ရင်ထဲကခံစားချက်တွေကို
မင်းသိအောင် ပြောပြချင်ပေမယ့်
မင်းနှင့်ဝေးခဲ့ကြတာ ဘာလိုလိုနဲ့ ……
(၂)နှစ်တင်းတင်းပြည့်ခဲ့ပြီးနော်………၊
ချစ်တယ်ဆိုတဲ့………
စကားလုံး မပါပေမယ့်……
“ ရင်ခုန်ခြင်းတွေ ရရှိခဲ့တဲ့ “ ဆိုတဲ့
စာသားလေးကိုပဲ ရူးသွပ်ခဲ့ရတယ်..............၊
.................................................................
................................................................၊
ဖြစ်ပျက်သမျှ အရာအားလုံးဟာ
အိမ်မက်သာဆိုရင်………
ငါမနိုးထချင်သေးဘူး………..၊
မင်းကိုမမျှော်လင့်တော့ ပေမယ့်
တမ်းတနေမိတယ်………၊
စိတ်မနာပေမယ့်……….
မုန်းချင်နေမိတယ်………၊
ငါ့အတွက်အမှတ်တရဖြစ်စေတဲ့
အရာအားလုံးဟာ…….
မင်းအတွက်တော့……….
အမှတ်တမဲ့တွေပဲလား…..?????
Wednesday, November 26, 2008
အမှတ်တမဲ့ အလွမ်းများ
Subscribe to:
Post Comments (Atom)
17 comments:
၂ နှစ် ဆို တဲ့ အ ချိန် အ တွင်း မှာ တိုက် ဆိုင် မှု့ တွေ ရှိ တိုင်း သူလည်း ပဲ အ မှတ် ရ နေ မှာ ပါ။ ပျော် ရွှင် ပါ စေ။
အမှတ်တမဲ့မို့ စခဲ့တာလည်း ဘ၀တစ်ခုလုံး မဆုံးနိုင်ပြီပဲ...
သူက အမကို ဂရုမစိုက်ဘူးဆိုရင် တော့အမှတ်တမဲ့ထားလို့ နေမှာပေါ့။ အဆက်အသွယ်ရှိသေးရင်တော့ သူက အမကို အမှတ်ရနေလို့ပါဗျာ။
ကဗျာလေးတစ်ပုဒ်လုံး တကယ်ကောင်းတယ် ညီမလေး
ရေ..း)
(ဖြစ်ပျက်သမျှ အရာအားလုံးဟာ
အိမ်မက်သာဆိုရင်………
ငါမနိုးထချင်သေးဘူး………)
တိုက်ဆိုင်လိုက်တာများဗျာ............
ထိတယ် ကောင်းတယ် ရှင်းတယ် မိုက်တယ် ဂွတ်တယ်
ညီမလေးကြိုက်လို့ပြောတာပါ ရေးရတဲ့သူအတွက်တော့ ဘယ်လိုလုပ်ခံစားလို့ကောင်းမှာလဲနော် တစ်ပုဒ်လုံးကိုအရမ်းကြိုက်တာ ...
မင်းကိုမမျှော်လင့်တော့ ပေမယ့်
တမ်းတနေမိတယ်... အမှန်တော့ကိုယ့်ကိုယ်ကိုနှိပ်စက်နေတာပါလေ နော်...
တစ်နေ့တော့လဲ သူ့ရဲ့အမှတ်တမဲ့တွေကို အမှတ်တမဲ့နေနိုင်ပါစေ မမီးလေးရယ် :D
အဖြစ်ချင်းတူပါတယ်...
အမှတ်တမဲ့ကိစ္စတွေတဲ့လား...
ခံစားရတာတွေ များနေတယ်ထင်တယ်
ရင်ထဲက ခံစားချက်ကို
အရှိအတိုင်း ရေးသားဖေါ်ပြတာလေး
ကောင်းပါတယ်
ခွင့်လွတ်စိတ်နဲ့ချစ်တော့---
သဘောထားကြီးမြတ်တယ်ပေါ့---
ကဗျာလေးက--
အလွမ်းတွေပြည့်နေတယ်နော်---
မနိုးသေးဘူးလား...
ထတော့ လာနှိုးတာ...
အင်း လွမ်းတဲ့ စိတ်နဲ့ အံကြိတ်ဝါးတော့
ထမင်း တစ်ခါစားရင် သုံးပန်းကန်လောက် ကုန်တာပေါ့ :P အဟီး နောက်တာနော် မီးလေး
ကဗျာလေးက ဖတ်လိုက်တာနဲ့တင် လွမ်းသွားသလိုပဲ
ဇဇရေ လွမ်းလွမ်းနဲ့ဖိစားမနေနဲ့ဦး
:D
၂နှစ်ကြာတာတောင် မမေ့နိုင်သေးပဲကိုး။
စိတ်လျှော့ပါဗျာ ဟိုကအခုလောက်ဆို မိန်းမရလို့ ကလေးတောင် ဘယ်နှစ်ယောက်တောင်၇နေပြီလဲမသိဘူး
လျှော့လျှော့ ဒီလောက်လဲ အစွဲအလမ်းမထားပါနဲ့ဗျာ
အမှတ်တမဲ့မှ အမှတ်တရသို့ပေါ့နော်..
သူ့ရင်ထဲမှာ အမှတ်တမဲ့တွေကနေ အမှတ်တရတွေ ဖြစ်လာပါစေရယ်လို့ ကူညီဆုတောင်းပေးနေတယ် ညီမငယ်။
ကာရံမဲ့ကဗျာတွေ သိပ်ရေးတတ်လို့ လေးစားနေတယ်။
ခင်မင်လေးစားစွာဖြင့်
ငါ့အတွက်အမှတ်တရဖြစ်စေတဲ့
အရာအားလုံးဟာ…….
မင်းအတွက်တော့……….
အမှတ်တမဲ့တွေပဲလား…..?????
အဲလိုကျတော့လဲဟုတ်လောက်ပါဘူး
သူလဲသတိရမှာပါ
ကိုယ်နဲ့ပတ်သက်ခဲ့ဖူးတဲ့သာမန်လူတွေကိုတောင်
မေ့တာမှတ်လို့
ဟုတ်ဖူးလား
ဝါး............
ဝါး...........
ငိုတာနော်... ဘာလို့ အဲလောက်တိုက်ဆိုင်အောင် ရေးထားတာလဲလို့....
ဝါး...... ဝါး.........
Post a Comment