Friday, May 29, 2009

Nick name

တတ်ဂ်ပို့စ်နဲ့ ဆားချက်လိုက်ပြန်ပြီးနော့် တူတော်ဂျယ်ကတတ်ဂ်တာဆိုတော့ အမြန်လေးရေးပေးရတယ်း) အမြန်ရေးလို့ နည်းနည်းကြာသွားတယ် အဟီးးးးးးး

မီးလေးကိုတော့အိမ်မှာ မီးလေး အိစံကွား ဘုတ်စုံမ မီးငယ်လေး အဲ့လိုခေါ်ကြပါတယ် ကျောင်းကသူငယ်ချင်းတွေကတော့ ခိုင်သဉ္ဇာလို့ခေါ်ပါတယ်

မီးလေးဇာဆိုတဲ့နာမည်ကိုတော့ မီးလေးရဲ့မိတ်ဆွေသုံးဦးကပေးခဲ့တာပါ

ပထမ မီးလေးရဲ့ရည်းစားဟောင်းက (yahoo)မေးလ် ကိုဖွင့်ပေးပါတယ် မီးလေးဆိုတဲ့နာမည်ယူတော့ သူများသုံးနေလို့မရဘူး

အဲ့ဒါနဲ့ သူလဲစဉ်းစားပေးလိုက်တာ မီးလေးရဲ့ခိုင်သဉ္ဇာ ဆိုတဲ့နာမည်ကနေ ဇာကိုယူပြီး melayzar လို့ပေးလိုက်တယ်

ဘလော့ဂ်လည်တော့လည်း melayzar နဲ့ပဲလည်ဖြစ်တယ် ဘလော့ဂါသူငယ်ချင်းမီးလေးနဲ့ခဏခဏ အမှားခံရလို့

မီးလေးဆိုတဲ့နာမည်ကိုမယူဖြစ်ခဲ့ဘူး သဉ္ဇာယူမယ်လုပ်တော့လဲ

ဘလောဂါသူငယ်ချင်းသဉ္ဇာနဲ့မှားပြန်ရော အဲ့ဒါနဲ့မမီဘန်ကောက်လာတုန်းက စကားစပ်မိပြီးဘလော့ဂ်ရေးမယ်လုပ်တော့ ဘာနာမည်ပေးရမလဲမသိဘူးလို့

မီးလေးလဲပေးဖို့က လူမှားမှာစိုးတယ်လို့ အဲ့ဒါနဲ့ မမီ(မယ်လိုဒီ)က မီးလေးဇာလို့ပေးလိုက်တဲ့

ဘလော့ဂ်လုပ်တော့ ကိုကောင်းကင်ကိုကြီးကို အကူအညီတောင်းတော့ ကိုကောင်းကင်ကိုက ဘာနာမည်သုံးမလဲတဲ့ သိဘူးလို့ ပေးချင်တဲ့နာမည်ပေးဆိုလို့

ကိုကောင်းကင်ကိုလဲ meelayzar ဆိုပြီးပေးလိုက်တယ် အဲ့ဒါပါပဲမီးလေးရဲ့မီးလေးဇာဖြစ်လာရခြင်း ဟီးးးးးးးးးးးးး အရှည်ကြီးရေးတော့ဘူးနော် တိုတိုလေးပဲရေးလိုက်တယ် အဟဲ


9 comments:

Sein Lyan Tun said...

မီးလေးနာမည်လေးလှတယ်
ကျနော်ကတော့ မဇာလို့ခေါ်တယ်
စိတ်ရင်းကောင်းတဲ့ ဘားအံသူလေး
သဘောလဲကောင်းတယ်
ကိုလတ်ကိုလဲသိပ်ချစ်တယ်တဲ့(သိလို့မဟုတ် ရမ်းသမ်းဖွသွားခြင်းသာ)
ပျော်ရွှင်ပါစေ မဇာရေ
ခင်မင်စွာဖြင့်
ဖိုးစိန်

ဝသန်မိုး said...

မီးလေးဇာဖြစ်တည်လာပုံက ဒီလိုကိုး
အခုမှပဲသိတော့တယ်
း)
ခင်မင်စွာဖြင့်
ဝသန်

ဖိုးဂျယ် said...

ဟုတ်ကဲ့ပါ တီရေ တူလေး ဖတ်သွားတယ်ဗျ
တူလေးကတော့ တီဇာလို့ပဲ ခေါ်မယ်း)

တူလေး ဖိုးဂျယ်

ကျောပိုးအိတ် said...

ဟုတ်တယ်နော်

မြန်မာ နာမည်တော်တော်များများမှာ မီးလေးမီးမီး အဲဒါတွေများသား။အဲထဲမှာ ကျွန်မလဲပါတယ်။

ခုမီးလေးဇာဆိုတာလေးက လှတယ်။
း)

Dr Phyo Wai Kyaw said...

ဟုတ်ပါပြီဇဇ..

ကိုတိုးလေး said...

မီးလေးဇာဖြစ်ပုံလေးက ဒီလိုကိုး အခုမှာပဲလာဖတ်သွားတော့တယ် အဆင်ပြေပါစေနော်။

Anonymous said...

နာမည်တွေ များလိုက်တာ.. မီးလေးဇာဆိုတာတော့ ရှားတဲ့နာမည်လို့ ပြောရမှာပဲ။

koswan said...

ဝေး........တောင်းပန်ပါတယ် မီးလေးရေ..ပို့တစ်ရာပြည့်တဲ့နေ့က မရောက်လာနိုင်တဲ့အတွက်ပါ. ဘယ်လိုပဲဖြစ်ဖြစ် ပို့တစ်ရာတောင် ပြည့်သွားပြီဖြစ်တဲ့အတွက် ၀မ်းသာပါတယ်.နောက်လည်း ပို့ရာပေါင်းများစွာရေးသားနိုင်ပါစေဗျာ

Anonymous said...

bepnubSpouple
appf

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit