Tuesday, June 2, 2009

ပို့စ်(၁၀၀) ပြည့်

မီးလေးရဲ့ ပို့စ်(၁၀၀)ပြည့် အမှတ်တရအနေနဲ့ မီးလေးရဲ့မောင်နှမသူငယ်ချင်းများကိုဧည့်ခံလိုက်ပါတယ်

ကြက်သားခေါက်ဆွဲကြော်ပါ
ယိုးဒယား တုန့်ယမ် ဟင်းချိုး
ငါးပေါင်း
စားပြီးရင်အအေးလဲသောက်ပါဦးနော်
ကော်ကော်သောက်ချင်တဲ့သူအတွက်ပါ
လိမ်မော်ရည်အေးအေးလေးနော်
ငါးကြော်ကတော့ အမြည်းပေါ့နော် ဟီးးးးးးး
ကိုကိုမောင်မောင်တူတွေအတွက်ပေါ့
ဘီယာမသောက်ချင်တဲ့သူတွေအတွက်တော့ ၀ိုင်းလေးလဲရှိတယ်နော်
အိမ်ပြန်လက်ဆောင် တစ်ယောက်တစ်ပုလင်း သယ်သွားလို့ရပါတယ်ချင့်

အားလုံးကိုကျေးဇူးတင်ပါတယ်နော် အဟီးးးးးးး အကုန်လုံးက ဂူဂယ်လ်ကယူထားတာ မီးမီးလက်ယာပါဝူးးးးးးး ခွိခွိ

27 comments:

ဖိုးဂျယ် said...

ပထမဟေးးးးးး

ဖိုးဂျယ် said...

ပိုစ့် ၁၀၀မှ ၁၀၀၀၀၀၀၀၀၀၀၀၀၀၀၀ ပေါင်းများစွာ
ဆက်လက်ရေးသားနိုင်ပါစေ တီဇာရေ
ပျော်ရွှင်စရာတွေ ရေးသားနိုင်သလို
လွမ်းမော စရာလေးတွေလဲ ရေးသားနိုင်ပါစေ
(တီက အမြဲ လွမ်းတတ်လို့)
ဟီး ခင်လို့ စတာနော် တီဇာ

ခင်တဲ့ တူလေး ဖိုးဂျယ်

ဝေလေး said...

ပို့ပေါင်းများစွာ ဆက်ပြီးရေးသားနိုင်ပါစေမမ..
တုံယမ်ဟင်းချိုလေးကောင်းလိုက်တာ.. ဟီးး
ကော်ကော်ပဲသောက်သွားတယ်..... ကြာဇံကြော်လည်းပါဘူး ခေါက်ဆွဲမကြိုက်ဘူး... ဟင့်..
ဟဲ.. အလကားစားရတာကို ဂျီးကလည်းများသေးတယ်နော်.. ဒီကောင်မလေးကတော့.. :P

WWKM said...

စားမယ် ၀ါးမယ် ..လာပါပြီခင်ညာ..း))))
ကိုယ့်အစ်မကြီးကို သတိတရနဲ့လာဖိတ်တာကျေးဇူးပါ
ချစ်ညီမရေ... အာဘွားးးး
ဟွန်းးး လိပ်စာလဲ မချန်ခဲ့ဘူး..ဆိုးလိုက်တာ..
ပို့စ်က အခုမှတက်လာတယ်လေ.

ပို့စ် ၁၀၀ မှသည် ပို့စ်ပေါင်း ၁၀၀၀၀၀၀၀၀ များစွာကို
စိတ်ပါသ၍ ပျော်ရွှင်စွာနဲ့ ဘလော့ဂင်နိုင်ပါစေ ချစ်ညီမ
ရေ...

ညီမလေးဝေ ဆီကနေ တုန်ယမ်ဟင်းခွက်လုပြီး သောက်
သွားတယ် ညီမလေးရေ..း)))

ချစ်တဲ့

မမ၀ါ

အလင်းရောင် said...

မမီလေးဇာရေ...စာမေးပွဲတွေရှိနေလို့ လွတ်၂လပ်၂နဲ့ ပျော်လို့မရဘူး တိုက်တဲ့ဘီယာကိုတော့ မသောက်တော့ပါဘူး အအေးနဲ့ ခေါက်ဆွဲစားပြီး ပြန်သွား ပါပြီးဗျာ....။ ပို့စ်(၁၀၀)ပြည့် အထိမ်းအမှတ် မှာ ပျော်ရွှင်ပါစေဗျာ...။

ရောင်ပြန် said...

မမ လာအော်တဲ့အချိန်တုန်းက ထမင်းစားတဲ့ချိန်နဲ့တိုက်သွားတယ်...
အဟိ.. ခေါက်ဆွဲလည်းကြိုက်တယ်..
တုံယမ်ဟင်းချိုလင်းကြိုက်တယ်..
အအေးလည်းကြိုက်တယ်..
အချိုရည်လည်းကြိုက်တယ်...
အို.. ရှည်လျားတယ်.. ထွေပြားတယ်..
ေ၀၀ါးတယ်... အကုန်စားသွားတယ်..
ခေါက်ဆွဲအစ ၀ိုင်အဆုံး.. :P :P
မမ.. ပို့စ်တစ်ရာပြည့်မှသည်...
အများကြီးဆက်လွမ်းနိုင်ပါစေ..
အဲ.. အဲလေ အများကြီးဆက်ရေးနိုင်ပါစေ..
ငှဲငှဲငှဲ( ၀တ္ထုထဲမှ ရယ်သံ)

နှင်းဆီနက် said...

ပို့စ်၁၀၀မြောက်မှသည် နောက်ထပ်များစွာရေးနိုင်သောသူဖြစ်ပါစေလို့
ခင်မင်စွာဖြင့်
နှင်းဆီနက်

Sein Lyan Tun said...

ချက်ရ ပြုတ်ရ တာတော်တော်ပင်ပန်းနေပီးလားဟင်
တုံယမ်းဟင်းချိုး အသေကြိုက်တော့စာသွားပါတယ်
ယနေ့ ယခုပိုစ့် တစ်ရာမှသည်
ထောင်ပေါင်းသောင်းပေါင်းများစွာသော
ဆားချက်ခြင်း ပိုစ့်များဖြင့် မီးလေးဇာ ဘလော့စာမျက်နှာလေး ထာဝရစဉ်တည်တံ့ပါစေလို့
ဆုမွန်ကောင်းတောင်းပေးပါတယ်
ချစ်ခင်စွာဖြင့်
ဖိုးစိန်

ကျောပိုးအိတ် said...

၁၀၀ မှသည် နောက်ထပ်များစွာတိုင်သို့ 

စားသွားတယ်နော်။ ဟိုနည်းနည်း ဒီနည်းနည်း တကယ်တော့အများကြီးစားချင်တာ နောက်လူတွေ ကျန်သေးလို့ ။

း)

ကျောပိုးအိတ် said...
This comment has been removed by the author.
Anonymous said...

ဟေး ဆယ်တစ်ယောက်မြောက်ကွ ...
အားပါး စားလိုက်သောက်လိုက်ရတာ ဗိုက်ကို ကားသွားတာပဲ ရောက်ရောက်ချင်း ဗိုက်က ဆာနေလေတော့ အိမ်ရှင်တောင် သေချာနှုတ်မဆက်နိုင် ရှာဘူး ... တစ်ချိုးတည်း စားပစ်လိုက်တာ ကြက်သားခေါက်ဆွဲကြော်ကို နည်းနည်းပဲ စားထားတယ် တုန့်ယမ် ဟင်းချိုနဲ့ ဘီယာနဲ့ ငါးပေါင်းကတော့ လိုက်ဖက်တယ်ကွာ ... တကယ်စီစဉ် တတ်တယ် အအေးနဲ့ကော်ဖီကိုတော့ ခဏမေ့ထားလိုက်တယ် ငါးကြော်လည်း တကယ်ကောင်း, နှစ်ပုလင်း မသွားတယ် မီးလေး ညီမရေ ... အော် ပိုစ့်တစ်ရာပြည့်အတွက် ဆုတောင်းပေးပါ့ဦးမယ် တော်ကြာ စားပြီးပြန်သွားတယ် ဖြစ်မှာ စိုးလို့ ... :D
ကဲ ကိုယ့် ညီမ မီးလေးဇာရဲ့ ပန်းသွန်းဥယျာဉ်ကလေးမှာ အသီးသီးဝေဆာပွင့်ဖူးနေကြတဲ့ ပန်းပွင့်ကလေး တစ်ရာ မှ စလို့ ပန်းပွင့်ပေါင်း ရာထောင်သောင်း ဆက်လက်ပွင့်ဖူးအောင် ပြုစုပျိုးထောင်နိုင်တဲ့ ဥယျာဉ်မှူးတစ်ယောက်ဖြစ်ပါစေရယ်လို့ ဆန္ဒမွန်ပြု ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ကွယ် ...
(Google ကတော့ တော်တော် အကုန်အကျများရှာမယ်နော် ... :D)

ပျော်ရွှင်ပါစေ ညီမရေ ...
ခင်မင်လေးစားမှု များစွာဖြင့်

ကိုတိုးလေး said...

ပိုစ့်၁၀၀မှသည်နောက်ထပ် ပိုစ့်ပေါင်းများစွာတိုင်အောင် ရေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ။ အဆင်ပြေပျော်ရွှင်စွာနဲ့ ဘလော့လေးကို ဆက်ရေးနိုင်ပါစေခင်ဗျာ။

ကိုဂစ်တာ said...

ငါးကြော်မကြိုက်ဘူး
အာလူးချောင်းကြော်လုပ်။ ဒါပဲ ဟိ။

မဆုမွန် said...

ဝိုင်တစ်ပုလင်းနဲ့ ငါးကြော်တစ်ကောင်သယ်သွားတယ်။
မီးလေးရေ ဆုံချင်တယ်ကွယ် မဆုံဖြစ်ဘူးဖြစ်နေတယ် နီးနီးလေးနဲ့ကို မမဆုမွန်က အလုပ်ရူပ်ချင်ဟန်ဆောင် မီးလေး အားချိန်နဲ့ မတိုက် တစ်ရက်တော့ ဆုံမယ် အခုဇွန် ကျောင်းပြန်တက်ရပြီဆိုတော့ ကျောင်းဘက် လာတဲ့အခါကျရင် မေရယ် မီးလေးရယ် ကောင်းကင်ကိုရယ် စိတ်တိုင်းကျမှာ ဆုံကြမယ်နော်

Anonymous said...

:P..
ခေါက်ဆွဲကြော်က ရင်ပြည့်လို့စားဘူး..
Tom Yam Soup ရယ်.. ငါးပေါင်းရယ်..လိမ္မော်ရည်နဲ့မသွားပါသည်.. ပို့စ်တစ်ရာမြောက်မှသည် ထောင်ပေါင်းများစွာ ဆက်လက်ရေးနိုင်ပါစေ..

puluque said...

ကွန်ကရက်ကျူလေးရှင်းပါဗျာ..ပို့စ် ၁၀၀၀မြောက် ပွဲလေးကို လဲလာချင်ပါတယ်ခင်ဗျာ...

မြစ်ကျိုးအင်း said...

စားပွဲလေးကို စီစဉ်ထားတာလဲ ကောင်းပါ့ဗျာ...။
အားရပါးရ စားသွားပါတယ်..။
ကျွန်တော်ကတော့ ပို့ပေါင်းထောင်ချီပြီးရေးနိင်ပါစေလို့
ဆုမတောင်းတော့ဘူး...။အရမ်းများရင် လက်ပန်းကျ မှာစိုးလို့ပါ..။နောက်ထပ် ပို့ပေါင်း ၁၅၀ ပြည့်မှာလည်း ဒီလိုပဲပျော်ရွှင်ဖွယ် စီစဉ်နိင်ပါစေဗျာ..။၁၅၀ ပြည့်ရင်တော့ ပို့၂၀၀ ပြည့်ဘို့ ထပ်ဆုတောင်းပါ့မယ်..။
ဒီလိုနဲ့ တဖြည်းဖြည်းထောင်ချီတဲ့အထိ သွားကြတာ ပေါ့။
...ခင်မင်သောအားဖြင့်....

သီဟသစ် said...

ပို့စ် 100 မှသည်... အင်ဖန်နတီထိ ရေးသားနိုင်ပါစေ. မီးလေးရေ..

အပြန်လက်ဆောင်တွေပဲ အားလုံးမ သွားပြီ..

ခင်မင်စွာဖြင့်
သီဟသစ်

ဝသန်မိုး said...

ဂူဂယ်က ပုံတွေနဲ့ ဆားချက်သွားတယ်ပေါ့ လေ
မဇား)
ဘီယာတော့မသောက်တော့ပါဘူး
ခေါက်ဆွဲကြော်လေးစားပြီးပြန်သွားတယ်
ဆုလေးပေးလိုက်ဦးမယ်
ပို့ စ် ၁၀၀ ပြည့်မှသည်
၁၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀ ( ၀ များစွာအထိ)
ပျော်ရွှင်စွာနဲ့ ရေးသားသွားနိုင်ပါစေဗျား။

ခင်မင်စွာဖြင့်
ဝသန်မိုး

vanko said...

အင်း... ပို့စ် ၁၀၀ မြောက်ဆိုတော့လည်း လာအားပေးရတာပေါ့လေ။ အားနာပါးနာနဲ့ပဲ တုန့်ယမ်းဟင်းရယ် ငါးပေါင်းရယ် ဘီယာနဲ့ အ၀ဆွဲသွားတယ်နော်။ ၀ိုင်ကတော့ အလကားရတာပဲ တစ်ပုလင်းသယ်သွားတယ်။ :D

နောက်ထပ် ပို့စ်တွေ ၁၀၀၀, ၁၀၀၀၀, ၁၀၀၀၀၀ မက ရေးနိုင်ပါစေ.. ကျွေးနိုင်ပါစေဗျာ...။
:P

ဟိန်းညီ said...

ဟေဟေဟေ့...
အ၀စားသွားတယ်။
ထင်တော့ထင်ပါတယ်။ မြင်တာနဲ့။
ဒီဇိုင်းတွေကမိုက် လက်ရာကကောင်းဆိုတော့
ကမ္ဘာကျော်စားဖိုးမှုး ငါ့ညီမလက်ရာမဟုတ်မှန်း။
ဟဟဟ။
ဘ၀ရဲ့ ပျော် ၊ ရွှင် ၊ လွမ်း ၊ မော ဖွယ်ကိစ္စလေးတွေကို ၀ါသနာပါတဲ့ ဘလော့ဒ်လေးရေးရင်း ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ပို့စ် ၂၀၀ ပြည့်ရင်တော့ ကိုယ်တိုင်ချက်ပြုတ်ထားတာလေးတွေနဲ့ဧည့်ခံဖို့ မေတ္တာရပ်ခံပါတယ်။ ဂူဂဲလ်နဲ့ထပ်မလုပ်ပါနဲ့။ ဟဟဟဟ

မသက်ဇင် said...

မီးလေးရေ
သွားရည်ကျသွားတယ်
ပျော်ရွှင်ပါစေ

သဉ္ဖာ said...

ဟေးဟေးဟေး
ဝါးတီးဝါးတီး.....
ကျွေးထားသမျှ နည်းနည်းစီ စားသွားတယ်

မမ ခံစားသမျှတွေ ကဗျာအဖြစ်
လက်ရာမြောက်စွာနဲ့
နောက်ထပ် နောက်ထပ် စာမျက်နှာပေါင်းများစွာ
လက်စွမ်းပြနိုင်ပါစေနော်....

အပြန်မှာ ဝိုင်ပုလင်း မသွားတယ်နော်... ဟိဟိ
အာဝါးးးး

Dream said...

တီတီယောင်းယောင်း နောက်ကျလို့ ကျန်ပါ့ဦးမလားမသိဘူး ... ဟိဟိ....

ကော်ဖီသောက်သွားတယ်...
ဆက်လက်ပြီး အောင်မြင်မှု အပေါင်း သရဖူး ဆောင်းနိုင်ပါစေ နော်...း)
အာဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး))))

နွေးနွေးသဲမွန် said...

မမ ၀ိုင်ပုလင်း သယ်သွားပြီ...:-P

Anonymous said...

ဝါးတီးအတွက်ကျေးဇူးဗျာ။ နောင်လဲ အမြဲကျွေးနိုင်ပါစေဗျာ။ နောင်နှစ်ပေါင်းများစွာ ရပ်တည်နိုင်ပါစေဗျာ။

sait phay yar said...

ကုန်မှ လာစားဖြစ်တယ် ခရီးတွေလွန်နေလို့ ပြောရရင်တော့ အပျော်လွန်နေလို့ပါ
ဒန်ဒန်
သိတယ်ဟုတ်

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit