Monday, March 30, 2009

မျှော်လင့်ခြင်း ချောက်ကမ်းပါး

ငါ......လား..........???
ခံစားချက်တွေ ပြည့်နှက်နေတဲ့
ဒီရင်အစုံနဲ့.................
မင်းကို သိပ်ချစ်မိခဲ့တယ်....၊

ငါ.........ပေါ့
အရှက်မရှိတဲ့ မျက်နာနဲ့
မာနတွေ ခ၀ါချလို့
မင်းအချစ်ကိုပြန်လည်မျှော်လင့်နေမိတယ်.....၊

ငါ.........လေ
တကယ်ပါပဲ အရှုံးတွေရင်မှာပိုက်လို့ပေါ့
မင်းကိုအမုန်းဆုံးသူ တစ်ယောက် ဖြစ်ချင်တယ် ..၊

ဒါပေမယ့်လဲလေ......
ငါ့ နှလုံးသားရဲ့ ဆန္ဒ
ငါ မလွန်ဆန်နိုင်သေးလေတော့
သိပ်ချစ်ဖို့ကောင်းပြီး ....
သိပ်ပြီးတော့လဲ မုန်းစရာ ရွံ့စရာကောင်းလှတဲ့
မင်းကို ...............
ခုထိ မုန်းလို့မရသေးဘူး............၊

မင်းဆီကရရှိဖူးတဲ့
ချိုမြိန်တဲ့ ရသ......
ခံစားချက်များစွာ ကို
ငါလေ တပ်မက်စွာ........
မိုက်မဲလွန်းစွာ...............
ရူးသွပ်မှု့တွေနဲ့
မျှော်လင့်ရင်း.......လေ...
နက်ရှိုင်းလွန်းတဲ့ ကမ်းပါးစောက်ထဲ

တစ်ရွေ့ရွေ့ ဦးတည်လျှောက်နေမိဆဲ...........ပေါ့..။


8 comments:

Sir Yaw said...

ကဗျာရဲ့ဖြေရှင်း ချက်လေး သိပရစေလားဗျာ

Sein Lyan Tun said...

မခုန်ချလိုက်ပါနဲ့ နော်...
တစ်ခါတစ်ရံ မုန်းနေရတာကိုက ပျော်စရာလေးပါနော်...
ခံစားချက်တွေများနေပါလားမဇာရဲ့ ..
အဆင်ပြေပါစေဗျာ
ခင်မင်လေးစားတဲ့
ဖိုးစိန်

တီချမ်း said...

အေးလေ နင်.............ပေါ့
အင်း...........နင်လေ.............
အောင်မယ် ခုမှ......မုန်းမယ်လေးဘာလေးနဲ့.....

ရွေ့ ရွေ့ ပဲလျောက်လျောက် အပြေးလေးပဲ သွားသွား လမ်းထိပ်ရောက်ရင်တော့ စောင့်နေ.......လာနေပြီ
နော်နော်နော်....................

မီးလေး word verification ဖြုတ်အုံး မန့် လို့မကောင်းဘူး

Welcome said...

မကြီး
ခံစားချက် တွေပွင့်ထွက်လို့ ပါကလားနော်...
သွပ် .. သွပ် .. သွပ် (မထင်ရဘူး)
ကဗျာလေးကောင်းတယ် ..
ရင်တွင်းဖြစ်မို့လားပဲ .. (အဟတ်)

လေးစားစွာဖြင့်

WWKM said...

ဆိတ်မကောင်းဘူး... အမြဲကွဲနေတာပဲ.သူက (အသဲ)း)

ဟီးးး ဖတ်လို့ကောင်းတယ် ညီမလေးရ.
အဆင်ပြေပါစေ.

ချစ်မ

mgnge said...

ရောက်တော့ရောက်တယ် ... တစ်ခါမှ မမန့် ဖူး ဘူး..။

ကဗျာ လေးကြိုက်လို့ မန့် သွားတယ်.။
ရင်းတွင်းဖြစ်များ အားကောင်းလျက်ရှိ ..။

အားပေးလျက်

ဟိန်းညီ said...

အသည်းကွဲကဗျာတွေပဲရေးတတ်တဲ့မီးလေးဇာရေ....
နေကောင်းရဲ့လား။
အစ်ကိုတော့သိပ်နေမကောင်းဘူးဖြစ်နေတယ်
နေမကောင်းမှ ကျန်းမာရေးရဲ့တန်ဖိုးကိုနားလည်မိတယ်
ဒါကြောင့်နေကောင်းအောင်နေ..
ဒါပဲ....း)

Anonymous said...

ဆက်သာလျှောက်ဗျို့

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit