Friday, September 26, 2008

မြူနှင်းကြားမှ တောင်းဆုသံ

မြူနှင်းဖွေးတဲ့ ဆောင်းနံနက်ခင်း......
မင်းနဲ့အတူ တွဲလျှောက်ရင်း.........။

မြူနှင်းများ လွင့်ပျယ်သောအခါ
ဒီလမ်းလေးကို မင်းရောက်မလာ.....။
နွေကန္တာမှာ တစ်ယောက်ထဲပါ....
အထီးကျန်စွာနဲ့ ကြွေကွဲနေတာ...။

တစ်နေ့တော့ဖြင့် မြူနှင်းကြားမှာ
ပြန်တွေ့မယ်လို့မျှော်လင့်ခဲ့တာ.....

မျှော်လင့်ချက်များက မရေမရာ
ရာသီပြောင်းသလို မင်းပြောင်းလဲကာ....။

အဖော်မဲ့စွာ မြူနှင်းကြားမှာ....
ဟိုတစ်ချိန်က အေးမျှလှတဲ့ မြူနှင်းပွင့်ဟာ...
အခုတော့တို့အတွက် ...
မီးတောက်ကြီးပမာ...

နှလုံးသားထဲက အလွမ်းဝေဒနာ ....
ကုစားနိုင်ဖို့ သမားတော် မဖွေရှာ..
အသဲအိမ်မှာ ခံစားရ်ျသာ..
ရင်ထဲမှာတော့ တောင်းဆုခြွေကာ
ဒီဘ၀မက နောင်ဘ၀ များစွာ..
ဒီအဖြစ်မျိုးနဲ့ ဝေးရပါစေသာ......


ဖြူ


0 comments:

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit