Thursday, November 20, 2008

လွန်ဆွဲအား

အချစ်ဆိုတာ………
ရယူပိုင်ဆိုင်ခြင်းလို့………
ဆိုပေမယ့်လည်း……..
ငါချစ်ရတဲ့သူက….
ငါ့ရင်ခွင်ထဲမှာနေပြီး
တစ်ခြားတစ်ယောက်ကို
တမ်းတနေတဲ့ အဖြစ်မျိုးကို
ဘယ်လိုမှခံနိုင်ရည် မရှိခဲ့တာ
အမှန်ပါ……….၊


အချစ်အတွက်………
စွန့်လွှတ် အနစ်နာခံနိုင်ရမယ်လို့
ဆိုထားပေမယ့်…လည်း
စွန့်လွှတ်ဖို့ တွေးကြည့်ရုံနှင့်ပင်
ငါ့နှလုံးသား ကွဲကြေ
ငါ့ရင်တစ်ခုလုံး မီးဟုန်းဟုန်း
တောက်လောင်နေသလို
ခံစားနေရပြီး……….၊

ရယူခြင်းနှင့် စွန့်လွှတ်ခြင်း ဆိုတဲ့
လွန်ဆွဲအားမှာ
ဆုံးဖြတ်ရခက်စွာ.......
ငါလည်း တွေဝေနေမိဆဲပဲ….။



14 comments:

စိုင်းစိုင်းလားရှိုး said...

လွတ်လပ်ရေးနေ့ ပြိုင်ပွဲတွေမှာတော့ လွန်ဆွဲကြတာပဲလေ။

Dr Phyo Wai Kyaw said...

တကယ် မဟုတ်ဘူးမလား

ဇဇ ပိန်သွားဦးမယ်နော။

:P :P :P :P

Unknown said...
This comment has been removed by the author.
Anonymous said...

မမရေ
ရယူခြင်းမဟုတ်ရင်အ ချစ်ကဘာလဲ
ဟီးး ကျတော်ကတော့ ကျတော်ချစ်တဲ့သူအိမ်ရှေ့မှာ အဲလိုသွားအော်လိုက်မယ် :P

ဗီလိန် said...

မီးဟုန်းဟုန်းတောက်နေရင် ရေဖျန်းပေးမယ်။ :)

ဗီလိန် said...

ပိုးအိစံကတော့ ပြောပါတယ်။ “~~အချစ်ဆိုတာ ရယူခြင်းမှ မဟုတ်ပဲမဏိစန္ဒာ~~” တဲ့။
မျိုးကြီးကလဲ ပြန်ပြောရှာပါတယ်။ “~~ရယူခြင်းမဟုတ်ရင် အချစ်ကဘာလဲ~~” တဲ့လေ။ :D

Anonymous said...

ရယူထားပြန်တော့လဲ ပူလောင်မယ်။
စွန့်လွှတ်တော့လဲ ရင်ကွဲမယ်။

Anonymous said...

မမ
ဟိုနေ့ကတော့ အေးခဲနေတယ်ဆို ခုပူသွားပြီလား
ဝေလေးဓာတ်ကူးသွားတယ်ထင်တယ်.. ဟီးး
စွန့်လွှတ်လိုက်ရရင်လည်း ရင်ကွဲရတယ်မမရေ......
တစ်ယောက်ယောက်ကိုတမ်းတနေမှန်းသိရက်နဲ့ ဆွဲထားမိတာမှကောင်းသားလို့ စဉ်းစားမိနေဦးမယ်.....
စဉ်းစားပေါ့နော်...... :)

WWKM said...

ရယူခြင်းနှင့် စွန့်လွှတ်ခြင်း ဆိုတဲ့
လွန်ဆွဲအားမှာ
ဆုံးဖြတ်ရခက်စွာ.......
ငါလည်း တွေဝေနေမိဆဲပဲ….။


တွေဝေနေသလား ညီမလေးရေ...
ပျော်ရွှင်ပါစေ...

မမ၀ါ

သက်တန့် said...

ညီမလေး မီးလေးဇာရေ...
ညီမလေးက အချစ်ဆိုတာ... အချစ်ဆိုတာ... နဲ့ လွန်ဆွဲနေတယ်ပေါ့လေ...
ရယူပိုင်ဆိုင်ခြင်းနဲ့ စွန့်လွှတ်အနစ်နာခံခြင်းဟာ
အခြေအနေပေါ်မှာ အများကြီး မူတည်တယ်လို့ မမတော့ ခံယူပါတယ်...

နောက် မမ ခံယူထားတဲ့ လက်ထပ်ခြင်းဆိုတာကတော့...
"Don't marry the one you can live with. Marry the one you cannot live without"
ခံယူချက်ခြင်းမတူရင်တော့ သွေ့ပုချိပါ...

ညီမလေး ပျော်ရွှင်ချမ်းမြေ့ပါစေကွယ်... :)

သက်တန့် said...

စွန့်လွှတ် အနစ်နာခံသင့်တယ်ဆိုရင်
နှလုံးသားပဲ ကွဲကြေ ကွဲကြေ
ရင်တစ်ခုလုံးပဲ မီးဟုန်းဟုန်းတောက်တောက်
စွန့်လွှတ်ရမှာပဲလေ...

ကိုယ့်ရင်ခွင်ထဲမှာ နေပြီး
တခြားတစ်ယောက်ကို တမ်းတနေမယ်ဆိုရင်တော့
ဒါဟာ ဘယ်လိုမှကို ရယူပိုင်ဆိုင်ဖို့ မသင့်ဘူးလို့ ယူဆပါတယ်...

ဝင်နှမ်းတာ ကျန်ခဲ့လို့...
နောက်တစ်ခါ ထပ်နှမ်းခြင်း ဖြစ်ပါသည်...
ဟဟဟ... :)

Anonymous said...

သူစိတ်ချမ်းသာလို့ ကိုယ်ကျေနပ်...
သူပျော်လို့ ကိုယ်ပျော်နိုင်ရင်...
သူပျော်ပါစေ...(မယ်)

Anonymous said...

ကျွန်တော့်မွေးနေ.မှာ တင်တဲ့ ကဗျာလေးကို မှတ်မှတ်ရရ ဖတ်သွားပါတယ်။

Anonymous said...

ကိုယ့်ရင်ခွင်မှာနေပြီးတခြားသူကိုတမ်းတတ်တဲ့သူဆိုလို့ကတော့
နုတ်နုတ်ကိုစဉ်းပစ်မှာပဲ ကျနော်ဆိုရင်ပြောပါတယ်

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit