Monday, June 15, 2009

နောင် အနှစ် (၂၀)

မောင်လေး ၀သန်မိုးက တတ်ဂ်ထားတာပါ တတ်ဂ်ထားတာလဲ ကြာနေပြီး သူများတွေလဲ ရေးပြီးကုန်ပြီး
မီးလေးလဲ ဘာရေးရမှန်းမသိသေးလို့ ခုမှပဲရေးရတော့တယ် ..... နည်းနည်းအပျင်းတစ်တာလဲပါတာပေါ့နော်
ဟီးးးးးးးးး
အမှန်တော့နောက်နှစ်(၂၀) မပြောနဲ့ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာတောင် သိကြတာမှမဟုတ်တာနော်....
ဝသန်ပြောသလို မီးလေးဇာတစ်ယောက် အမှန်တကယ်ပဲ ဒီဇိုင်နာကြီးဖြစ်လာခဲ့ရင်ဘယ်လောက်ကောင်းလိုက်မလဲနော် စိတ်ကူးယဉ်လို့တော့ကောင်းသား......း)
ဖြစ်ချင်ရင်တော့ ကြိုးစားရမှာပေါ့နော် လွယ်တော့မလွယ်ဘူးပဲ ......

မမြင်တွေ့နိုင်သေးတဲ့ နောက်အနှစ်(၂၀)အတွင်းမှာ ချစ်တဲ့ကိုလတ်နဲ့အတူ ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းတဲ့
မိသားစုလေးကိုပိုင်ဆိုင်ချင်တယ် လိုချင်တောင့်တပေမယ့် ဖြစ်လာနိုင်ဖို့အတွက် ကြိုးစားရမှာတွေလဲအများကြီးရယ် ဒီလိုမိသားစုတစ်ခု ဖြစ်ဖို့ကလဲ ကိုယ်တစ်ယောက်ထဲ ကြိုးစားလို့ရတာမျိုး မဟုတ်တော့ ပုံသေတွက်ချက်လို့ မရနိုင်ဘူးလေနော်......
ဘယ်အရာကမှတည်မြဲတာမှ မဟုတ်ပဲလေ............. အပျိုကြီးပဲဖြစ်နေမလား ဟိဟိ သိမှမသိရတာလေနော်

စိတ်ကူးယဉ်တာ ပိုက်ဆံကုန်တာမှ မဟုတ်တာနော် များများသာယဉ်လိုက်....... ပျော်ရွှင်စရာလေးတွေတွေး
စိတ်ချမ်းမြေ့နေရင် လူလဲလန်းဆန်းနေရော .... စိတ်ပျိုကိုယ်နုပေါ့နော့.း)
ဒီလောက်ပဲပေါ့နော် မောင်လေးဝသန်ရေ ကျေနပ်လိမ့်မယ်ထင်တယ်

ကျန်းမာနေရင် ဖြစ်ချင်တာတွေဖြစ်အောင်လုပ်လို့ရတဲ့အတွက် ကျန်းမာရေးဂရုစိုက်ကြနော်

9 comments:

Anonymous said...

စိတ်ကူလေးတွေ ဖတ်သွားတယ်။ အားပြိုးဂျီးတော့ မဖြစ်လောက်ပါဘူးလေ ယောကျာင်္းရမှာပါ အဟေဟေဟေ

Sein Lyan Tun said...

ပါလာပြန်ပြီး ဒီကိုလတ်ဆိုတဲ့ ဖွံ့ဖြိုးမို့မောက်နေတဲ့ ကြွက်သားတွေနဲ့ ငှက်ပျောဖူးသဏ္ဍန် လုံးကျစ်နေသော လက်မောင်းသားက သုံးနှစ်အုန်း ပင်စည်လောက်ကအသာလေး… ညာဘက်လက်ဖျံရိုးမှာပင် ကျုပ်တို့သုံးယောက် တွဲလဲခိုလို့ရတဲ့ အနေအထား… ပေါင်တလုံးက နှစ်တရာကျွန်းပင်လို တုတ်ခိုင်ခိုင် မဇာချစ်သူက
အဲဒါကြောင့် ချစ်နေတာထင်တယ်နော်
အဟားးးး
ကိုလတ်နဲ့ ဘဝလမ်းခရီးကိုပျော်ရွှင်စွာလျှောက်လှမ်းပြီး
ကျမ်းမာပါစေဗျာ
ချစ်ခင်စွာဖြင့်
ဖိုးစိန်

ကျောပိုးအိတ် said...

စိတ်ကူးထဲကလို အပြင်မှာလဲ ချစ်တဲ့ကိုလတ် (ခေါင်းမပါ၊ခြေမပါ) နဲ့ ဘ၀သက်ဆုံးပျော်ရွှင်နိုင်ပါစေတော်

အရမ်းစဉ်းစားရင်အပျိုကြီးဖြစ်တတ်သည်။
း)

တောင်ပေါ်သား said...

မကြီး ဘာမှ စိတ်ပူမနေနဲ့ နောင်အနှစ် ၂၀ ဆို သေချာပေါက် အိမ်ထောင်ကျမှာ ကျနော်တို့ပြောပါတယ် မကြီးကတော့ ပျိုကြီးကနေ အပြိုကြီး ဖြစ်သွားပြီ ဟီးးးးး စတာ စိတ်ဆိုးနဲ့

ကိုလတ်နဲ့ အမြန်ဆုံး ပေါင်းရပါစေ အဟီးးးးးးး

လေးစားလျက်
တောင်ပေါ်သား

ကိုတိုးလေး said...

စိတ်ကူးလေးတွေကို လာဖတ်သွားပါတယ်နော်။ အပျိုကြီးတော့ဖြစ်မယ်မထင်ဘူးနော်။ နောက်အနှစ် ၂၀ နေရင်တော့ ယောကျာ်းရမှာသေချာတယ်။ ချစ်သောသူ ကိုလတ်နဲ့ အမြန်ဆုံးဆုံစည်းရပါစေဗျာ။


ခင်မင်စွာဖြင့်


ကိုတိုးလေး

Anonymous said...

အင်း ညီမလေး နောင် အနှစ် ၂၀ ကို ယောကျာင်္းရမှာ မြင်ယောင်သေး။
ချစ်သောသူနဲ့ လက်တွဲနိုင်ပါစေနော်။

ဝသန်မိုး said...

ရေးပေးတာ ရှဲရှဲနော် မဇာ
အပျိုကြီးမဖြစ်အောင်
ကိုလတ်ကို ပြောပေးမယ်သိလား
းဝ))
ဝသန်

WWKM said...

အပြိုဂျီးလုပ်မယ့်ရုပ်မဟုတ်ပါဘူး ဒီရုပ်ကြီးက..ဟတ်ဟတ်.း)

ဖိုးဂျယ် said...

ဟီး တီဇာကယဲ အကျိုဂျီး မရုတ်နဲ့ယေဂျာ

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit