တိတ်ဆိတ်တဲ့ ညအမှောင်ထဲမှာ
ကြယ်လေးတစ်လုံး လင်းလက်လာပြီး
မိုးသားနံရံတွေကတစ်ဆင့်
ခိုဆင်းလာခဲ့တယ်....၊
ငါ့အနားရောက်တော့
စကားလေးတစ်လုံးအဖြစ်
ပြောင်းလဲသွား............
အဲ့ဒီစကားလုံးလေးက
“မ” တဲ့..............။
ငါဟာ အိပ်ချင်နေသူတစ်ယောက်လို
အာရုံတွေပျံ့နှံ့သွားခဲ့တယ်..........
ဒီအချိန်မှာပဲ “မ” ဆိုတဲ့ စကားလုံးလေးက
မထင်မှတ်ပဲ ရင်ခွင်ကို ထိုးဖောက်
နှလုံးသားတစ်ခုလုံးကို
ပိုင်စိုးသွားခဲ့တယ်.........၊
ဦးနှောက်ရဲ့
မသိစိတ်နဲ့ အသိစိတ်တွေဟာ
တားဆီးဖို့ဆိုတဲ့
အတွေးမတွေးမိနိုင်လောက်အောင်
ငါဟာ လွင့်မျှော် သွားခဲ့တယ်.......၊
ဒီလိုနဲ့ ငါသတိထားမိခဲ့တဲ့ အချိန်မှာတော့
“မ” က နေရာအပြည့် ယူပြီးခဲ့ပြီးလေ......
ဒါပေမယ့် ခွင့်ပြုပါတယ်
ဘာကြောင့်လဲဆိုတော့......
မောင် “မ“ကိုချစ်လို့........။
မောင်ရေးပေးတဲ့ကဗျာလေးကို အမှတ်တရ အဖြစ် တင်လိုက်ပါတယ်.........
Monday, February 15, 2010
မောင့် ကြယ်စင်လေး
Posted by flowerworld at 9:09 AM 4 comments
Labels: ကဗျာ
Subscribe to:
Posts (Atom)