Friday, December 25, 2009

မြှားစိုက်ခံခဲ့ရတဲ့ နှလုံးသား

“ မနဲ့ စကားပြောနေရင်းနဲ့
ဘာပြောရမလဲ မသိတော့လို့
ပျင်းပျင်းရှိတာနဲ့ ရည်းစားစကား
လှမ်းပြောလိုက်တာ ”

အတ္တဆန်တဲ့ စကားလုံးတွေ
သုတ်လိမ်းထားတဲ့ မြှားက
ငါ့ရင်တည့်တည့်ကို ချိန်ပြီးပစ်ချိန်မှာ
ငါ့ရင်တစ်ခုလုံး တစ်ဖျက်ဖျက်ကွဲလို့
ဒါအမှန်တွေပဲလား............?
ဒါသေချာရဲ့လားလို့ ...
ငါသွေးပျက်ခဲ့တာ....၊
အပြုံးတွေနဲ့ ငါ့မျက်နာ
ဘယ်လိုဟန်ဆောင်ထားရလဲဆိုတာ
ငါ့ကိုအမြင်ကပ်နေဆတဲ့ မင်းက
ဘယ်သိနိုင်မှာလဲလေနော်...

ချစ်သူစွန့်ပစ်ခံ သမာရိုးကျ
ဇာတ်လမ်းလေးတစ်ခုလို...
နင့်နေအောင် ခံစားလိုက်ရတဲ့
ဗလောင်ဆူနေတဲ့
ငါ့နှလုံးသား တစ်ခုနဲ့
မင်းကို မုန်းပစ်လို့မရနိုင်သေးတာ
ငါဘယ်လိုဆေးအမျိုးအစားနဲ့ မှ
ကုသရမှာလဲ.........?

Sunday, December 20, 2009

အလွမ်း ဒဏ်ရာ

ကောင်ကလေးရေ ...........
တကယ်ဆို မင်းနဲ့ ပတ်သက်ခဲ့တာ

အိမ်မက်တစ်ခုလိုပါပဲ....နော်...
မင်းအနား နေခွင့်ရတဲ့
ခဏတာ နေ့ရက်တွေကို လွမ်းဆွတ်
ငါတော့ တစ်သက်တာ
မမေ့တော့ပါဘူး ကောင်ကလေးရေ.........၊

ကောင်ကလေးရေ ............
မင်းအနားထိုင်ပြီး

မင်းရဲ့ ဆံပင်ပျော့ပျော့လေးတွေကို
ကိုင်ဖွ ဆော့ကစားခဲ့တဲ့ နေ့ရက်လေးတွေကို
သတိရမိသေးတယ်.........
မင်းရဲ့ဒူးနှစ်ဖက်ကို ပိုက်ပြီး
မင်းနဲ့ ရောက်တတ်ရာရာ
စကားလေးတွေကို ပြောခဲ့တဲ့
နေ့ရက်လေးတွေကိုလဲ
လွမ်းဆွတ်မိနေသေးတယ်....၊

ကောင်ကလေးရေ..........
ခုတော့လည်းမင်းရဲ့

နွေးထွေးဖူးခဲ့တဲ့ မျက်ဝန်းတစ်စုံက
စိမ်းကားခြင်းတွေ ပြည့်နှက်
ချိုသာဖူးတဲ့ နှုတ်ခမ်းလေးတွေက
ငါ့ကို ရင်နင့်အောင် ပြောတတ်ခဲ့ပြီးတဲ့လား.........၊

ကောင်ကလေးရေ ...........
နောက်ဆုံးတော့လည်း

ငါပိုက်ထွေးဖူးတဲ့ ခြေအစုံ
ငါ့ကို ကျောခိုင်းထွက်သွားဖို့တဲ့လား............၊

Sunday, December 13, 2009

မာယာမဲ့ အလွမ်း

ကဗျာရေးတိုင်း
မင်းကို တမ်းတမိတာ
ငါ့ကဗျာတွေ မင်းကို
ရည်ညွှန်းစေဖို့.......
အစချီနေခဲ့တာလား.........?၊

ကဗျာ ဆိုတာ.....
ခံစားချက်ရှိမှ
ပိုမိုပီပြင်အောင် ရေးနိုင်မယ်ဆိုရင်........
ငါ့ကဗျာတိုင်းမှာ...
မင်းနှင့် ပတ်သတ်တဲ့
အလွမ်းစာသားလေးတွေအဖြစ်
အမြဲတမ်းပြောင်ူးလဲနေမှာပေါ့နော်......၊

တကယ်ဆိုရင် မင်းတောင်းပန်မှ
မင်းရဲ့အပြစ်တွေကို
ကျေအေးလိုက်မှာ မဟုတ်ပါဘူး.........၊
ငါကိုယ်တိုင်မင်းအပေါ်
အပြစ်မမြင်ခဲ့တာပါ........၊

ချစ်သူတစ်ယောက်လို
ပတ်သက်ခွင့်မရှိတော့ပေမယ့်.......
ငါမင်းကို သိပ်ချစ်နေသေးတာ
အမှန်ပါ...........၊
အနည်ထိုင်နေတဲ့ ငါ့နှလုံးသားကို
မင်းအပျော်တမ်း ကစားခဲ့တာတောင်
ငါ့ဘက်က သည်းခံပေးခဲ့တာပါ.....၊

မင်းစိတ်ညစ်သွားအောင်
တစ်ခါလေး လုပ်မိတာနဲ့
အမုန်းပွားလာတဲပ မင်းကို
ငါတောင်းပန်ရင်းနဲ့.........
မင်းကို ပျော်ရွှင်မှု့များသာ
ပေးချင်ပါတယ် (...)..။

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit