Wednesday, December 24, 2008

မောင်

အလွမ်းကဗျာ လေးတွေကို
နှစ်သက်စွာ ရေးနေမိခဲ့တဲ့
မ..ကိုမှ…အလွမ်းတွေ
ခံစား တတ်လာအောင်
သင်ပေးနေတာလား……မောင်….၊

ကဗျာလေးတွေ ပိုပီပြင်လာအောင်
ခံစားချက်တွေ ထည့်သွင်းနိုင်အောင်လို့
ပညာတွေ ပေးနေတာလား……….မောင်…။

သံယောဇဉ်တွေ တစ်ရစ်ရစ်တိုးလို့
တစ်ဖြည်းဖြည်းနဲ့ ပိုပိုချစ်လာခဲ့မိတယ်
အလိမ်အညာ စကားလုံးတွေနဲ့
မ..နှလုံးသားကိုဖမ်းစား……..
မောင့်ရဲ့နည်းဗျူဟာထဲမှာ
ကျရှုံးနေရသူပါ………မောင်..၊

မျှော်လင့်ချက်တွေပေးလို့
မောင်စွန့်ခွာသွားမယ်ဆိုရင်တောင်
ငိုကြွေးချင်နေတာတောင်မှ
အပြုံးမပျက်……..
ကျန်ရစ်ပေးမယ့် သူပါ…...မောင်။



17 comments:

တက်လူငယ် said...

ခံစားချက်လေးတွေကောင်းတယ်ဗျာ။ ထိမိပါတယ်။

Anonymous said...

ိထိပါ့ ၊ငြိပါ့ဗျာ...
ကာယကံရှင်ကတော့ ကြွေသွားလောက်ပါပေတယ်...

ဖိုးဂျယ် said...

ဒီဇင်ဘာ အလွမ်းတွေလား တီတီဇာ
တားတို့ လွမ်းဖို့လဲ ချန်ထားပါဦးဂျ
ကောင်းလိုက်တဲ့ စာသားလေးတွေ

Anonymous said...

မိုက်တယ်ဗျာ တမောင်မောင်နဲ့ မောင်းတောင်
ထုချင်လာတယ်။ဟိဟိ
စတာပါနော် စိတ်ဆိုးရဘူး။
ကဗျာကောင်းလေးတပုဒ်ပါဗျာ။

Anonymous said...

ကဗျာလေးတွေ ပိုပီပြင်လာအောင်
ခံစားချက်တွေ ထည့်သွင်းနိုင်အောင်လို့
ပညာတွေ ပေးနေတာလား……….မောင်…။

ဒါကြောင့် ထင်ရဲ့
ကဗျာလေးက လွတ်ကောင်းနေတာကိုး :P

Anonymous said...

မီးလေးရေ...
ခံစားသွားပါတယ်...
မယ်

Anonymous said...

မောင်သာဖတ်မိရင်ကြွေသွားလောက်တယ် ဟီးးးးးးးးးးးး
နောက်တာနော်
ကဗျားလေးကအရမ်းကိုမိုက်တယ်ဗျာ
အားပေးနေပါတယ်

puluque said...

အဲ့ဒီလူကြီးတော်တော်ဆိုးတာပဲ
ကောင်မလေးခမျာ လွမ်းလွန်းလို့
ကဗျာတွေတစ်ပုဒ်ပြီးတစ်ပုဒ်ထွက်ကျလာတယ်။
ဟား ဟား...merry x'mas

စိုင်းစိုင်းလားရှိုး said...

အင်း မောင်ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ လင်းယုန်တောင်ပံဖြည့် ဗျူဟာ သုံးတာနေမှာ။ ၀က်ရှူးပျံ ဗျူဟာနဲ့ ပြန်ချ....

သက်တန့် said...

"မျှော်လင့်ချက်တွေပေးလို့
မောင်စွန့်ခွာသွားမယ်ဆိုရင်တောင်
ငိုကြွေးချင်နေတာတောင်မှ
အပြုံးမပျက်……..
ကျန်ရစ်ပေးမယ့် သူပါ…...မောင်။"

ညီမလေး မီးလေးဇာရေ...
ခံနိုင်ရည်စွမ်းနဲ့ မေတ္တာကို ချီးကျူးပါတယ်ကွယ်...
ကဗျာစာသားလေးတွေကလည်း လွှတ်ကောင်းပဲကွ... :)

မြတ်သွယ် said...

ရက်စက်ပါပေ့
အပြုံးမပျက်ကျန်ရစ်နေသူပါ မောင်...
ကဗျာလေးကောင်းတယ် မမီးလေး
ခံစားဖတ်သွားပါတယ်
အားပေးလျက်ပါ :)

WWKM said...

ညီမလေးရယ်..
ကဗျာလေးက ကောင်းလိုက်တာ.
ခံစားချက်တွေပေါ့။။။း)

Dr Phyo Wai Kyaw said...

သြော..
နာ့တယ်ရင်း တနားပါတယ်.
ဘာပြောပေးရမလဲကွ..
သိပ်မခံစားနဲ့
လက်မြန်တယ်ဆို
ပိတ်တီးပစ်လိုက်တာမဟုတ်ဘူး..
:P

Anonymous said...

ကဗျာလေးကို ခံစားသွားပါတယ် ...

ကိုစွမ်း said...

ကောင်းချက်ဗျာ။ ထောင်းချက်ထားသလားထင်ရတယ်. အပီအပြင်ခံစားပြီး ရေးထားတာပဲ

Anonymous said...

မမရေ
ခံစားချက်တွေပေါက်ကွဲလာတယ်ထင်ပ... :)
အဆင်ပြေပါစေနော်...

တုတ်ကြီး said...

ယုံဘူးဗျာ..ဒီလိုပြောခဲ့
ဲပြီး..ဟီးဟီး..
" မ..ကျွန်တော်ဟာမ
ဘထဲအချစ်ဆုံးဖြစ
်စေသား"ဒေါင်လွဏ်း
သီချင်းလေးတောင်
်သတိရမိ။စတာပါနော်
ကဗျာလေးကရိုးပေမဲ့
သန့်စင်မှုတွေမြင်
နေရတယ်...

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit