Wednesday, December 31, 2008

နည်းနည်းလောက်ကြော်ငြာချင်လို့ပါ..........ချင့်




သယ်ရင်းblackdream ရဲ့ကြိုးစားမူ့လေးပေါ့.........
Myanmar Genius Forum ကိုသွားရောက်လည်ပတ်ပြီး
ပျော်ရွှင်မူ့များရကြပါစေချင့်...........အောက်မှာသူများရေးပြီးသားတင်လိုက်ပါတယ်ချင့်..ဟီးးး
နှစ်သစ်မှာ........ပျော်ရွှင်ကြပါစေချင့်

စက္ကန့်နှင့်အမျှ ပြောင်းလဲနေတဲ့ ကျွန်တော်တို့ရဲ့၂၁ရာစုထဲမှာ အသိပညာ၊အတတ်ပညာများဟာ
အချိန်နှင့်အမျှ တိုးတတ်ပြောင်းလဲလို့ လာနေပြီးဖြစ်ပါတယ်။ ဒီလိုတိုးတတ်ပြောင်းလဲနေတဲ့ နည်းပညာများ၊ အတတ်ပညာများကို မျက်ခြေမပျက်လိုက်နိုင်ဖို့ဆိုရင်တော့ ကျွန်တော်တို့ရဲ့ မျက်စိတွေနားတွေကို
အစွမ်းကုန် ဖွင့်ထားဖို့လိုပါလိမ့်မယ်........။

ထို့ကြောင့် ကျွန်တော်သိထားတတ်ထားသည်များကို
ဝေမျှရန် ၊ မသိသေးတာတွေကို မေးမြန်းတိုင်ပင်နိုင်ကြစေရန်အတွက် ကျွန်တော်တို့ရဲ့ Myanmar Genius Forum ကို တည်ထောင်လိုက်ရခြင်း ဖြစ်ပါတယ်၊
အားလုံးပူးပေါင်းလက်တွဲပြီး ကျွန်တော်တို့ချစ်သောနိုင်ငံနှင့် အနာဂတ်အတွက် မိမိကျရာအခန်းကဏ္ဍမှ
ပါဝင်ကြိုးစားရင်းမိမိတို့ရဲ့ တိမ်းမြုပ်နေသောအရည်အချင်းများကို ထုတ်ဖော်ပြသကြဖို့ ကျွန်တော်တို့ရဲ့
Myanmar Genius ၀ိုင်းတော်သားများမှ လေးစားစွာ၊ ဖိတ်ခေါ်ကြိုဆိုပါကြောင်း အသိပေးအပ်ပါတယ်..။


Novice Member (0 Post to 50) - Download Role

Beginner Member (50 Posts to 100 Posts) -

Wordpress with subdomain (yourdomain.myanmargenius.com)

Permanent Member (100 Posts to 500 Posts) - Wordpress+Subdomain+

FTP account with Database

VIP Member & Special Member - (Wordpress, Joomla, Phpbb3,

Icyphoenix, Vbulletin) + Subdomain + FTP account with Database

စသောအစီအစဉ်များနှင့် အခြားသော အစီအစဉ်ပေါင်းများစွာကို အခမဲ့ အသုံးပြုခွင့် ပေးသွားမှာ ဖြစ်ပါတယ်။


Sunday, December 28, 2008

ကြွားဆိုလို့ကြွားလိုက်ပါတယ်ချင့်

မမ၀ါကတတ်ခ်လိုက်တယ်ကြွားရမယ်တဲ့........အကြွားမသန်တော့ဘာကြွားရမယ်မှန်းကို
သိတော့ဘူး
အဲ့ဒါနဲ့မရေးပဲနေလိုက်တာတစ်လပြည့်သွားပါလေရောဗျာ...........ဟင့်
ခုတော့နှစ်လည်းကူးတော့မယ် အကြွေးတွေလဲနှစ်သစ်ကိုသယ်မသွားချင်တာနဲ့
မီးလေးတို့ အကြံထုတ် လို့........ရေးလိုက်ပါတယ်ချင့်
ကြွားရမှာကတော့..........အဟမ်း..........

မီးလေးကဘယ်အရာကိုမှစွဲစွဲလမ်းလမ်း မရှိတတ်ဘူး ကြိုက်ရင်ဝယ်တယ် ပျက်ရင်ပစ်တယ်
မကြိုက်တော့ရင် ချောင်ထိုးထားတတ်တယ် ပစ္စည်းတစ်ခုကိုဘယ်တော့မှ အမြဲတမ်း..တမ်းတမ်းစွဲ
တစ်ခုထဲလဲသုံးမတတ်ဘူး နာကပ်ဆိုလဲ.....၀ယ်လိုက်မယ်..အများကြီး...(အများနဲ့ဝယ်မှဈေးချိုတယ်လေ...ဟိဟိ)
ဆွဲကြိုးဆိုလဲပုံစံအမျိုးမျိုးဝယ် ဆွဲလားဆိုတော့ မဆွဲဖြစ်ဘူး အလှကြိုက်တယ် မပြင်တတ်ဘူး (လှတဲ့သူဆိုတော့မပြင်လဲလှတာပဲလေ....ဟတ်ဟတ်)

လက်ကောက်ကတော့ကြီးကြီးပဲပတ်တယ် သိပ်မ၀ယ်ဖြစ်ဘူး ဆံပင်ညှပ်တဲ့ကလစ်ကတော့ မီးလေးမ၀ယ်ဘူး ညီမလေးဝယ်လာရင် ယူတတ်လိုက်တယ် ဟိဟိ... အ၀တ်အစားဆိုရင်လဲ ညီမလေးကများသောအားဖြင့် ၀ယ်ပေးတယ် မီးလေးဝယ်တာ သူကမကြိုက်ဘူးလေ မီးလေးဝယ်တာ..စတိုင်မရှိပါဘူးတဲ့ရှင်..ပြောတတ်လိုက်တာလဲ မပြောပါနဲ့တော့ သူဝယ်တာပဲစတိုင်ရှိတယ်လေ...ဟွန့် ခုညီမလေးပြန်သွားတော့ မီးလေးလဲအ၀တ်အစားဝယ်မတတ်တော့ဘူး ဟတ်ဟတ်

ဖိနပ်ဆိုလဲသူကရှူးတို့ဘွတ်တို့စီးတာ မီးလေးကကြိုးသိုင်း ဖိနပ်အပါး ဒေါက်ဆိုရင်မြင့်မှ (အခုတော့ဖိနပ်အပါးပဲစီးတာများတယ်) သူဖိနပ်ရွေးရင်မီးလေးခြေထောက်ညောင်းမှညောင်းပဲ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်နဲ့ အိပ်ပါငိုက်တယ် မပြီးတတ်တော့ဘူး..... မီးလေးကဖိနပ်အပိတ်မစီးတတ်ဘူး ခြေမနာတယ် ပြီးတော့ အသက်ရှူရကြပ်သလိုခံစားရတယ် သူနဲ့အမြဲစကားများတယ် နင့်ဖိနပ်ငါကြည့်တာအသက်ရှူရကြပ်တယ်လို့ သူလဲပြန်ခွပ်တာပဲ နင့်ခြေထောက်မှာကြိုးတွေပတ်ထားတာ လည်းငါအသက်ရှူရကြပ်တာပဲတဲ့..........ဟိဟိ.. ဒီလောက်လှတာကို...နော်


မမ၀ါတို့လိုတော့ကြွားစရာသိပ်မရှိပါဘူးလေ ရှိတာလေးပဲပြောပြရတာ လက်သဲဆိုးဆေးဆိုလဲ အများကြီးမရှိဘူး မီးလေးက စိတ်ကူးပေါက်ရင် လက်သဲကိုတုံးတိထားတာ အဲ့အခါကျရင်အမဲရောင်ဆိုးလိုက်တယ် အရှည်ထားရင်တော့ အကြည်ရောင်လေးတွေ မဟုတ်ရင်လဲ အရောင်ဖျော့ဖျော့လေးတွေပဲဆိုးတာ သုံးပုလင်းလောက်ပဲဝယ်ဖြစ်တယ် အများကြီးဝယ်ပြီးတစ်ခါမှလဲ စိတ်မရှည်တော့မဆိုးဖြစ်ပါဘူး

သူများတွေလိုမျက်နာမှာလိုင်နာတွေ ပါးနီတွေလဲမသုံးတတ်ဘူး မီးလေးဆီမှာဆို ပေါင်ဒါတစ်ဘူး နှုတ်ခမ်းနီအရောင်ရင်ရင့် မျက်တောင်ကော့ဆေးနဲ့ မျက်ခုံးဆွဲတံပဲရှိတာ ဒါတောင်အဒေါ်ပြောလွန်းအားကြီးလွန်းလို့ မျက်ခုံးဆွဲတာ အလှမပြင်တတ်တော့ မပြင်ဖြစ်ဘူးပေါ့

ဟီးးးးအဲ့ဒါကြောင့်လဲအပျိုကြီးဖြစ်နေတာပေါ့.......ဟတ်ဟတ်(ကြုံတုန်းကြော်ငြာဝင်တာ)
သူငယ်ချင်းတွေက အပြင်ထွက်မှတွေ့ရတာဆိုတော့ သူတို့ထင်တာမီးလေးအလှပြင်တာ ၀ါသနာပါတယ်ပေါ့ ဟိဟိ အခုအလုပ်တွေပိတ်ထားကြလို့မီးလေးဆီမှာစုရောက်နေတော့မှပဲ ဘုရားတကြတော့တယ်

မီးလေးနင်အိမ်မှာနေရင်ဒီစတိုင်ပေါ့လေ”တဲ့

“အေးလေ..ငါကဘာပြင်ရဦးမှာလဲ”
“မပြင်ချင်ပါဘူး အလုပ်ရှုပ်တယ် အချိန်ကုန်တယ်”လို့ပဲပြန်ပြောပေးလိုက်တယ် ....ဟီးးးးးးး

မီးလေးအိမ်မှာနေရင် ဆံပင်ကိုစုပြီးထုံ ဘောင်းဘီတို..အကျီ်လက်ပြတ်မျက်နာကအပြောင်နဲ့. .ဒီလောက်မိုက်တာကိုများ..သူတို့မို့ပြောကြတယ်..နော်.......ဟိဟိ.............. နောက်တစ်ခုက စာအုပ်တွေပဲ ကြိုက်ပြီးဆိုရင်..ဘာစာအုပ်ရယ်လို့မဟုတ်ဘူး အကုန်ဝယ်တယ် အခုမှနည်းနည်းတော်တယ် စာကြည့်တိုက်မှာသွားမွှေနေရလို့ အမေဆိုပြောတယ် “မီးလေးနင့်စာအုပ်တွေနင်ဘာလုပ်မှာလဲ ဖတ်ပြီးရင်လဲ စာကြည့်တိုက်သွားလှူလိုက်ပါလား အိမ်ရှုပ်တယ်” အဲ့ဒီစကားကတော့ အမေပြောလွန်းလို့ ရိုးနေတဲ့စကားတစ်ခွန်းပေါ့ မီးလေးကအင်မလုပ်အဲမလုပ်နဲ့လေ အခုတော့လဲ စိတ်ဆုံးဖြတ်လို့ စာကြည့်တိုက်မှာအကုန်သွားလှူလိုက်ပါပြီးချင့်

အမေတို့ကလဲပြန်တော့မှာ မီးလေးကလဲသယ်မနိုင်ပါဘူး ဖတ်ပြီးသွားပြီဆိုတော့ သိမ်းထားချင်တာပေါ့ သူများပေးရမှာနှမျှောတယ်လေ စာအုပ်တွေကအသစ်တွေကြီးပဲ .. အဲ့လိုလဲကပ်စီးနဲပါသေးတယ်ချင့် ဟိဟိ..ကြိုပြောထားတယ်နော် ဘာမှလာမတောင်းကြနဲ့..ဟတ်ဟတ်

မီးလေးရဲ့ကြွားတာလေးကတော့ ဒီလောက်ပါပဲရှင် ဘာမှကြွားစရာမရှိတဲ့အတွက် ဓါတ်ပုံနဲ့တကွတော့ ဖော်မပြတော့ပါဘူး.... ဟိဟိ...တော်ကြာမရှိမဲ့ရှိမဲ့လေးတွေ လာတောင်းနေကြရင်..ဒွတ်ခ...

Thursday, December 25, 2008

ဒီဇင်ဘာနှုတ်ခမ်းနှင့်(၂၀၀၈)အလွမ်း

မီးရောင်အောက်မှာ ဖြူစင်စွာ ထက်ကောင်းကင်ယံ ကနေ ဖြည်းညှင်းစွာ ကျဆင်းလာနေတဲ့ နှင်းပွင့်ဖြူလေးတွေကို ကျမ နှစ်သက်စွာ ပြတင်းကနေ ငေးကြည့်နေရင်း “သူတို့လေးတွေကတော့ အေးမြ နေမှာပဲနော်”။ ကျမလဲ သူတို့ကို နှစ်သက်လို့ အဖြူရောင်ကို သဘောကျ နှစ်ခြိုက်မိတာလား မသိတော့ပါဘူး။

ခရစ်စမတ်ရာသီ ပြီးခဲ့ပြန်ပေါ့ နှစ်သစ်ကူးပြောင်းဖို့ (ဒါမှမဟုတ်) နှစ်ဟောင်းကုန်ဖို့ ရက်ကလဲ တဖြည်းဖြည်း နီးကပ်လာပြီလေ။ ကျမအတွက်တော့ မထူးဆန်းတော့တဲ့ ခရစ်စမတ်နဲ့ ပျော်ရွှင်စရာ ကောင်းမှာ မဟုတ်တဲ့ နှစ်သစ် ဖြစ်နေဦးမလားပဲ။

လွန်ခဲ့တဲ့ နှစ်တွေတုန်းကလဲ ဒီလိုပဲ ထူးမခြားနား ဖြတ်သန်းလာရတာ မဟုတ်လား။ ဒီနှစ်တွေလဲ အိမ်ထဲမှာပဲ အချိန်တွေ ကုန်ဦးတော့မှာပဲလေ။ ဘာမှ မတတ်နိုင်ဘူးလေ၊ ကျမက ဖန်ဆင်းရှင်မှ မဟုတ်တာပဲ၊ ကျမ ရွေးချယ်ပိုင်ခွင့် မရှိတဲ့ ကျမပိုင်ဆိုင်နေတဲ့ ကျမဘ၀ပဲလေ။


*****
ပြတင်းကနေ ငေးကြည့်နေရင်းနဲ့ အဖြူရောင် အရိပ်လေးတစ်ခု ဟိုးးးးး ဝေးဝေးဆီကနေ ကျမရှိရာဆီ တစ်ရွေ့ရွေ့ လှမ်းလာနေတာ တွေ့လိုက်ရတယ်၊ ကျမ အမြင်မှားတာများလား။ တဖြည်းဖြည်း နီးကပ်လာပြီး မြင်နိုင်လောက်တဲ့ နေရာရောက်တော့မှ အဲ့ဒီအရိပ်လေးရဲ့ ဖြူလွလွ အနွေးထည် ထူထူဝတ်ထားပြီး လက်ပိုက်ရင်း တစ်လှမ်းချင်း လျှောက်လှမ်းလာပုံက မင်းသားလေး တစ်ပါး လှမ်းလာနေသလိုပါပဲ။

မျက်နှာကျပုံ ပြေပြစ်ပြီး နူးညံ့တဲ့ မျက်ဝန်းတစ်စုံ၊ နွေးထွေးမဲ့ နှုတ်ခမ်း နဲ့ တိကျတဲ့ မေးရိုးတွေကြောင့် သူဟာ လူချောတစ်ဦးလို့ ကျမ မှတ်ချက်ချမိပါတယ်။ မီးရောင်ကြောင့်သာ သူ့မျက်နှာကို ထင်ထင်ရှားရှား မြင်ခွင့်ရပေမယ့် နီးကပ်လာရင်တော့ ကျမ ဒီလိုမျိုး စေ့စေ့ ကြည့်ရဲတော့မှာ မဟုတ်ပါဘူး။ သူ့ကို ကျမမြင်ဖူးသလို ရှိနေပေါ့၊ တစ်စစ နီးကပ်လာတဲ့ခါမှာ “သူဘယ်သွားမှာပါလိမ့်”


ဒေါက်.. ဒေါက်... ဒေါက်....”
အိုးးးး ကျမရှိရာကို လာတာပဲ၊ ဘုရားသခင် တကယ်လားဟင်!! ကျမ စိတ်ကူးယဉ်တာ များသွားလို့များလား။ ကျမလဲ တံခါးရှိရာသွားလို့ ဖွင့်ပေးမိတယ်။ ကျမက သူ့ကိုမေးမြန်းတော့ သူက နူးညံ့ ချိုသာ ပြေပြစ်လှစွာ ပြန်ပြောမှုကြောင့်လဲ ကျေနပ်မိတာပေါ့။

နှင်းကျတာ ရပ်သွားရင် ခရီးဆက်ပါ့မယ် ပြောတာကြောင့် အိမ်ထဲဝင်ဖို့ ဖိတ်ခေါ်မိတယ်လေ။ သူက မီးလင်းဖိုနား သွားထိုင်နှင့်ပြီး ကျမလဲ ဖြည်းဖြည်းချင်း သူ့နောက်နား ဘေးဘက် မကျတကျ နေရာလေးမှာ ငြိမ်ငြိမ်လေး ထိုင်နေမိတယ်။


သူက သူ့ရဲ့အကြောင်း တစ်ချို့ကို စိတ်ရှည်စွာ ပြောပြလေရဲ့။ သူစကားပြောပုံက အသံသြဇာအပြည့်နဲ့ သာယာ တိုးညှင်းပြီး ချိုသာစွာ ပြောတတ်ပုံ လေယူလေသိမ်းကို ကျမ သဘောကျမိပါတယ်။ သူ့မျက်နှာကို ဘေးတိုက် ခိုးခိုး ကြည့်နေရင်းမှ တစစ ကျမရဲ့ ရင်ခုန်သံတွေ မြန်လာတာ ကျမတောင် သတိမထားမိလိုက်ပါလား။

ကျမတို့တွေ တစ်ညလုံး စကားတွေ ဖောင်ဖွဲ့ပြောနေမိတာ ဟိုးး အရင်တုန်းက သိခဲ့ ခင်မင်ခွင့်ရခဲ့တဲ့ သူတွေ အတိုင်းပါပဲ။ သူက ဖော်ရွေတတ်ပြီး အကြင်နာတရား ရှိမယ့်ပုံလဲ ရတယ်လေ။


မီးလင်းဖိုက မီးရှိန်ကြောင့် ထင်ရဲ့ သူ့အနွေးထည်ကို ချွတ်ပြီး နောက်ဖက်က ခုံပေါ် လှမ်းတင်လိုက်တယ်။ သူ့လှုပ်ရှားမှုတွေက ငြင်သာလှပြီး ကျမ မကြည့်လဲ မြင်နေရတာပေါ့။ နှင်းကျတာ ရပ်သွားမှာတောင် ကျမစိုးမိပါရဲ့။ ဒီအချိန် ခဏတာလေးကို ဆွဲဆန့်ထားလို့ ရရင် သိပ်ကောင်းမှာနော်။ ကျမရဲ့ အထီးကျန် ကမ္ဘာလေးထဲကို ဧည့်သည်အဖြစ် သူက ပထမဆုံး ရောက်ရှိလာတာ မဟုတ်လား။

ကျမရဲ့ အတွေးတွေ မဆုံးခင်မှာပဲ နှင်းကျတာ တဖြည်းဖြည်း စဲသွားတယ်။ သူက အပြင်ကို တစ်ချက် ကြည့်လိုက်ရင်း သွားတော့မယ်လို့ နှုတ်ဆက်တယ်။ “ဟင့်အင်း မသွားပါနဲ့၊ ကျမကို ဒီလို အထီးကျန်နေခဲ့တာ ကြည့်ရက်လား၊ တစ်ခါတည်း ခေါ်သွားလိုက်ပါတော့လား၊ ရှင်ရဲ့ နွေးထွေးမှုတွေ ချိုသာလှတဲ့ အသံတွေကို ကျမ ဆက်လက် နားထောင်နေပါရစေ၊ ထွက်မသွားလိုက်ပါနဲ့နော်”

စိုးထိတ်မှု အတွေးတွေနဲ့ ကျမ အော်ဟစ်လို့သာ တားလိုက်ချင်တော့တယ်လေ၊ တရွေ့ရွေ့ သွားနေတဲ့ သူ့နောက်ကျောကို ငေးကြည့်နေမိတာပေါ့။ သူကတော့ ကျောခိုင်းလို့ တံခါးပေါက်ရှိရာ အရောက်မှာ “ဒီမှာ ရှင့်အနွေးထည် ကျန်နေခဲ့ပြီ” ကျမရဲ့ အသံကြောင့် ထင်ရဲ့ သူရပ်တန့်လိုက်ပြီး နောက်လှည့်လို့ ကျမကို စောင့်နေတယ်။ ကျမလဲ သူ့အနွေးထည် ဖြူလွလွလေး ကိုင်ရင်း တရွေ့ရွေ့ သူရှိရာဆီ အသက်မရှူမိပဲ လျှောက်လှမ်း လာနေမိတာပေါ့။

အနားရောက်တော့ အနွေးထည်လေး လှမ်းပေးရင်း အမှတ်မထင် နွေးထွေးလှတဲ့ သူ့လက်အစုံနဲ့ ထိမိလိုက်တဲ့ခါမှာ ကျမ ရှက်သွေးဖြန်းသွားပါတယ်။ သူက ကျမလက်ကို ဆုပ်ကိုင်လာချိန်မှာတော့ ညှို့ဓါတ်မိသူ တစ်ယောက်လို သူ့မျက်နှာကို မော့ကြည့်ရင်း ငြိမ်သက်နေမိတယ်။ ပြုံးနေတဲ့ သူ့မျက်နှာက ကျမမျက်နှာနား တဖြည်းဖြည်း နီးကပ်လာချိန်မှာတော့............

*****
ကျမ မျက်စိ ဖွင့်ကြည့်လိုက်တဲ့ခါမှာ... နှင်းတွေကွဲနေပြီး အလင်းရောင်တောင် အတော်ရနေပြီပဲ။ ကြည့်စမ်း ကျမ အိပ်ပျော်သွားလိုက်တာ... ပြီးတော့ လှပလိုက်တဲ့ အိပ်မက်လေးပါလား၊ ဒီလိုမျိုး တစ်ခါမှ မမက်ခဲ့ဖူးဘူး။ အိပ်မက်တိုင်းသာ တကယ်ဖြစ်လာမယ်ဆိုရင်...........

ကျမအတွက်တော့ ဒီ (၂၀၀၉) က ပျော်စရာတွေ အတိ ပြီးနေတော့မှာလား။ ကျမရင်ခုန်စွာနဲ့ စောင့်မျှော်နေမိတော့မှာ... အခုမှပဲ ကျမအတွက် ဒီဇင်ဘာဟာ လှပသွားပြီး အထီးကျန် ဆန်မနေတော့တာ သတိထားမိတယ်။ ဒီ ၀ိုးတ၀ါး အိပ်မက်ကြောင့် များလားကွယ်။ ဒီ့အတွက် ဘုရားသခင်ကို ကျေးဇူးအထူးတင်ပါတယ်။

*****
သူမရဲ့ မျက်နှာမှာ ကြည်လင်တဲ့ အပြုံးတွေ ဖူးပွင့်နေပြီး နှင်းပွင့်လေးလို အေးမြစွာနဲ့ တွန်းလှည်းရဲ့ ဘီးကို လက်နဲ့လှည့်ရင်း အိမ်ခန်းတွင်းသို့ တဖြည်းဖြည်းနဲ့ တိုးဝင် ပျောက်ကွယ်သွားပါတော့တယ်။
*****
ချစ်မညလေး (အိမ်မက်ဒိုင်ယာရီ) ရဲ့ဘလော့ခ်ထဲက ညလေးရေးထားတဲ့ဝတ္ထုတိုလေးကို ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ရှင်..........ဟီးးးးးး မီးလေးဆားချက်တာဟုတ်ဖူးနော် ဟိဟိ
*****
သူငယ်ချင်း မောင်နှမများ အားလုံးပဲ နှစ်သစ်မှာ စိတ်သစ် ကိုယ်သစ်နဲ့ ဘ၀သစ်ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေနော်.....

Happy New Year 2009!!!


Wednesday, December 24, 2008

မောင်

အလွမ်းကဗျာ လေးတွေကို
နှစ်သက်စွာ ရေးနေမိခဲ့တဲ့
မ..ကိုမှ…အလွမ်းတွေ
ခံစား တတ်လာအောင်
သင်ပေးနေတာလား……မောင်….၊

ကဗျာလေးတွေ ပိုပီပြင်လာအောင်
ခံစားချက်တွေ ထည့်သွင်းနိုင်အောင်လို့
ပညာတွေ ပေးနေတာလား……….မောင်…။

သံယောဇဉ်တွေ တစ်ရစ်ရစ်တိုးလို့
တစ်ဖြည်းဖြည်းနဲ့ ပိုပိုချစ်လာခဲ့မိတယ်
အလိမ်အညာ စကားလုံးတွေနဲ့
မ..နှလုံးသားကိုဖမ်းစား……..
မောင့်ရဲ့နည်းဗျူဟာထဲမှာ
ကျရှုံးနေရသူပါ………မောင်..၊

မျှော်လင့်ချက်တွေပေးလို့
မောင်စွန့်ခွာသွားမယ်ဆိုရင်တောင်
ငိုကြွေးချင်နေတာတောင်မှ
အပြုံးမပျက်……..
ကျန်ရစ်ပေးမယ့် သူပါ…...မောင်။



Wednesday, December 17, 2008

အကြိုက်ဆုံး.......ကဗျာ

တူမတော်လေးမက်မက်(dream)ကတီတီရေတတ်ခ်ပို့စ်လို့လာအော်သွားတာ တော်တော်တောင်ကြာသွားပြီး
(၄)ရက်ပဲနော်တဲ့....မပြီးရင်ချစ်တဲ့သူနဲ့လွဲသွားရင်တာဝန်မယူဘူးတဲ့ဗျာ..စက်ရက်တယ်ဗျာ....
ဒါနဲ့ပဲချစ်သူကိုအရေးတကြီးအကြောင်းကြားလက်ထပ်ဖို့အရေး လုပ်ရတော့မယ်လို့
စိတ်ကူးမိသွားတယ်ဆိုပါတော့ဗျာ......ဟီးးးးးးးးး

ကဲကဲ...ဘာကဗျာရေးမယ်ဆိုတာ...သိချင်နေကြတယ်..မဟုတ်လား............ငှဲငှဲငှဲ
နာမည်ကြီးကဗျာတွေက..လူတိုင်းသိနေကြတာဆိုတော့ ဘယ်သူမှမသိနိုင်လောက်တဲ့
ကဗျာကိုပဲရွေးလိုက်ပါတော့တယ်ချင့်....
ကဗျာခေါင်းစဉ်တော့မမှတ်မိတော့ဘူးဗျာ........သယ်ရင်းတွေနဲ့(၉)တန်းနှစ်တုန်းက...သူနိုင်ကိုယ်နိုင်
ရေးကြတဲ့ကဗျာပေါ့............

ငှက်၏ခြေရာ လေမှာမရှိ
ငါး၏ခြေရာ ရေမှာမရှိ
ယောင်္ကျားတို့၏ အချစ်
သစ္စာမရှိ.......တဲ့.................

ဘလော့ဂါသူလေးများ....ကြိုက်ကြပါသလားရှင်........ထောက်ခံပေးကြနော်.............ဟဲဟဲ
နောက်တစ်ပုဒ်ကတော့............အလွမ်းတွေနဲ့မွှေ့ပျော်သူဆိုတော့..အလွမ်းကဗျာလေးပေါ့နော်
ဆောင်းတွင်းရောက်နေပြီးဆိုတော့..........ဆောင်းနဲ့ပတ်သတ်တဲ့ကဗျာလေးပေါ့......

ချစ်သူမသိတဲ့..........ဆောင်း

မြူနှင်းတွေ ဝေရင်
ပင့်သက်ကို ရှိုက်လို့
အတိတ်ကို ပြန်တွေးစမြဲပါလေ။

ဟိုးတစ်ချိန်တုန်းက ဆိုတဲ့
အတွေးတွေနှင့်
နေရာဟောင်းမှာ ခြေစုံရပ်လို့
ငါဟာ စင်စစ်
ရူးသွပ်နေသူ တစ်ယောက် မဟုတ်ပါလား.....။

တစ်နေ့နေ့မှာ..........
ရောက်လာခဲ့မလားရယ်လို့
တမျှော်တလင့်နှင့် ရင်မှာမောလှပြီး.....။

ဆောင်းရယ်............
ငါ့ကို လှည့်စားနိုင်လွန်းတယ်...........။

မုန်းထိုက်တဲ့ အထောက်အထား
မေ့ထိုက်တဲ့ အကြောင်းချက်တွေ
တွေ့ပါလျှက်နှင့်
မမုန်းရက် မမေ့နိုင်တဲ့
ငါ့ကိုယ်ငါလည်း အပြစ်မဖို့ချင်ပြီ။

အချစ် ဆိုတာကို
ပေးဆပ်စွန့်လွှတ်ခြင်းလို့
ခံယူမိတဲ့ ငါ့အတွက်
ပျော်ရွှင်ခြင်းတွေ ဆိတ်သုဉ်း
ဒဏ်ရာမည်းမည်းတွေကို
ရင်မှာပိုက်လို့
အခုတော့လေ............
မမေ့တတ်သူတစ်ယောက်သာ
ရင်နာရ စမြဲပါကွယ်....၊

ဆောင်း.............
မြူနှင်းတွေဝေရင်
ပင့်သက်ကို ရှိုက်လို့
အတိတ်ကို ပြန်တွေးမိ စမြဲပါလေ...........။

ရေးသားသူ.........သစ်ပင်(တောင်ကြီး)

မီးလေးရေးတာထက်ကောင်းချင်မှကောင်းမယ်နော်..........ဟိဟိ
ဆောင်းအကြောင်းကိုကြိုက်လို့ဒီကဗျာလေးရွေးလိုက်တာပါ
တူမတော်လေးရေ...ကျေနပ်တော့နော်...............အာဝါးးးးးးးးးးးး

Sunday, December 14, 2008

ပဟေဋ္ဌိ...........အဖြေ

ညီမလေးပုလဲကတော့နံပါတ်(၂)ဖြေတဲ့အတွက်..မိဘသဘောမတူတဲ့ကြားက
အချစ်ကိုဦးစားပေပြီး မိမိစိတ်သဘောကျတဲ့သူ့နဲ့..ဇွတ်အတင်းယူမှာတဲ့ကွယ်
တူလေးဂျယ်ကတော့လေ..ခုချိန်ကစပြီးဘလော့ဂါသူလေးတွေကိုဖားထားနော်
သွားပြီးစမနေနဲ့တော့…လူပျိုကြီးဖြစ်မှာတဲ့ကွယ်……….
တူမတော်မက်မက်နော်….ဟွန်းးးးးမပြောချင်ဘူးအရှောင်ကောင်းတယ်မှတ်…..
မောင်လေးဗီဗီကတော့အိမ်ရှေ့ကကောင်ဆိုတော့..သူ့ခမျာလဲခုထိရှာတာမတွေ့သေး
တော့..အချိန်တန်တော့လဲလူပျိုကြီးမဖြစ်ချင်တော့..မေမေ့သဘောဆိုပြီး………
အမေ့နားကပ်လို့..မိဘပေးစားတဲ့သူကိုပဲယူလိုက်ရတယ်ပေါ့ကွယ်…..ငှဲငှဲ
မောင်လေးစိုင်းနောင်ရေအမကအိမ်ထဲမှာရှိနေတော့နီးရာဆိုရင်
အိပ်ယာထဲကကောင်ပေါ့ကွယ်…..ဟိဟိ
ငါ့မောင်လေးဝင်းဇော်တော့သနားပါတယ်….အချစ်မတွေ့တော့ဘုန်းကြီးဝတ်ရပြီပေါ့
စကိုင်းတောင်နားမှာသွားဝတ်ရင်တော့အကြောင်းကြားလိုက်ပါကွယ်နော်…ဟဲဟဲ
မမ၀ါကတော့မြွေကြောက်တယ်ဆိုတော့…ဦးဥာဏ်ကိုအကူအညီတောင်ပေါ့..ဟိဟိ
အံမယ်လှလှကခုထိတော့မစွံသေဘူး….အင်းးးးးးးးးးးချစ်တဲ့သူကိုပိုင်ဆိုင်နိုင်မှာတဲ့..
ချစ်တဲ့သူနဲ့လက်တွဲရမှာတဲ့နော်..မရှိသေးရင်ရှာထားနော်သယ်ရင်းရေ……အကူအညီလိုလဲ
လှမ်းပြောလိုက်ပေါ့……ဟီး
ကိုစွမ်းကတော့မချစ်ချင်ချစ်ချင်နဲ့ချစ်လိုက်တော့.သူ့ခမျာချစ်တဲ့သူကိုပဲ အတင်းယူလိုက်ပါတော့တယ်ကွယ်………….
မမဆုမွန်ကတော့မြွေကြောက်တော့…ဖွားသီလရှင်လုပ်နဲ့နော်……ဟိဟိ
မောင်လေးအိမ်ရေသနားပါတယ်…ထင်ပါတယ်…ပေါကြောင်ကြောင်လေးဆိုတာကို
ဟီးးးးးးးးစတာနော်မဖြေတော့မသိရဘူးပေါ့ကွယ်
ကိုvankoကတော့ချစ်တဲ့သူနဲ့လက်တွဲရမယ်ဆိုတာတော့သေချာသလောပါပဲ
ဖြေထားတာကကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု့အပြည့်နဲ့ပဲဆိုတော့…ဟဲဟဲ
မောင်လေးအိတာရေတိုတိုပြတ်ပြတ်နဲ့ဖြေထားလိုက်တာ…စိတ်မကောင်းပါဘူး
လူပျိုကြီးတဲ့ကွယ်…ခုထဲကရှာထားတော့နော်…..း)
ကိုကြီးပီကေ..ကီပေ..ကတော့ပြောချင်တော့ဘူးဟွန်းးးးးးးး
သူမဖြေချင်တိုင်း….လူချိုး…
မောင်လေးတောင်ပေါ်သားကတော့လူလည်ကြီးပဲ..ဖြေထားဘူး..ဟွန်း
Htike22ကတော့ငယ်ထိပ်မြွေပေါက်မှတော့မောင်လေးရယ်လည်ပင်းမှာကြိုးနဲ့ချည်
ထားလိုက်ပေါ့ကွယ်….ဟိဟိ……လူပျိုကြီးတဲ့ကွယ်…
ညီမလေးနေ့အိမ်မက်ကသိနေတယ်ဆိုတော့…ပြောတော့ပါဘူး…အဟဲ
မောင်လေးအညတြကတော့..တော်လိုက်တာချစ်တဲ့သူနဲ့လက်တွဲရမယ်တဲ့
ကံကောင်းပါစေနော်..း)
အကိုတော်ဇင်ယော်ကတော့ခုထိမစွံသေးတာ..မဆန်းပါဘူးနော်……. အံ့ပါရဲ့တော်မအိပ်ပဲနေမှာလာ….မြွေနဲ့ဖက်အိပ်မယ်ပေါ့လေ…. ငယ်ထိပ်မြွေပေါက်မှာတော့ကြောက်တတ်တယ်ပေါ့လေ..ဟွန့်..သတိထားနော်လူပျိုကြီးရဲ့…ဟိဟိ
မလတ်(နှင်းဆီနက်)ကတော့အပျိုကြီးတဲ့တော်…အရှုံးမပေးနဲ့မလတ်ရေကြိုးစားကြိုးစား
အလင်းရောင်လေးရေ..အိုကေအိုကေ….ချစ်တဲ့သူနဲ့လက်တွဲရမယ်တဲ့..အဆင်ပြေပါစေကွာနော်
4everlove..ကမိဘသဘောတူတဲ့လူနဲ့လက်တွဲမယ်ဆိုပါလား….အင်း.သူလဲမိဘအားကိုးတာပဲ…း)
သယ်ရင်းခေါင်ခေါင်ရေ…မီးမီးမထင်လိုက်မိဘူးကွယ်..ဟိဟိအပျိုကြီးဖြစ်မှာတဲ့… သိပ်မရွေးနဲ့တော့နော်…ဖြစ်သွားမှဒွတ်ခ…..ဟိဟိ
ဒီတစ်ခါတော့..ညခင်းနဲ့လမင်း..ကလူလိမ္မာလေးပေါ့နော်…မိဘပေးစားတဲ့သူနဲ့ပဲ လက်တွဲတော့မယ်ဆိုပါလား…ကောင်းလေစွကောင်းလေစွ….း)
စေတန်လေးရေမသွားချင်လဲနေပေါ့..ဟွန်း
မောင်လေးမိုးကြယ်ရေအဖြေပေးပြီနော်..လူပျိုကြီးတဲ့..ဟားဟ…ခုထဲကရှာထားတော့နော်
ဂျူဝသန်လဲလူလည်လေးပဲ…ရပါတယ်ရပါတယ်…း)
ကိုအိမ်မက်ရှင်လဲ…ဘာမှပူနဲ့တော့မမနဲ့လက်တွဲရမယ်..ဟိဟိ..ပျော်ရွှင်ပါစေနော်
ငှက်ငယ်လေးရယ်..ဟင့်..နံပါတ်(၁)ကိုသတ်ချင်တယ်ဆိုတော့…နည်းနည်းတော်သေးတယ်.. ခုတော့(၃)တဲ့….သညားပါရယ်ကွာ…စိတ်မကောင်းမဖြစ်နဲ့..ခုထဲကရှာထားတော့နော်
ဟိဟိ..စတာနော်..
အင်းးးးးးးကိုဟိန်းညီကိုမှတ်ချက်ချရမယ်ဆိုရင်တော့…အဟမ်း.. အကိုကအနီးဆုံးကအကောင်ကိုသတ်ချင်တဲ့သူဆိုတော့… အကိုကနီးစပ်မှု့ကိုတင်းမခံနိုင်ဘူးနော်… .ပြီးတော့…ဒီလောက်ပဲပြောတော့မယ်..သိချင်သေးရင်မုန့်လာဝယ်ကျွေး……ဟိဟိ
သံလွင်ဟီးရိုးတဲ့ကွာ..အကြံပိုင်သလားမမေးနဲ့..ဟွန့်..မပြောလိုက်ချင်ဘူး..လိုချင်တယ်ပေါ့လေ နောက်မှအများကြီး.ယူလာပေးမယ်…ဟင်းဟင်း
အကိုတော်မိုးသောက်လဲဝေ့လည်ကြောင်ပတ်လုပ်သွားတယ်နော် နောက်တစ်ခေါက်ထိမှာစိုးတယ်ပေါ့လေ..ဟိဟိ
ကိုဂျုလိုင်ကတော့အကြံပိုင်တယ်ဗျာ......ချစ်တဲ့သူနဲ့ရမှာပါ.....
မမသက်တန့်လဲတူတူပဲ..ဟွန့်ဖြေပါဆိုဖြေသွားဘူး..သိပ်မကြောက်ပါနဲ့မမရယ်….
ကော်ရုပ်တွေပါ…ဟိဟိ
Dream..angel…ကတော့ချစ်တဲ့သူနဲ့လက်တွဲရမယ်တဲ့….တကယ်ဖြစ်နိုင်ပါစေရှင်…
ပျော်ရွှင်ပါစေနော်…..း)
မောင်လေးရှင်းသန့်ကိုတော့မြွေသတ်ဖို့အပ်တစ်ချောင်းပေးမယ်..ကျေနပ်လား….ဟိဟိ
ကိုရုပ်ကလေးကတော့လေ….သတ်ပါဆိုမသတ်သွားဘူး..မြွေမင်းသားကခုမရှိသေးဘူးကွ… ချိတ်ချိုးတယ်နော်..ဟွန့်
ညီမလေးသဉ္ဇာရေ…မလွမ်းနဲ့တော့နော်အဆင်ပြေသွားလိမ့်မယ်.. ချစ်တဲ့သူနဲ့လက်တွဲနိုင်မှာတဲ့ကွယ်….ဟေးးးးးးးဖြောင်းဖြောင်းရွှီးရွှီး….ဟိဟိ
ညီမလေးရောင်ပြန်ကအိမ်ရှေ့ဆိုတော့…မိဘသဘောတူတဲ့သူနဲ့တဲ့ကွယ်… ချစ်တဲ့သူကိုမိဘကျေနပ်လာတဲ့အထိ…ကြိုးစားခိုင်းပေါ့ကွယ်နော်…
အဆင်ပြေပါစေနော်ညီမလေး
မီးတောက်ရေကြားထဲကအထီးအမခွဲခိုင်းနေရတယ်လို့..မီးမီးကဇူးနဲ့မပြီးထားဘူးချင့်..ဟီး
စတာနော်….း)
ကိုစိုင်းဝဏ္ဏကတော့ချစ်တဲ့သူလေးကိုလက် တွဲနိုင်အောင်သာကြိုးစားပေတော့ဗျို့…..
(၁)မိဘသဘောတူတဲ့လူနဲ့ဖူးစာဆုံမယ်
(၂)ခိုးရာလိုက်ပြေးမယ်
(၃)အပျိုကြီး ၊ လူပျိုကြီးဖြစ်မယ်
(၄)ချစ်တဲ့သူနဲ့လက်တွဲရမယ်တဲ့……….
လာရောက်ဖြေပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးတင်ရှိပါတယ်နော်….
မီးလေးလာ..အဟဲ…ပထမမေးတော့ချက်ချင်းပဲ…
မြွေနဲ့တော့မအိပ်ချင်ပါဘူးဆိုပြီးအိပ်ယာကမြွေကို သတ်ပြီးချက်စားလိုက်တာတော့..ဟိဟိ…. ဗိုက်ဝသွားတာနဲ့…တစ်ခြားအကောင်တွေငါ့ဆီလာရင်ဒွတ်ခပဲဆိုပြီးအိမ်ရှေ့ကကောင်ကို သတ်ပြီးထွက်ပြေးတာပေါ့..ဟားဟ
အကြံပိုင်ပါတယ်ဆိုတဲံ့..ဟီးရိုး..မင်းဘာတတ်နိုင်သေးလဲကွ..ဟိဟိ

Friday, December 12, 2008

ဖြေပေးကြပါဦးနော်

မီးလေးမေးခွန်းလေးတစ်ခုမေးမလို့ပါ…အပျော်ပေါ့နော်…
မီးလေးစိတ်လဲနည်းနည်းညစ်နေတာနဲ့ သူငယ်ချင်းတွေနဲ့ဟာသလေးတွေပြော
ပဟေဌိလေးတွေ ဖွက်ကျတယ် အခုမီးလေးကမီးလေးရဲ့ဘလော့ခ်မောင်နှမတွေ ကိုလက်ဆင့်ပြန်ကမ်းမှာပေါ့နော် သိပြီးသားသူတွေလဲ ရှိကြမှာပါ…….မေးတော့မယ်နော်


အိမ်တစ်အိမ်မှာပေါ့ မြွေလေးကောင်ရှိတယ်……….

(၁) အိမ်ရှေ့မှာ…..တစ်ကောင်

(၂) အိမ်နောက်ဖေးမှာ……တစ်ကောင်..

(၃)အိမ်ရဲ့ထုတ်တန်းမှာ ………တစ်ကောင်

(၄)ကျန်တစ်ကောင်က ကိုယ်အိပ်မယ့် အိပ်ယာထဲမှာ……


တစ်ကောင်ကို မဖြစ်မနေသတ်ရမယ်ဆိုရင် ဘယ်အကောင်ကိုသတ်လိုက်မှာလဲ မသတ်လို့မရဘူးနော် သတ်ကိုသတ်ရတော့မယ်…..ဖြေကြည့်နော် တစ်ရက်အချိန်ပေးမယ် ပြီးရင်အဖြေကိုကြည့်ပြီး အဲ့ဒီလူရဲ့ စိတ်ဘယ်လိုရှိလဲဆိုတာ ဖြေပေးမယ်နော် အပျော်ပေါ့ ဒါက ( psyco ) နဲ့ဆိုင်တယ်နော် ဖတ်ပြီးတာနဲ့အဖြေတစ်ခုတော့ စိတ်ထဲကအတိုင်း ဖြေပေးသွားပါလို့နော်………….

အားလုံးကိုခင်မင်လျှက်



Tuesday, December 9, 2008

ကိုယ့်ကိုယ်ကိုယ် မုန်းမိတဲ့ (၁၀) ချက်

ကိုပုလုကွေးနဲ့ကိုအရုပ်ကလေးတို့ တတ်ခ်းထားတာလဲကြာပြီးရေးမယ်ရေးမယ်နဲ့ အလုပ်တွေကလဲအခုတလောများလာတာနဲ့ အချိန်မပေးနိုင်တော့ဘူး
ကဗျာတွေလဲမရေးရတာကြာပေါ့ ဖတ်မယ်ဆိုပြီးငှားလာတဲ့စာအုပ်တွေကလဲ ကုတင်နားမှာပုံလို့ အခန်းကလဲရှုပ်ပွ အမေတောင်လာပြီးပြော၇တယ် မြွေတွေခိုနေပြီးလာတဲ့ အမေလာပြီးရှင်းပေးတဲ့အခန်းမှာ နေပြီးအိမ်ပြန်ချင်တဲ့စိတ်ကိုထိန်း နေရတာလဲခဏခဏ.... စိတ်ပူလို့ဖုန်းခဏခဏဆက်ဆက်လာတဲ့အမေ့ကို မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျနေတာတောင် အမေမသိအောင်လို့ လေသံကိုမာပြီးအေးဆေးပါလို့ပြောနေမိတာလဲအခါခါပဲ............ဪ..ဒွတ်ခဒွတ်ခ
ဆက်ရေးနေရင်ငိုချင်းညည်းတယ်ဖြစ်နေဦးမယ်..........

ဆက်လိုက်ပါဦးမယ်..မီးလေးကကိုယ့်ကိုယ်ကို..အရမ်းချစ်တာ.. မုန်းရမယ်ဆိုတော့တော်တော်လေးကိုခက်တာပဲနော်.........ဟီးးးးးးးး
အင်းးးး....မမုန်းချင်မုန်းချင်နဲ့မုန်းရဦးမှာပေါ့လေ......ကဲ...လာပြီးနော်

(၁)ပျင်းရိလွန်းတာ
ပျင်းတာတော့မပြောနဲ့..ထမင်းစားရမှာတောင်ပျင်းတယ်.. ဗိုက်ဆာနေလဲပျင်းလို့ဒီတိုင်းနေတာ အခုတောင်အလုပ်လုပ်ချင်တာမဟုတ်ဘူး (မီးလေးတို့များပျင်းရမှာတောင်ပျင်းတယ်) ဟိဟိ..အမေ့ပြောနကျပေါ့ဒီစကားလေ.... ပျင်းတာနာမည်သာမကောင်းတာလူအရမ်းသက်သာတာသိလား. ဟီး

(၂)အအိပ်မက်တာ
မီးလေးအိပ်နေလို့ကတော့အမေလာခေါ်တာတောင်မထဘူး.... အနားမှာလဲလာမညံနဲ့မရဘူး စိတ်တိုလာရော...အအိပ်မက်လို့ထမင်းလွတ်တာလဲခဏခဏပဲ

(၃)ဒေါသကြီးလွန်းတာ
ဒါကတော့စိတ်တိုလာရင်ထိန်းရအရမ်းခက်တယ် လုပ်ပြီးမှ..စိတ်ပြေသွားမှ..ဪ...ငါဒီလိုမလုပ်သင့်ဘူး စိတ်ထိန်းနိုင်ရမှာပေါ့လို့...ဟိဟိ

(၄)ခံစားရလွယ်တာ
မဆူလိုက်နဲ့ထစ်ခနဲရှိမျက်ရည်ကအရင်ကျတယ်...
ဝတ္ထုဖတ်လို့ဝမ်းနည်းစရာမတွေ့နဲ့ မီးလေးတို့မျက်ရည်ထွက်နေပြီး.......

(၅)စိတ်မှတ်ကြီးတာ
မမှတ်ထားလဲသူကရှိနေရော ဘယ်လိုမှမပြေဘူး ပြန်လုပ်လိုက်ရမှ အခုတောင်မှတ်ထားတာတွေရှိသေးတယ်
ဟတ်ဟတ်ဟတ်

(၆)လက်မြန်လွန်းတာ
တစ်ခြားတော့မဟုတ်ပါဘူး...သူများလာမလုပ်ခင်ပြန်တီးနေတတ်တဲ့လက်အကျင့် သည်းခံလိုက်မယ်ဆိုတာမရှိဘူး....ပါးစပ်ကလုပ်လိုက်ရဆိုရင်..လက်ကရောက်ပြီးသွားပြီး
ဒါတောင်မိန်းကလေးမို့လို့..တဲ့အမေပြောတာလေ

(၇)သရဲအလွန်ကြောက်တတ်တာ
မမြင်ရတဲ့သရဲကိုငယ်ငယ်လေးထဲကကြောက်တာ အပြင်သွားရင်လူမကြောက်ဘူး သရဲပဲကြောက်တယ်
မီးလင်းမှအိပ်တတ်တယ်မှောင်နေရင်အလိုလိုစိတ်ခြောက်ခြားတယ်....ဘယ်တော့မှအမှောင်ထဲမှာမနေဘူး
ကြောက်လွန်းလို့....ဟဲဟဲ

(၈)ပိုးကောင်ကြောက်တတ်တာ
မီးလေးကသရဲလဲကြောက်တယ်ပိုးကောင်လဲကြောက်တယ် တစ်ခါတစ်လေတီကောင်တောင်ကြောက်တယ် တီကောင်တွေ့ရင်လူကိုတွန့်သွားတာပဲ...အသီးအရွက်မှာပါတတ်တဲ့ပိုးကောင်စိမ်းစိမ်းလေးတွေ တွေ့ရင်တော့လုံးဝမစားတော့ဘူး ရွံလဲရွံတယ်ကြောက်လဲကြောက်တယ် ဒီခန္ဓာကိုယ်ကြီးနဲ့.......ဟီးးးးး
မထင်ရဘူးနော်

(၉)အိပ်ယာထနောက်ကျတတ်တာ
ဘယ်တော့မှစောစောမထချင်ဘူး အခုဆိုပိုဆိုးသေးတယ်(၈)နာရီထဆိုရင်(၉)နာရီလောက်မှနိုးတယ်
စောစောနိုးသွားရင်တောင်ပြန်အိပ်တတ်တယ်ညညဆိုတော်ရုံမအိပ်ဘူး မနက်ဆိုလဲမထတော့ဘူး...အဟဲ

(၁၀)ချစ်စရာကောင်းလွန်းတာ..........(ဟိဟိ..ကပ်ကြွားတာမယုံနဲ့)
အရမ်းချစ်စရာကောင်းလွန်းလို့ကိုယ့်ကိုယ်ကိုယ်လဲမုန်းမိတယ် ဘာလို့ဒီလောက်ချစ်စရာကောင်းရတာလဲပေါ့
အမေ့ကိုမကျေနပ်ဘူး..ဘယ်လို့ဒီလိုလေးမွေးထားရတာလဲပေါ့နော်....

ဟီးးးးးးးးပေါကြောင်ကြောင်လေးရေးထားပေးတာကို အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်နော်.......

Monday, December 1, 2008

ကျိုးပျက်ခဲ့ပြီးနောက်

ဂုဏ်ပကာသန

အဆင့်အတန်း တွေကြောင့်

တို့တွေဝေးခဲ့ကြရတယ်နော်………..၊


တို့နှစ်ယောက်…….

“ သစ္စာစူးရင် ရူးကြေး “လို့လည်း

ကြိမ်ဆိုဖူးခဲ့ပါရဲ့……နော်၊


ကို...နမ်းရှိုက်လိုက်ပြီ ဖြစ်တဲ့

နန်းထက်ပွင့်ဝေ ပင်မြင်စံ

တော်ဝင်သဇင် မဟုတ်ပေမယ့်………

အဖြူစင်ဆုံး တောစံပယ်လေးကို

အမှတ်ရပါလေစ………..၊


ဝေးခဲ့တဲ့အချိန်တွေ ကြာခဲ့ပြီဖြစ်တဲ့

ကို့…ကိုမိတ်ဆွေတစ်ယောက်အဖြစ်

ရေစက်ဆုံ ခဲ့တာမို့

ချစ်ပြီးတာတွေ မမုန်း

ဆုံချင်သေးတယ်………ကိုရယ်.။



သူငယ်ချင်းအတွက် ရေးပေးခဲ့တဲ့ကဗျာလေးတစ်ပုဒ်ပါ

အခုတလောမီးလေးအသစ်မတင်နိုင်သေးတာနဲ့ ရှိပြီးသားကဗျာလေးကို တင်လိုက်ပါတယ်နော်

အခုတလောမအားသေးတာနဲ့အိမ်လည်မသွားနိုင်သေး ပါသဖြင့် အားတာနဲ့ချက်ချင်းအလည်လာပါမယ်လို့နော်

တတ်ခ်ကြွေးတွေလည်း ပြီးအောင်ရေးပေးပါ့မယ်နော် မီးလေးကိုခင်မင်သူများအားလုံးကိုမီးလေးကလည်းခင်မင်ပါတယ်လို့...

အားလုံးကိုခင်မင်လျှက်..........မီးလေး

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit