Friday, December 12, 2008

ဖြေပေးကြပါဦးနော်

မီးလေးမေးခွန်းလေးတစ်ခုမေးမလို့ပါ…အပျော်ပေါ့နော်…
မီးလေးစိတ်လဲနည်းနည်းညစ်နေတာနဲ့ သူငယ်ချင်းတွေနဲ့ဟာသလေးတွေပြော
ပဟေဌိလေးတွေ ဖွက်ကျတယ် အခုမီးလေးကမီးလေးရဲ့ဘလော့ခ်မောင်နှမတွေ ကိုလက်ဆင့်ပြန်ကမ်းမှာပေါ့နော် သိပြီးသားသူတွေလဲ ရှိကြမှာပါ…….မေးတော့မယ်နော်


အိမ်တစ်အိမ်မှာပေါ့ မြွေလေးကောင်ရှိတယ်……….

(၁) အိမ်ရှေ့မှာ…..တစ်ကောင်

(၂) အိမ်နောက်ဖေးမှာ……တစ်ကောင်..

(၃)အိမ်ရဲ့ထုတ်တန်းမှာ ………တစ်ကောင်

(၄)ကျန်တစ်ကောင်က ကိုယ်အိပ်မယ့် အိပ်ယာထဲမှာ……


တစ်ကောင်ကို မဖြစ်မနေသတ်ရမယ်ဆိုရင် ဘယ်အကောင်ကိုသတ်လိုက်မှာလဲ မသတ်လို့မရဘူးနော် သတ်ကိုသတ်ရတော့မယ်…..ဖြေကြည့်နော် တစ်ရက်အချိန်ပေးမယ် ပြီးရင်အဖြေကိုကြည့်ပြီး အဲ့ဒီလူရဲ့ စိတ်ဘယ်လိုရှိလဲဆိုတာ ဖြေပေးမယ်နော် အပျော်ပေါ့ ဒါက ( psyco ) နဲ့ဆိုင်တယ်နော် ဖတ်ပြီးတာနဲ့အဖြေတစ်ခုတော့ စိတ်ထဲကအတိုင်း ဖြေပေးသွားပါလို့နော်………….

အားလုံးကိုခင်မင်လျှက်



44 comments:

မြတ်သွယ် said...

မမီးလေး
ညီမလေးရဲ့ အဖြေက (၂)ပါ ဘာလို့လဲတော့သိဝူး
ဖတ်ပီးပီးချင်းအဖြေကအဲဒီအဖြေမို့ပါ
ဘာအဖြေထွက်လာမလဲ စောင့်နေမယ်နော်

ဗီလိန် said...

အိမ်ရှေ့ကကောင်..... သတ်ပြီးထွက်ပြေးလို့ရအောင်
အိမ်နောက်ဖေးကကောင်..... အင်အင်းယိုရအောင်
ထုတ်တမ်းပေါ်ကကောင်..... တီဗွီထိုင်ကြည့်လို့ရအောင်
အိပ်ယာထဲကကောင်... အိပ်လို့ရအောင်

ကဲ ဘာပြောချင်သေးလဲ ဟိဟိ။

ဖိုးဂျယ် said...

(၃)အိမ်ရဲ့ထုတ်တန်းပေၞက အကောင်ကို သတ်မယ်
အဖြေ လာပြောပြနော် တီတီလေး

Dream said...

ဟင့်.... မြွေကို မြင်တာနဲ့ မပြောနဲ့ ကြားတာနဲ့တောင်
လူကို တွန့်သွားတယ်.. ကြောက်လို့...

မြွေရှိမယ်ဆိုရင် အဲဒီ နေရာကနေ အမြန်ဆုံး ထွက်ပြေးမှာ...လေးကောင်တာ ရှိတဲ့အိမ်မှာ တော့ မနေတော့ဘူး... ကြောက်ပါတယ် ဆိုမှ သတ်ခိုင်းနေသေးတယ်... ဟင့်.. သတ်ရမယ် ဆိုရင် ဘီဘီကိုအကူအညီ သွားခေါ်မယ်.. သူက မြွေအလိမ္မယ် လုပ်စားဘူးတယ်...အဟီး.. သူ့ ဘလော့မှာတောင် သူဖမ်းလာတဲ့ မြွေတွေကို တင်ထားသေးတယ်... အဲဒါ ကြည့်ပြီး အိပ်မက် ထဲမှာ မြွေတွေ ကို မက်မက်အိပ်မက်တောင် မက်သေးတယ်.. ဟင့်...အိပ်မက်ထဲမှာတောင် ကြောက်နေရ သေးတယ်... :) :)

ဗီလိန် said...

အတည်ဖြေတော့မယ်ဗျာ။ အိမ်ရှေ့ကကောင်ကို သတ်မယ်ဗျာ။ ကျန်တာတွေက အိမ်စောင့်ပေါ့။

စိုင်းနောင့် said...

စိတ်ဝင်စားစရာမို့ ရောက်ပါတယ်။
မြွှေ(၄)ကောင်နေရာကိုတော့ သိပါပြီ။
အစ်မမီးလေးဇာက ဘယ်နေရာရောက်နေလို့လဲ
အိမ်ရှေ့မှာလား၊ အိမ်နောက်မှာလား၊ ဧည့်ခန်းမှာလား၊ အိပ်ခန်းမှာလား
ကိုယ်နေတဲ့နေရာမှာရှိတဲ့ မြွေကို ကိုင်သာ ကိုင်ပစ်လိုက်ပါ။ တာဝန်ယူပါတယ်။

Anonymous said...

စိတ်မကောင်းပါဘူး အစ်မရယ်
ကျွန်တော်လေ (၅)ပါးမဟုတ်ဘူး၊ (၉)ပါးသီလ ယူထားလို့ပါနော်.. အဟီး ကြောက်တယ်

WWKM said...

မြွေ ကြောက်တယ်.
သတ်ရဲဘူး. :D

Dr Phyo Wai Kyaw said...

အိပ်ရာထဲက ကောင်...
ဖြေတယ်နော်..
ချိတ်ညစ်နေတယ်ဆိုပါလား...

ကိုဂျူဝသန်ဆီ ပိုစ့် အသစ် သွားဖတ်ပါလားဟင်...
မိုက်စ်တယ် ဂယ်...

:P

ကိုစွမ်း said...

တစ်ကောင်မှ မသတ်တော့ပါဘူးဆိုတာကို တစ်ကောင်ရအောင် သတ်တဲ့။ သူတစ်ပါး အသတ်ကို အတင်း လိုက်သတ်ခိုင်းနေတယ် ။ မသတ်လို့ မရတော့လည်း သတ်ရတော့တာပေါ့။ အိပ်မယ့်အိပ်ရာထဲက အရှည်ကောင်ကို သတ်မယ်ဗျာ

Anonymous said...

အကုန်သတ်မယ် လေးကောင်လုံး
အတည်ပြောတာ ရှည်ရှည်မျောမျော အကောင်ဆို အကုန် ကြောက်တယ်
မြွေကို အရမ်းကြောက်တာ မြင်တာနဲ့ အူယားတယ် တီကောင်တောင် မကြည့်ရဲဘူး အရင်က နန်းကြီးသုတ်တောင် မစားဘူး..ဟီးဟီး

Anonymous said...

ဘယ်ကောင်ကိုမှ မသတ်ဘူး ဘာလို့လဲဆိုတော့
ကိုယ်တိုင်ကလဲမြွေလိုပဲ ပြဿာနာရှာတတ်လို့
လေ။အားလုံးကို မေတ္တာထားပြီးအတူနေမှာပေါ့ဗျာ/

Anonymous said...

အင်း.. တစ်ကောင်မဖြစ်မနေ သတ်ရမယ်ဆိုရင်တော့ အနီးဆုံးကောင်ကို ဆော်ရမှာပဲ။ အိပ်ယာထဲကကောင်ကို ဆော်ပစ်မယ်. မြွေနဲ့တော့ တစ်အိပ်ယာထဲ အတူမအိပ်နိုင်ပေါင်ဗျာ...။ ပုံပြင်ထဲကလို မြွေမင်းသမီးလေးဆိုရင်တော့ အဟိ..။ အဲဒါဆိုရင်တော့ တစ်မျိုးပေါ့နော့။
:P

အိတာ said...

ထုပ်တန်းပေါ်ကအကောင်ကိုသတ်မယ်...:D
ခင်မင်လျက်
အာတိ

ပီကေ said...

သတ္ကို သတ္ရမွာလား။
အင်းးးးးးးးးးးးးးးး
တစ်ကောင်ကောင်တော့ သတ်ကို သတ်ရမယ်ဆိုရင်တော့

ကိုယ့်ကိုယ်ကိုပဲ သတ်တော့မယ်။
သူများ အသက် မသတ်ကောင်းဘူးလေ၊ ငြီမငေးရဲ့။

တောင်ပေါ်သား said...

ထုတ်တမ်းက ဘယ်က ထုတ်တမ်းလဲ အမရ အိမ်လည်မှာလား အိပ်ခန်းမှာလား တော်ကြာ နှစ်ကောင်ဖြစ်နေဦးမယ် ဟီးးးးး မဖြေချင်လို့ စကားလွဲလိုက်တာ အမရေ အိန္ဒိယက မြွေဆရာ ခေါ်ပြီး အားလုံး ထုတ်လိုက်ရင်ကော.....

Anonymous said...

ထုတ်တန်းပေါ်က ကောင်ကိုသတ်မယ်...မသတ်ရင်
ငယ်ထိပ်ကို ပေါက်မှာ...သတ်မယ်...သတ်မယ်...

Anonymous said...

အဲဒါသိတယ်မမ၊ ငယ်ငယ်ကကြားဖူးတယ်၊ အိပ်ရာပေါ်ကဟာသတ်ရင် အချစ်ရေး၊ ဘာညာအဲလိုမျိုးဟုတ်၊ အဖြေအကုန်ပြောတော့ဘူးနော်၊ အစ်မပဲဖြေပေးလိုက်တော့၊ :)

Unknown said...

အိမ်ရှေ့ကမြွေ…..အိမ်နောက်ဖေးကမြွေ…… အိမ်ရဲ့ထုတ်တန်းက မြွေ တွေက သူဟာသူနေပြီး ကိုယ့်ကို ဒုက္ခအရင်ဆုံး မပေးနိုင်ဘူးလို့ထင်တယ်။ ဒါကြောင့် အိပ်ယာထဲက အနီးဆုံးမြွေကိုပဲ သတ်သင့်တယ်။ အဖြေမှန်ကဘာလဲ မသိဘူးဗျ။

ဇင်ယော် said...

အိမ်ရှေ.လည်း မသွားပဲ နေလို့ ရတယ်။ အိမ်နောက်ဖေးလည်း ရှောင်နေလို့ ရတယ်။ အိပ်ယာထဲလည်း ၀င်မအိပ်လို့ ရတယ်။ အဲ ထုတ်တန်းက အကောင်ရှည်ကတော့ ငယ်ထိပ်တည့်တည့်ခုန်ချရင် ဒုက္ခ။ အဲဒီတော့ ထုတ်တန်းက ကောင်ပဲ ဆော်တော့မယ်ဟာ။ အဖြေအမြန်ပြောပြ။

နှင်းဆီနက် said...

အမကတော့ထုတ်တန်းကကောင်ကိုပိုအသဲယားတယ် သတ်မှဖြစ်မယ်ဆိုရင်တော့ သူ့ကိုပဲသတ်ဖြစ်မယ် အဖြေကိုလာပြောပြနော်.......
" မလတ် "

အလင်းရောင် said...

ရှင်းရှင်းပြောရရင် တစ်ကောင်မှမသတ်ချင်ဘူး။ သို့သော်မသတ်မဖြစ်ဆိုရင်တော့ တစ်ကောင်ကို ရွေးချယ်သတ်ရမှာပဲ အဲဒီတစ်ကောင်က အိပ်ရာပေါ်ကတစ်ကောင်ပါ။ တစ်နေ့လုံးပင်ပန်းနေတာလေ ညလေတော့ ကောင်းကောင်းအိပ်ချင်တာပေါ့။ ကိုယ်အိပ်ရမှာရှိနေတော့ ဘယ်လိုအိပ်မလဲ ကျွန်တော်အထင်တော့ အိပ်ယာပေါ်ကအကောင်ကိုသတ်မယ်။ နံပါတ်(၄)ပေါ့ ဟီးဟီး။ အိုကေအိုကေ။

Anonymous said...

အိမ်ရှေ့က မြွေ ကိုသတ်မယ်။ ဧည့်သည် မလာမှာစိုးလို့။ ။:)

ခေါင်ခေါင် said...

သယ်ရင်း.. နံပါတ် ( ၃ )

Anonymous said...

အိမ်ရှေ့က အကောင်ကို သတ်ပါ့မယ်

ဒါမှ အိမ်နောက်က အိမ်ထဲက အကောင်တွေကို

ဆက်သတ်လို့ ရမှာမို့ လို့ ပါ

နံပါတ်(၁) ပါ

တောသားကြီး said...

ဒီလောက်မြွေပေါတဲ့အိမ်တော့ သွားတော့ဘူးဗျာ အဲဒါဆိုသတ်စရာလဲလိုတော့ဘူး ဟီး

Anonymous said...

ထုတ်တန်းပေါ်ကကောင်ကိုသတ်မယ်။
ဘာကြောင့်လည်းဆိုတာသိချင်ရင် တစ်ရက်ကြာရင်အဖြေပေးမယ်နော်..း)

ခင်မင်စွာဖြင့်

ဂျူဝသန် said...

တစ်ရက်တော့ စဉ်းစားခွင့်ပေးနော်... နောက်နေ့အဖြေလာပေးပါ့မယ်။ မပြောင်းလဲဘူးမဟုတ်လား။ ဘယ်သူနဲ့မှ မတိုင်ပါဘူး။ အဒုမှ နကျောဝူးနော်..။

Anonymous said...

တစ်ကောင်မှ မသတ်ပဲ အကုန် တိရစ္ဆာန်ရုံပို့လိုက်မယ်လေ ... ဒါဆို ... အိုခေ ... ။
တကယ်တော့ သတ်ချင်တာက ... အိပ်ယာပေါ်က မြွေ ... ဘာလို့လည်းဆိုတော့ ... ကျန်တာတွေက ကိုယ်နေတုန်း ရှောင်နေ ရတယ်၊ အိပ်နေရင် သတိမရှိတော့တဲ့အတွက် ကိုယ့်ကို ပေါက်နေရင် ဒွတ်ခ ။ ဒါကြောင့် ... ။

ကဲ ... အမြန်အဖြေပေးတော့ စိတ်ဝင်စားလှပြီ ညီမရေ ... ။ :D

ငှက်ငယ်လေး said...

ညီမလေး အဖြေထွက်တာက
နံပါတ် ၁ ကို သတ်မိမယ်ထင်တယ်
နံပါတ် ၂ ကို ကို ကျ လုံးဝ မသတ်ချင်ဘူး
နံပါတ် ၄ ကို ကျ သတ်ရမှာ တမျိုးကြီးပဲ ဘာလို့ လဲတိဘူး.....
.........................................................................
နံပါတ် ၃ ကို ကျ လုံးဝကို သတ်ပြစ်ချင်တယ်....သတ်လိုက်ပီနော်

ဟိန်းညီ said...

မြွေဆိုတော့ ကိုယ့်အတွက်အကျိုးမရှိ
အန္တရာယ်ပေးမယ့်ကောင်ပေါ့နော်။
အဲလိုစဉ်းစားမယ်ဆိုရင် ကိုယ်မသတ်ရင်ကိုယ့်ကိုသတ်မှာပေါ့။
ဒါဆိုရင် သတ်ကိုသတ်ရမယ်နော်။
ဒီလိုသတ်ကြကြေးဆိုရင် ကျွန်တော်ကတော့
အနီးဆုံးကအကောင်ကိုအရင်သတ်မှာ။ရှင်းရှင်းလေးပဲ။

သံလွင် HeRo said...

ဒီကိစ္စကိုဟီးရိုးကယ်မှဖြစ်တော့မယ်. ဒါနဲ့ မမမီးလေးဇာရေ...ထုတ်တန်းဆိုတာဘာကြီးလာဗျ.နားမလည်ဘူး.အထုတ်တွေကိုတန်းစီပြီးထားထားတဲ့နေရာလားဟင်.
တစ်ကောင်မှမသတ်ချင်ဘူး.ဟီးရိုးကမြွေချစ်တယ်ဗျ
အိမ်နောက်ဖေးကတစ်ကောင်ကိုဟင်းချက်ခိုင်းမယ်. ထုတ်တန်းထဲကတစ်ကောင်ကိုအထုတ်စောင့်ခိုင်းမယ်.
အိမ်ရှေ့ကတစ်ကောင်ကိုသူခိုးဖမ်းခိုင်းမယ်.အိပ်ယာထဲကတစ်ကောင်ကိုဖက်အိပ်မယ်...ဟီဟီး
ဟီးရိုးအကြံမပိုင်ဘူးလား...ငှဲငှဲငှဲ

Anonymous said...

ကိုယ့်ကို အရင်ဆုံး အန္တရယ်ပေးနိုင်တဲ့ အကောင်ကို သတ်မယ် :P

JulyDream said...

ကိုဟန်သစ်ငြိမ်ရဲ့ ဘလော့မှာ အဲဒီမေးခွန်းကို တစ်ခါ ဖြေဖူးပြီးပြီ။ အိမ်ထောင်ရှိပြီးသားသူများ ဖြေရန်မလိုပါ။ လူပျို အပျိုတွေအတွက် ရည်ရွယ်ထားတဲ့ စမ်းသပ်မှုလေးတစ်ခုပါတဲ့ဗျာ။

အခု မီးလေးဇာက ထပ်မေးထားတော့ ဖြေရရင်...
အိပ်ခန်းထဲက မြွေကိုပဲ သတ်မိမှာပါ။ အခန်းထဲက ကိုယ့်အိပ်ယာပေါ်မှာ မြွေရှိနေရင် ဘယ်လိုလုပ် အိပ်တော့မလဲပေါ့။ ဟဟ...

သက်တန့် said...

ညီမလေး မီးလေးဇာရေ...
ဘာတွေများ စိတ်ညစ်နေတာတုံးကွ...
ပျော်ပျော်နေ သေခဲလေ... နော်... :)

မမက မြွေဆိုကြောက်တယ်ကွ...
မြင်တာနဲ့ကို အသည်းတုန်နေပြီ...
တတ်နိုင်သ၍တော့ မသတ်ဘဲနေမယ်...
သတ်ကို သတ်ရမဲ့ အခြေအနေမျိုး ရောက်လာတယ်ဆိုရင်...
ကိုယ့်ကို အန္တရာယ်ပေးမဲ့ အကောင်ကို အရင်ဆုံး သတ်မယ်...

Anonymous said...

အိပ်ယာကကောင်ကိုသတ်မယ် ဟီးးးးးးးးး
အပြင်မထွက်ရလည်းအိပ်ထဲမှာပဲ အိပ်တော့မယ်

Anonymous said...

မမမီးလေး ရေ
မြွေကို ဘာနဲ့ သတ်ရမှာလဲဗျ
လည်ပင်း ညှစ်သတ်ရမှာလား
ဒုတ် နဲ့ရိုက် သတ် ရမှာလား
သေနတ်နဲ့ ပစ်သတ်ရမှာလား

အင်း...... ကျွန်တော် ကို သေနတ် နဲ့တော့မပစ် ခိုင်းပါနဲ့
ကျန်တဲ့ ဟာတွေနဲ့ဆိုရင် ရပါတယ်ဗျာ
(သတ္တ၀ါ အချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ)
:P

အရုပ်ကလေး said...

အော် ဖြစ်ရမယ်..
မြွေပေါတဲ့ အိမ်မှ နေရသလား ညီမရဲ့
သူတို့ကို အစားအသောက်လေး ကျွေးလိုက်ရင်
အဆင်ပြေမှာပါ..
စိတ်ကောင်းထားလိုက်ပါ..မြွေမင်းသားလေး ပါရင်
ညီမကို ကြွေချင် ကြွေနေမှာ ..
ဟုတ်တယ်ဟုတ်..
ချစ်ပြလိုက် .. မြွေတွေကို
မြွေတွေက မောင်နှမတွေနဲ့ တူတယ်..
မြွေမင်းသားလေးကို ရဖို့ အတွက် ကျန်တာတွေကိုလည်း ဖားထား.. သိလား

thinzar said...

အောင်ညလေး...မြွေတဲ့....
ကြောက်ပါတယ်ချိုမှ.....
၎ ကိုသတ်မယ်..။
မြွေဂျီးနဲ့ အိပ်ချင်ဘူး.....
ကြောက်ကြောက်... :P

Anonymous said...

အိမ်ရှေ့ကအကောင်ကို အရင်သတ်မယ်ဆိုရင်ကော ဒါမှအိမ်ထဲကိုဝင်လို့ရမှာပေါ့...
သူငယ်ချင်းတစ်ယောက်ကပြောတယ် အိပ်ရာကအကောင်ကို အရင်သတ်မယ်တဲ့..
အမတစ်ယောက်ကပြောတော့
ထုတ်တန်းကကောင်ကိုတဲ့...
အစ်ကိုတစ်ယောက်ကပြောတော့
အနောက်ကကောင်ကိုအရင်သတ်မယ်တဲ့..
ဦးလေးကြီးကပြောတော့ ဘာမှမသတ်ဘဲထွက်ပြေးမယ်တဲ့.. အဲဒါဆိုရင်ကော

မီးတောက် said...

မြွေတွေက အထီးတွေလား.......အမတွေလား
အထီးဆိုရင် ရိုက်သတ်မယ်.....
အမဆိုရင်တော့ ကိုယ့်ရဲ့ မြွေမင်းသမီးလေးများ ဖြစ်နေ
မလားလို့.....
အဲဒါကြောင့်အမဆိုရင်မသတ်တော့ဘူး........
ဆက်လက်ရေးသားနိုင်ပါစေ

Anonymous said...

အိပ်ရာပေါ်က ကောင်ကိုပဲသတ်တော့မယ်
အိပ်ချင်လို့ပြန်လာတာ ဒီကောင်တွေနဲ့ကြုံရတယ်ဆိုတော့
အိပ်ရာပေါ်ကကောင်ကိုပဲသေသတ်မယ် ...

Anonymous said...

ဘယ်အကောင်ကို သတ်ရပါ့..ဟာဟ.
အိပ်ရာထဲကကောင်ကိုတော့ အရင်သတ်သင့်တယ်ထင်တယ်.. ဟီး... အခြေအနေ မကောင်းဘူး . လစ်မှ...

ဟိန်းညီ said...

အားမရလိုက်လို့ပြန်ဖြေလို့ရမလားဟင်
ဟဟဟဟ
နံပါတ်(၄)အကောင်ကော
(၁)ကော ၊ (၂) ကော သတ်မယ်ဗျာ။
(၃) ကလွဲလို့ပေါ့။ :) ဟဟဟ

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit