Tuesday, September 16, 2008

ကိုယ့် အပြစ်

လှည့်စားခံရတာတွေ စဉ်းစားရင်
ကိုယ် အ တာကို အရင်မြင်တယ်...၊
ကောင်းကင်ပေါ်ခြေချချင်တဲ့ သူကိုမှ
မေတ္တာနှင့်ချည်နှောင်ဖို့ ကြိုးစားခဲ့တာ
ကိုယ့်ရဲ့ အထင်ရှားဆုံး ဖျင်းအမှု့ပါပဲ...၊
"မင်းကိုချစ်တယ်"ဆိုတဲ့
စကားရဲ့နောက်မှာ....
ဒါပေမယ့် တွေမျိုချထားတာ
ကိုယ်ကမသိခဲ့ဖူးလေ..၊
အချစ်တစ်ခုထဲနှင့်
အမြင့်ကိုမရောက်နိုင်ဘူးဆိုပြီး
လမ်းခွဲစကားအပြောခံရမှ
သူမျိုချထားတဲ့ ဒါပေမယ့်တွေကို
ကိုယ်မြင်ခဲ့ရတယ်..၊
ဘယ်သူ့ကိုမှအပြစ်မတင်ပါဘူး
ဇာတ်လမ်းတစ်ခုလုံးရဲ့
အစ အလယ် အဆုံး
အ နိုင်လွန်းတဲ့ ကိုယ်မှာသာ
အပြစ်ရှိတာပါ..။

ဖြူ

1 comments:

ဟိန်းညီ said...

ဒီလောက်ကောင်းတဲ့ကဗျာလေးမှာ
ဘာကြောင့်ကွန့်မန့်တွေမရှိရတာလဲ။
ဒီလိုပဲဗျ။
လူတွေကမကြည့်တတ်ကျဘူး။
မရွေးချယ်တတ်ကျဘူး။
အရမ်းကောင်းတယ်ဗျာ။
ဒါပေမယ့်ဆိုတဲ့စကားလုံးကိုစတွေ့တဲ့အချိန်မှာ
အကောင်းဆုံးပဲ။နောက်တစ်လုံးထပ်တွေ့လိုက်တော့
နည်းနည်းပေါ့သွားတယ်။ဝေဖန်ပေးတာပါနော်။
(ဟိန်းညီ)

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit