Tuesday, September 30, 2008

သူ့ ရုပ်သွင်

ဆောင်းကို အကူး

လေရူးညမှာ....

စာအုပ် ကိုဖွင့်..

စာကြည့်သော်လည်း...

စာကိုမမြင်

သူ့ရုပ်သွင်သာ...

စွဲမြဲ ထင်လျှက်ပါ...........။


ဖြူ

Monday, September 29, 2008

ငါ မသိတော့ဘူး

ငါက မင်းကို

ငါ့ရဲ့ အချစ်တွေပေးတော့....

မင်းကပြောတယ် ..

ငါ့ရဲ့ အချစ်တွေက မင်းကို

ပူလောင်စေတယ်တဲ့...

ငါကအနမ်းတွေ ပေးတော့

မင်းအနမ်းက ငါ့ကို

ခါးသတ်စေတယ်တဲ့

ငါက အလွမ်းတွေပေးတော့

မင်း မခံစားနိုင်ဘူးတဲ့

ငါကမင်းအနားမှာ

နေချင်တယ်ဆိုတော့

ငါ့ရဲ့လွပ်လပ်မှု့တွေ ကို

မသိမ်းပိုက်ချင်နဲ့တဲ့

ငါကမင်းအနားက

ထွက်သွားမယ်ဆိုတော့လဲ

မင်းက မနေရစ်ခဲ့နိုင်ဘူးတဲ့...၊

ငါဘယ်လိုလုပ်ရမလဲကွာ.....။


နှင်း

Sunday, September 28, 2008

ရင်ထဲက မင်း

တို့ ရင်ထဲက

လွမ်းဆွတ်မှု့တွေဟာ

မင်းကို ချစ်တယ်လို့

အသိအမှတ်ပြုနေပြီး ချစ်သူ.....။

တို့နှလုံးသားထဲက ဝေဒနာတွေကို

မင်းမသိနိုင် ခဲ့တာလဲ အမှန်ပါ..။

မွန်းကျပ်လွန်းလို့ ရင်ဖွင့်ချင်ခဲ့တာတောင်

နားထောင်မဲ့သူက အဝေးမှာ.....၊

အထီးကျန်ဘ၀မှာ တို့ကြွေကွဲနေတာ

မင်းသာအနားမှာ ရှိခဲ့ရင်..............................။

မင်းအပေါ် လွမ်းဆွတ်မှု့ကုဋေကုဋာတွေကို

အတိုင်းအဆမဲ့စွာ ပြောပြချင်ခဲ့တာ...........။

တို့မင်းကို ပြောခဲ့တဲ့ အခါကျရင်

မင်းနှလုံးသားနဲ့

နားဆင်ပေးလှဲ့ပါ....ချစ်သူ.............၊

ရင်ခုန်သံချင်း ထပ်တူကျကာ

မင်းကိုချစ်တဲ့ အချစ်များနဲ့သာ......၊

မင်းတစ်ယောက် သိခဲ့ရင်ကွာ

စာနာစွာနဲ့ နားလည်ပေးပါ................။


ဖြူ

Saturday, September 27, 2008

ဘာသာ အသစ်

အနိုင်ပိုင်းပြီး ထားသွားတာ

စကားလုံးတောင် မလိုဘူး...

မာနတွေ နင်းချေသွားတာ

အပြုံးလေး တစ်ချက်နဲ့ပါ...

ဒီနှစ်အချစ် မေဂျာမှာ

တစ်ဘာသာတိုးတယ်...

အရှုံး တဲ့.........၊။

နှင်း

သြော်........အွန်လိုင်းဆိုတာဒီလိုလား




သူငယ်ချင်းတစ်ယောက်ရဲ့..forward..လေးကိုတင်လိုက်ပါ ဖတ်ဖူးပြီးသူများအတွက် အလွတ်ရသွားအောင်လို့..ဟဲဟဲ ရီသောသူအသက်ရှည်တယ်တဲ့ များများရီကြနော်....ဟတ်..ဟတ်





Friday, September 26, 2008

မြူနှင်းကြားမှ တောင်းဆုသံ

မြူနှင်းဖွေးတဲ့ ဆောင်းနံနက်ခင်း......
မင်းနဲ့အတူ တွဲလျှောက်ရင်း.........။

မြူနှင်းများ လွင့်ပျယ်သောအခါ
ဒီလမ်းလေးကို မင်းရောက်မလာ.....။
နွေကန္တာမှာ တစ်ယောက်ထဲပါ....
အထီးကျန်စွာနဲ့ ကြွေကွဲနေတာ...။

တစ်နေ့တော့ဖြင့် မြူနှင်းကြားမှာ
ပြန်တွေ့မယ်လို့မျှော်လင့်ခဲ့တာ.....

မျှော်လင့်ချက်များက မရေမရာ
ရာသီပြောင်းသလို မင်းပြောင်းလဲကာ....။

အဖော်မဲ့စွာ မြူနှင်းကြားမှာ....
ဟိုတစ်ချိန်က အေးမျှလှတဲ့ မြူနှင်းပွင့်ဟာ...
အခုတော့တို့အတွက် ...
မီးတောက်ကြီးပမာ...

နှလုံးသားထဲက အလွမ်းဝေဒနာ ....
ကုစားနိုင်ဖို့ သမားတော် မဖွေရှာ..
အသဲအိမ်မှာ ခံစားရ်ျသာ..
ရင်ထဲမှာတော့ တောင်းဆုခြွေကာ
ဒီဘ၀မက နောင်ဘ၀ များစွာ..
ဒီအဖြစ်မျိုးနဲ့ ဝေးရပါစေသာ......


ဖြူ


Thursday, September 25, 2008

မီးလေးရဲ့ ပထမများ...

ပို့စ်အသစ်အတွက် ဘာရေးရင်ကောင်းမလဲလို့ စဉ်းစားနေတုန်း သယ်ရင်းပင့်ဂိုးလ်ဆီကမေးလ် ၀င်လာခဲ့တယ် တတ်ထားတယ်နော် ရေးပေးဦးတဲ့ ...( အနားမှာရှိရင်လေ သွားပြီးတော့တောင် အာဘွားသွားပေးလိုက်မယ်... ချစ်လွန်းလို့ ..........ဟိ.... ) ရေးစရာမရှိတာနဲ့ အတော်ပဲ ဖြစ်သွားတာပေါ့ ညီမလေးဘယ်တော့လာပြန်ခေါ်မလဲ ဆိုတော့မန်းလေးက ပြန်လာမှတဲ့ ....ဟွန့် .. ဘယ်ရမလဲမီးလေးပဲဟာ လက်ဆောင်မှာ လိုက်တာပေါ့ ....ဟတ်ဟတ် ...(သယ်ရင်းမေ့နဲ့နော်)
ချစ်ဆုံးရေးခိုင်းတာရေးလိုက်ပြီးနော်.........

ပထမဆုံး နေခဲ့တဲ့မြို့- ကရင်ပြည်နယ် ၊ ဘားအံမြို့ ပါ။

ပထမဆုံး တတ်ခဲ့တဲ့ကျောင်း- အ-ထ-က-(၄) ကျောင်းပါ ။

ပထမဆုံး အတန်း- သူငယ်တန်းပေါ့။

ပထမဆုံး သူငယ်ချင်း- ဘေးအိမ်က ညိုညိုဆိုတဲ့ကောင်မလေးပေါ့..၊

ပထမဆုံးရတဲ့ကျောင်းက သူငယ်ချင်း- သူငယ်ချင်းများတော့ မမှတ်မိဘူး.

ပထမဆုံး ဖတ်ဖူးတဲ့ စာအုပ်- မူကြိုကျောင်းတတ်တုန်းက သင်တဲ့စာအုပ်ပေါ့( မီးလေးတို့ကိုမူကြိုမှာကတဲကစာသင်နေပြီး သူငယ်တန်းရောက်တော့ က ခ ဖတ်တတ်နေပြီး )

ပထမဆုံး အလွတ်ရတဲ့ကျောင်းစာ- က ခ ပေါ့

ပထမဆုံးအရိုက်ခံရခြင်း- မမှတ်မိတော့ဘူး ၊ဆိုးလို့ ခဏခဏ ရိုက်ခံထိတယ်...ခုထိပဲ

ပထမဆုံး ရတဲ့ဆု- ငယ်ငယ်က ရပ်ကွက်မှာ သင်္ကြန်ကတုန်းက ပထမဆု ( ဒါတောင်လူနည်းလို့...ဟိ )

ပထမဆုံး သွားဖူးတဲ့ခရီး- ၈တန်းတုန်းက ကျောင်းကသူငယ်ချင်းတွေဆရာမတွေနဲ့ ဘုရားဖူးသွားတာ

ပထမဆုံး စီးဖူးတဲ့ကား- ကားကငယ်ငယ်လေးထဲကစီးဖူးတာမှတ်မိတော့ဘူး။

ပထမဆုံး ဆိုတဲ့သီချင်း- လက်ကလေးကိုမြောက်ပါ ၊မြောက်ပါ၊ မြောက်ပါ။။ သေနက်ကလေးကိုပြစ်ပါပြစ်ပြစ်ဒိုင်း............မူကြိုတုန်းကဆိုတာ.....ဟဲ

ပထမဆုံး ရေးခဲ့သော ရည်းစားစာ-တစ်ခါမှ မရေးဖူးဘူး

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ်- ၂၀၀၆ခုနှစ်

ပထမဆုံး ချစ်သူ-ချစ်သူမရှိသေးဘူး...(ရည်းစားပဲထားကြည့်တာ)

ပထမဆုံး ၀ယ်ဖူးတဲ့ စာအုပ်-နက္ခတ္တရောင်ခြည်နဲ့ကောင်းသန့်ရဲ့ သမီးလေးဖတ်ဖို့ ၃ (တူတူဝယ်လာလို့)

ပထမဆုံး ၀ယ်တဲ့ သီချင်းခွေ- ထွန်းအန္ဒြာဗိုလ်ရဲ့ 99

ပထမဆုံး တက္ကသိုလ်ရောက်တဲ့နေ့-တက္ကသိုလ်ကတော့ရောက်ဖူးတာ ၉တန်းနှစ်ကတဲက(သွားလည်တာ...ဟဲ)

ပထမဆုံး ရဖူးတဲ့လက်ဆောင်- မီးလေးက ငယ်ငယ်လေးထဲက ချစ်စရာကောင်းတယ်ဆိုတော့ လက်ဆောင်ကအမြဲတမ်းရနေတာ...ဘယ်သွားမှတ်မိမှာလဲလို့...၊

ပထမဆုံး အလုပ်-အိမ်မှာဆိုင်ဖွင့်ထားတယ်ဆိုတော့ ........လုပ်နေတာပဲ

ပထမဆုံး တစ်ယောက်ထဲ ခရီးသွားခြင်း-၂၀၀၂ ခုနှစ်က တာချီလိတ်ကတစ်ယောက်ထဲပြန်လာရတယ်..

ပထမဆုံး သောက်ဖူးတဲ့ဆေးလိပ်၊ ပထမဆုံးသောက်ဖူးတဲ့ အရက်- တစ်ခါမှမသောက်ဖူးပါ. .အရက်နံ့လဲခံမနိုင် လို့မသောက်ဘူး..၊
ပထမဆုံးတတ်ဖူးသော ဆေးရုံ- အမေမွေးပြီးကတဲက ဆေးရုံမတတ်ရပါဘူးရှင်..(.ကျန်းမာရေးကောင်းတယ်)

ပထမဆုံး ဘလော့ခ်ပို့- အချစ်ဆိုတာ..
ပထမဆုံး ခင်တဲ့ဘလော့ခ် မိတ်ဆွေ- ချစ်မမ ညလေးပါ..

ပထမဆုံးရေးတဲ့ ကဗျာ-ဆောင်းလေရူး.....ပါ

ပထမဆုံး ကိုယ်ရှာတဲ့ ပိုက်ဆံကိုယ်သုံးခြင်း- ၈တန်းကျောင်းပိတ်တုန်းက အဖွားတို့ဆိုင်မှာဈေးဝိုင်းရောင်းပေးလို့ ရတဲ့ပိုက်ပိုက်
ပထမဆုံးအကြိမ် ရန်ဖြစ်ခြင်း-၃တန်း တုန်းကကောင်လေးတစ်ယောက်နဲ့ပါ သူလာစတာစိတ်မရှည်တော့လို့ စကားများရန်ဖြစ်ပြီး ကျောက်သင်ပုန်း ဘောင်မပါတဲဟာနဲ့ပြစ်ပေါက်တာ မျက်ခုံးကွဲသွားလို့ လက်တဲ့တယ်ဆိုပြီး နာမည်တောင်ကြီးသွားသေးတယ်...........ဟီးးးးးးးးး

ပထမဆုံးအကြိမ် ထီပေါက်ခြင်း-တစ်ခါမှမပေါက်ဖူးပါ.....ထီမထိုးပါဘူး

ပထမဆုံး ရင်ခုန်ဖူးခြင်း-ငယ်ငယ်လေးထဲကခုန်တာ အဖေမသိအောင်လုပ်ရင်းကြောက်ကြောက်နဲ့ ရင်တွေကိုခုန်လို့ (ရိုက်ခံထိမှာကြောက်လို့)

ပထမဆုံး တီးဖူးတဲ့ ဂစ်တာ-သူငယ်ချင်းတွေဆိုင်လာရင်းယူတီးဖူးပါတယ် ခုတော့မတတ်တော့ပါဘူး

ပထမဆုံးရောက်ခဲ့သော နိုင်ငံခြား-ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ပါပဲရှင်...............

သယ်ရင်းရေ..တာဝန်ကျေပြီးနော်.........
ဘယ်ရမလဲမီးလေးလဲ ပြန်တတ်မှာပေါ့.....မီးလေးရဲ့သယ်ရင်း blackdream မင်းယွန်းသစ် ကိုစွမ်း ပြီးတော့မီးလေးရဲ့ အကို idulize ကိုပီကေ ရေးပေးကြပါ....။



အသည်းမယားကြဘူးလား

ကိုကင်းကောင်...အဲလေယောင်လို့....ဟိ
ကိုကောင်းကင်....ကလေးလာပြန်ခေါ်နော်


ပင့်ဂိုးလ်...ကိုယ့်ညီမကိုအဲ့လိုပြစ်ထားရလား.....ကြည့်စမ်းပါဦးညစ်ပတ်ကုန်ပြီး....နာစိတ်ညစ်တယ်နင်ငယ်ငယ် ကအတိုင်းပါပဲလား....မြန်မြန်လာခေါ်နော်.....ဟင်းဟင်းဟင်း
ကိုမင်းယွန်ကအိပ်ပုပ်ကြီးသလို....ကလေးကလဲအဖေနဲ့တော်တော်တူတာပဲနော်
နိုးရင်လာပြန်ခေါ်တော့....ကျုပ်မအားတော့ဘူး...


မ၀ါကလေးကအိပ်နေတာချစ်စရာ လေး..မ၀ါနဲ့တူလို့ဖြစ်မယ်....
အလုပ်ကပြန်လာရင်ဝင်ခေါ်ဖို့ မမေ့နဲ့နော်..
(သားသားအခုထဲကကျင့်နေတာဖေဖေနဲ့တူအောင်လို့.....)
ကိုစိုးဇေယျာ...ကလေးကိုဒီလိုပဲလွတ်ထားရလား..
ကလေးက.
လေ့ကျင့်နေတာ..အားကြိုးမာန်တက်ပဲ......း)

ကိုစွမ်းကကောင်မလေးအသစ်နဲ့သွားကျူနေတာ...
ကိုယ့်ကလေးကိုယ်မထိန်ဘူး....ဟိုမှာ..ဟိုမှာ..တွေ့လား..
ကစ်စ်ပေးနေပြန်ပြီး.....

သူငယ်ချင်းblackရေ...ရှင့်ကလေးက.
ကောင်မလေတွေကိုလိုက်ပြောင်ပြနေတယ်...
ပြန်လာထိန်းဦး....



ကိုညီလင်းဆက်.ကလေးကဘာမကျေနပ်. လဲမသိဘူးနှုတ်ခမ်းဆူလိုက်..မျက်စိမှတ်ပြ လိုက်နဲ့...


ဦးဦးရန်ကလေးကတော့ငြိမ်နေ တာပဲအဲ့လိုလေးပဲလုပ်တာ..
ဟီးးးး



သူလေးကတော့ဘယ်သူ့ကလေးလဲ.......
ကလေးပိုင်ရှင်တွေ...ကိုယ့်ကလေးကိုမြန်မြန်လာခေါ်ပါ....ဒီမှာထိန်းမနိုင်တော့ဘူးရှင့်များလွန်းလို့...ဟင့်...ဟင့်
အပျိုကြီးစိတ်ညစ်လာပြီးနော်.....

Wednesday, September 24, 2008

မြွေကိုမြွေကမျို







မြွေကြောက်တဲ့သူငယ်ချင်းများအတွက်...
သေချာကြည့်သွားနော်.....အဖြေသိလိမ့်မယ်..

Tuesday, September 16, 2008

တို့ရဲ့ အချစ်တွေဟာ မင်းအတွက်ပါ

သူရယ်.........
အစားထိုးပြီးချစ်လို့မရတဲ့အဖြစ်မျိုးတွေနဲ့အကြိမ်ကြိမ်အခါခါလဲပြိုကျရှုံးနေဆဲပဲဆိုတာမင်းသိရဲ့လား..?
မင်းအကြာင်းတွေ တွေးရင်းနဲ့မိုးလင်း လင်းသွားတတ်တဲ့အိပ်ပျက်ညတွေခုချိန်ထိရှင်သန်နေဆဲပဲဆိုတာရော...
မင်းသိရဲ့လား..?
အစွဲအလမ်းကြီးသူတစ်ယောက်ကို မင်းရဲ့အပြုံးတွေ ရယ်သံတွေနဲ့ ခြောက်လှန့် နှိပ်စက်နေတတ် အောင်မင်းဖန်တီးပြုစားခဲ့တာပဲ...။ မခံစားတတ်သူတစ်ယောက်သာဖြစ်ချင်တော့တယ်.....။
တို့သိတာကတစ်စုံတစ်ခုကိုလိုချင်ရင် တစ်စုံတစ်ခုကိုဆုံးရှုံးရတတ်တယ်တဲ့.......။ကောင်းကင်ပေါ်က
လမင်းဟာတစ်ရက်ပြီးတစ်ရက်ဆုတ်သွားတတ်တဲ့အခါ တို့ဘ၀ထဲကနေ တစ်ရက်ပြီးတစ်ရက်ဆုတ်ခွာထွက်သွား ခဲ့ဖူးတဲ့မင်းကို တို့ သတိမရပဲမနေနိုင်ပြန်ဘူး...။
သူရယ်..........
မင်းကိုတို့ချစ်တဲ့အချစ်ဟာခိုင်မာတယ်..၊ အနှစ်ဗလာအကာတွေမဟုတ်ဘူး...၊လွယ်လွယ်နဲ့ဖျက်ဆီး
ပစ်လို့မရဘူး..၊ဘယ်သူမှတားဆီးလို့မရဘူး...၊လေထဲမှာလွင့်ပျောက်သွားမယ့် အရာလည်းမဟုတ်ဘူး.၊ အဲ့ဒီအချစ် တွေဟာနှလုံးသားထဲမှာ အမြစ်ခိုင်ခိုင်တွယ်နေတယ်...။
တစ်ကယ်တော့ အချစ်ဆိုတာ တို့ဘ၀ကိုကောင်းတာဘာတစ်ခုမှ မပေးခဲ့ဖူးပါဘူး....၊ ဒါပေမယ့်.....
ပင်လယ်ပြင်ကနေတက်လာတဲ့ လှိုင်းလုံးလေးများတွေကို ဘယ်သူကမှတားလို့မရသလိုပေါ့....၊ တို့ရင်ထဲကမင်းအပေါ်တွယ်တာနေတဲ့ တိတ်တခိုးသံယောဇဉ်တွေကိုလည်း ဘယ်လိုလုပ် တားလို့ရမှာတဲ့လဲ...။
တို့ကပဲ ပူလောင်လွန်းတာလား.....?၊ မင်းကပဲအေးစက်နေတာလား...?၊ အချစ်ဆိုတာနေတစ်စင်းလို့
ဆိုကြတယ်...၊ ဘာပဲဖြစ်ဖြစ်ပူလောင်ပေမယ့် လိုအပ်တယ်မဟုတ်လား...?.၊
သူ.............
မင်းနေထိုင်တဲ့ကမ္ဘာနဲ့တို့နေထိုင်တဲ့ကမ္ဘာဟာအတူတူပဲ..၊မင်းမြင်နေရတဲ့နေမင်းနဲ့တို့မြင်နေရတဲ့နေမင်းဟာလည်း အတူတူပဲ..၊ ဒီလိုဆိုရင်မင်းနဲ့တို့နဲ့အတူတူပဲလို့ပြောနိုင်သလား...?
"ဒီနေ့တစ်နာရီဟာ မနက်ဖြန်နှစ်နာရီထက်ပိုအဖိုးတန်တယ်နော်" လို့တို့မင်းကိုပြောခဲ့ဖူးတယ်.......
"ရောမမြို့ကြီးကိုတစ်ရက်ထဲနဲ့တည်ဆောက်တာမဟုတ်ဘူးဆိုတာငါသိပါတယ်ကွာ"မင်းလဲတို့ကိုပြောခဲ့ဖူးတာပဲလေ..၊
တကယ်တော့မင်းဟာ မြားတံကို အသင့်ဖြစ်အောင်မလုပ်ပဲနဲ့ လေးကိုတင်ချင်နေခဲ့သူပဲ..၊(ဒီလူဟာ မင်းအတွက်တော့မဖမ်းလည်းမိ ၊ ဖမ်းလည်းမိသတဲ့လား.၊ မပြေလည်းမိသတဲ့ )...၊
မင်းကိုတွေ့လိုက်ရတိုင်း တို့နှလုံးခုန်သံတွေပြင်းထန်လွန်းလို့ တို့တစ်ကိုယ်လုံးတုန်ခါနေတယ်လို့ထင် ရတယ်..၊တကယ်တမ်းကျတော့ မင်းဟာတို့ရဲ့မိုးကောင်းကင်ထိမြင့်တက်နေတဲ့မျော်လင့်ချက်တွေကို မြေကြီးပေါ် ပြန်ကျအောင် ရိုက်ချတတ်တဲ့ရက်စက်တတ်သူပဲ...၊ တို့နှလုံးသားရဲ့ပဲ့တင်သံတွေ မင်းနားစွင်ခဲ့ရင်ကြားခဲ့မှာပါ...၊
အချစ်ဆိုတာယောင်္ကျားတစ်ယောက်အတွက် စိတ်ခံစားချက်တစ်ခုထက်မပိုပါဘူး................၊မိန်းမ
တစ်ယောက်အတွက်တော့အချစ်ဆိုတာသူ့ရဲ့အသက်၊သူ့ရဲ့သေရေးရှင်ရေးတဲ့.....၊
တို့ရဲ့အလင်းရောင်တွေ မင်းကြည့်တတ်ရင်မြင်ခဲ့မှာပါ.........၊ တကယ်တော့မင်းရဲ့ချစ်ရေးချစ်ရာတွေ ဟာအားကစားသာဆိုရင်မင်းရွှေတံဆိပ်ဆုတွေအများကြီးပဲနေမှာ....သူရယ်....၊
ဟိုစဉ်တုန်းက မဖြစ်နိုင်တဲ့အနာဂတ်တစ်ခုဆီကို မျော်လင့်တမ်းတရင်းနှလုံးသားရဲ့အနက်ရှိုင်းဆုံး နေရာမှာအချစ်တွေကိုသိမ်းဆည်းထားခဲ့တယ်..၊တစ်နေ့တော့မင်းရဲ့အချစ်တွေနဲ့ဆုံနိုင်ကောင်းပါရဲ့လို့မျော်လင့်
ခဲ့ဖူးတယ်............၊ ဒါပေမယ့်.....
မင်းနဲ့ပတ်သတ်တဲ့အရာအားလုံးဒီနေ့မှာပဲ တို့ကိုယ်တိုင် အပြီးတိုင်ချေဖျက်...၊ဖျက်ဆီးပစ်လိုက်ပါပြီး...
နောက်ထပ်ရင်နာရမယ့်နေ့တွေဆိုတာ နောက်တစ်ကြိမ်ရောက်လာမှာကို တို့မကြုံချင်တော့လို့ပါ...၊ဝေဒနာည
တွေရဲ့ငိုရှိုက်သံတွေတစ်ခါပြန်လည်မရောက်ချင်တော့လို့သူရယ်.........၊
လူတိုင်းလူတိုင်းဟာစစ်မှန်တဲ့ချစ်ခြင်းတရားကိုသာ အလိုရှိကြပါတယ်...၊ဒါပေမယ့်.......လောကကြီးမှာ ဒီလိုအချစ်မျိုးဆိုတာနေရာတိုင်းမှာမရှိနိုင်ဘူးတိုတာလည်းသိကြမှာပါ.........၊
တကယ်တော့မင်းဟာ ဆောင်းတွင်းကြမှရေခဲရေကြိုက်တတ်တဲ့လူစားမျိုးပဲ...၊ချစ်လျှက်နဲ့ဝေးနေရတဲ့ အချိန်တွေအတွက်တို့မှာနောက်ထပ်တစ်ကြိမ်ဆိုတာဘယ်လိုမှ ရောက်မလာတော့ပါဘူး..တို့ရင်ထဲကတိတ်တခိုး
အချစ်တွေကိုမင်းမမြင်တတ်ခဲ့လို့သာပါ..၊တို့နှလုံးသားရဲ့ပဲ့တင်သံတွေကိုမင်းမကြားတတ်ခဲ့လို့သာပါ....၊
သူရယ်...............
လောကကြီးမှာမင်းတစ်ယောက်ထဲချစ်တာ တို့အသက်ရှိသရွေ့မပြောင်းလဲပါဘူး..........
( ဒါပေမယ့် )
မင်းရဲ့ ပိတ်လိုက်ဖွင့်လိုက် လုပ်တတ်တဲ့တံခါးတွေရဲ့ရည်ရွယ်ရာကိုတော့ စိန်မခေါ်ဝံ့တာအမှန်ပါ....။
တို့ကအရိုးသားဆုံးသာချစ်တတ်ခဲ့သူပါကွယ်..............။ ။






ကိုယ့် အပြစ်

လှည့်စားခံရတာတွေ စဉ်းစားရင်
ကိုယ် အ တာကို အရင်မြင်တယ်...၊
ကောင်းကင်ပေါ်ခြေချချင်တဲ့ သူကိုမှ
မေတ္တာနှင့်ချည်နှောင်ဖို့ ကြိုးစားခဲ့တာ
ကိုယ့်ရဲ့ အထင်ရှားဆုံး ဖျင်းအမှု့ပါပဲ...၊
"မင်းကိုချစ်တယ်"ဆိုတဲ့
စကားရဲ့နောက်မှာ....
ဒါပေမယ့် တွေမျိုချထားတာ
ကိုယ်ကမသိခဲ့ဖူးလေ..၊
အချစ်တစ်ခုထဲနှင့်
အမြင့်ကိုမရောက်နိုင်ဘူးဆိုပြီး
လမ်းခွဲစကားအပြောခံရမှ
သူမျိုချထားတဲ့ ဒါပေမယ့်တွေကို
ကိုယ်မြင်ခဲ့ရတယ်..၊
ဘယ်သူ့ကိုမှအပြစ်မတင်ပါဘူး
ဇာတ်လမ်းတစ်ခုလုံးရဲ့
အစ အလယ် အဆုံး
အ နိုင်လွန်းတဲ့ ကိုယ်မှာသာ
အပြစ်ရှိတာပါ..။

ဖြူ

Monday, September 15, 2008

"အချစ်ဆိုတာ"

နူးညံ့စွာ ရင်တွေခုန်
ထူးဆန်းစွာ ခံစား
ဆန်းပြားတဲ့အကြည့်လေးတွေနှင့်
အမူအရာတွေပျက်ယွင်း
လူတကာကို ရှက်ရင်း
တိုးတိုးလေး ရယ်လိုရယ်

တိတ်တိတ်လေး ပြုံးလိုပြုံး
လက်ဖျားအေးစက်
အချိန်တိုင်း အတွေးဂယက်မှာ
သူ့ကိုသာ စွဲလမ်းနေတာ
အဲ့ဒါ....
အချစ်တဲ့လားကွယ်........။

Sunday, September 14, 2008

မင်္ဂလာပါ

ဟယ်လို
မင်္ဂလာပါ

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit