ်ဘူး........၊

မင်းသာမရှိရင်........
တိတ်ဆိတ်ခြင်းမှလဲ...
တုန်လှုပ်ခြောက်ခြားစရာ၊
နှစ်မျှော် ကြည်မွှေ့ဖွယ်ရာ
ရသတစ်ခု ဖြစ်လာမှာ မဟုတ်သလို........

စွဲလမ်းခြင်းများစွာ......၊
သတိရခြင်းများစွာ တို့သည်လည်း
ကဗျာတစ်ပုဒ် ဖြစ်လာမှာ
မဟုတ်ဘူး..........။


Friday, November 7, 2008

ဆန္ဒ နှင့် ဘဝ

ဆန္ဒ နှင့်ဘဝ
တစ်ထပ်တည်းကျအောင်
ကြိုးစားနေတဲ့ အချိန်မှာ........
မင်းနားလည်ပေးနိုင်လိမ့်မယ်လို့
မျှော်လင့်မိခဲ့ပေမယ်လည်း...........

နာကျည်းမှု့တွေ ရောစွတ်နေတဲ့
မျက်ဝန်းတစ်စုံနဲ့
စိမ်းကားစွာကြည့်လို့.......
သံရည်ပူတွေအလား
ရင်ခွင်ကို လောင်ကျွမ်းစေမယ်
့်စကားလုံးတွေနဲ့ ထိုးနှက်
ငါ့နှလုံးသားကို ............
အသေသတ်သွားခဲ့တာလား..........၊

ဖြစ်ချင်တာထက် ဖြစ်သင့်တာကို
ဦးစားပေးရမယ့် ဘ၀မှာ
မင်းပေးခဲ့တဲ့ ဖိတ်စာလေးကိုကြည့်လို့
မင်းတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲကို.........
တတ်ရောက်နိုင်ဖို့အတွက်
ခွန်အားတွေ မွေးဖို့ကလွဲရင်......
ငါ ဘာများတတ်နိုင်ဦးမှာလဲ........နော်...၊

Thursday, November 6, 2008

ကျေးဇူးတင်လျွှာ........

မနေ့ကမီးလေးရဲ့မွေးနေ့ပွဲကို လာရောက်အားပေးပြီး ဆုတွေလဲပေးသွား
လက်ဆောင်တွေလဲပေးသွား မုန့်တွေလဲအ၀စားသွားကြတဲ့
မီးလေးရဲ့မောင်နှမများသူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ရှိပါတယ်နော် လက်ဆောင်လေးတွေကဗျာလေးတွေ မပြတော့ဘူးနော်
မွေးနေ့ဆုတောင်းကဗျာလေးတွေနဲ့ လက်ဆောင်လေးတွေပို့လာပေးတဲ့အတွက်လဲ အရမ်းကိုဝမ်းသာရပါတယ် ကျေးဇူးလဲအများကြီးတင်ရှိပါတယ်နော်............
အားလုံးကိုခင်မင်စွာဖြင့်....
မီးလေး

Wednesday, November 5, 2008

ဒီပုံလေးနှစ်ပုံကတော့မောင်လေး ကြယ်ဇင်သွေးရဲ့လက်ဆောင်လေးပါ


ဒီပုံလေးကတော့ကိုကျော်သက်သွေးပို့လာပေးတဲ့မွေးနေ့လက်ဆောင်လေးပါ
ကျေးဇူးတင်ပါတယ်နော်






ပန်းနုလွင်လွင် ပန်းပျိုးပင်၏
ကြည့်မဝသည့် ရှုမဆုံးအလှ..
မြုနှင်းဆိုင်း၍ ငြိမ်းချမ်းပါစွ
အေးရိပ်ဆောင်ကြင်း တောတောင်အလှ...
နေမင်းရောင်ဝါ ထွန်းဝေဖြာလှ
ရောင်ခြည်လင်း၏ နွေးထွေးအလှ...
လမင်းစန္တာ ရွှန်းဝေသာစွ
အေးငြိမ်းလှသည့် မြရိပ်အလှ...
အလှမျိုးစုံထူးဝေကြုံသည်
ငါ၏အမ မီလေးဇာသည်
ယနေ့ မွေးနေ့
ငါး ဆယ့်တစ်မှ
တခက်သစ်နွယ် ရွှေကြာပန်းလား
အတင့်ဆန်းစွာနှင့်ရွှင်လန်းနိုင်ပါစေ
ငြိမ်းချမ်း၍ အေးရိပ်မှာ
ချွေးတိတ်စွာနှင့် မှေးစက်နိုင်ပါစေ။
ဘဝသအမောတွေမှာ မနစ်မြောပဲ
ဆန္တသဘောတွေကို အတ္တနဲ့ခွဲလို့
လှပစွာနဲ့ ဘဝကိုဆင်မြန်းနိုင်ပါစေ။
"ငါ့"အမြင်တွေကို
တခဏတောင်မမြင်စေဘဲ
ဘဝလမ်း စခန်းသာလို့
ကျန်းခန်းမာပါစေ။
ချစ်ဆူးသူနဲ အချစ်ဖူးလေးတွေ
အမ ကေသာထက်ဆင်မြန်း
အကြင်နာလမ်းတွေမှာ
အချစ်မခန်း ကုန်နိုင်ပါစေ။
ငယ်တော်သမီး ကြီးတောထီးတဲ့
မိဘကို ဆထက်တပိုး
ကျေးဇူးဆပ်နိုင်သော
သမီးလိမ္မာဖြစ်ပါစေ။
ရပ်ရွာအကျိုးဆောင်ကာပိုး၍
နိုင်ငံဂုဏ်ရှိန်လွှင့်ထူနိုင်သော
ခေတ်သစ်မျိုးဆက်သစ်တဦးဖြစ်ပါစေ။
သားသမီးကျင့်၊ တပည့်ကျင့်
ငါးဖြာစီနှင့်ပြည့်စုံမှီသည့်
တော်လေးဝဝင် မြန်မာဟု
ဂုဏ်ယူစွာဝင့်ကြွားနိုင်ပါစေ။
အခွင့်ရယ် အခါကြုံခိုက်
ရောက်ရှိခိုက် လူ့ဘဝတွင်
မြတ်ဗုဒ္ဓ၏ ဝိပဿနာကို
အတော်အသင့် သိမြင်နိုင်သော
အမည်မခံပဲ တကယ်ကိုစစ်မှန်သော
ဗုဒ္ဓဘာသာဝင်ဖြစ်ပါစေလို့
အတောမသတ်သည့်
မိုးအလား ပီတီဝေဖြာ ရွှန်းဝေစွာနှင့်
ဆုတောင်းပေးပါတယ်။

ခင်မင်လေးစားစွာဖြင့်
ဖြိုးဝေတိုး(MoetAin)
ဒီကဗျာလေးကတော့ မောင်လေးဖြိုးဝေတိုးရဲ့မွေးနေ့လက်ဆောင် ကဗျာလေးဖြစ်ပါတယ် မောင်လေးရဲ့ဘလော့ခ်မှာလဲ မီးလေးအတွက်ပို့စ်တင်ပေးထားပါတယ် .......
မောင်လေးရေ..ကျေးဇူးအရမ်းတင်တယ်နော်

မီးလေးဇာ ရဲ့ ၂၄ နှစ်ပြည့်မွေးနေ့











ဒီနေ့ ၅ရက်နေ့ဟာမီးလေးရဲ့... ၂၄ နှစ်ပြည့် မွေးနေ့လေးဖြစ်ပါတယ် ဒီနှစ်တော့နေ့မတိုက်တာနဲ့ဘာမှတော့မလုပ် ဖြစ်ပါဘူး မီးလေးလဲအလုပ်မနားရ သူငယ်ချင်းတွေလဲမအားတာနဲ့ မစီစဉ်ဖြစ်ဖူးပေါ့......ညကတော့. .အမေ့ဆီကိုဖုန်းဆက်ပြီးတော့ပြောဖြစ်ပါတယ် အမေကတော့မွေးနေ့လုပ်ဦးမလို့လားတဲ့ မလုပ်တော့ဘူးလို့ပဲပြောလိုက်ရတယ် အားမှမအားတာ အားရင်တော့လား..ဟဲဟဲ
ပြီးခဲ့တဲ့နှစ်တုန်းက အိမ်မှာလဲလုပ်တယ် နေ့ပိုင်းမအားတဲ့သူတွေကိုလဲ ညပိုင်းဆိုင်မှာလိုက်ကျွေးတယ် ပြီးတော့ဘာပြောထားတယ်ထင်လဲ... နင်တို့အ၀စားနော် နောက်နှစ်ငါ့မွေးနေ့မရှိတော့ဘူး မလုပ်တော့ဘူးလို့ သူတို့ကဘာဖြစ်လို့လဲတဲ့..ဟိဟိ..ယောင်္ကျားယူတော့မလို့လို့ပြောလိုက်တယ် အခုရလဲမရဘူး..ဟတ်ဟတ်
သူများတွေကမီးမီးကို အပျိုကြီးလို့ခေါ်ကုန်ကြပြီး..ဟင့်...
အမေကတော့အားပေးပါတယ် ဘာမှမပူနဲ့သမီးတဲ့ အမေဗန်းထဲထည့်ပြီး လိုက်ရောင်းပေးမယ်တဲ့ ဟင့်ဟင့်
သယ်ရင်းတွေကလဲ မရောင်းပါနဲ့အန်တီရယ်တဲ့ ခြေထောက်ညောင်းတာပဲအဖတ်တင်မယ် ဘယ်သူမှမ၀ယ်ဘူး တစ်ခုဝယ်တစ်ခုအပိုပေးမယ်ဆိုရင်တော့ရမလားမသိဘူးတဲ့..ဟင့် မီးကိုဝိုင်းပြောကြတယ်လေ..ဟင့်..
အဟဲ...ဘယ်တွေရောက်ကုန်ပါလိမ့်..ဟီးးးးးးးးး.
မီးလေးလဲဒီနှစ်မလုပ်တော့တာပေါ့နော်....ဘလော့ခ်လေးမှာပဲလုပ်လိုက်တော့မယ်
ကိတ်မုန့်တွေလဲရှယ်ပဲနော်...၀ိုင်တွေလဲအိမ်ပြန်သယ်သွားလို့ရတယ် တစ်ယောက်တစ်ပုလင်းယူပြန်နော် လက်ဆောင်ပေးတယ်........ဟဲဟဲ
မီးလေးဆီကိုလာရောက်လည်ပါတ် အားပေးသွားကျတဲ့သူများကိုမီးလေးအရမ်းပဲကျေးဇူးတင်ရှိပါတယ်နော်
နောက်များလဲမကြာခဏအမြဲတမ်း လာရောက်အားပေးကြပါဦးလို့ မီးလေးကဖတ်ခေါ်ပါတယ်နော်

Monday, November 3, 2008

ဆန္ဒ ရဲ့ နောက်ကွယ်

နင်နဲ့ ပတ်သတ်လိုက်တိုင်း.....
ငါ ပြန်ပြီးခံစား လာရတာက
အမုန်း........၊

ကတိတွေ သစ္စာတွေပေးပြီး
နင်လုပ်သွားလိုက်တာက
ရွံ့မုန်းစရာကောင်းတဲ့......
ဖောက်ပြန်မှု့........၊

အလုပ်ကြီး အကိုင်ကြီး
အကြောင်းတွေ ပြောပြီး........
နင်တကယ်လုပ်နေတာက
ယောက်ျား ပိုင်လုံး...........၊

ဘယ်သူသေသေ
ငတေမာရင်ပြီးရောလို့.......
တွက်ထားတတ်တဲ့........
နင့်ရဲ့တစ်ကိုယ်ကောင်းစိတ်..........၊

ဟိုလူ့အတွက် ဒီလူ့အတွက်ပြောပြီး
တကယ်တမ်း နင်လုပ်နေတာက
နင့်အတွက်..........၊

နင့်အကြောင်း ချရေးမယ်ဆိုရင်
စာရွက်တွေတောင်
မလောက်ငှတာမို့......
နင်သိအောင် ငါအပြောချင်ဆုံး
စကား တစ်ခွန်းက......
"နင်သေသွားရင် ကောင်းမယ်".........၊


မီးလေးရေးတဲ့ ကဗျာလေးရိုင်းသွားလို့ရှိရင် ကြိုတင်တောင်းပန်ပါတယ်နော်.........

Saturday, November 1, 2008

ဆုံမှတ်မရှိတဲ့မျဉ်းပြိုင်

ပြန်မရနိုင်တော့တဲ့....
ဟိုတုန်းက နေ့ရက်တွေကို...
မတောင့်တမိပေမယ့်..........
နွေးထွေးတဲ့လက်တစ်စုံရဲ့အင်အား
ငါတမ်းတမိသေးတယ်.........၊

အဆုတ်တွင်းသို့........
အသက်ရှူသွင်းလိုက်တိုင်း
သတိရနေသေးတာက...........
ဘ၀နှင့် ဆန္ဒကိုဆွဲဆန့်ချင်နေမိတာလား.......၊

အတ္တနှင့် သံသယတွေကြားမှာ
ပေါင်းစပ်လို့မရနိုင်တာ
ဘာကြောင့်လဲ လို့
ငါမေးမိမှာ မဟုတ်ဘူး........၊

မာနတွေကိုယ်ဆီနှင့်
နားလည်မှု့တွေလွဲလို့
၃-၄..လိုကျောခိုင်းထားမိတဲ့
ငါတို့နှစ်ယောက်ရဲ့ဇာတ်လမ်းက
ဘယ်တော့မှ မဆုံနိုင်တော့တဲ့
မျဉ်းပြိုင် နှစ်ကြောင်းလိုပေါ့.........။

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit