Wednesday, May 6, 2009

အလွမ်း

လွတ်လပ်ပေါ့ပါးတဲ့
ဟန်အမူအရာနဲ့..............
အပြစ်ကင်းစင်တဲ့
မောင့်ရဲ့အပြုအမူ ပုံရိပ်တွေကို........
မ..ဘယ်လိုနှလုံးသားနဲ့
မေ့နိုင်အောင်ကြိုးစားရမှာလဲ .၊

မောင့်နဲ့ပတ်သတ်လာရင်
တိုက်ဆိုင်မူ့တိုင်းမှာ.........
အမှတ်ရတမ်းတမိတာ
မမေ့နိုင်လွန်းလို့ပါ.မောင်..၊

တစ်ခါတစ်လေ
အားလျော့ စိတ်ပျက်မူ့နဲ့
အထီးကျန် ၀မ်းနည်းမူ့တွေက
ရင်ထဲမှာတင်းကျပ်လို့.......ပေါ့၊




ဆက်ရေးလို့ ဘယ်လိုမှမရတော့လို့ ဒီလောက်နဲ့ပဲ အဆုံးသတ်ထားလိုက်တယ် ပို့စ်အသစ်မတင်ရတာကြာလို့ ဖြစ်ညှစ်ပြီးတော့ကဗျာလေးတစ်ပုဒ်ရေးလိုက်ပါတယ်
လာရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်

6 comments:

နေ့အိပ်မက် said...

ခံစားချက်တွေရှိနေတယ်နဲ့တူတယ်.. :P

တောင်ပေါ်သား said...

ခံစားချက်တွေ အပြည့်နဲ့ ကဗျာလေး ဖတ်သွားပါတယ် အမရေ ချစ်ရသူနဲ့အမြဲပျော်ရွှင်စွာ နေနိုင်ပါစေ..



လေးစားလျက်
တောင်ပေါ်သား

Sein Lyan Tun said...

အထီးကျန်မှုတွေအမြန်ဆုံးပျေပြောက်လို့
ချစ်တဲ့မောင်နဲ့အမြန်ဆုံးနီးစပ်နိုင်ပါစေဗျာ
ခံစားမိပါတယ်

Anonymous said...

သူငယ်ချင်း ထင် တောင်မထင်ဘူး အရမ်းလွ မ်းနေတယ်ပေါ့ စိတ်လျော့လိုက် စိတ်လျော့လိုက်

ဝသန်မိုး said...

ခံစားပြီးရေးထားတဲ့ကဗျာလေးကို
ခံစားပြီးလာရောက်ဖတ်သွားပါတရ်မဇာရေ..
ချစ်တဲ့ မောင်နဲ့ လဲ အမြန်နီးစပ်နိုင်ပါစေဗျား.........

Unknown said...

မီးလေး ဟိုနေ့ က ကစားထားတဲ့ အထုပ် လေး ငါ့ အိမ်မှာ ကျန် နေတယ် လာ ပြန် ယူ နော်

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit