Thursday, September 25, 2008

မီးလေးရဲ့ ပထမများ...

ပို့စ်အသစ်အတွက် ဘာရေးရင်ကောင်းမလဲလို့ စဉ်းစားနေတုန်း သယ်ရင်းပင့်ဂိုးလ်ဆီကမေးလ် ၀င်လာခဲ့တယ် တတ်ထားတယ်နော် ရေးပေးဦးတဲ့ ...( အနားမှာရှိရင်လေ သွားပြီးတော့တောင် အာဘွားသွားပေးလိုက်မယ်... ချစ်လွန်းလို့ ..........ဟိ.... ) ရေးစရာမရှိတာနဲ့ အတော်ပဲ ဖြစ်သွားတာပေါ့ ညီမလေးဘယ်တော့လာပြန်ခေါ်မလဲ ဆိုတော့မန်းလေးက ပြန်လာမှတဲ့ ....ဟွန့် .. ဘယ်ရမလဲမီးလေးပဲဟာ လက်ဆောင်မှာ လိုက်တာပေါ့ ....ဟတ်ဟတ် ...(သယ်ရင်းမေ့နဲ့နော်)
ချစ်ဆုံးရေးခိုင်းတာရေးလိုက်ပြီးနော်.........

ပထမဆုံး နေခဲ့တဲ့မြို့- ကရင်ပြည်နယ် ၊ ဘားအံမြို့ ပါ။

ပထမဆုံး တတ်ခဲ့တဲ့ကျောင်း- အ-ထ-က-(၄) ကျောင်းပါ ။

ပထမဆုံး အတန်း- သူငယ်တန်းပေါ့။

ပထမဆုံး သူငယ်ချင်း- ဘေးအိမ်က ညိုညိုဆိုတဲ့ကောင်မလေးပေါ့..၊

ပထမဆုံးရတဲ့ကျောင်းက သူငယ်ချင်း- သူငယ်ချင်းများတော့ မမှတ်မိဘူး.

ပထမဆုံး ဖတ်ဖူးတဲ့ စာအုပ်- မူကြိုကျောင်းတတ်တုန်းက သင်တဲ့စာအုပ်ပေါ့( မီးလေးတို့ကိုမူကြိုမှာကတဲကစာသင်နေပြီး သူငယ်တန်းရောက်တော့ က ခ ဖတ်တတ်နေပြီး )

ပထမဆုံး အလွတ်ရတဲ့ကျောင်းစာ- က ခ ပေါ့

ပထမဆုံးအရိုက်ခံရခြင်း- မမှတ်မိတော့ဘူး ၊ဆိုးလို့ ခဏခဏ ရိုက်ခံထိတယ်...ခုထိပဲ

ပထမဆုံး ရတဲ့ဆု- ငယ်ငယ်က ရပ်ကွက်မှာ သင်္ကြန်ကတုန်းက ပထမဆု ( ဒါတောင်လူနည်းလို့...ဟိ )

ပထမဆုံး သွားဖူးတဲ့ခရီး- ၈တန်းတုန်းက ကျောင်းကသူငယ်ချင်းတွေဆရာမတွေနဲ့ ဘုရားဖူးသွားတာ

ပထမဆုံး စီးဖူးတဲ့ကား- ကားကငယ်ငယ်လေးထဲကစီးဖူးတာမှတ်မိတော့ဘူး။

ပထမဆုံး ဆိုတဲ့သီချင်း- လက်ကလေးကိုမြောက်ပါ ၊မြောက်ပါ၊ မြောက်ပါ။။ သေနက်ကလေးကိုပြစ်ပါပြစ်ပြစ်ဒိုင်း............မူကြိုတုန်းကဆိုတာ.....ဟဲ

ပထမဆုံး ရေးခဲ့သော ရည်းစားစာ-တစ်ခါမှ မရေးဖူးဘူး

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ်- ၂၀၀၆ခုနှစ်

ပထမဆုံး ချစ်သူ-ချစ်သူမရှိသေးဘူး...(ရည်းစားပဲထားကြည့်တာ)

ပထမဆုံး ၀ယ်ဖူးတဲ့ စာအုပ်-နက္ခတ္တရောင်ခြည်နဲ့ကောင်းသန့်ရဲ့ သမီးလေးဖတ်ဖို့ ၃ (တူတူဝယ်လာလို့)

ပထမဆုံး ၀ယ်တဲ့ သီချင်းခွေ- ထွန်းအန္ဒြာဗိုလ်ရဲ့ 99

ပထမဆုံး တက္ကသိုလ်ရောက်တဲ့နေ့-တက္ကသိုလ်ကတော့ရောက်ဖူးတာ ၉တန်းနှစ်ကတဲက(သွားလည်တာ...ဟဲ)

ပထမဆုံး ရဖူးတဲ့လက်ဆောင်- မီးလေးက ငယ်ငယ်လေးထဲက ချစ်စရာကောင်းတယ်ဆိုတော့ လက်ဆောင်ကအမြဲတမ်းရနေတာ...ဘယ်သွားမှတ်မိမှာလဲလို့...၊

ပထမဆုံး အလုပ်-အိမ်မှာဆိုင်ဖွင့်ထားတယ်ဆိုတော့ ........လုပ်နေတာပဲ

ပထမဆုံး တစ်ယောက်ထဲ ခရီးသွားခြင်း-၂၀၀၂ ခုနှစ်က တာချီလိတ်ကတစ်ယောက်ထဲပြန်လာရတယ်..

ပထမဆုံး သောက်ဖူးတဲ့ဆေးလိပ်၊ ပထမဆုံးသောက်ဖူးတဲ့ အရက်- တစ်ခါမှမသောက်ဖူးပါ. .အရက်နံ့လဲခံမနိုင် လို့မသောက်ဘူး..၊
ပထမဆုံးတတ်ဖူးသော ဆေးရုံ- အမေမွေးပြီးကတဲက ဆေးရုံမတတ်ရပါဘူးရှင်..(.ကျန်းမာရေးကောင်းတယ်)

ပထမဆုံး ဘလော့ခ်ပို့- အချစ်ဆိုတာ..
ပထမဆုံး ခင်တဲ့ဘလော့ခ် မိတ်ဆွေ- ချစ်မမ ညလေးပါ..

ပထမဆုံးရေးတဲ့ ကဗျာ-ဆောင်းလေရူး.....ပါ

ပထမဆုံး ကိုယ်ရှာတဲ့ ပိုက်ဆံကိုယ်သုံးခြင်း- ၈တန်းကျောင်းပိတ်တုန်းက အဖွားတို့ဆိုင်မှာဈေးဝိုင်းရောင်းပေးလို့ ရတဲ့ပိုက်ပိုက်
ပထမဆုံးအကြိမ် ရန်ဖြစ်ခြင်း-၃တန်း တုန်းကကောင်လေးတစ်ယောက်နဲ့ပါ သူလာစတာစိတ်မရှည်တော့လို့ စကားများရန်ဖြစ်ပြီး ကျောက်သင်ပုန်း ဘောင်မပါတဲဟာနဲ့ပြစ်ပေါက်တာ မျက်ခုံးကွဲသွားလို့ လက်တဲ့တယ်ဆိုပြီး နာမည်တောင်ကြီးသွားသေးတယ်...........ဟီးးးးးးးးး

ပထမဆုံးအကြိမ် ထီပေါက်ခြင်း-တစ်ခါမှမပေါက်ဖူးပါ.....ထီမထိုးပါဘူး

ပထမဆုံး ရင်ခုန်ဖူးခြင်း-ငယ်ငယ်လေးထဲကခုန်တာ အဖေမသိအောင်လုပ်ရင်းကြောက်ကြောက်နဲ့ ရင်တွေကိုခုန်လို့ (ရိုက်ခံထိမှာကြောက်လို့)

ပထမဆုံး တီးဖူးတဲ့ ဂစ်တာ-သူငယ်ချင်းတွေဆိုင်လာရင်းယူတီးဖူးပါတယ် ခုတော့မတတ်တော့ပါဘူး

ပထမဆုံးရောက်ခဲ့သော နိုင်ငံခြား-ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ပါပဲရှင်...............

သယ်ရင်းရေ..တာဝန်ကျေပြီးနော်.........
ဘယ်ရမလဲမီးလေးလဲ ပြန်တတ်မှာပေါ့.....မီးလေးရဲ့သယ်ရင်း blackdream မင်းယွန်းသစ် ကိုစွမ်း ပြီးတော့မီးလေးရဲ့ အကို idulize ကိုပီကေ ရေးပေးကြပါ....။



5 comments:

ပီကေ said...

အဟ .....
TAG ကတော့ စိတ်ဝင်စားစရာပဲ။
ဒါပေမယ့် ဖတ်ကြည့်လိုက်တော့ မဖြေနိုင်တဲ့ မေးခွန်းတွေက များနေတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ညီမရယ် ... ရေးရတော့မှာပေါ့။ ရေးမယ်ဗျာ။ ခဏတော့စောင့်။ ကားတောင် စက်နိုးဖို့ နှစ်ဘလောက် လောက်တော့ တွန်းယူရတယ်လေ။ အဟတ် ;P

မီးငယ် said...

မမမီးလေးရေ...
ညီမလေးဆီမှာလည်းရေးထားတယ်...လာဖတ်အုံးနော်...

Unknown said...

နင်နဲ့ဆို ဒီဟာကြီးကို ၀ိုင်းတက်တာ ၂ ယောက်ရှိပြီ :P

ကိုစွမ်း said...

i can't type mm font at this time :(
coz formated my pc. thz for ur tag ..meelay :)

ဟိန်းညီ said...

ဆောင်းလေရူး..ကဗျာမတွေ့ဘူးဗျ။
ဒီမှာတင်မထားတာထင်တယ်။
တင်ပါလားခင်ဗျာ။ဖတ်ရတာပေါ့။
ပထမဆုံးရေးတာဆိုတော့ ကောင်းချင်မှတော့ကောင်းမှာပေါ့
ဒါပေမယ့် သူမရှိပဲနောက်ကဗျာတွေရှိလာနိုင်မှာ
မဟုတ်ဘူးလေ...

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit