Monday, March 30, 2009

မျှော်လင့်ခြင်း ချောက်ကမ်းပါး

ငါ......လား..........???
ခံစားချက်တွေ ပြည့်နှက်နေတဲ့
ဒီရင်အစုံနဲ့.................
မင်းကို သိပ်ချစ်မိခဲ့တယ်....၊

ငါ.........ပေါ့
အရှက်မရှိတဲ့ မျက်နာနဲ့
မာနတွေ ခ၀ါချလို့
မင်းအချစ်ကိုပြန်လည်မျှော်လင့်နေမိတယ်.....၊

ငါ.........လေ
တကယ်ပါပဲ အရှုံးတွေရင်မှာပိုက်လို့ပေါ့
မင်းကိုအမုန်းဆုံးသူ တစ်ယောက် ဖြစ်ချင်တယ် ..၊

ဒါပေမယ့်လဲလေ......
ငါ့ နှလုံးသားရဲ့ ဆန္ဒ
ငါ မလွန်ဆန်နိုင်သေးလေတော့
သိပ်ချစ်ဖို့ကောင်းပြီး ....
သိပ်ပြီးတော့လဲ မုန်းစရာ ရွံ့စရာကောင်းလှတဲ့
မင်းကို ...............
ခုထိ မုန်းလို့မရသေးဘူး............၊

မင်းဆီကရရှိဖူးတဲ့
ချိုမြိန်တဲ့ ရသ......
ခံစားချက်များစွာ ကို
ငါလေ တပ်မက်စွာ........
မိုက်မဲလွန်းစွာ...............
ရူးသွပ်မှု့တွေနဲ့
မျှော်လင့်ရင်း.......လေ...
နက်ရှိုင်းလွန်းတဲ့ ကမ်းပါးစောက်ထဲ

တစ်ရွေ့ရွေ့ ဦးတည်လျှောက်နေမိဆဲ...........ပေါ့..။


Thursday, March 26, 2009

အမှတ်တရလေးတွေပါ

မြန်မာ...၊အိန္ဒိယ..၊တရုတ်တို့ရဲ့ ဗိသုကာ လက်ယာတွေကိုယူထားတာပါတဲ့
ချင်းမိုင်ဘက်ခြမ်းကအိမ်ပုံစမ်လေးတွေတဲ့ ရာသီဥတုအေးလို့ ပြတင်းပေါက်သေးသေးလေးတွေပဲ တတ်ထားတာတဲ့.

မီးလေးလဲ ဘာတင်ရမလဲမသိတာနဲ့ အားလပ်ရက်တုန်းက (Ancient city)ကိုသူငယ်ချင်းတွေနဲ့ သွားလည်တုန်းက ရိုက်ထားတဲ့ပုံလေးတွေကိုတင်ပေးလိုက်ပါတယ်

ထိုင်နိုင်ငံရဲ့ ထင်ရှားရှေးကျတဲ့ အဆောက်အဦး စေတီ ဘုရား တွေကို ထိုင်နိုင်ငံအတုလေးလုပ်ပြီး ပုံစံတူပြုလုပ်ထားတာပါ တစ်ချို့အဆောက်အဦး စေတီတွေကနှစ်ပေါင်းထောင်ချီနေပြီးတဲ့

ဓါတ်ပုံတွေကတော့ ကားပေါ်ကနေလှမ်းရိုက်ထားတာဆိုတော့ သိပ်ပြီးရှု့ခင်းမလှဘူးပေါ့
ပုံတွေကတော့ အများကြီးကျန်သေးတယ် မီးလေးနဲ့သူငယ်ချင်းပုံတွေများနေလို့ အလွတ်တွေပဲတင်ပေးလိုက်တာပါ နောက်တစ်ခေါက်ပေါ့နော် ခုတော့သွားထားတာလဲ နည်းနည်းကြာနေပြီးဆိုတော့ ဘယ်ဘုရားကဘယ်မြို့ကလဲဆိုတာ အဟီးးးးးးးးး မေ့နေပြီး..း)

တောဆန်ဆန်အိမ်လေးတွေပါ
ဒီလှေကြီးကို သစ်နဲ့လုပ်ထားတာတဲ့ လမ်းမြင်ရအောင်လို့ မျက်လုံးပါထည့်ထားတာတဲ့
အရူးမတစ်ယောက်လက်ကားယားနဲ့ ပဲပေးမလို့လုပ်နေတုန်းရိုက်လိုက်တာ ဟီးးးးးးးးးး




အသစ်ပြန်လုပ်နေလို့ ရေတွေစုပ်ထုတ်ထားတာပါ

Sunday, March 22, 2009

ဖြစ်နေတာလေးပေါ့ (၂)

ခံစားချက်ကြောင့်ပဲ
ငါ့အစာအိမ်က
တဂြီဂြီျမည္ခဲ့တာလား?

ရင်တွေခုန်/တုန်ခဲ့တာကရော
ငါသောက်ခဲ့တဲ့
ကော်ဖီတွေကြောင့်များလား?

ရေးချင်ခဲ့တဲ့ ငါ့ကဗျာတွေက
အလွမ်းကဗျာတွေချည်း ဖြစ်နေမှာကြောင့်
ငါမခံစားရဲခဲ့ပြန်ဘူး။

နင်မချစ်ခဲ့ပဲနဲ့များ
နင့်အကြောင်းရေးချင်နေမိတဲ့
ငါ့ကိုယ်ငါ ဘာလုပ်ရမလဲ?
တစ်ဆိတ် လမ်းညွှန်ပေးပါလား။

ခုတော့
ခံစားချက်ကြောင့်
နွမ်းကြေသွားတဲ့စိတ်ကို
ခဏတာမေ့ထားလို့
အစာအိမ်ရဲ့ တောင်းဆိုချက်အရ
အရင်ဦးဆုံး
ပန်းကန်ပြားနဲ့
ခံစားလိုက်ဦးမယ်ဟာ
နင်ရော စားသွားပါဦးလား?

ချစ်မီးလေး အတွက် အမှတ်တရ.... :P

ချစ်မညလေး ကွန်မန့်မှာရေးပေးသွားတဲ့ကဗျာလေးပါ အမှတ်တရ ပြန်တင်လိုက်ပါတယ်
ဆားချက်တာလဲနည်းနည်းပါတာပေါ့နော် ကိုယ့်ချစ်မကရေးပေးတော့လဲ ၀မ်းသာလို့တင်လိုက်တာလဲ
ဟုတ်တာပေါ့...ဟီးးးးးးးးးးချစ်မညလေးရေ အာဝါးးးးးးးးးး

Wednesday, March 18, 2009

ဖြစ်နေတာလေးပေါ့

အခုချိန်မှာ.........
စိတ်ရဲ့ခံစားချက်က
မောင့် ကိုလွမ်းတယ်....၊
အစာအိမ်ရဲ့ ခံစားမူ့က
ဗိုက်ဆာနေပြီးတဲ့.....၊

နှလုံးသား ကပြောနေတယ်
ကော်ဖီတွေသိပ်မသောက်ပါနဲ့တဲ့...၊
ကိုရင်တွေ အရမ်းခုန်နေပါလား...
သြော် ကော်ဖီသောက်ထားမိတာကိုး.၊

ကဗျာရေးချင်တယ်
ဘာရေးရမှန်းလဲမသိဘူး....၊
အလွမ်းကဗျာတွေ ပြန်ရေးချင်နေတယ်
မခံစားချင်ပြန်ဘူး....၊

မောင့်အကြောင်းရေးချင်တယ်
မောင်က မချစ်တော့ဘူးတဲ့....
အဲ.........မဟုတ်ပါဘူး
မောင်က မချစ်ခဲ့တာတဲ့...၊

စဉ်းစားမိတော့ နွမ်းသွားပြန်ပြီး
အစာအိမ်ကလဲတောင်းဆိုနေပြီး
ဗိုက္ထဲမွာ တဂြီးဂြီးနဲ႔
ပန်ကန်ပြားနဲ့ အရင်ဆုံး
ခံစားလိုက်ဦးမယ်လေ......၊

Saturday, March 14, 2009

Happy Birthday ပါကောင်လေးရေ

Happy Birthday ပါကောင်လေးရေ
ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့
နေ့ရက်များကိုပိုင်ဆိုင်လို့...
မင်းချစ်တဲ့သူဆီကလဲ
သူ့ရဲ့အချစ်ကိုပြန်လည်ရရှိနိုင်ပါစေ....၊

မင်းအပေါ်ထားတဲ့ ...
င့ါရဲ့သံယောဇဉ်ကြိုးလေးကိုတော့
ဘာနဲ့မှဖြတ်တောက်လို့မရနိုင်တော့ဘူး...၊

တောင်းဆုချွေပေးပါတယ် ကောင်လေးရေ
ကြည်လင်အေးမြတဲ့ စမ်းရေလေးလို
စင်ကြယ်တဲ့ စိတ်ထားလေးနဲ့
သာယာတဲ့ ဘ၀လေးတစ်ခုကို
ပိုင်ဆိုင်နိင်ပါစေလို့နော်....၊

Friday, March 13, 2009

ဘားအံမြေ

အဝေးမှဇွဲကပင်တောင်နှင့် ဘားအံမြို့ ရှု့ခင်း
ရွှေယဉ်မျှော်ဘုရားရင်ပြင်အနောက်ဘက်ခြမ်းမှ နဂါးနှင့်ဖား
အနောက်ဘက်ခြမ်းမှာလှမ်းမြင်နေရတာက ဖားပုတောင်ပါ မီးလေးငယ်ငယ်ကတော့ ပဲပုပ်တောင်လို့ခေါ်တယ်
သိဘူးလေနော် ပုပ္ပားတောင်နဲ့တူနေတာကိုး..ဟီးးးးးးး

(ကြာပွင့်တွေထဲကို တော့အကြွေစေ့လေးတွေပစ်ထည့်ကြတယ်)
ရွှေယဉ်မျှော်ဘုရားမုဒ်ဝနှင့်စေတီတော်
ဒီပုံကတော့ ကော့ဂွန်းဂူထဲကပါ ဘုရားပုံတော်သေးသေးလေးတွေကိုထုဆစ်ထားတာပါ

ဒီပုံတော်လဲကော့ဂွန်းဂူထဲကပါပဲ

ဒါကတော့ကော့ဂွန်းဂူ အ၀င်ဝ မုဒ်ပါ
ကျောက်ကလပ် တောင်ပါ သာမညတောင်လိုမျိုးပဲ သတ်သတ်လွတ်ကျွေးတာပေါ့ ဘာချက်ချက်စားလို့အရမ်းကောင်းတယ် မောမောနဲ့စားလိုက်ရင် နှစ်ပန်ကန်ကတော့အနည်းဆုံးပဲ ဟီးးး
ဇွဲကပင်တောင်နောက်ခံနဲ့ လှပနေတဲ့ ကျောက်ကလပ်တောင်အလှရှု့ခင်း
ဟင်္သာကုန်းနားမှာရှိတဲ့ ကန်သာယာ ပန်းခြံထဲက ဇွဲကပင်ခန်းမကြီးပေါ့
ဇွဲကပင်တောင်ခြေက ဗောဓိတစ်ထောင်ဘုရားပါ
ကရင်နှစ်သစ်ကူးတုန်းကပုံတွေပါ
အသက်အလတ်ပိုင်းတွေမရှိတော့လို့ အသက်ကြီးကြီး ကရင်မ(ဒေါ်ဒေါ်)တွေကို ကခိုင်းရတာပေါ့

မကခင် ကလေးလေးတွေတစ်ပျော်တစ်ပါး စားသောက်နေကြတာပေါ့ ဟိဟိ မျှော်လိုက်ဦးနော် ကလေးစားတာလူကြီးမျှော်ပေါ့ ဟတ်ဟတ်
ကလေးတွေကိုပဲအားကိုးနေရတာလေ အပျိုမတွေ ဘယ်ရောက်ကုန်ပါလိမ့်နော်

ဒေါ်ဒေါ်တွေလဲ ကကြတာပေါ့

အတွဲလိုက်ကရတာပေါ့ (ဟိတ်ကောင်းကောင်းကနော်တဲ့)
ကရင်ပြည်နယ်မှာနေပြီးကရင်ဝတ်စုံမ၀တ်ဖူးသေးတဲ့ ကရင်သွေးနည်းနည်းပါတဲ့
ကရင်စကားကိုထမင်းစားရေသောက်လောက်ပဲတတ်တဲ့ ကရင်မလေး မီးလေးဇာပါရှင့်

ဓါတ်ပုံတွေအားလုံးကို(myanmartravelinformation) ကနေယူထားတာပါ

ဇွဲကပင်က ကရင်မောင်နှမ

(ရေတံခွန်အသွားလမ်းပေါ်က မြင်ရတဲ့ ဇွဲကပင်)
(ကရင်မောင်နှံပုံလေးကတော့ ၀ိုင်းပြထားတဲ့နေရာလေးပါ)

ပုံနှစ်ပုံလုံးကိုအန်တီမေငြိမ်းရဲ့ဘလော့ခ်ကနေယူထားတာပါ

မြင့်တဲ့သူကအကိုပါ ညီမကတော့နိမ့်နိမ့်လေးပုံပါ...........

ပုံပြင်ဆန်ဆန်ဇာတ်လမ်းကလေးကတော့ မီးလေးခုပြောပြပါ့မယ် သူငယ်ချင်းတွေကိုလဲပြန်မေး
ထားတာပေါ့ သူတို့တွေနဲ့ကိုယ်သိတာနဲ့တူလားဆိုပြီးတော့ပေါ့ ဖြစ်ချင်တော့သူငယ်ချင်းတွေကလဲတစ်ယောက်မှမသိကြဘူး နောက်ဆုံးတော့ ဇက၀ါဆီကနေသိရတယ် သူသိတာနဲ့မီးလေးသိတာနဲ့ တူနေတယ်လေ...အတိုချုပ်ပြီးပြောပြမယ်နော်
.ဇာတ်လမ်းလေးကတော့ ဒီလိုပါရှင်..ဟိဟိ

ဟိုးတုန်းကပေါ့ ဇွဲကပင်တောင်နားမှာ မိသားစု(၄)ယောက်တူတူနေကြတယ်ပေါ့.......
အမေရယ်အဖေရယ် သားနဲ့သမီးနဲ့ပေါ့....သားကတော့(ရ)နှစ်အရွယ် သမီးကတော့(၅)နှစ်အရွယ်ပေါ့
တစ်နေ့ကျတော့ ကလေးနှစ်ယောက်နဲ့အဖေလုပ်သူတောင်ယာသွားလုပ်ကြတာပေါ့...
ထမင်းစားချိန်ရောက်တော့ ထမင်းစားဖို့လုပ်နေတုန်း သောက်စရာရေမရှိလို့
အဖေလုပ်သူက သံလွင်မြစ်ထဲမှာရေသွားဆင်းခပ်တယ်..ကလေးတွေကလဲ အဖေကိုစောင့်ရင်းစားဖို့စီစဉ်နေကြတာပေါ့ ဒီလိုနဲ့အဖေကသွားတာကြာလို့လိုက်သွားရင်း
အော်သံကြားလို့ပြေးသွားကြည့်တာ သူတို့အဖေကို ကျားဆွဲသွားတာမြင်လိုက်ရတယ်...

အဖေဆုံးလို့နှစ်နည်းနည်းကြာတာနဲ့ အမေလုပ်တဲ့သူကနောက်အိမ်ထောင်ပြုလိုက်ပါလေရော

နောက်ထက်ယူလိုက်တဲ့ယောင်္ကျားက သူတို့နှစ်ယောက်ကို မကြည့်ဖြူဘူးပေါ့ ပထွေးဆိုတော့ ပထွေးပုံစံပဲပေါ့
သူတို့ကိုအမြဲတမ်း အပြစ်မရှိအပြစ်ရှာပြီး ရိုက်နှက်ကန်ကျောက် နေတာပေါ့.. အမေလုပ်တဲ့သူကသနားပေမယ့်
ဘာမှမကူညီနိုင်ဘူးပေါ့....
တစ်နေ့ကျတော့ အမေလုပ်သူက သူတို့မောင်နှမကိုခေါ်ပြီးဇွဲကပင်တောင်ပေါ်ကို ခေါ်လာခဲ့တယ်
တောင်ပေါ်မရောက်ခင်နားလေးမှာ သူတို့မောင်နှမ နှစ်ယောက်ကိုတွန်းချလိုက်ပါလေရော (သူငယ်ချင်းပြောတာကတော့ ပထွေးနှိပ်စက်တာကို သနားလွန်းလို့ သတ်တာတဲ့) (မီးလေးမှတ်မိသလောက်တော့ ပထွေးကသတ်ခိုင်းတာ..)
ပြီးတာနဲ့သူလဲအိမ်ပြန်သွားတာပေါ့...ကံကောင်းချင်တော့ မောင်နှမနှစ်ယောက်ပြုတ်ကျတာအောက်က ၀ါးရုံ(သို့)ခြုံတစ်ခုခုပေါ့ ခံနေလို့အသက်မသေသွားရှာဘူးပေါ့ သူတို့တွေအိမ်ကိုမပြန်ရဲကြတော့ပဲ တောထဲမှာသွားနေတုန်း ရသေ့တစ်ပါးနဲ့ ဆုံတယ် ရသေ့က သားနဲ့သမီးနဲ့ဘာဖြစ်ချင်လဲ လို့မေးတော့
လူတွေကိုအန္တရာယ်ကင်းအောင်စောင့်ရှောက်ချင်တယ် လို့ဖြေကြတယ် ဒါနဲ့ရသေ့လဲ တောင်ပေါ်မှာမီးပုံဖိုခိုင်းတယ် မီးပုံကတစ်ဖြည်းဖြည်းနဲ့ ကြီးသထက်ကြီးလာတာပေါ့ ကြီးနိုင်သမျှပေးကြီးပြီးတော့
သူတို့မောင်နှမကိုဆေးတစ်ယောက်တစ်လုံးစီတိုက်တယ် ပြီးတော့တစ်ယောက်ချင်းစီ မီးပုံထဲခုန်ဆင်းခိုင်းတယ်
နောက်တော့ သူတို့မောင်နှမသေပြီး နတ်စိမ်းတွေ ဖြစ်လာတာပေါ့...... ကရင်မောင်နှမပုံကတော့ သူ့အလိုလိုပေါ်နေတာ..............
ဒါကတော့ဇွဲကပင်တောင်ဇာတ်လမ်းတစ်ပုဒ်ပေါ့ နောက်ထပ်ဇာတ်လမ်းလေးတွေကတော့ မမှတ်မိသေးလို့အေးဆေးမှရေးမယ်နော်

Thursday, March 12, 2009

ဇွဲကပင်တောင်နဲ့ကန်သာယာ ရှု့ခင်း


ဇွဲကပင်တောင်နဲ့ ကန်သာယာ ရဲ့ ညနေခင်းအလှလေးပါ
ကရင်မောင်နှံပုံကတော့ အိမ်ကိုလှမ်းမှာမှရလိမ့်မယ် ရှာလို့မတွေ့ဖြစ်နေတယ်
ရာဇ၀င်ဇာတ်လမ်းကိုတော့ ပြောပြပေးပါ့မယ် သူငယ်ချင်းတွေကလဲမသိတဲ့သူကများနေတယ် ဟိဟိ
ဟိုတစ်ခွန်းဒီတစ်ခွန်းနဲ့ဖြေတာ စုံနေတာပဲ အနီးစပ်ဆုံးလေးတွေကိုပြောပြပေးပါ့မယ်

Wednesday, March 11, 2009

လွမ်းမောဖွယ် ညတစ်ည

မနေ့ညကသူငယ်ချင်းတွေ ဖုန်းဆက်လာပြီးဇွဲကပင်တောင် တတ်ဖို့လာခေါ်ကြတယ် ကိုယ်ကလဲအရင်ကတည်းက သွားချင်နေတာနဲ့ ခါခါ..ခါခါနဲ့ပေါ့ ဟိဟိ
သူငယ်ချင်းတွေတစ်အုပ်နဲ့ အရင်ကတောင်တတ်ခဲ့တာတွေကို စမြုံ့ပြန်ကြတာပေါ့.....
တစ်ယောက်တစ်ပေါက်နဲ့ ၀ိုင်းပြောကြတာ အချိန်ဘယ်လိုကုန်သွားမှန်းတောင်မသိလိုက်ဘူး..
ငဖြိုးကိုခေါ်ပြီးတောင်ပေါ်တတ်မယ်လို့ပြောတော့ “ငါအဖိတ်နေ့တတ်ပြီးပြီး အခုညောင်းနေလို့မတတ်နိုင်တော့ဘူး”လိုပြောတာကို ၀ါဝါက “နင်တတ်တာဝက်ရူးပြန်လားတဲ့” ရယ်ရတာလက်ကုန်ပဲ ဟာသတွေပြောကြပေါ့ ပြီးတာနဲ့အိပ်လိုက်တာ စိတ်စွဲတာ
အိမ်မက်ထဲမှာတောင်တောင်ပြန်တတ်နေတယ် မောလိုက်တာဗျာ ဟီးးးးးးးးးး

အိမ်မက်လို့ကောင်းတုန်းပေါ့ နိုးစက်ကထမြည်ပါလေရော ဟိဟိ နိုးလာတာ တစ်ယောက်ထဲထိုင်ပြုံးလို့ပေါ့
တောင်ပေါ်တတ်လို့ ကရင်မောင်နှံ.. (မောင်ရင်လိမ့်ကျ) ပုံနားရောက်ရင် ခုန်ချချင်တဲ့စိတ်က တောင်ပေါ်ရောက်တိုင်းဖြစ်တယ် လမ်းကလဲကျဉ်းတယ်လေ ဇွဲကပင်တောင်ကရာဇ၀င်တွေများတော့ ဘယ်ဟာကအမှန်လဲကိုမသိတော့ဘူး ပုံပြင်ဆန်ဆန်ဇာတ်လမ်းတွေပေါ့
ဇွဲကပင်တောင်ကို သင်္ဘောချည်တဲ့ တောင်လို့လဲခေါ်ထွင်ခဲ့ဖူးတယ် မီးလေးသိတာလေးပြောပြချင်ပေမယ့်
မမှန်မှာလဲဆိုးတယ်..အဟဲ
သေချာပြန်လေ့လာပြီးရင် ပြောပြမယ်နော့် ဇွဲကပင်တောင်နဲ့နီးနီးကပ်ကပ် ရေတံခွန်လဲရှိသေးတယ် ဟိုအရင်
တုန်းကတော့ တောင်ပေါ်ကနေရေကျတဲ့ရေတံခွန်ကြီးပေါ့ အခုတော့ တောင်အောက်ကနေစိမ့်ထွက်တဲ့ ရေကန်ဖြစ်နေပြီး ဖြစ်တာကလဲမီးလေးတို့ငယ်ငယ်လေးထဲကပါ ခေါ်တာကတော့ရေတံခွန်ပဲပေါ့
ကျိမ်စာမိထားတယ်လို့လဲပြောကြတာပါပဲ ပါးစပ်ရာဇ၀င်ပေါ့
ဇွဲကပင်တောင်ကတော့စိတ်ဝင်စားစရာတွေ အများကြီးပါပဲ မီးလေးတောင်ငယ်ငယ်တုန်းက ဇွဲကပင်တောင်နဲ့ပတ်သတ်တဲ့ စာအုပ်ပုံပြင်ဖတ်လိုက်ရလို့သိတာ သူများပြန်ပြောပြမယ်ဆိုရင်တော့ မပြည့်စုံဘူးပေါ့ မီးလေးလဲလိုက်ပြီးရှာဝယ်ပါတယ် ခုထိတော့မတွေ့သေးဘူး မြန်မာပြည်မှာဆိုရင်တော့ ရှာဝယ်ရလွယ်မယ်လို့တော့ထင်ပါတယ်.........

အားလုံးကိုလေးစားလျှက်ပါ

Monday, March 9, 2009

ဘားအံမြေက ဇွဲကပင်


“ဝေးလေးလေးဟေ.....မယ်တို့လားဝေ့........ ၀ါးလေးလေးဟေ...မောင်တို့လားဟေ့”
ဆက်ဆိုချင်ပေမယ့် ကရင်စကားမတတ်တော့ ဆိုလို့မရဘူး အဟင့်
ဒီနေ့ကတော့ တပေါင်းလပြည့်နေ့ဖြစ်ပါတယ်
ကရင်ပြည်နယ်ရဲ့ အထင်ကရဇွဲကပင်တောင်ရဲ့ ဘုရားပွဲလည်းဖြစ်ပါတယ်ရှင့်
မီးလေးကတော့ဘားအံမှာရှိနေရင် နှစ်တိုင်းတတ်ပါတယ် သူငယ်ချင်းတွေနဲ့ စလိုက်နောက်လိုက်
ရေသောက်လိုက်ပေါ့ ဟိဟိ
ဘားအံသူ ဘားအံသားမှန်ရင် ဇွဲကပင်တောင်တော့ တတ်ဖူးရတယ်တဲ့..
ဇွဲကပင်တောင်ကိုတစ်နှစ်တစ်ခါ တပါင်းလပြည့်နေ့မှာ ပွဲတော်လုပ်တယ် ပြောရင်းနဲ့ကရင်မုန့်ဟင်းခါးစားချင်လာပြီး ညနေခင်းလောက်ပွဲတမ်းလှည့်ပြီး ကရင်မအဒေါ်ကြီးတွေရောင်းတဲ့မုန့်ဟင်းခါး ထမင်းဟင်းအ၇မ်းစားလို့ကောင်းတယ် တို့စရာတွေလဲအများကြီးနဲ့ပေါ့
စားလို့မိန်သလားမမေးနဲ့ လက်ကုန်ဆွဲတာပဲ... မီးလေးအဖွားကကရင်လိုပြောပြောပြီးလေတွေပေး မီးလေးကတော့မျက်နှာမဖော်တမ်းစားတာပေါ့ ဟိဟိ
အဖွားတို့ကပွဲဈေးလိုက်တယ် စားသောက်ဆိုင်ကြီးပေါ့နော် မီးလေးက၀ိုင်းရောင်းပေးတာပေါ့
ပွဲတောင်မဖြစ်သေးဘူး လူတွေကလာလည်နေကြပြီး အမှန်တော့ ပွဲက(၃)ရက်ပဲ သူတို့ဘာသာပွဲရက်ထပ်တိုးတာတွေရှိတာပေါ့
အဖိတ်နေ့ကတည်းကတောင်ပေါ်တတ်တဲ့သူတွေနဲ့စည်နေကြပြီး လပြည့်နေ့တော့မတတ်ဖူးတဲ့သူတွေသွားမတတ်ကြနဲ့ လိမ့်ကျတတ်တယ် ယောင်္ကျာလေးအဖော်မပါပဲလဲမသွားနဲ့ ကိုယ်မတတ်နိုင်တော့ရင်ဆွဲတတ်ဖို့အဖော်လိုသေးတယ်
မိန်းကလေးအချင်းချင်း မဆွဲနိုင်ကြဘူး လမ်းကျဉ်းတဲ့နေရာတွေဆို သတိထားရတယ်
မီးလေးတို့ဆို အစတစ်ချက်ပဲအကိုတွေနဲ့တတ်တယ် ပြီးရင် ကိုယ့်ဘာသာသူငယ်ချင်းတွေနဲ့ တတ်ကြတယ် အစတစ်ချက်အရမ်းကျပ်တယ် လမ်းတောင်လျှောက်စရာမလိုဘူး ကိုယ်ကမတိုးနိုင်တော့ အကိုတွေကဆွဲထုတ်
ပေးရတယ်..ဟိဟိပြီးတာနဲ့ကိုယ့်လမ်းကိုယ်သွားပဲ ဘဲနဲ့တော့မတတ်ဖူးဘူး ကွဲမှာကြောက်လို့ ဘဲလဲမရှိပါဘူး
ဟီးးးးးးးး
လွန်ခဲ့တဲ့ (၈)နှစ်လောက်ကတတ်တုန်းကတော့ ပထမစစတတ်တုန်းကတော့ မိန်းကလေးသယ်ရင်းသုံးယောက်ထဲပဲ တတ်သွားလိုက်တာ လမ်းမှာသူ့ကိုယ်ဆွဲကိုယ့်သူဆွဲပဲ ကောင်လေးချောချောလေးတွေကိုလဲ ရွှီးတာပေါ့ ဟိဟိ
တောင်ပေါ်ရောက်တော့ ဘုရာတစ်ပတ်ပတ်ပြီးတော့ရှာစရာတောင်မလိုဘူး
မီးလေးသူငယ်ချင်းတို့အုပ်စုတွေ ဟိုတစ်ဖွဲဒီတစ်ဖွဲနဲ့ အစောဆုံးပြန်မယ့်သူနဲ့လိုက်ပြန်တာပဲ

တောင်ပေါ်ကပြန်ဆင်းလာတော့ မှတ်မိသေးတယ် မီးလေးတို့ဝတ်ထားတာကအဖြူတွေကြီးပဲ
ကိုယ်ကတော့စကားတပြောပြောပေါ့ဆင်းလာတာ သူတို့လဲအတွဲနဲ့ပေါ့ ကိုယ်ကသာအတွဲမရှိတာ
အဲ့လိုစကားပြောနေရင်းနဲ့ လက်ကလဲအငြိမ်မနေဘူးလေ ဖက်ဆိုပုခုန်းလှမ်းဖတ်ပြီး စကားတွေပြောတာပေါ့
ပြောလို့ပြီးမှ နင်ကဘာလို့ပြန်မဖြေတာလဲလို့လှမ်းမေးလိုက်တော့ မှမျက်နာကိုသေချာကြည့်မိတယ်
ဟိဟိ..မီးလေးလူမှားတာလေ မှားတာတောင်ယောင်္ကျားနဲ့မိန်းမမှားတာ သူကတော့လှမ်းစတာပေါ့
ငါ့ဖတ်ချင်တယ်ဆိုလဲ ပေးဖတ်ပါတယ်ဟာဘာညာပေါ့ အဲ့တုန်းကတော့ရင်တွေတောင်ခုန်လို့
တော်သေးတယ်သူငယ်ချင်းကဘာမှမပြောလို့ မှားတတ်တယ် သူ့ပုံကလဲမိန်းကလေးလိုပဲဆံပင်ကစတတ်ကေနဲ့ ပိန်ပိန်ပါးပါးလေ ၀တ်ထားကြတာစင်တူနေတာဆိုတော့လဲ
မှားသွားတာပေါ့ ဒီလိုမှန်းသိ မမေးပဲနဲ့ကိုယ်ကပဲတလမ်းလုံးစကားပြောသွားပါတယ်..ဟီးးးးးးးးး
အခုတော့လဲအရင်ကဟာတွေပြန်တွေးပြန်စဉ်းစာကြည့်ရင် ဘယ်လိုမှပြန်မရနိုင်တော့ဘူးနော်

ပြန်ချင်တယ်ကွားးးးးးးးလို့ပဲအော်လိုက်ချင်တော့တယ် ဒီနှစ်မရောက်ရင်တော့နောက်နှစ်တော့အရောက်ပြန်
နိုင်အောင်ကြိုးစားရမယ်လေနော်..... ပြောပြရင်တော့မီးလေးကလေရှည်တယ်ပြီးတော့မှာမဟုတ်ဘူး
အဲ့တော့နောက်မှပဲကြုံရင်ကြုံသလိုပြောပြတော့မယ်...ဟိဟိ
အခုကအိပ်ငိုက်နေလို့ နောက်မှလုံးစေ့ပတ်စေ့နဲ့ ဇွဲကပင်အကြောင်းပြောပြတော့မယ်နော်

Saturday, March 7, 2009

Happy birthday ပါ my mother

ဒီနေ့ကတော့ မီးလေးအမေရဲ့(၄၇)နှစ်ပြည့်တဲ့နှစ်ပေါ့

တစ်သက်နဲ့တစ်ကိုယ် ဒီတစ်ခါပဲအမေ့မွေးနေ့သိတော့တယ်..ဟိဟိ
အမေ့ကိုမေးတိုင်း မမှတ်မိဘူးပဲလုပ်နေလို့လေ အဖေနဲ့အမေကအသက်ချင်းကရွယ်တူပဲ အဖေကလပိုင်းပဲကြီးတယ် ဟိဟိကြုံတုန်းလေး နည်းနည်းလောက်အတင်းတုတ်လိုက်ဦးမယ်..ဟီးးးး

အဖေ..အမေ့ကိုပိုးတုန်းက လမ်းထိပ်မှာသီချင်းတွေဆိုပြီးတော့ပေါ့
အမေ့အိမ်ရှေ့ဖြတ်လျှောက်ရတာလဲခြေတောင်တိုတယ်တဲ့ အဲ့တုန်းကအဖေ့စတိုင်က
ဝင်းဦးတို့ဝတ်သလိုမျိုးပေါ့ အဖွား(အမေ့ရဲ့အမေ)ကလဲ အဖေ့ကိုကြည့်မရဘူး မိဘလုပ်စာ
ထိုင်စားနေတဲ့သူလို့မြင်တာပေါ့(အမှန်ပဲထိုင်စားတာ)
ရှူးးးးးကြားသွားရင်နာရင်းပိတ်တီးခံထိဦးမယ်ဟိဟိ


အမေနဲ့ချစ်သူတွေဖြစ်သွားကြတော့ သမီးရည်းစားသဘာဝချိန်းတွေ့တာပေါ့နော် (ပြောရင်းနဲ့ရယ်ချင်လာပြီး..ဟိဟိ) အမေတို့အိမ်ခေါင်းရင်းကသစ်ပင်ပေါ်တတ်ပြီး ဂျိုးကူသံပေးတယ်ပေါ့
သိတယ်ဟုတ်...ဟတ်ဟတ် အမေကလဲသိတော့အိမ်အခန်းထဲကပြတင်းပေါက်ကိုဖွင့်ပြီး ကြည့်တာပေါ့
တစ်ယောက်ကသစ်ပင်ပေါ် တစ်ယောက်ကအိမ်ပေါ်ကပေါ့..ဟိဟိ အဖွားကလဲလျှင်တယ် ဓါးမကိုင်ပြီးလိုက်တာပေါ့..ဟတ်ဟတ်
နောက်နေ့တော့အိမ်ဘေးပတ်ပတ်လည် မီးချောင်းတွေလင်းထိန်အောင်ထွန်းထားလိုက်ပါလေရော
အဖွားကတော့အမေ့ကိုဆူတာပေါ့ အလုပ်မရှိအကိုင်မရှိပဲ ဘောကျော့နေတဲ့သူနဲ့မှကြိုက်ရလားဘာလားပေါ့
ပရိတ်ရွတ်တာပေါ့
အဖေကလဲ..မေကြီး(အဖေရဲ့အမေ)ကိုပြောတာပေါ့ သူ့ကိုအလုပ်မရှိအကိုင်မရှိတဲ့သူလို့ပြောတယ်ပေါ့
ပြန်တိုင်တာပေါ့နော့် မေကြီးကလဲ..“ဟင်..ငါ့သားကိုများပြောရတယ်လို့ သားမပူနဲ့”ဆိုပြီးတော့အဖေ့အတွက်
မြင်းလှည်းထောင်ပေးလိုက်တယ်တဲ့ အဖေလဲတစ်နေကုန်အမေ့အိမ်ရှေ့ကိုဖြတ်သွားဖြတ်လာ မြင်းလှည်းမောင်းကြောင်းအဖွားကိုကြွားတာပေါ့..ဟိဟိ
အဖွားကတော့အထင်မကြီးပါဘူး.... အဖွားကသာသဘောမတူတာ.. ဖေကြီးနဲ့မေကြီးကတော့ အဖေ့ကိုမြှောက်ပေးနေတာပဲ သဘောမတူရင်ခိုးပြေးတဲ့ အမေတို့လုပ်ပေးမယ်တဲ့..ဟိဟိ
နောက်တော့လည်း......မီးလေးတို့မောင်နှမသုံးယောက်နဲ့မိသားစုဖြစ်လာတာပေါ့ ဟီးး

အဖေဟာအမေ့ကိုရတာကံကောင်းတယ်လို့ လူတိုင်းပြောကြသလို အမေအဖေ့ကိုရတာကံဆိုးတယ်တဲ့
အမေ့လောက်စည်းကမ်းရှိပြီးအလုပ်လုပ်သပ်ရက်တဲ့သူမီးလေး မတွေ့ဖူးသေးဘူး
အမေ့လောက်သားသမီးတွေအပေါ် နားလည်မှု့အပြည့်နဲ့ သည်းခံနိုင်တာမတွေ့ဖူးသေးဘူး
သားသမီးလှည့်သလောက်ခံရတာလဲအမေပဲ ယောင်္ကျာလှည့်သမျှခံရတာလဲအမေပဲ

မီးလေးလောက်ဆိုးတာမီးလေးပဲရှိတယ် အမေ့ကိုမျက်ရည်ပေါက်ပေါက်ကျအောင်လဲလုပ်ခဲ့ဖူးတယ်
မီးလေးဆိုးတဲ့ဒဏ်မခံနိုင်တော့တဲ့ အမေပေါ့ မီးလေးကိုကျွတ်အောင်လုပ်ခဲ့ဖူးတယ်
ဘယ်လိုစကားအသုံးနှုန်းလို့ထင်လဲ.........
(နင့်ကိုငါလက်အုပ်ချီပြီး ထိုင်ရှိခိုးဆိုလဲ ရှိခိုးပါ့မယ်တဲ့)
ဒါတောင်ဖုန်းနဲ့ပဲပြောတာ မီးလေးအဲ့တုန်းက ၀မ်းနည်းသွားတာ အသံတောင်မထွက်တော့ဘူး
ဘယ်လိုမျိုးနဲ့မှမတူဘူးခံစားရတာ မိဘမျက်ရည်ကျအောင်လုပ်ခဲ့မိတယ်လေ
အင်းးးးးးးးးးးအခုတော့ သမီးအလိမ္မာလေးပေါ့..
အမေ့ကိုပျော်ရွှင်အောင်ပဲထားတော့တယ် ကိုယ်ကပျော်ရွှင်အောင်ထားတာတောင် သူ့သားကအပူပေးသေးတယ် အမေ့ခမျာ တဇွတ်ထိုးတဇောက်ကန်း လုပ်တတ်တဲ့မီးလေးကိုစိတ်မချတာနဲ့
သူ့သားတွေသမီးတွေနဲ့တောင် အတူမနေရတာကြာပေါ့ ပြန်ခိုင်းလဲမပြန်ဘူး မီးလေးကိုပါပြန်ခေါ်တယ်
မီးလေးကလဲမပြန်ချင်ဘူး အဲ့ဒါနဲ့ပဲနှစ်တွေကလဲတစ်နှစ်ပြီးတစ်နှစ်ပေါ့...........

အမေကခုထိပဲနော် မီးလေးကိုဆူလို့မရဘူး ဟိဟိ သူ့ထက်စကားတတ်လို့ပေါ့..ဟဲဟဲ
မီးလေးကိုပြောမနိုင်တော့ရင် ဘာပြောတယ်ထင်လဲ ဆရာမကြီး ဘုန်းကြီးတစ္ဆေတဲ့
ဟိဟိ..... အမေကအရမ်းချစ်ဖို့ကောင်းတယ် မီးလေးအတွက်တော့ အမေဟာသူငယ်ချင်းတစ်ယောက်လို
မောင်နမလို...... တိုင်ပင်ဖော်တိုင်ပင်ဖတ်လိုပေါ့ မီးလေးအပေါ်နားလည်မှု့အပေးနိုင်ဆုံးပေါ့

မီးလေးတို့မောင်နှမအတွက်တော့ အမေသည်သာ...နေမင်း
အမေသည်သာ.........လမင်း
အမေကသာ..လမ်းပြပေးနိုင်တဲ့ ကြယ်ကလေးတွေပေါ့............

အမေရေမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ မိသားစုတစ်စည်းတစ်လုံးတည်း ပျော်ရွှင်ချမ်းမြေ့စွာ
အသက်ထက်ဆုံးနေထိုင်သွားကြရပါစေလို့သမီးဆုတောင်းပေးလိုက်ပါနော်

အားလုံးပဲမီးလေးလဲအိပ်တော့မယ် အခုတောင်မနက်(၃း၂၀)ရှိနေပြီးမနက်မိုးလင်းရင် အမေ့ဆီကိုဖုန်းဆက်ပြီး
ဆုတောင်းပေးလိုက်ရဦးမယ် လက်ဆောင်ကတော့မအားသေးလို့အကြွေးပါလို့ဟိဟိ
အမေ့ဆီဖုန်းဆက်ပြီးဘယ်လိုပြောမယ်ထင်လဲ...ငှဲငှဲ..အစုံပေါ့..
အစုံဆိုတာဘာသာစကားနော်ဟတ်ဟတ်


“ဟလို..မာမီ..ဘေဘီ ခေတ်ထင်..အာဘွားးးးးး.ကျွတ်ကျွတ်...
ဟက်ပီးဘတ်ဒေးပါမဲ့....အဖေနဲ့တူတူမြန်မြန်နေရပါစေလို့.”ဟီးးးးးးးးး

အဟမ်း..ရှင်းပြရဦးမယ်...ခေတ်ထင်=သတိရတယ်
ကျွတ်ကျွတ်ကတော့နမ်းတာ
မဲ့..=အမေ
အိုကေတယ်နော်..ဘိုင့်ဘိုင့်

Monday, March 2, 2009

ရှူးတိုးတိုး....... ကွဲနေသည်

ရူးတိုးတိုး...................... ကွဲနေသည်။

(ကွဲ နေတယ်ဆိုလို စိတ်ဝင်စားသွားလား......ဟုတ်တယ်.ကွဲနေတယ်.......မောင့်ကြောင့် အသည်းတွေကွဲနေတာ)

မောင်.... .................

မောင် ကျွန်မကိုလုပ်ရက်တယ်နော်...(လမ်းခွဲတာကိုပြောပါတယ်..........တမျိုးမထင်ပါနဲ့..ရှင်းပြရတာ....feel အောက်တယ်)

မောင်ရယ်.ကျွန်မကိုမပစ်ဘူး.မပစ်ဘူးဆိုပြီးလက်ထဲမှာက.......ခဲကြီးနဲ့...........

ငါးစိမ်းမြင်လို့ငါးကင်ပစ်သွားတဲ့ မောင့်ကိုကျွန်မဘယ်လိုနားလည်ရမှာလဲ................

ဒါတွေပြောနေလဲ.မောင့်အတွက်ကျွဲပါးစောင်းတီးဖြစ်နေမှန်းသိပေမဲ့.......မောင်ရယ်ကျွန်မပြောပါရစေ........

မစားရတဲ့အမဲသဲနဲ့ပတ်တယ်လို့ပဲပြောပြော........... ကျွန်မပြောပါရစေ....

အတိတ်

မောင်ကလေကျွန်မကိုစတွေ့တုန်းက..................ချစ်တယ်ချစ်တယ်ဆိုပြီ......

ခရားရေလွတ်တတွတ်တွတ်ပြောခဲ့တာ..............ငါးကြော်မကြိုက်တဲ့ကြောင်မိုက်ဆိုသလို.

မောင့်လိုဥစ္စာပေါ..ရုပ်ချောကိုမှပြန်မကြိုက်ရင်.ကျွန်မလူမိုက်ဖြစ်သွားမှာပေါ့

မောင့်ကို..ိုပျော့ပျော့လေးနဲ့နံတဲ့ကြောင်ချီးဆိုပြီး........ သူငယ်ချင်တွေတားနေတဲ့ကြားထဲက...............

ငါ့လှေငါထိုး.ပဲခူးရောက်ရောက်...ငါ့မြင်းငါစိုင်း.စစ်ကိုင်းရောက်ရောက်.................ဆိုပြီး

မောင့်ကိုကျွန်မလက်ခံခဲ့တာလေ.......... ဒါပေမဲ့.မောင်နောက်ကျတော့

ကျောချမှ ဓားပြမှန်းသိ.......ဖွတ်ထွက်မှတောင်ပို့မှန်းသိ.........သလို.မောင့်အကြောင်းတွေသိခဲ့ရတယ်

မောင်ဟာကျွန်မနောက်ကွယ်မှာ.ငါးရံနှစ်ကောင်တပြိုင်နက်ဖမ်းနေတယ်ဆိုတာပဲ..................

ကျွန်မနဲ့ထိပ်တိုက်တွေ့တာတောင်မှဘဲ.မောင်ကဆင်သေကိုဆိတ်သားရေနဲ့ဖုံးချင်သေးတယ်

သူငယ်ချင်းတွေကတော့ပြောပါတယ်..........အပြစ်တင်ကြတယ်. ကိုယ်စီး တဲ့မြင်းအထီးမှန်းမသိ.အမမှန်းမသိတဲ့

မောင်ရယ်အဲဒီတုန်းကကျွန်မမေးလိုက်ရမှာ.................ခိုးစားတဲ့အသီးချိုတယ်ဆိုတာဟုတ်လားလို့

ဒါပေမယ့်မောင်ရယ်.

အဲဒီအချိန်က..မျက်နှာကိုမြင်လိုက်ရတော့.ကျွန်မလေ...ပျက်အစဉ်ပြင်ခဏ.ဆိုပြီးမောင့်ကိုခွင့်လွှတ်ခဲ့တယ်.....

မောင်ကလဲကျွန်မကို. ယုံအောင်အယုံသွင်းခဲ့တာကို

ခွေးစကားပုဏ္ဏားယုံ.ဆိုသလိုမောင့်စကားကိုကျွန်မ..ချစ်တဲ့စိတ်နဲ့.လုံးဝယုံခဲ့တယ်မောင်............

နောက်တော့ မောင်က....ဒုံရင်းကဒုံရင်းပါပဲ.....................

ဘယ်သုမပြုမိမိမှု .ဆိုသလို..............မောင့်ကိုအပြစ်မတင်ပါဘူး..............

အရိပ်ပြလို့မှအကောင်မမြင်တဲ့ ကျွန်မအပြစ်ပါဘဲ.

ကျွန်မလေ.မောင်ကျွန်မကို..လမ်းခွဲစကားပြောတဲ့အချိန်မှာလေ........

ကလေးကျမှလှေကားထောင်.....သူခိုးပြေးမှထိုးကွင်းထဆိုသလို...................

ဘာလုပ်ရမှန်းကိုမသိတော့ဘူး

လက်ရှိဘဝ

မောင်...........အခုတော့ကျွန်မခံနိုင်ရည်ရှိသွားပါပြီ............................

ကျွန်မဘယ်သူကိုမှဒီအကြောင်းတွေမပြောချင်ဘူး...........ဟောင်လွန်းသည့်ခွေးလူမလေး.....ဆိုသလို.

ကျွန်မကိုပတ်ဝန်းကျင်ကမုန်းသွားလိမ့်မယ်...................ပြီးတော့ကိုယ့်ငါချဉ်ကိုယ်ချဉ်တာတော့မဟုတ်ပါဘူး.

ကျွန်မရဲ့အရည်အချင်းနဲ့............................မောင့်ထက်သာတာအေးဆေးရနိုင်တယ်မောင်

သိသာသိစေမမြင်စေနဲ့..........လိုပဲဆိုဆို.ကျွန်မကတော့မောင့်ကိုစိန်ခေါ်လိုက်တယ်............

အမိမဲ့သားရေနဲငါးလိုမျိုး..ကျွန်မကိုစိတ်ဓါတ်ကျတယ်မထင်ပါနဲ့.....................မောင်လဲ..

လည်လွန်းတဲ့ဘီးချီးသင့်နေဦးမယ်နော်......အဲဒီအချိန်မှ.လွတ်သွားတဲ့ငါးကပိုကြီးတယ်ဆိုပြီးပြန်လာရင်တော့..

ကျွန်မကလက်ခံမယ်များမှတ်နေလား............

ကတုံးပေါ်ထိပ်ကွက်တော့ကျွန်မမလုပ်ရက်ပါဘူး............ငါးကြင်းဆီနဲ့ငါး ကြင်းကြော်ရုံလေးပါ................

မောင်အခုကျွန်မလေ

.မောင်မရှိတဲ့အချိန်မှာ.......ပျာ်ပျော်နေသေခဲ......ဆိုပြီးပျော်နေတယ်ဆိုတာတော့သိထားပါ....................

ပုဆိုးကြားကလက်သီးပုန်းပြ.........တယ်လို့မထင်ပါနဲ့.............

မောင့်ကိုနောက်ဆုံးသတိပေးချင်တာကတော့...အခုခေတ်ကလေ.....ဖက်ပေါ်ဆူးကျလည်းဖက်ပေါက်

ဆုးပေါ်ဖက်ကျလည်းဖက်ပေါက်.ဆိုတဲ့ခေတ်မဟုတ်တော့ဘူးနော်................

ဥပေါ် (ခဲ = girl ) ကျလည်းဥပဲကွဲတာ.....(ခဲ= girl )ပေါ်ဥကျလည်းဥပဲကွဲတဲ့...................ခေတ်ရောက်နေပြီဆိုတာပါပဲ..

(ခဲ=girl)


သူငယ်ချင်းရဲ့မေးလ်ထဲကနေ ကြိုက်လို့ဆိုပြီး ချောဆွဲလာတယ် ဟီးးးးးးးး

ဘယ်သူရေးလဲမသိဘူး ရီရလို့...အရမ်းအရမ်ကိုကြိုက်လွန်းလို့ပါ

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit