Thursday, April 30, 2009

မီးလေးအတွေ့ချင်ဆုံး(၁၀)ယောက်

အားလုံးပဲမင်္ဂလာပါ....(စိုင်းစိုင်းလေသံနဲ့)

မီးလေးလဲပျင်းကြောဆွဲနေတာနဲ့ ပို့စ်အသစ်လဲမရေးဖြစ်ဘူး
မီးလေးကိုတတ်ဂ်ထားတဲ့ အတွေ့ချင်ဆုံး(၁၀)ယောက် ပို့စ်လေးကို ရေးသားလိုက်ပါတယ်

မီးလေးကိုအရင်စတတ်ဂ်တာကတော့ မီးလေးထက်အသက်ကြီးပေမယ့် မောင်လေးလို့ခေါ်တာနှုတ်ကျိုးနေလို့
မောင်လေးဝင်းဇော်လို့ခေါ်ခေါ်နေတဲ့ ကိုဝင်းဇော်တတ်ဂ်တာပါ ...........
ဒုတိယ ကတော့ သူကမီးလေးလိုပဲသိပ်ကြွားတာ မောင်ဆိုတာနှုတ်ဖျားကမချတဲ့ မီးလေးတို့ရဲ့ ချစ်မကြီး
မမ၀ါပါပဲ......
တတိယကတော့ မျောက်တောင်အရှုံးပေးရတဲ့ ဟိုနေရာလဲသူပါ ဒီနေရာလဲသူပါနဲ့ စိန်မျောက်မျောက်
ဖိုးစိန်ပါပဲ သူ့ကိုထမီမပြီးလိုက်လို့ မျောက်လိုကွတကွတနဲ့ထွက်ပြေးနေရတာလေ......
နောက်တစ်ယောက်ကတော့ ချစ်ညီမဝေလေးပါပဲ မီးလေးရဲ့တိုင်ပင်ဖော်တိုင်ပင်ဖတ်ပေါ့ တစ်ခါတစ်လေ ကိုယ်ကဆရာကြီးလေသံနဲ့ လုပ်သေးတာ အမှန်တော့ဘာမှသိတာမဟုတ်ဘူး ဟိဟိ
နောက်ဆုံးအယောက်ကတော့ တူတော်ဖိုးဂျယ်ပါပဲ အစလဲသန်သလို သူလဲမျောက်လောင်းလေးပါပ

အဲ့ဒီလေးဦး တတ်ဂ်ထားတယ်ဆိုတော့ရာ....မီးလေးကအဲ့ငါးဦးလုံးကိုတွေ့ချင်နေတာ မီးလေးကတွေ့ချင်တဲ့သူစာရင်းထဲမှာပြန်ထည့်လိုက်ရင် ၅ယောက်ပဲကျန်တော့မှာဆိုးလို့ ဟိဟိ
မီးလေးကမမ၀ါ၊မောင်လေးဝင်းဇော်တူလေးဖိုးဂျယ်ဖိုးစိန်နဲ့ ညီမဝေလေးတို့ကိုတွေ့ချင်ပါတယ်လို့နော်

မီးလေးထပ်တွေ့ချင်တဲ့ .................၁၀ ယောက်ကတော့
(၁) မီးလေးဘလော့ဂ်မရေးခင်ကတည်းက သူ့ရဲ့စာအရေးအသား အပြောအဆိုလေးတွေကိုချစ်ခင်ခဲ့ရ အားကျခဲ့ရတဲ့ ချစ်မမညလေးကိုတွေ့ချင်ပါတယ် အမြဲတမ်းလိုလိုမအားတတ်တဲ့ ချစ်မညလေးကတော့ မအားတဲ့ကြားက မီးလေးသိချင်တာတွေစပ်စုတာတွေကို စိတ်ရှည်ရှည်ဖြေပေးခဲ့သူပါပဲ ချစ်မညလေးကိုအရမ်းတွေ့ချင်ပါတယ်

(၂) သယ်ရင်းပင့်ဂိုးလ်..မီးလေးခေါ်တာတော့ ပင့်ကူမပေါ့ သူကအကြွားကလဲပိုတယ် အခုတော့ အကွဲတွေသဲနေလို့တဲ့လေ သူ့နဲ့ကမီးလေးဘလော့ဂ်မရေးခင်ကတည်းကခင်လာတာပေါ့.........

(၃) သယ်ရင်းမင်းယွန်း....ကိုဖတ်တီးပေါ့ဗျာ သူနဲ့လဲမီးလေးဘလော့ဂ်မရေးခင်ကတည်းကခင်လာတဲ့သူပါ မီးလေးဘလော့ဂ်ကိုအမျိုးမျိုးလုပ်ခိုင်း ကလိခိုင်းနေကြပေါ့ သူလုပ်ချင်ချင်မလုပ်ချင်ချင် မီးလေးကတော့ဇွတ်လုပ်ခိုင်းတာပဲ မရရင်စိတ်ကောက်ပြီးနေတာ ဟီးးးးးးးး

(၄) ကိုမိုးသောက်ကြီးပါ မီးလေးရဲ့ ဆရာပေါ့ မီးလေးပျင်းတယ်ဆိုလို့ ဘိလိယက်ထိုးသင်ပေးတဲ့ ဆရာကြီးပေါ့
မီးလေးဘာခိုင်းခိုင်း မညည်းမညူနဲ့လုပ်ပေးရရှာတာလေ ဆိုးလို့ကောင်းတဲ့ အကိုတစ်ယောက်ပေါ့ မီးလေးလဲဆုံနိုင်မယ်ဆိုရင်တွေ့ချင်မိပါတယ် သူကမီးလေးကိုသူ့ရွာမှာထန်းရည်အရမ်းကောင်းတယ် ဆိုပြီးဆွယ်ထားတာ ဟိဟိ

(၅)အသက်တူပေမယ့် သူကအမလို့ခေါ်နေမှတော့ ကိုယ်ကလဲမောင်လေးလို့သာခေါ်ပေးလိုက်တဲ့ တောင်ပေါ်သား ပါပဲသူ့ကိုလဲတွေ့ချင်တယ် အွန်လိုင်းမှာတွေ့တိုင်းအမနေကောင်းလားပဲ မေးမေးနေတယ် သူမေးမှကိုယ့်ရောဂါကို သတိရရသွားတယ် ခင်ဖို့အရမ်းကောင်းသလို့ တိုင်ပင်လို့လဲရပါတယ် အချွန်နဲ့မလာတော့သိဘူးရယ် ဟီးးးးးးးး လူပျိုကြီးဖြစ်မှာစိုးလို့ သူငယ်ချင်းနဲ့စပ်ပေးမလို့လုပ်နေတာ အတင်းငြင်းနေတယ်လေ ဟတ်ဟတ်

(၆) အွန်လိုင်းမှာတွေ့တိုင်း ၀က်ဆိုပြီးတော့ လာလာခေါ်တတ်တဲ့ဦးရှင်ကြီးပါ အဖိုးကြီးဖြစ်နေတာတောင်
ကလေးစိတ်ကမကုန်သေးဘူးရယ် ကလေးတော့မဟုတ်တော့ဘူး သူငယ်ပြန်နေတာလေ ဦးရှင်ကြီးကိုလဲတွေ့ချင်တယ် အရူးထောင်ပို့မလို့ လေ

(၇) ဇဇ လို့ခေါ်တတ်တဲ့ သူ တစ်ယောက်ပဲရှိပါတယ် သယ်ရင်းအလှတရားပါ သူ့ကိုရှယ်တွေ့ချင်တာ
ဆီးချိုရှိရင် သူနဲ့ကုမလို့လေ ဟိဟိ ခင်ဖို့ကောင်းတဲ့သယ်ရင်းလှလှကိုလဲတွေ့ချင်ပါတယ်

(၈) မမကဗျာတွေက ညီမလေးရဲ့ခံစားချက်နဲ့အရမ်းတိုက်ဆိုင်တာပဲ ကောင်းတယ်ဆက်ရေးဆိုပြီး အမြဲလာလာချွဲတတ်တဲ့ ညီမလေးသဉ္ဇာပါ အွန်လိုင်းမှာတွေ့တိုင်းအာဝါးးးတွေဇွတ်ဇွတ်ပေးတတ်လို့ ပါးတောင်ပဲ့ကုန်ပြီးးးဟတ်ဟတ် ညီမလေးကိုလဲတွေ့ချင်ပါတယ်

(၉)တီတီယောင်းယောင်းလို့ ခေါ်တတ်တဲ့ လူတွေ့ရင်အာဝါးးးးးးးးးကြီးပဲပေးတတ်ပြီး စကားလဲမပီတဲ့
တူမလေးယောင်းယောင်း(မက်မက်)ကိုတွေ့ချင်ပါတယ် အကိုတွေနဲ့မျှားတတ်တဲ့ကောင်မလေးလေ ဟီးးးးးးး

(၁၀)နောက်ဆုံးပိတ်အိတ်နဲ့တစ်ခါထဲလွယ်ခိုင်းလိုက်မယ် အပျိုကြီးမမကိုပေါ့ မီးလေးစိတ်ညစ်ရင် အားပေးပေးတတ်တဲ့ စိတ်ပြေအောင်ပြေရာပြေကြောင်းပြောပြောပေးတတ်တဲ့ ဟင်းတွေလဲ အမြဲတမ်းချက်ကျွေးတဲ့ မမလုလုကိုတွေ့ချင်ပါတယ် မီးလေးဆီလာရင်ဟင်းတွေတစ်ဝကြီးချက်ကျွေးမယ်လို့ အစားပုပ်တဲ့ မီးလေးကိုပြောပြောနေတတ်တဲ့ချစ်မမလုကိုတွေ့ချင်ပါတယ်ချင့်

(၁၀)ယောက်ပဲဆိုလို့ (၁၀)ယောက်ပဲရေးလိုက်ရတာ ဒါတောင်၅ယောက်ဖယ်ထားလိုက်လို့ ဟိဟိ
အမှန်တော့မောင်နှမများအားလုံးကို တွေ့ချင်ပါတယ် တစ်နေ့နေ့တော့တွေ့ကြရလိမ့်မယ်လို့လဲမျှော်လင့်ပါတယ်
အားလုံးကိုချစ်ခင်လျှက်ပါ

မှတ်ချက်။ ။ မောင်လေးဖြိုးဝေတိုးကဒီပို့စ်ကိုစလုပ်တာဆိုပြီးမမ၀ါလာသတိပေးမှ မီးလေးကိုတတ်ဂ်တဲ့သူတွေထဲမှာမောင်လေးဖြိုးဝေတိုးလဲပါတယ်ဆိုတာ သတိရတယ် အဟဲ
မောင်လေးရေတောင်းပန်ပါတယ် မောင်လေးကအရင်ဦးဆုံး တတ်ဂ်ထားတာဆိုတော့ အမလဲမရေးဖြစ်တာနည်းနည်းကြာသွားတယ်လေကွယ်နော် တောင်းပန်ပါတယ်နော် တွေ့မှပဲ မုန့်တွေအများကြီးနဲ့ဖားတော့မယ်နော် ဟီးးးးးးးးးး

Thursday, April 23, 2009

ဒုတိယအကြိမ် ပုံနှပ်ခြင်း(သို့)ဆားချက်ခြင်း

တူလေးဖိုးဂျယ် တတ်ဂ် ထားတဲ့ ဒုတိယ အကြိမ်ပုံနှိပ်ခြင်း (သို့)ဆားချက်ခြင်းတဲ့
တတ်ဂ်ထားတာတော့ နည်းနည်းကြာနေပြီး ခုမှပဲ ရေးရတော့တယ်
မီးလေးကတော့ ကဗျာပဲရေးတာများတော့ ကဗျာပဲပြန်ပြီး ဆားချက်ရတာပေါ့နော်
မီးလေးရဲ့ အကြိုက်ဆုံးကဗျာလေးပေါ့

အလွမ်းသင့် နှစ်အဖွင့်

သမာရိုးကျ အလွမ်းကဗျာတွေကို ဆက်ရေး
ထပ်ဝေးနေရဦးမယ့် ..............
နေ့ရက်လေးတွေ အတွက်
မျှော်လင့်ချက်လေးတွေ
ပေးဆပ်ရင်းပေါ့.........၊


မနှစ်က ပြက္ခဒိန်လိုမျိုး
အလွမ်းတွေကို .............
ချောင်ထိုးလိုက်ချင်ပေမယ့်
အပြောချိုချိုလေးတွေကို
နှလုံးသားက..................
မြတ်နိုးတွယ်တာနေလေတော့.......
နှောင်ကြိုး တစ်ခုရဲ့
ဒဏ်ရာတွေနှင့်ဖြတ်ကျော်
မလွန်ဆန် နိုင်သေးဘူး........မောင်၊

မနှစ်ကနေ့ရက်လေးတွေတမ်းတ
ပြောင်းလဲခြင်းတွေ မသေချာတာမို့
နှောင်ဖွဲတတ်သော ပုံရိပ်တစ်ခုကို
မီးလေးစိမ်းလာဖို့ ငေး
နေ့စဉ်ရက်ဆက်.............
မရေရာပေမယ့် အသေအချာ
မျှော်နေမိတတ် ခဲ့ပြီး......မောင်၊

အလွမ်းတွေပြည့်နှက်နေတဲ့
ဒီရင်အစုံနဲ့............
ချစ်သောမောင့်ကိုမျှော်မှန်း
၂၀၀၉ ရဲ့ အလွမ်းခန်း
ဖွင့်စမ်းပါရစေဦး.................မောင်။

ဒီကဗျာလေးပါပဲ တူလေးဂျယ်ရေ ကျေနပ်လိမ့်မယ်ထင်တယ်နော်

ဘယ်သူ့ကိုမှထပ်မတတ်ဂ်တော့ပါဘူး လူလဲကုန်သလောက်ရှိသွားဆိုတော့း)

Wednesday, April 22, 2009

မနက်စာ


မီးလေး ရဲ့ ဒီနေ့စားဖြစ်တဲ့ မနက်စာလေးပါ
စားသွားကြပါဦးချင့် ပဲပြုတ်နဲ့ထမင်းကြော်လေးပါ ကော်ဖီပူပူလေးတစ်ခွက်နဲ့ပေါ့

Sunday, April 19, 2009

သူ့ရဲ့ တမ်းချင်း

အိမ်မက် မက်တယ်
သူငယ်ချင်းရယ်.............၊
ညရဲ့ ကမ္ဘာ
အတိတ်စိတ်တွေမှာ ချာချာလည်
ကြယ်ပြာတွေ ကြွေတော့
ငါ တစ်ရေးနိုးခဲ့ရတယ်..........၊
သဉ္ဇာ ဗွေမှာ
တစ်ညလုံး ငုတ်တုတ် ပေါ့ကွာ
ပီယ......တဲ့ ခေါ်သံလိုလို
နားထဲကြားယောင်တယ်
ငါလဲ သတိရတယ်
နှလုံးလှတဲ့“မင်း”က
ပြုံးပြနေသလားကွယ်............
ငါ့ရင်ထဲမှာ စွဲလန်းမှန်းဆ
တမ်းတရအောင်............
ဝေးနေကြရတယ်......
ညတစ်ညရဲ့ အိမ်မက် မက်တဲ့
ညရဲ့ကမ္ဘာ မှာပေါ့ကွယ်..........။


နင်လွမ်းနေသလို ငါလဲတမ်းတမိ ပါတယ်
ငါလဲ ဒီညအိပ်မပျော်ဘူး နင့်စာတွေဖတ်ပြီး နင့်ကိုလွမ်းတယ် နင့်ရဲ့ အားပေးမှု့တွေ
ငါလိုအပ်နေတယ် ချစ်သူ ငယ်ချင်း

Thursday, April 16, 2009

သင်္ကြန် တဲ့လား

ချောင်းစပ်မှာရိုက်ထားတာလေးပါ အပေါ်ကနေလှမ်းရိုက်တော့ လူကပုတုတုလေးတွေဖြစ်ကုန်ရော


သူငယ်ချင်းယောင်္ကျားလေးတွေနဲ့ပေါ့ သူတို့အလုပ်ရုံကိုသွားလည်ကြတာ

သင်္ကြန်တဲ့လား ဘာမှန်းမသိလိုက်ဘူး...........
ဒီနှစ်သင်္ကြန်အပြတ်ကဲမယ်လို့ အပီလုပ်ထားတာ ရေလည်လေသွားတာပဲ
ထိုင်းတွေဆန္ဒပြနေကြတာ လမ်းတွေပိတ် တာနဲ့ ၁၃ရက်နေ့က မသွားလိုက်ရဘူး
သူငယ်ချင်းတွေနဲ့ပဲ အိမ်ထဲမှာသောက်လိုက်စားလိုက်ကလိုက်သီချင်းဆိုလိုက်နဲ့ပေါ့....၊
၁၄ရက်နေ့ကျတော့ သူငယ်ချင်းတွေရှိတဲ့အလုပ်ရုံကိုမီးလေးတို့ချီတတ်သွားကြတာပေါ့
ဒါတောင်တစ်ချို့လမ်းတွေကပြန်မဖွင့်သေးဘူး ကွေ့ပတ်ပြီးတော့သွားလိုက်ရတယ်
ဟိုရောက်တော့သင်္ကြန်ထမင်းနဲ့ မုန့်ပိန္နဲစေ့(မုန့်ကြာစေ့) ကျွေးကြတယ် စားပြီးတော့ သောက်ကြတာပေါ့ သောက်ရင်းနဲ့သီချင်းတွေဆိုရေတွေပတ် ပြီးတော့ ချောင်းဘက်ကိုသွားကြတယ် လမ်းမှာနေကပူ
ရေကစို မူးကမူးနဲ့ မကြွသွားတာကံကောင်းတယ်မှတ်ရမယ် ဟိဟိ
ချောင်းဘေးနားမှာသူငယ်ချင်းတွေက ဓါတ်ပုံတွေရိုက်ကြပေါ့ မီးလေးကတော့နှပ်နေတယ် အားယူနေတယ်လေ ဟိဟိ
လေလေးတစ်ဖြူးဖြူးနဲ့ လေတွေကန်နေကြတာပေါ့
ခဏနေပြီးတော့ သူတို့အခန်းကိုပြန်လာကြတယ် အဲ့မှာထပ်စားလိုက်သေးတယ် အဟီး စားနိုင်တဲ့ဗိုက်ပဲ
စားပြီးသောက်ပြီးတော့ မီးလေးတို့တွေသူတို့ဆီကနေပြန်လာကြတယ် အိမ်ကိုမိုးချုပ်မှရောက်တယ်
ကားပေါ်မှာအိပ်ပျော်လာတာ ဘေးကကားရေလှမ်းပတ်တော့မှလန့်နိုးသွားတော့တယ် ဟီးးးးးးးး

ညကျတော့ သီချင်းတွေထိုင်ဆို မုန့်တွေစားပေါ့ ၀ိုင်နဲ့ဘီယာကိုတော့ လက်ဖျားတောင်မတို့မိတော့ဘူး
အဟီးးးးးး မီးမီးကြောက်ကြောက်ပဲ လည်ပင်းတွေနာလို့ အသံတောင်မထွက်တော့ဘူး အဟဲ

၁၅ရက်နေ့ဆက်နားမလို့ဟာ ဘော့စ်ကဖုန်းလှမ်းဆက်တာနဲ့ ပြန်လာလိုက်ရတယ်
မြန်မာပြည်မှာတော့ ဒီနေ့ထိကဲတုန်းပဲပေါ့ လွမ်းလိုက်တာမြန်မာပြည်ကြီးရယ် အဟင့်
ဘာအံကိုလဲလွမ်းတယ်

မီးလေးရဲ့ မောင်နှမများ အားလုံးနှစ်သစ်မှာရွှင်လန်းချမ်းမြေ့ကြပါစေရှင်

Monday, April 13, 2009

သင်္ကြန်အမှတ်တရ

မုန့်လုံးရေပေါ်လေးတွေစားသွားကြပါဦးနော်
သရက်သီးနဲ့ ငါးခြောက်ကြော်ကို သုတ်တာပါ သင်္ကြန်ထမင်းလုပ်ဖို့လေ
ပွဲပြီးတော့ မီးလေးတို့တစ်ဖွဲ့ အလှပြပေါ့ ဟိဟိ
ဦးဇင်နဲ့ မီးလေးတို့အဖွဲ့ အမှတ်တရ ပေါ့
တရားနာနေတဲ့အချိန်လေးပေါ့ ကုသိုလ် ယူကြတယ်လေ ဟိဟိ
သာဓုလေးခေါ်ရင်းနဲ့ မုန့်လုံးရေပေါ်လေးသုံးဆောင်သွားကြပါဦးနော်

ဒီနေ့တော့ ခုထိဘယ်မှမသွားရသေးဘူး အိမ်မှာနေရတာ ပျင်းနေပြီး ဟင့်
သူငယ်ချင်းတွေပေါ့ ငြိမ်နေကြတယ် တစ်အုပ်နဲ့တစ်ယောက်ဆိုတော့ မီးမီးလဲ မနိုင်ဘူး ဟင့်
လိုက်လည်ချင်တယ် ရေစိုချင်တယ် ဟင့်ဟင့်

Saturday, April 11, 2009

အလှူ ဒါန

မီးလေးရဲ့ မောင်နှမများအားလုံး နှစ်သစ်မှာပျော်ရွှင်ကြပါစေရှင့်
မီးလေးလဲမနက်ဖြန်ကြရင် ဘုန်းကြီးကျောင်းမှာ သင်္ကြန်ထမင်းနဲ့ မုန့်လုံးရေပေါ် အလှူလုပ်မယ်..
လာလို့ရနိုင်မယ့်သူတွေ လာစေချင်တယ် ....
မီးလေးရဲ့မောင်နှမများအားလုံးကိုအလှူဖိတ်ပါတယ်
မနက်ဖြန်မှပဲ ပုံတွေရိုက်ပြီးဧည့်ခံတော့မယ်နော် ဟိဟိ

ငရုတ်သီးတွေမမိအောင်ဆုတောင်းကြနော် ဟတ်ဟတ်

အလှူလုပ်မယ့်ဘုန်းကြီးကျောင်းက
SuKhumVit 66/1 မှာပါ
လမ်းထိပ်မှာဆိုင်ကယ်စီးပြီး ၀က်ဖမာ့လို့ ပြောလိုက်ရင် ရောက်ပါပြီးရှင့်

Thursday, April 9, 2009

အဲ့လိုကဲ လိုက်ရင်တော့



က နေလိုက်တာ ပြောကိုမပြောချင်ဘူး
လှနေရင်တော့ခက်မယ် မီးလေးသာအဲ့လိုကလိုက်ရင်တော့
အင်းးးးးးးးးးးးးးးးးးးးး
မြင်ယောင်သေးတယ်

Monday, April 6, 2009

ကတုံး တုံးချင်တယ်

မီးလေးတစ်ယောက် လှချင်လို့ ဆံပင်ဆေးသွားဆိုပြီး ဟိုက်လိုင်းလုပ်မိပါတယ်
သင်္ကြန်အတွက်ပေါ့
ဆံသဆိုင်ကနေပြန်လာတုန်းကတော့လူကလှလို့ပါ့လို့ပါပဲ
မနက်အိပ်ယာနိုးလို့မှန်ထဲကြည့်လိုက်မိတာ ကိုယ့်ကိုယ်ကိုယ်တောင်လန့်သွားတယ်
ဒါပေမယ့် ဒီလောက်မဟုတ်သေးဘူး. အလုပ်သွားတော့ ဘော့စ်က တွေ့တွေ့ ချင်း အိုးမိုင်ဂေါ့ တဲ့လေ
မီးလေးလဲမျက်နာကချက်ချင်းအီးမှန်တဲ့မျက်နာဖြစ်သွားလို့ ဘော့စ်က မဆိုးပါဘူးတဲ့
ဘာမဆိုးလဲတော့မသိဘူး..........း)
စနေနေ့ညကသွားလုပ်တာပေါ့နော် တနင်္ဂနွေနေ့အလုပ်နေ့တစ်ဝက်ဆင်းပြီးတော့
အဒေါ့်ဆီသွားတယ် မီးလေးကိုတွေ့တာနဲ့ “ဘာကြီးလဲ ဘာပုံကြီးလဲ ”တဲ့
မလှရတဲ့ကြားထဲ ဘာသွားလုပ်ထားတာလဲတဲ့ ဟင့်
မီးကိုပဲဝိုင်းပြောနေကြတယ် လူကစိတ်ဓါတ်ကကျချင်ချင်ဖြစ်နေပြီး
အဒေါ်ဆီကနေအပြန် တီချမ်းဆီဝင်လည်ဖြစ်တယ် တီချမ်းကိုမေးကြည့်တယ် လှရဲ့လားလို့မေးကြည့်တယ်
ကိုယ့်ခေါင်းနဲ့ကိုယ်စိတ်ကြိုက်သာလုပ်တဲ့ ရှင်းရေား)
အခုလဲသူငယ်ချင်းအိမ်ကပြန်လာတာ သူကပြောတယ် လှပါတယ်တဲ့ ကိုယ်ကတော့ ကတုံးတုံးချင်တာလက်ကုန်ပဲ...........ဟူးးးးးးးးးးး
ပိုက်ပိုက်ကုန်ခံပြီးစိတ်ညစ်ရတယ် ဟင့်

Thursday, April 2, 2009

အားလုံးမြူးတဲ့ မြန်မာ နှစ်သစ်ကူး

မီးလေးနေတဲ့တိုက်အပေါ်ထပ်ကနေ ဟိုဖတ်ခြံထဲကိုလှမ်းရိုက်လိုက်တာပါ
ပိတောက်တွေပွင့်နေတာကို အသဲယားလွန်း လွန်းလွန်းလို့ အဟီးးး

အဟဲ ဒီပုံကတော့ လမ်းသွားရင်းနဲ့ သူများခြံစည်းရိုးမှာငုဝါပန်းတွေပင်လုံးကျွတ် ပွင့်နေတာတွေ့လို့လိုချင်တာ ခုးမရတော့ ရအောင်ယူမယ်ဆိုပြီး ဓါတ်ပုံရိုက်လာလိုက်တာ အဟီးးးးးးး
ဖုန်းနဲ့လှမ်းရိုက်တာဆိုတော့ ပုံတွေကမကြည်ဘူးဖြစ်နေတယ်( ကင်မရာမရှိတော့လို့ သနားရင်ဝယ်ပေးကြပါနော် အဟီးးးး)


တူလေးဖိုးဂျယ်ကတတ်ဂ်လို့ ရေးချင်နေတာနဲ့ အတော်ပဲဖြစ်သွားတယ် တူလေးကအလိုက်သိတယ် အဟတ်
မီးလေးငယ်ငယ်ကကျောင်းသူငယ်တန်း တစ်တန်းကနေစပြီးတော့ နှစ်တိုင်းပဲ(၇)တန်းထိ သင်္ကြန်အက ကရတယ် အဲ့တုန်းကဆို လိုက်လည်ဖို့သိပ်စိတ်မ၀င်စားသေးဘူးပေါ့ အကပဲကချင်နေတာ ဟီးး
မှတ်မှတ်ရရ(၈)တန်းကျောင်းပြီးတော့ အက ကဖို့ကအကောင်တွေကကြီးနေကြပြီးလေ ရပ်ကွက်မှာကဖို့ လာခေါ်ကြတယ် မီးလေးက ရပ်ကွက်မှာမကချင်တာနဲ့ မကတော့ပဲသင်္ကြန်မှာကားနဲ့လိုက်လည်တာပေါ့ ပထမဦးဆုံးပဲ သင်္ကြန်တွင်းမှာ ကျိုက္ခမီ..စပ်စဲရောက်ဖူးတာပေါ့ ...၊
အရမ်းပျော်ဖို့ကောင်းတာပဲ အဲ့တုန်းကအမျိုးတွေနဲ့သွားကြတာ မောင်နှမတွေနဲ့ပေါ့ မီးလေးရဲ့အမ၀မ်းကွဲကသူငယ်ချင်းလဲဟုတ်မောင်နှမလဲဟုတ်ပေါ့ သူပါရင်လိုက်တယ် သူမပါရင်အဖော်မရှိလို့
အိမ်ကလဲအဒေါ်တွေနဲ့ဆိုထည့်တာပေါ့. သင်္ကြန်ထမင်းကိုလေ ချမ်းကချမ်း ဗိုက်ကဆာနဲ့ စားရတာ ဘာနဲ့မှ
လဲလို့မရနိုင်တော့ဘူး .....သတိရတယ်

မီးလေး(၁၀)တန်းကျောင်းပြီးတဲ့နှစ်မှာ သူငယ်ချင်းတွေနဲ့ ကားငှားပြီးတော့ တစ်ညအိပ် ကျိုက္ခမီ..စပ်စဲ သွားကြတာပေါ့ အဲ့တုန်းကတော့ အမေနဲ့အဖေနဲ့ကို နေ့ချင်းပြန်ဆိုပြီး လိမ်သွားတယ် အကျီအပိုကိုတော့ ဖွက်ပြီးယူလာတာပေါ့ မီးလေးရဲ့ညီမတော်ကလဲလိုက်ချင်တယ် ပြီးတော့သူကညအိပ်ရင်ရှူးပေါက်ချတယ်
အဲ့တုန်းကသူက၅တန်းပဲရှိသေးတယ်...
သူ့ကိုအမေ့ဆီမှာမုန့်ဖိုးတောင်းခိုင်းတာလေ မီးလေးပါတာပဲ မီးလေးပဲထမင်းဝယ်ကျွေးပေါ့တဲ့
ကောင်းရော အဲ့တုန်းက ကိုယ့်မှာစိတ်လွပ်ကိုယ်လွတ်မသုံးရဘူး သိတယ်မဟုတ်လားငှဲ့တော်မူရတယ်လေ
နှမတော်ကို ညအိပ်တော့ အခန်းကကြိုတင်မငှားရလို့ အခန်းမရှိဘူး ကားပေါ်မှာပဲအိပ်ရတယ် မနက်ရောက်တော့ တစ်ယောက်တစ်ပေါက်နဲ့ ပြောကြတာပေါ့ ဘယ်ကရေတွေလာလဲတဲ့ စိုကုန်ပြီးတဲ့ မီးလေးကကားပေါ်မှာမအိပ်ပဲ အုန်းပင်ခုံတန်းမှာသွားအိပ်နေတာ သူတို့ကိုကြည့်ပြီးရီရတာလက်ကုန်ပဲ
မီးလေးညီမရှူးတွေပေါက်ချထားတာသူတို့ကိုစိုကုန်တယ်လေ ဟိဟိ ရေးနေရင်းတန်းလန်းနဲ့ ရယ်နေသေးတယ် ဟတ်ဟတ်

အမှတ်တရလေးတွေပေါ့ ...အယ်ကျန်သေးတယ် စပ်စဲကိုအသွားတုန်းက ကားပေါ်ကနေ တတ်လိုက်ဆင်းလိုက်နဲ့
သူငယ်ချင်းယောင်္ကျားလေးတွေလေ ဂွတွေပြဲကုန်တယ် ဟိဟိ ဂွပြဲတာနှစ်ယောက်ပေါ့ သူတို့ကားပေါ်လှမ်းတတ်ရင် ကိုယ်တွေကမျက်နှာလွဲထားရတယ် ဟိဟိ
ဘာအံအပြန်လမ်းမှာ ရိုးဂိုးဘုရားကိုဝင်ဖြစ်သေးတယ် စည်သလားမမေးနဲ့ ကားတောင်တိုးမပေါက်ဘူး ကဲနေကြတာ ရန်ပွဲတွေလေ ကိုယ်တွေကအိပ်ငိုက်နေလို့ မကဲနိုင်တော့ဘူး မော်လမြိုင်တစ်ပတ်ပတ်ပြီးတာနဲ့
ဘားအံကိုချီတတ်လာတာပေါ့ အိန္နုအ၀င်မှာထမင်းအ၀ဆွဲကြတာပေါ့ လိုက်ပွဲတွေကထပ်နေရော ညီမတော်ကတော့ အလကားရတယ်လေ အသကုန်ဆွဲတာ အဲ့ဒိကတည်းက ကြိုတင်မသိလိုက်မိဘူး သူတို့တွေကိုယ့်အပေါ်တာဝန်ကျလာမှာ ..း)

စားပြီးသောက်ပြီးတာနဲ့ချီတတ်ပြန်တာပေါ့ ဆဒ္ဒန်ဂူ ကိုပေါ့ ပြီးတော့ရေတံခွန် သူကပြောင်းပြန်စီးဆင်းတဲ့ရေတံခွန် မတွေ့ဖူးရင်လာကြည့်ကြနော် အဟဲ
အိမ်ကိုမိုးချုပ်မှပြန်ရောက်တယ် ဘာဖြစ်တယ်သိလား အဟင့် ပျော်လာကြပီးပြီးလေ အဖေ့ရဲ့ နရင်းအုပ်တာလေးတော့ ထမင်းမစားခင် ခံလိုက်ရတာပေါ့ချင့် .....အဟိ

မီးလေးဘန်ကောက်ရောက်ပြီးတစ်နှစ်ကြာတော့ပြန်သွားတယ် သင်္ကြန်ပြန်ကဲတယ် ၄ရက်ရှိတာ၅ရက်ကဲတယ်
တော်သေးတယ် အဖေအိမ်ပေါ်ကမနှင်ချတာ ဟီးးးးးးးးး အဲ့မှာပြောပြချင်သေးတယ် စကားစပ်မိလို့ပါ အဟိ
ပထမတစ်ရက်မုန့်လုံးရေပေါလုပ်တယ် အိမ်ရှေ့မှာမဏ္ဍပ် ထိုးပြီးတော့ပေါ့ မနက်ပိုင်းကျတော့လုံးနေကြတာအဆင်ကိုပြေလို့ အိမ်ရှေ့ကနေ ဟေးးးးးးးးဟေးးးးးးးးးလို့အော်အော်ပြီး သွားကြတဲ့ကားတွေရဲ့အသံကြားတော့ မနေနိုင်တော့ဘူး သူငယ်ချင်းတွေ ကားငှားပြီး ကမ်းနားလေးတစ်ပတ်လောက်ပတ်လိုက်ကျတယ် နောက်နေ့မှာလိုက်လည်မှာဆိုလို့ အဆာပြေပေါ့ အဟီး
ပြန်လာပြီးမုန့်လာပြန်စားကြတယ် ကျွတ်ကျွတ်အိတ်လေးတွေနဲ့ထုပ်ထုပ်ထားပြီးသွားလည်ပြီးပြန်လာတဲ့ သူတွေရဲ့ကားပေါ်ကိုပြစ်တင်ပေးကြတယ် ပျော်ဖို့ကောင်းလိုက်တာမပြောပါနဲ့တော့ အဲ့အချိန်မှာသူတို့လဲဗိုက်တွေဆာနေလောက်ပြီးလေ သင်္ကြန်မှာအဲ့လိုကုသိုလ်လုပ်ရတာလဲ ပီတိတစ်မျိုးပါပဲ..။

ပြီးခဲ့နှစ်ကတော့ ပထမရက်မှာမီးလေးသောက်တယ် ဧည့်သည်တွေများလို့ဟန်ဆောင်ပန်ဆောင်ပဲကဲလိုက်ရတယ် မလွတ်လပ်ဘူး သူများပြောပေါက်ဖြစ်မှာလဲဆိုးရသေးတယ် ဒုတိယရက်ကျတော့မသောက်ဘူး မုန့်လုပ်ကျွေးတယ် နောက်ဆုံးရက်လဲရောက်ရော ဘီယာကနှစ်ဖာကျန်သေးတယ် အလုပ်ပြန်လုပ်တဲ့သူကပြန်သွားကြပြီး
မီးလေးကတော့ အလုပ်ပိတ်သေးတယ်ဆိုတော့ ပျင်းနေတာပေါ့ အဲ့ဒီလိုနဲ့ထိုင်နေကြတုန်း ရေခဲထုပ်နဲ့ ခေါက်ဆွဲသုပ်ပန်ကန်နဲ့ ဘီယာတစ်ဖာနဲ့ အကိုကြီးတစ်ယောက်ရောက်ချလာပါရော သူယူလာတဲ့ရေခဲတွေကို
ဇလုံကြီးထဲထည့်ရေထည့်ပြီး အဲ့ရေအေးနဲ့ မီးလေးလိုက်လောင်းတာပေါ့ သွေးပေးပူတယ်လေ ရေဆော့ရင်းနဲ့ သူတို့သောက်နေတာကိုသွားလုသောက်လိုက် ခေါက်ဆွဲသုပ်လေးစားလိုက်နဲ့ သီချင်းကိုအကျယ်ကြီးဖွင့်ပြီးကလိုက်နဲ့ တစ်ယောက်ထဲရှုပ်နေတော့တာ...။

ဘယ်သူ့မှရှက်ရမဲ့သူတွေလဲရှိတော့ဘူးလေ မီးလေးသောက်တာများသွားလာတော့မသိဘူး
သီချင်းနဲ့အညီ ခုန်ုခုန်ပြီးကတာ ကကွက်တွေတော့တော်တော်စုံသွားတယ် ဟိဟိ
ဘီယာသုံးဖာလဲကုန်ရော မီးလေးအခန်းထဲတောင်ဝင်မနိုင်ဘူး အပေါက်ဝမှာပဲစက်တော်ခေါ်သွားပါတော့တယ်ရှင်..ဟီးးးးးးးးး
အဲ့ဒါကအတိတ်က ခုလာမယ့်သင်္ကြန်ကတော့ ပင်လယ်မှာသွားကဲမယ် ဘုန်းကြီးကျောင်းမှာမုန့်လုံးရေပေါ်နဲ့
မုန့်လက်ဆောင်းလုပ်မယ်လို့ပြောထားကြတာပါပဲရှင့် မကြာခင်ဖြစ်လာမည် ပေါ့ ....
ဘန်ကောက်မှာရှိသူများ မီးလေးတို့နဲ့အုပ်စုဖွဲ့မယ်ဆိုရင်ဆက်သွယ်လိုက်နော် .ဟီးးးးးးးးးးးး

တူလေးဂျယ်ရေ အိုကေတယ်နော် ကျေနပ်တယ်နော်
အာလုံးပဲနှစ်သစ်မှာစိတ်လက်ပေါ့ပါးပြီး နုပျိုလန်းဆန်းလို့ပျော်ရွှင်ကြပါစေရှင့်။။။။။။။

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit