Saturday, April 11, 2009

အလှူ ဒါန

မီးလေးရဲ့ မောင်နှမများအားလုံး နှစ်သစ်မှာပျော်ရွှင်ကြပါစေရှင့်
မီးလေးလဲမနက်ဖြန်ကြရင် ဘုန်းကြီးကျောင်းမှာ သင်္ကြန်ထမင်းနဲ့ မုန့်လုံးရေပေါ် အလှူလုပ်မယ်..
လာလို့ရနိုင်မယ့်သူတွေ လာစေချင်တယ် ....
မီးလေးရဲ့မောင်နှမများအားလုံးကိုအလှူဖိတ်ပါတယ်
မနက်ဖြန်မှပဲ ပုံတွေရိုက်ပြီးဧည့်ခံတော့မယ်နော် ဟိဟိ

ငရုတ်သီးတွေမမိအောင်ဆုတောင်းကြနော် ဟတ်ဟတ်

အလှူလုပ်မယ့်ဘုန်းကြီးကျောင်းက
SuKhumVit 66/1 မှာပါ
လမ်းထိပ်မှာဆိုင်ကယ်စီးပြီး ၀က်ဖမာ့လို့ ပြောလိုက်ရင် ရောက်ပါပြီးရှင့်

7 comments:

Welcome said...

မကြီး ..
ဝပ်ဖမာ့ ဆိုတော့ ဗမာဘုန်းကြီးကျောင်းကို ပြောတာပေါ့နော့်၊ စိတ်တော့ရောက်ပြီးသား။

ကောင်းမှုအစုစုအတွက် သာဓုခေါ်ပါသည်။

နှစ်သစ်မှာ
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့
ပြည့်စုံပါစေ (အမြန်စွံစေကြောင်း)

ညလေး said...

သာဓုပါတော်... ခိခိ

khin oo may said...

လာခဲ့မယ်.

Sein Lyan Tun said...

လာချင်ပေမယ့်ကမ္ဘာတစ်ဖက်ဆီခြား

Anonymous said...

မနက်ဖြန်တော့ ဟုတ်ပါပြီ မနက်ဖြန် ဘယ်ချိန်တုန်း ?? မနက် ၃ နာရီလား ... :D ... လုပ်မယ်တော့ ပြောတယ် ... အချိန်တော့ မပြောဘူး .... တကယ်မလာစေချင်ဘူးဆိုတာ သိခဲ့ပါပြီလေ ခုတော့ ...... :D

ဟိန်းညီ said...

သာဓုဗျာ သာဓု သာဓု
ငါ့ညီမလေး
နောက်လည်းအမြဲလှူနိုင်တန်းနိုင်ပါစေဗျာ။
မုန့်လုံးရေပေါ်တော့စားချင်သား
ပြန်ချင်တယ် ပြန်ချင်တယ်။
ဒီလိုချိန်ဆို မြန်မာပြည်ကိုသိပ်ပြန်ချင်တယ်။

Anonymous said...

ဘာဖြစ်တယ် ၀က်မပေါ့ ဟုတ်လား မီးလေးနာမည်လားဟင်။

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit