Monday, April 6, 2009

ကတုံး တုံးချင်တယ်

မီးလေးတစ်ယောက် လှချင်လို့ ဆံပင်ဆေးသွားဆိုပြီး ဟိုက်လိုင်းလုပ်မိပါတယ်
သင်္ကြန်အတွက်ပေါ့
ဆံသဆိုင်ကနေပြန်လာတုန်းကတော့လူကလှလို့ပါ့လို့ပါပဲ
မနက်အိပ်ယာနိုးလို့မှန်ထဲကြည့်လိုက်မိတာ ကိုယ့်ကိုယ်ကိုယ်တောင်လန့်သွားတယ်
ဒါပေမယ့် ဒီလောက်မဟုတ်သေးဘူး. အလုပ်သွားတော့ ဘော့စ်က တွေ့တွေ့ ချင်း အိုးမိုင်ဂေါ့ တဲ့လေ
မီးလေးလဲမျက်နာကချက်ချင်းအီးမှန်တဲ့မျက်နာဖြစ်သွားလို့ ဘော့စ်က မဆိုးပါဘူးတဲ့
ဘာမဆိုးလဲတော့မသိဘူး..........း)
စနေနေ့ညကသွားလုပ်တာပေါ့နော် တနင်္ဂနွေနေ့အလုပ်နေ့တစ်ဝက်ဆင်းပြီးတော့
အဒေါ့်ဆီသွားတယ် မီးလေးကိုတွေ့တာနဲ့ “ဘာကြီးလဲ ဘာပုံကြီးလဲ ”တဲ့
မလှရတဲ့ကြားထဲ ဘာသွားလုပ်ထားတာလဲတဲ့ ဟင့်
မီးကိုပဲဝိုင်းပြောနေကြတယ် လူကစိတ်ဓါတ်ကကျချင်ချင်ဖြစ်နေပြီး
အဒေါ်ဆီကနေအပြန် တီချမ်းဆီဝင်လည်ဖြစ်တယ် တီချမ်းကိုမေးကြည့်တယ် လှရဲ့လားလို့မေးကြည့်တယ်
ကိုယ့်ခေါင်းနဲ့ကိုယ်စိတ်ကြိုက်သာလုပ်တဲ့ ရှင်းရေား)
အခုလဲသူငယ်ချင်းအိမ်ကပြန်လာတာ သူကပြောတယ် လှပါတယ်တဲ့ ကိုယ်ကတော့ ကတုံးတုံးချင်တာလက်ကုန်ပဲ...........ဟူးးးးးးးးးးး
ပိုက်ပိုက်ကုန်ခံပြီးစိတ်ညစ်ရတယ် ဟင့်

20 comments:

khin oo may said...

အခုချက်ခြင်း အကောင် အထည်ဖော်လိုက်ပါ။

flowerworld said...

မမkomရေ အကောင်အထည်ဖော်ချင်တယ်
ဆံပင်တုတွေက ဈေးကြီးနေလို့ ဟင့်

Anonymous said...

ကတုံးတော့ တုံးပါနဲ့ဦး .... တော်ကြာ သင်္ကြန်ရေပတ်ခံထွက်ရင် တစ်နေရာတည်း အရမ်းအေးနေဦးမယ် .... :D

mgnge said...

ဟဟ
ကတုံးတုန်းတာနဲ့ ဒီအတိုင်းနေတာ ဘယ်ဟာ ပိုကြည့် ကောင်းမယ်ထင်လည်း

Sein Lyan Tun said...

လှပါတယ်မဇာရယ်.. သင်္ကြန်ပဲ...လုပ်ချင်တာလုပ်

Anonymous said...

ဖြစ်မှ ဖြစ်ရလေ ညီမရယ်
အင်း ...
ကတုံးတုံးမယ့် အတူတူ မယ်သီလရှင် ၀တ်လိုက်ပါလား သင်္ကြန်တွင်းကို ...
ကုသိုလ်လည်းရ ကတုံးလည်း လှ ... အဲလေ
ဝမ်းလည်း ၀ပေါ့ လို့ ... :D

ခင်လို့ စ၏ ... :)

Welcome said...

မကြီး
ဒီကာလာနဲ့ မကြီးနဲ့လိုက်ပါတယ်။
လှနေတာကို မနာလိုတဲ့ သူက (အိုးမိုင်ဂေါ့) ဖြစ်လဲ အေးဆေးပေါ့။ ဒါပေမယ့် ညဘက်တော့ အိမ်ပြင် မထွက်နဲ့နော်။ မလေးရှားစုန်းဆိုပြီး ရုပ်ရှင်မင်းသမီး တင်ရိုက် နေအုန်းမယ်။

လေးစားတယ် ..

Welcome said...

မကြီး
ကာလာက အ၀ါနဲ့ဆို မလိုက်ဘူး
အသားဖြူတော့အနီတောက်တောက် နဲ့ဆို ပိုလိုက်မယ်ထင်ပါတယ်။
အနီးထပ်ဆိုးလိုက်ပါနော် .. ..

(မကြိုက်ရင် အရေခွံသာ နွာပစ် သိလား)

Unknown said...

တီတီကယဲ တီချမ်းပြော သလို ကိုယ်ခေါင်းနဲ့ ကိုယ်လုပ်တာ
အဒူမှ အဂရုအစိုက်နဲ့ အလုပ်ချင်တာ အလုပ်
သင်္ကြန်မှာ ကဲသာကဲ ကဲသာကဲ
တူလေးအတွက်ပါ ပိုကဲခဲ့း)

Unknown said...

တီတီကယဲ တီချမ်းပြော သလို ကိုယ်ခေါင်းနဲ့ ကိုယ်လုပ်တာ
အဒူမှ အဂရုအစိုက်နဲ့ အလုပ်ချင်တာ အလုပ်
သင်္ကြန်မှာ ကဲသာကဲ ကဲသာကဲ
တူလေးအတွက်ပါ ပိုကဲခဲ့း)

အကောင့်မှားသွားလို့ တူယေး ဖိုးဂျယ်ပါ။

Anonymous said...

တုံးပါနဲ့ ဒီတိုင်းလေးထားလိုက်ပါ။ သင်္ကြန်ပြီးမှတုံးနော်....

ပျောရွှင်ပါစေ

ခင်တဲ့
မေတ္တာရောင်ပြန်

တောင်ပေါ်သား said...

ဝုတ်ပါ့ ချက်ခြင်း အကောင်းအထည်ဖော်ပါ။... ဆံပင် အရောင်ပြန်ဆိုးပါ.. အနက်ရောင်ပြန်ဆိုးပါ... ဒါပဲ တချက်လွှတ်အမိန့်.. မနာခံလျှင် ကတုံးတုံးစေ.. ဒူဝေေ၀........ ဟီးးးးးးး အမရေ အရောင်ပြန်ဆိုးလိုက်ပေါ့ အဆင်မပြေရင်



လေးစားလျက်
တောင်ပေါ်သား

အိုက်ခီလောက် said...

အယ်နှစ်တစ်ထောင်ဖွားဖွားလုပ်လိုက်လေ
ဒါမှမဟုတ်ရင် တုံးချင်သပါ့ဆိုလည်းတုံးပါလေ
သင်္ကြန်ဆိုတော့လည်းခက်သားနော်
ပိုခက်တာက ဆံပင်ဆိုင်ကလူတွေ
ပိုက်ပိုက်အကုန်ခံပြီးလူတစ်ဖက်သားကို စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်တယ်နော်
ဆုံးဖြတ်ပြီးပြီဆိုလက်တွေ့ အကောင်အထည်ဖေါ်လိုက်ပါ
အဟတ်

Thant said...

ကြေးနီရောင်လေး ပြောင်းဆိုးလိုက်ပါလား။ ပိုက်ဆံက အချိန်တန်ရင်ပြန်ဝင်လာလိမ့်မယ်။ စိတ်တော့ အညစ်မခံနဲ့။

khin oo may said...

7 Apr 09, 05:16
kom: :P စပွန်စာ ရှာပေးရမလား. တို့မှာ စပွန်ဆာ လုပ်ပေးချင်တဲ့သူ ရှိတယ။်

မဆုမွန် said...

အမလေး ဘ၀တူတွေပဲ...
ပြီးခဲ့တဲ့အပတ်ကပဲ ခရမ်းရောင်ဆိုးလိုက်တာ စိတ်ပေါက်ပေါက်နဲ့ အရောင်လည်း ကြည့်ရော ကြေးနီရောင် ကြောင်ကြောင်နဲ့ အခု ဆံပင်ကို ဘယ်လိုစီရင်ရမလဲ စဉ်းစားနေတယ် အလှူနေ့ကျရင် တစ်ခါတည်း သီလရှင်ဝတ်လိုက်ကြရအောင်လေ ဟဲဟဲ

သက်တန့် said...

ညီမလေး မီးလေးဇာရေ...
Highlight ဖောက်ထားတာလေးက လှသားပဲကွ...
ကြည့်နေကျ မြင်နေကျ မဟုတ်လို့ ဖြစ်ပါလိမ့်မယ်...
အသားကျသွားရင်တော့ အဆင်ပြေသွားမှာပါ...
မမလည်း တစ်ခါ Highlightဖောက်ဖူးတယ်...
ဆံပင်အရောင်ကို ချွတ်ပစ်တာဆိုတော့ ဆံပင်တော့ ပျက်စီးတယ် ညီမလေးရေ...
ပေါင်းတင်တာတွေ ဘာတွေ ပြန်လုပ်ဦးနော်... :)

Steve Evergreen said...

better add green color as well. I came across such people in Camden town.

မိုးသောက်(ရှမ်းလေး) said...

မီးလေးဇာ အဖြစ်က မဒီမိုးသောက်လို ဖြစ်နေပါလား.. ဟားဟား... ကျနော်က မဒီမိုးသောက်ကို လှပါတယ်လို့ ပြောထားတာ.... မလှဘူးဆိုရင် ကတုံးတုံးလိုက်မှာစိုးလို့....

Anonymous said...

အော်.. မိန်းကလေးတွေများ လှရမယ်ဆိုရင်
ပဒိုင်းသီးတောင် အရူးခံသောက်မလား မပြောတတ်ဘူး။ နေဦး တခုတော့ သိတယ်
ကနခိုသီး များများစားပေးတဲ့ စားနိုင်သလောက်စား အဲဒါဆို အတော်ချောလှမယ် ဆိုပဲ...။

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit