Thursday, June 21, 2012

Marry You...My Love

Marry me

For my love, ma gyi .... Mg!


သို့..........
မောင်အရမ်းချစ်ရတဲ့ မကြီး ရေ... မောင့်ရင်ထဲမှာ ခံရခက်ဆုံးဝေဒနာတွေ ဖြစ်နေတာ ပြောမပြတတ်အောင် ပါပဲ.... လူတစ်ယောက်ရဲ့ ချစ်ခြင်းကို လျစ်လျှူ ရူ့ မိတာမဟုတ်ရပါ မောင့်ကိုသိပ်ချစ်တဲ့ မကြီးကို မောင် လျစ်လျူမရူ့ ရက်ပါဘူး....မောင့်နားမှာ နေချင်တဲ့ မောင့်ကိုပိုင်ဆိုင်ချင်တဲ့ မကြီးကို မောင် အရမ်းလိုက်လျော ပေးချင်နေမိတယ်....မကြီးပျော်ရွှင်နေတာတွေ ရီမောနေတာတွေ စိတ်ချမ်းသာနေတွေပဲ မြင်ချင်နေမိတာ....မောင် အရမ်းချစ်မိသွားတာ .....
မကြီးရေ..........
နေ့ရက်တွေက ကုန်တာမြန်လိုက်တာ နော်..... အပြစ်လုပ်ထားခဲ့တဲ့လူတစ်ယောက်ကို အပြစ်ရှိမှန်းသိရက်နဲ့ နားလည်ခွင့်လွှတ်ပေးနိုင်တဲ့ မကြီးရဲ့ ချစ်ခြင်းမောတ္တာကို မောင်လေးစားမိတယ်...မောင့်အတွက်နဲ့ ကိုယ့်ကိုကိုယ်တောင် ထိခိုက်အောင် လုပ်တာ မကြီး ကိုယ် မကြီးထက် မောင့်ကို ပိုချစ်လို့ဆိုတာ ကိုသိရတော့ မောင့်ကိုယ်မောင် သေချင်လောက်အောင် စိတ်နာမိပါတယ်.... မောင် မှားခဲ့ပါပြီ...ချစ်ရယ်....။
မကြီးရေ..........
အတူနေကြမယ်လို့ ဆုံးဖြတ်ချက်တွေ ချထားခဲ့ကြတယ်....ကြိုးစားကြမယ်လို့ ကတိတွေ ပြုခဲ့ကြတယ်....ချစ်လာလိုက်ကြတာ တစ်ယောက် ကိုတစ်ယောက် ရူးမတတ်ပါပဲ.... ခွဲခွာခြင်းက အရမ်းကိုခါးသီးလွန်းသလို ချစ်သူ တစ်ယောက်ရဲ့ ဂရုမစိုက်မူ့ စွန့်ပစ်မူ့တွေက ပိုပြီးတော့တောင် နာကျင်စေပါတယ်....မောင် မကြီးကို နာကျင်စေခဲ့တယ်....စိတ်ဒဏ်ရာတွေ ပေးမိခဲ့တယ်....လေ မောင့်မှာ ကြီးမားတဲ့ အပြစ်ကို ကျူးလွန်ခဲ့မိပြီ...။
မကြီးရေ..........
မောင်အရမ်းလွမ်းနေတယ်....မောင့်ရဲ့ ရက်စက်မူ့ တွေကို ခါးစည်းခံစားရင်း မကြီးနာကျင်နေပြီလား...တွေးရင်း မောင် အရမ်းဝမ်းနည်းပြီး ငိုမိပါတယ်..... မောင့်မျက်ရည် တွေက မကြီးအတွက် ပူလောင်ပြီးမှ ကျခဲ့ရတာ....မောင့်အတွက် မကြီး ကျခဲ့တဲ့ မျက်ရည်တွေကို မောင်စာနာမိပါပြီ..။ မကြီးနားမှာ အချိန်တိုင်းရှိချင်ခဲ့တာပါ...ခဏလေးတောင် မခွဲ နိုင် ကြတာ....ပဲလေ 'ကိုယ်တွေ့ကြုံမှ နောင်တရတယ်' ဆိုတဲ့ စကားပုံက မောင်ပါပဲ...။
မကြီးရေ..........
ချစ်သူတိုင်း အတူနေချင်ကြတယ်နော်...သစ္စာတရားကို မျက်ကွယ်ပြုပြီး ထင်ရာစိုင်းခဲ့တဲ့မောင့်ကို မကြီးက ချစ်ခြင်းမောတ္တာနဲ့ လမ်းပြပေးခဲ့တယ်.... မောင်နားလည်တတ်ခဲ့ပါပြီ.... မောင့်လိုလူတစ်ယောက် ဟာ ဘယ်သူ့အတွက်မှ အသုံးမ၀င်တော့သလို မကြီးရဲ့ မောတ္တာတရားကိုစော်ကားမိလို့ ဒုက္ခရောက် ခဲ့ပါပြီ... မောင် လေ..မကြီးကို သိပ်ချစ်တယ်.... မကြီးအတွက် စိတ်ပူနေမိတယ် အရမ်းစိုးရိမ်တယ်...မောင် ရူးတော့မှာပဲ ..ချစ်ရယ်.....။
မကြီးရေ..........
မောင့်အတွက်ဆို ဘာမဆို မငြီးမငြူ အပြုံးလေးတွေနဲ့ လိုက်လျောကြည်ဖြူစွာ ဖြည့်စည်းပေးတတ်တယ်နော်....ရင်ထဲမှာ နာကျင်နေတာတောင်မှ မောင့်မျက်နှာညိုးမှာစိုးလို့ မောင့်အတွက် အပြုံးလေးတွေနဲ့ စကားလေးတွေကို ညင်သာစွာပြောပေးခဲ့တယ်...မကြီးရယ်...မောင့်အတွက် မကြီးက တန်ဖိုး မဖြတ်နိုင်တဲ့ မောတ္တာ ရှင်တစ်ယောက်ပါပဲ....မကြီးပြောခဲ့တဲ့စကားလေးလေ....မောင် မကြီးရဲ့ ဘ၀ ပါဆိုတာကို ရင်နင့်စွာ ကျေနပ်မိတယ် နောင်တရမိတယ်...။
မကြီးရေ..........
မကြီးရဲ့ စိတ်ထဲ အတွေးတွေထဲမှာ မောင့်ကို ချစ်တဲ့စိတ်တွေ ပျော်ဝင်နေတယ်....မခွဲနိုင်အောင် ချစ်ခဲ့တယ်....မကြီးရဲ့ အပြုံးတွေ စကားလေးတွေက မောင့်ကို အား ဖြစ်စေခဲ့တယ်... မောင် စိတ်ကောက် စိတ်ဆိုးတိုင်း မောင့်နားကနေမခွာပဲ စိတ်ရှည် အောင်ချော့ခဲ့တယ်...အကြာကြီးစိတ်မကောက်နိုင်လောက် အောင် မကြီးရဲ့ ရင်ထဲက စေတနာတွေက ကြီးမားလိုက်တာ....မောင့်အပေါ် မကြီးလောက် ကောင်းမဲ့သူ ရှိပါဦးမလား....မောင် ...၀မ်းနည်းမိတယ်....။
မကြီးရေ..........
ချစ်ခဲ့ကြတာ နှစ်တွေကြာခဲ့ပြီ....သံယောဇဉ်တွေလဲ တစ်ယောက်ကိုတစ်ယောက် ရစ်နှောင်ခဲ့ပြီ....မောင် မတောင်းဆိုရပါပဲနဲ့မောင့်အတွက်ဖြည့်စည်း ပေးနေလိုက်တာ.....မောင့်အတွက်များ မကြီးမွေးဖွားလာခဲ့သလား ချစ်ရယ်....တွေးရင်း မောင်နှလုံးသားတွေ နာကျင်နေရပါတယ်...မောင့်အပေါ် သ၀န်တို တာတွေကို ထုတ်မပြပဲ မောင်နဲ့ပတ်သတ်သမျှတွေကို သိချင်လို့ တောင်းဆိုခဲ့တာတွေကိုလေ မောင်.......နာကျင်နေတယ် မောင်သေသွားမှအေးမယ်ချစ်ရယ်..။
မကြီးရေ..........
မောင်ခံစားနေရတာတွေကို မကြီးကိုသိစေချင်လိုက်တာ....မကြီး ခံစားနေရတာတွေကိုလဲ မျှဝေပေးချင်နေမိတယ်...မောင်တို့တွေ ဘယ်တော့မှမခွဲတော့ ဘူးနော်....မကြီး ဆီမောင် လာခဲ့မယ်နော်....မောင့်နားမှာ မကြီးကို အမြဲတမ်း ရှိနေစေရမယ် သိလား....ကောင်းကောင်း ဆိုးဆိုး မောင်တို့တွေ အမြဲ မခွဲပဲ လက်တွဲ ကြမယ်လေနော်.....မောင့်ဆီ ကို ပြန်လာပါ...မောင့်နားကနေ ဘယ်ကိုမှ မထွက်သွားပါနဲ့တော့နော်...မောင့်ကို အထီးကျန်စွာ မထားခဲ့ပါနဲ့ချစ်ရယ်...။ မကြီးကိုမောင်သိပ်ချစ်တယ်......မောင့် နှလုံးသားထဲမှာ စွဲနေတဲ့ မကြီးရဲ့ အသံ တွေ အပြုံးမျက်နှာလေးတွေကို အမြဲတမ်း သတိရနေပါတယ်.....။ မကြီးကိုမောင် အရမ်းလွမ်းနေတယ်.......အရမ်းချစ်တယ်................။
တောင်းဆု ။ ။
မောင် သိပ်ချစ်ရတဲ့ မကြီး ဘာမှမဖြစ်ပါစေနဲ့....မကြီးကိုထိခိုက်စေမဲ့အရာတွေကို ကျွန်တော်တစ်ယောက်ထဲ ခံစားပါရစေသား...။
တောင့်တတဲ့ ဆန္ဒ တစ်ခု ။ ။
အခုလိုအချိန်မှာ မကြီးနားမှာမောင်ရှိနေချင်လိုက်တာ......။

Saturday, April 14, 2012

မုန့်လုံးရေပေါ်


မုန့်လုံးရေပေါ်လေး စားသွားကြပါဦး နော်

Friday, April 13, 2012

ဘူးသီးကြော်



ဘူးသီးကြော်လေး စားသွားကြပါဦးနော် ဒီနေ့မီးလေးအိမ်မှာလုပ်စားကြတား-)

Tuesday, February 14, 2012

happy valentine's day ပါ

valentine's day တဲ့ ချစ်သူစုံတွဲတွေပျော်ပျော်ရွှင်ရွှင်လျှောက်လည်နေကြတဲ့ အချိန်မှာ မီးလေးတို့အတွဲကတော့ ညကတည်းကစကားတွေများ ရန်တွေဖြစ် ၀မ်းနည်းလိုက်ငိုလိုက် ဒေါသ ထွက်လို့ပြန်ပြောထည့်လိုက် ကိုယ်ပြောတဲ့စကား လွန်သွားလို့ ပြန်တောင်းပန်လိုက် နားလည်မှုရလို့အဆင်ပြန်ပြေသွားလိုက် ခဏနေစိတ်အခန့်မသင့်ဖြစ်စရာတွေ့လို့ စိတ်ဆိုးရ၊ပြန်ချော့ရနဲ့ လုံးလည်ချာလည်ကိုဖြစ်နေတာ နဲ့ပဲတစ်ရက်ကုန်ဆုံးသွားခဲ့တယ် .....၊
အမှန်တော့ချစ်သူများနေ့ဆိုတာ တစ်ရက်ထဲရှိတာမှ မဟုတ်ပဲလေနော် ..... ချစ်သူနဲ့တူတူနေရတဲ့ နေ့ရက်တိုင်းက ကိုယ့်အတွက်အမြဲတမ်းအမှတ်ရနေမယ့် အချစ်ရဲ့နေ့စွဲတွေပဲပေါ့.....

မီးလေးကတော့ ချစ်သူသာအနားမှာရှိနေရင် အလိုလိုနေရင်းခွန်အားတွေရှိနေတာပါပဲ...

ချစ်သက်တမ်းတစ်လျှောက်မှာ valentine's day ကိုတော့ (၃)ကြိမ် ကျော်ဖြတ်ခဲ့ပြီးပြီး
သေချာတာကတော့ ဒီနှစ်မှာ ချစ်သူကိုပိုယုံကြည်ပြီး အားကိုချင်စိတ်တွေများလာတာတော့အမှန်ပဲး)

ချစ်သူအတွက်ဆိုမလှပပေမယ့် ကိုယ်ကိုယ်တိုင်လုပ်ပေးချင်တဲ့ဆန္ဒနဲ့ သူ့အတွက် အမှတ်တရ ကဒ်လေးလုပ်ပေးမိတယ် .............း-)
ကဒ်မလုပ်ခင်မှာ youtube က ကဒ်လုပ်နည်းတွေကိုသေချာကြည့် စာရွက်တွေလိုက်ဝယ် လိုချင်တာလဲမရ
စိတ်တိုင်းလဲမကျနဲ့ နောက်ဆုံးတော့လဲ ကိုယ့် idea နဲ့ကိုယ်ပဲ လုပ်ကြည့်လိုက်တယ် ဟဲဟဲ
သူ့ဟာနဲ့သူဖြစ်သွားတာပဲလေနော် ......း)

အားလုံးပဲချစ်သူများနေ့မှာ လွတ်လွတ်လပ်လပ်ပျော်ရွှင်နိုင်ကြပါစေနော် :P

Wednesday, February 1, 2012

ကြက်ဆီထမင်း (သို့) ထိုင်း ခေါက်မန်ကိုင်


ကြက်ဆီထမင်းအတွက် ......

လိုအပ်ပစ္စည်းတွေကတော့

၁။ကြက်အလတ်စား တစ်ကောင်(ပေါင်ခြမ်းသတ်သတ်ဆိုရင်လဲရပါတယ်)
၂။ကြက်သွေး(ကျက်ပြီးသား) လိုသလောက်ထည့်လို့ရပါတယ်
၃။ကြက်သွန်ဖြူ(နုတ်နုတ်စင်းပြီးသား စားပွဲတင်ဇွန်း၅ဇွန်း)၊ကြက်သွန်မွှာကြီး ၇မွှာ၊
၎။သကြား(ရေနွေးကြမ်းပန်ကန်လုံး တစ်လုံးစာ)
၅။ဂျင်း(လက်၃ဆစ်အရွယ်၃ခု)
၆။ငရုတ်သီးအနီ(လက်နှစ်ဆစ်အရွယ်၎-၅တောင့်)
၇။နံနံပင်(အမြစ်ပါ ..၃ပင်)
၈။ပဲပုတ်ရည် (ပဲပုတ်ရည်မရှိပါက ရိုးရိုးပဲပုတ်လဲရပါတယ်)
၉။ပဲဆီ(အနောက်)စားပွဲတင်ဇွန်း၁ဇွန်း၊
၁၀။ပေါ်ဆန်းမွှေး နို့ဆီဘူး၃ဘူး
၁၁။ဆီအနည်းငယ်
၁၂။ဆားအနည်းငယ်
၁၃။သခွားသီး
၁၄။ရှာလကာရည် စားပွဲတင်ဇွန်း၎ဇွန်း .... တို့ပဲဖြစ်ပါတယ်

ချက်ပြုတ်နည်းကတော့

၁။ကြက်သားများကိုစွပ်ပြုတ်လုပ်ရန်အတွက် အိုးတစ်အိုးတွင် နာရီဝက်ခန့်ပြုတ်ထားပါ၊ ကြက်မပြုတ်ခင် ကြက်သရေကို ခွာပြီး ဖယ်ထားပေးပါ။ (ပေါင်ခြမ်းသတ်သတ်ပဲဆိုရင်တော့ မိနစ်၂၀လောက်ဆိုရပါပြီး (မွေးမြူရေးကြက်ဆိုရင်ပြောတာပါ) အိမ်ကြက်ဆိုရင်တော့ နူးအိတဲ့အထိပြုတ်ရပါမယ်။ ဆားအနည်းငယ် ထည့်ပြုတ်ပေးပါ။

၂။ဒယ်အိုးထဲတွင် ကြက်သရေများကို ဆီထွက်လာအောင်ကြော်ပေးပါ။ ထိုဆီဖြင့်နုတ်နုတ်စင်းထားသော ကြက်သွန်ဖြူ များကိုဆီချက် လုပ်ပေးပါ။ကြက်သရေမများပါက ရိုးရိုးဆီဖြင့်လဲ ဆီချက် ချက်လို့ရပါတယ်နော်။

၃။ဆေးပြီးသားဆန်ကို ထမင်းအိုးထဲထည့် ကြက်သွန်ဖြူဆီချက်ထည့်၊ ကြက်သားစွပ်ပြုတ်ရည်ထည့်၊ စွပ်ပြုတ်ရည်ကို ပုံမှန်ထမင်းချက်တာထက် ပိုထည့်ပေးပါ။ ဆားနည်းနည်းထည့်ပေးပါ။

၎။ကြိတ်စက်ထဲသို့ ဂျင်း၊နံနံပင်မြစ်၊ ငရုတ်သီး၊ ကြက်သွန်ဖြူ ၊ပဲပုတ်ရည်၊ ပဲဆီအနောက်၊သကြား၊ ဆား၊ ရှာလကာရည်၊စွပ်ပြုတ်ရည်တို့ထည့်ပြီးကြိတ်ပါ၊

၅။စက်နဲ့ကြိတ်ပြီးရင် အိုးထဲထည့်ပြီး ဆူလာသည်အထိပြုတ်ပေးပါ။ ဆူလာရင် မီးပိတ်ပြီး အအေးခံထားပါ။ အေးသွားရင် ပန်ကန်လုံးသေးသေးလေးထဲထည့်ထားပါ၊

၆။ပန်ကန်ထဲမှာ ထမင်းထည့် ဘေးမှာသခွားသီးအကွင်းစောင်းစောင်းလေးတွေလှီးပြီးစီထည့်၊ ကြက်သွေးလေးထောင့် အပြားလေးတွေလှီးပီးစီထည့် ။ ပြုတ်ပြီးသားကြက်သားကို အတုံးရှည်ရှည်လေးများ လှီးပြီး ထမင်းပေါ်မှာ စီထည့်ပါ။

၇။နံနံပင်ဖတ်နည်းနည်းစီထည့်ပြီးရင်တော့ အဆင့်သင့်စားသုံးနိုင်ပါပြီး။

မှတ်ချက်။ ။ပုံကတော့မီးလေးဂူဂယ်လ်ကနေရှာထားတဲ့ပုံလေးပါ ။ လုပ်စားကြည့်ကြပါဦးနော်
မီးလေးကတော့ အရမ်းကြိုက်တယ်း)




 

meelayzar © 2008. Design By: SkinCorner|Minnyoonthit