Friday, May 29, 2009

Nick name

တတ်ဂ်ပို့စ်နဲ့ ဆားချက်လိုက်ပြန်ပြီးနော့် တူတော်ဂျယ်ကတတ်ဂ်တာဆိုတော့ အမြန်လေးရေးပေးရတယ်း) အမြန်ရေးလို့ နည်းနည်းကြာသွားတယ် အဟီးးးးးးး

မီးလေးကိုတော့အိမ်မှာ မီးလေး အိစံကွား ဘုတ်စုံမ မီးငယ်လေး အဲ့လိုခေါ်ကြပါတယ် ကျောင်းကသူငယ်ချင်းတွေကတော့ ခိုင်သဉ္ဇာလို့ခေါ်ပါတယ်

မီးလေးဇာဆိုတဲ့နာမည်ကိုတော့ မီးလေးရဲ့မိတ်ဆွေသုံးဦးကပေးခဲ့တာပါ

ပထမ မီးလေးရဲ့ရည်းစားဟောင်းက (yahoo)မေးလ် ကိုဖွင့်ပေးပါတယ် မီးလေးဆိုတဲ့နာမည်ယူတော့ သူများသုံးနေလို့မရဘူး

အဲ့ဒါနဲ့ သူလဲစဉ်းစားပေးလိုက်တာ မီးလေးရဲ့ခိုင်သဉ္ဇာ ဆိုတဲ့နာမည်ကနေ ဇာကိုယူပြီး melayzar လို့ပေးလိုက်တယ်

ဘလော့ဂ်လည်တော့လည်း melayzar နဲ့ပဲလည်ဖြစ်တယ် ဘလော့ဂါသူငယ်ချင်းမီးလေးနဲ့ခဏခဏ အမှားခံရလို့

မီးလေးဆိုတဲ့နာမည်ကိုမယူဖြစ်ခဲ့ဘူး သဉ္ဇာယူမယ်လုပ်တော့လဲ

ဘလောဂါသူငယ်ချင်းသဉ္ဇာနဲ့မှားပြန်ရော အဲ့ဒါနဲ့မမီဘန်ကောက်လာတုန်းက စကားစပ်မိပြီးဘလော့ဂ်ရေးမယ်လုပ်တော့ ဘာနာမည်ပေးရမလဲမသိဘူးလို့

မီးလေးလဲပေးဖို့က လူမှားမှာစိုးတယ်လို့ အဲ့ဒါနဲ့ မမီ(မယ်လိုဒီ)က မီးလေးဇာလို့ပေးလိုက်တဲ့

ဘလော့ဂ်လုပ်တော့ ကိုကောင်းကင်ကိုကြီးကို အကူအညီတောင်းတော့ ကိုကောင်းကင်ကိုက ဘာနာမည်သုံးမလဲတဲ့ သိဘူးလို့ ပေးချင်တဲ့နာမည်ပေးဆိုလို့

ကိုကောင်းကင်ကိုလဲ meelayzar ဆိုပြီးပေးလိုက်တယ် အဲ့ဒါပါပဲမီးလေးရဲ့မီးလေးဇာဖြစ်လာရခြင်း ဟီးးးးးးးးးးးးး အရှည်ကြီးရေးတော့ဘူးနော် တိုတိုလေးပဲရေးလိုက်တယ် အဟဲ


Friday, May 22, 2009

မရုန်းထွက်ချင် ခဲ့သော

မထင်မှတ်ပဲ ဆုံတွေ့ခဲ့တယ်
ရင်ထဲမှာ မဖော်ပြတတ်အောင်
ရင်းနှီးစွာ ခင်မင်မိခဲ့တယ်.......၊
စိတ်ချင်းမတူညီလို့
ဝေးကွာခဲ့ရတယ်နော်.....။

ဒါပေမယ့်..........
ပုံရိပ်တစ်ခုကိုတော့
တိုးတိတ်စွာ နှစ်သက်လို့
လှုပ်ရှားမူ့လေးကို နှစ်ခြိက်လို့
အဝေးကနေ အမှတ်ထင်ထင်
သတိရနေမိတတ်ခဲ့တယ်...။

မှတ်မိသေးတယ် ကိုလတ်ရေ.....
သောကြာနေ့ရဲ့ ညတစ်ညကိုပေါ့
ရင်ထဲက ခံစားချက်လေးတွေ
ဖွင့်အံလို့ ကိုလတ်ရဲ့
ရင်ထဲကိုလှမ်းမြင် ခဲ့ရတယ်..
ရင်ခုန်လှိုက်မောစွာနဲ့
ပျော်ရွှင်မှု့တွေဖြစ်တည်
လက်ဖျားလေးတွေတောင် အေးစက်လို့ပေါ့.....၊

ငြို့ဓါတ်ပြင်းတဲ့ စပါးကြီးမြွေရဲ့
မျက်ဝန်းအစုံလို
ငယ့်နှလုံးသားကို ရစ်ပတ်လို့
ဒီညွှတ်ကွင်းက ရုန်းထွက်ဖို့
မကြိုးစားခဲ့မိတာ
တစ်ချိန်ကျရင်...............
...........................
မသိသေးလို့ပါ ကိုလတ် ရယ်........။

Tuesday, May 12, 2009

အချစ် နှလုံးသား ဦးနှောက်

မင်းအကြောင်းတွေ တွေးမိတိုင်း
အလွမ်းဒဏ်ရာတွေက
ငါ့နှလုံးသားကို ငါ့ဘာသာ
ဓါးနှင့် မွှန်းပစ်နေသလို.........

ခုနေအခါ အချစ်ဆိုတာ
ဘာလဲလို့မေးလာရင်
ထူးဆန်းလွန်းတဲ့ ခံစားချက်တွေ
ပေးနိုင်တဲ့ အရာတစ်ခုလို့ ဖြေမိလိမ့်မယ်.....၊

အချစ်က စိတ်ညစ်စေတတ်တဲ့ အရာလား
အချစ်က ၀မ်းနည်းစေတဲ့ အရာလား
အချစ်က ပျော်ရွှင်စေတတ်တဲ့အရာလား
အချစ်က ကြည်နူးသိမ်မွေ့စေတဲ့ အရာလား
အချစ်က နာကြည်းစေတဲ့ အရာလား
ဒါတွေအားလုံးကို တစ်လှည့်စီ ဖြစ်ပျက်ပြီး
လူတစ်ယောက်ကို ရူးမတတ်ခံစားစေခဲ့ တဲ့ အရာတစ်ခု...............၊

မင်းနှင့်တွေ့တိုင်း
ကြည်နူးပျော်ရွှင်မှု့တွေ ပေးတဲ့အခါတိုင်း
ခွန်အားတွေပြည့်နှက်ခဲ့ဖူးတယ်........
မင်းကိုတွေ့လိုက်တဲ့ခဏ
မင်းကိုမတွေ့ရခင် စက္ကန့်လေးက
ခံစားခဲ့ရမှု့တွေ ပျောက်ကွယ်
စိတ်တွေပြန်လည်လန်းဆန်းလာရတယ်......၊

အခုမြန်နေတဲ့ ရင်ထဲကနှလုံးသားက
သူဘာဖြစ်နေလဲဆိုတာကိုကြေငြာလို့
ငါ့ရောဂါကအတော်ကျွမ်းနေခဲ့ပြီး............
မင်းမရှိတော့တဲ့ အချိန်မှာ
ရင်ထဲမှာလစ်ဟာ ဖြစ်ကျန်ရစ်ခဲ့တဲ့ အဖြစ်..........၊

အချစ်ကို ဘယ်တော့မှဦးစားမပေးဘူးလို့
စွဲမှတ်နေအောင်......
ရိုက်သွင်းထားခဲ့တဲ့
ဦးနှောက်ကို
သတိပေးဖို့.........
............
ကိုယ်စောင့်နတ်ကြီးက
ဘယ်မှာများ အိပ်ပျော်နေပါ့လိမ့်နော်............။


Wednesday, May 6, 2009

အလွမ်း

လွတ်လပ်ပေါ့ပါးတဲ့
ဟန်အမူအရာနဲ့..............
အပြစ်ကင်းစင်တဲ့
မောင့်ရဲ့အပြုအမူ ပုံရိပ်တွေကို........
မ..ဘယ်လိုနှလုံးသားနဲ့
မေ့နိုင်အောင်ကြိုးစားရမှာလဲ .၊

မောင့်နဲ့ပတ်သတ်လာရင်
တိုက်ဆိုင်မူ့တိုင်းမှာ.........
အမှတ်ရတမ်းတမိတာ
မမေ့နိုင်လွန်းလို့ပါ.မောင်..၊

တစ်ခါတစ်လေ
အားလျော့ စိတ်ပျက်မူ့နဲ့
အထီးကျန် ၀မ်းနည်းမူ့တွေက
ရင်ထဲမှာတင်းကျပ်လို့.......ပေါ့၊




ဆက်ရေးလို့ ဘယ်လိုမှမရတော့လို့ ဒီလောက်နဲ့ပဲ အဆုံးသတ်ထားလိုက်တယ် ပို့စ်အသစ်မတင်ရတာကြာလို့ ဖြစ်ညှစ်ပြီးတော့ကဗျာလေးတစ်ပုဒ်ရေးလိုက်ပါတယ်
လာရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit