Friday, May 22, 2009

မရုန်းထွက်ချင် ခဲ့သော

မထင်မှတ်ပဲ ဆုံတွေ့ခဲ့တယ်
ရင်ထဲမှာ မဖော်ပြတတ်အောင်
ရင်းနှီးစွာ ခင်မင်မိခဲ့တယ်.......၊
စိတ်ချင်းမတူညီလို့
ဝေးကွာခဲ့ရတယ်နော်.....။

ဒါပေမယ့်..........
ပုံရိပ်တစ်ခုကိုတော့
တိုးတိတ်စွာ နှစ်သက်လို့
လှုပ်ရှားမူ့လေးကို နှစ်ခြိက်လို့
အဝေးကနေ အမှတ်ထင်ထင်
သတိရနေမိတတ်ခဲ့တယ်...။

မှတ်မိသေးတယ် ကိုလတ်ရေ.....
သောကြာနေ့ရဲ့ ညတစ်ညကိုပေါ့
ရင်ထဲက ခံစားချက်လေးတွေ
ဖွင့်အံလို့ ကိုလတ်ရဲ့
ရင်ထဲကိုလှမ်းမြင် ခဲ့ရတယ်..
ရင်ခုန်လှိုက်မောစွာနဲ့
ပျော်ရွှင်မှု့တွေဖြစ်တည်
လက်ဖျားလေးတွေတောင် အေးစက်လို့ပေါ့.....၊

ငြို့ဓါတ်ပြင်းတဲ့ စပါးကြီးမြွေရဲ့
မျက်ဝန်းအစုံလို
ငယ့်နှလုံးသားကို ရစ်ပတ်လို့
ဒီညွှတ်ကွင်းက ရုန်းထွက်ဖို့
မကြိုးစားခဲ့မိတာ
တစ်ချိန်ကျရင်...............
...........................
မသိသေးလို့ပါ ကိုလတ် ရယ်........။

6 comments:

Sein Lyan Tun said...

ကိုလတ်တဲ့လား
ငယ်တဲ့လားဗျာ....
ကိုလတ်မသိရင်
ကိုကြီးစိန်သိအောင်ကြိုးစားမယ် ငယ်ရယ်...
အဟီးး
ကဗျာလေးက မိုက်တယ်
ကြိုက်တယ်
ဆက်ရေးပါမဇာရေး အားပေးနေတယ်
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

ဝေလေး said...

အဟမ်း အဟမ်း...
မမနော်.... :P
သိတော့ရော ရုန်းထွက်နိုင်ခဲ့ပြီလား... မေးစရာလေးရှိသွားတယ်... :D

တောင်ပေါ်သား said...

အင်းးးးး အဟဲ အဟဲ ငါ့အမကတော့ နာမည်တောင် ထည့်ရေးနေပြီ တော်တော်ခံစားနေရတယ် မှတ်တယ်.. အင်း အချစ်ဆိုတာ ဒါပဲလား


လေးစားလျက်
တောင်ပေါ်သား

ကိုတိုးလေး said...

အင်း နာမည်တောင် ထည့်ရေးနေပြီနော်........... တော်တော်လေး ခံစားနေရတယ်နဲ့တူတယ်နော်။
ငြို့ဓါတ်ပြင်းတဲ့ စပါးကြီးမြွေဆိုပါလား အချစ်က ငြို့ယူသွားပြီနဲ့တူတယ်နော်။

ဝသန်မိုး said...

သြော်ကိုလတ် သာ မသိတာ
သိတဲ့သူတွေက တောင်သိကုန်ပြီ
အဟီး
ကဗျာလေး ကောင်းပါတယ်
ဆက်ရေးနော်
မဇာ
ခင်မင်စွာဖြင့်
ဝသန်မိုး

Anonymous said...

နှိုင်းစရာ အဲလောက်တောင်ရှားရလားဗျ
စပါးကြီးမြွေနဲ့မှနှိုင်းရတယ်လို့ဗျာ....။

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit