Sunday, April 19, 2009

သူ့ရဲ့ တမ်းချင်း

အိမ်မက် မက်တယ်
သူငယ်ချင်းရယ်.............၊
ညရဲ့ ကမ္ဘာ
အတိတ်စိတ်တွေမှာ ချာချာလည်
ကြယ်ပြာတွေ ကြွေတော့
ငါ တစ်ရေးနိုးခဲ့ရတယ်..........၊
သဉ္ဇာ ဗွေမှာ
တစ်ညလုံး ငုတ်တုတ် ပေါ့ကွာ
ပီယ......တဲ့ ခေါ်သံလိုလို
နားထဲကြားယောင်တယ်
ငါလဲ သတိရတယ်
နှလုံးလှတဲ့“မင်း”က
ပြုံးပြနေသလားကွယ်............
ငါ့ရင်ထဲမှာ စွဲလန်းမှန်းဆ
တမ်းတရအောင်............
ဝေးနေကြရတယ်......
ညတစ်ညရဲ့ အိမ်မက် မက်တဲ့
ညရဲ့ကမ္ဘာ မှာပေါ့ကွယ်..........။


နင်လွမ်းနေသလို ငါလဲတမ်းတမိ ပါတယ်
ငါလဲ ဒီညအိပ်မပျော်ဘူး နင့်စာတွေဖတ်ပြီး နင့်ကိုလွမ်းတယ် နင့်ရဲ့ အားပေးမှု့တွေ
ငါလိုအပ်နေတယ် ချစ်သူ ငယ်ချင်း

3 comments:

Anonymous said...

အရမ်းကောင်တဲ့ကဗျာလေးပါ ညီမလေးရယ်။
မမလည်း ခံစားသွားပါတယ်နော်။

ပျော်ရွှင်ပါစေ

ခင်တဲ့
မေတ္တာရောင်ပြန်

thinzar said...

ကဗျာလေးကောင်းတယ် မမရေ...

ဒါပေမယ့် သဉ္ဇာဗွေမှာ ဆိုတော့
မမရဲ့ဗွေ လား ညလေးရဲ့ဗွေလားဟင်....
ညလေးတို့ဗွေမှာ တစ်ညလုံး ငုတ်တုတ်လာထိုင်တာတော့
လွန်တာပေါ့နော့ ဟိဟိဟိ....

Anonymous said...

သူငယ်ချင်းလို့ သုံးနှုန်းထားပေမယ့် ခံစားမှုကတော့ အမြင့်ဆုံးပဲနော် ...

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit