Monday, December 1, 2008

ကျိုးပျက်ခဲ့ပြီးနောက်

ဂုဏ်ပကာသန

အဆင့်အတန်း တွေကြောင့်

တို့တွေဝေးခဲ့ကြရတယ်နော်………..၊


တို့နှစ်ယောက်…….

“ သစ္စာစူးရင် ရူးကြေး “လို့လည်း

ကြိမ်ဆိုဖူးခဲ့ပါရဲ့……နော်၊


ကို...နမ်းရှိုက်လိုက်ပြီ ဖြစ်တဲ့

နန်းထက်ပွင့်ဝေ ပင်မြင်စံ

တော်ဝင်သဇင် မဟုတ်ပေမယ့်………

အဖြူစင်ဆုံး တောစံပယ်လေးကို

အမှတ်ရပါလေစ………..၊


ဝေးခဲ့တဲ့အချိန်တွေ ကြာခဲ့ပြီဖြစ်တဲ့

ကို့…ကိုမိတ်ဆွေတစ်ယောက်အဖြစ်

ရေစက်ဆုံ ခဲ့တာမို့

ချစ်ပြီးတာတွေ မမုန်း

ဆုံချင်သေးတယ်………ကိုရယ်.။



သူငယ်ချင်းအတွက် ရေးပေးခဲ့တဲ့ကဗျာလေးတစ်ပုဒ်ပါ

အခုတလောမီးလေးအသစ်မတင်နိုင်သေးတာနဲ့ ရှိပြီးသားကဗျာလေးကို တင်လိုက်ပါတယ်နော်

အခုတလောမအားသေးတာနဲ့အိမ်လည်မသွားနိုင်သေး ပါသဖြင့် အားတာနဲ့ချက်ချင်းအလည်လာပါမယ်လို့နော်

တတ်ခ်ကြွေးတွေလည်း ပြီးအောင်ရေးပေးပါ့မယ်နော် မီးလေးကိုခင်မင်သူများအားလုံးကိုမီးလေးကလည်းခင်မင်ပါတယ်လို့...

အားလုံးကိုခင်မင်လျှက်..........မီးလေး

11 comments:

Anonymous said...

ကျိုးပျက်ခဲ့ပြီးနောက်မှာ ...
အရင်လို ခံစားဖွဲ့နွဲ့မှုတွေထက် ထူးခြားမှုတစ်ခုကို မြင်မိတယ် ...
“သစ္စာစူးရင် ရူးကြေး” ...
ကာရံလေးကို မြင်လိုက်တယ် ...။ ပြန်ဆက်ပေမယ့် အက်ရာကလေးတော့ ကျန်နေခဲ့မှာ သေချာပါတယ်...

Dr Phyo Wai Kyaw said...

ဒဂယ့် အဖြစ်အပျက်ကျနေတာပဲ။

စိုင်းစိုင်းလားရှိုး said...

အင်း မီးလေး မအားတာ သိတယ်။ သိနေတယ်နော်....

thihanyein said...

သေချာသလား သူငယ်ချင်းအတွက်ဆိုတာ **ဟဟ
စတာ**ကောင်းတယ်***

Anonymous said...

ကဗျာလေးတွေကတော့ ကောင်းပါ့ဗျာ
အချစ်ကြီးပုံ ခွင့်လွတ်တတ်ပုံလေးလည်း မြင်ရသဗျ
ကောင်း၏ ကောင်း၏

မြတ်သွယ် said...

ကဗျာလေးကောင်းလိုက်တာ မမေရယ်
ရေစက်ဆုံ ခဲ့တာမို့
ချစ်ပြီးတာတွေ မမုန်း
ဆုံချင်သေးတယ်.... ညီမလေးသာဆို ငိုချင်မိမှာ
ထိတယ် ကြိုက်တယ် မမီးလေး

Anonymous said...

ကဗျာလေးလွှတ်ကောင်းမမ
သစ္စာစူးရင် ရူးကြေးတဲ့လား..
မိုက်တယ် :)

Anonymous said...

ဟယ်...တယ်ဆိုတဲ့စာပါလားနော်
အမှတ်မရှိပြန်ဆုံချင်သေးသတဲ့
ဟီ.............
ကောင်းတယ်ဗျာ ကြိုက်တယ်ဗျို့ ကဗျာကိုပြောတာနော

သက်တန့် said...

ညီမလေး မီးလေးဇာရေ...
သူငယ်ချင်းအတွက် ရေးပေးတာလေးက ကောင်းလိုက်တာ...
"သစ္စာစူးရင် ရူးကြေး" ဆိုတာလေးကို ကြိုက်တယ်... :)

Anonymous said...

ကဲ ကတိအတိုင်း အားတာနဲ.လာလည်နော်။

ဇင်ယော် said...

သူငယ်ချင်းအတွက် ရေးပေးတာတဲ့။ တယ်ကောင်းပါလား။ ခွင့်လွှတ်တတ်တယ်ပေါ့လေ။ အဟေး ပြန်ဆုံချင်သေးတယ်တဲ့။ ပြန်ဆက်တဲ့ကြိုးဆိုတာ ဘယ်လောက်ခိုင်ခိုင် စမ်းကြည့်ရင်တော့ ဆက်ထုံးလေးနဲ့ ဟ။

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit