Monday, September 29, 2008

ငါ မသိတော့ဘူး

ငါက မင်းကို

ငါ့ရဲ့ အချစ်တွေပေးတော့....

မင်းကပြောတယ် ..

ငါ့ရဲ့ အချစ်တွေက မင်းကို

ပူလောင်စေတယ်တဲ့...

ငါကအနမ်းတွေ ပေးတော့

မင်းအနမ်းက ငါ့ကို

ခါးသတ်စေတယ်တဲ့

ငါက အလွမ်းတွေပေးတော့

မင်း မခံစားနိုင်ဘူးတဲ့

ငါကမင်းအနားမှာ

နေချင်တယ်ဆိုတော့

ငါ့ရဲ့လွပ်လပ်မှု့တွေ ကို

မသိမ်းပိုက်ချင်နဲ့တဲ့

ငါကမင်းအနားက

ထွက်သွားမယ်ဆိုတော့လဲ

မင်းက မနေရစ်ခဲ့နိုင်ဘူးတဲ့...၊

ငါဘယ်လိုလုပ်ရမလဲကွာ.....။


နှင်း

2 comments:

ဇင်ယော် said...

ဒီလောက်တောင် ဖြစ်လှတာ တစ်ကိုယ်လုံး ကြိုးတုတ်ပြီး ပါးစပ်ကို ပလာစတာသာ ကပ်ထားလိုက်။ ပြီးမှ ကိုယ့်ဘာသာကိုယ် လုပ်ချင်တာ လုပ်ပေတော့။ အဟီး စတာဗျ။ စိတ်မဆိုးပါနဲ့ ။

flowerworld said...

ကိုဇင်ယော်ကြီး.အကြံလာပေးတာကျေးဇူပဲနော် သူ့ကိုတွေ့ရင်တိုင်မှာကြိုးနဲ့တုတ်ပြီး ဂျားကလိထိုးသတ်လိုက်မယ်.. ဟတ်ဟတ်
ပုဇွန်လေးလိုပြုံးပြုံးလေးသေရအောင်ပေါ့..ဟဲဟဲ

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit