Thursday, April 23, 2009

ဒုတိယအကြိမ် ပုံနှပ်ခြင်း(သို့)ဆားချက်ခြင်း

တူလေးဖိုးဂျယ် တတ်ဂ် ထားတဲ့ ဒုတိယ အကြိမ်ပုံနှိပ်ခြင်း (သို့)ဆားချက်ခြင်းတဲ့
တတ်ဂ်ထားတာတော့ နည်းနည်းကြာနေပြီး ခုမှပဲ ရေးရတော့တယ်
မီးလေးကတော့ ကဗျာပဲရေးတာများတော့ ကဗျာပဲပြန်ပြီး ဆားချက်ရတာပေါ့နော်
မီးလေးရဲ့ အကြိုက်ဆုံးကဗျာလေးပေါ့

အလွမ်းသင့် နှစ်အဖွင့်

သမာရိုးကျ အလွမ်းကဗျာတွေကို ဆက်ရေး
ထပ်ဝေးနေရဦးမယ့် ..............
နေ့ရက်လေးတွေ အတွက်
မျှော်လင့်ချက်လေးတွေ
ပေးဆပ်ရင်းပေါ့.........၊


မနှစ်က ပြက္ခဒိန်လိုမျိုး
အလွမ်းတွေကို .............
ချောင်ထိုးလိုက်ချင်ပေမယ့်
အပြောချိုချိုလေးတွေကို
နှလုံးသားက..................
မြတ်နိုးတွယ်တာနေလေတော့.......
နှောင်ကြိုး တစ်ခုရဲ့
ဒဏ်ရာတွေနှင့်ဖြတ်ကျော်
မလွန်ဆန် နိုင်သေးဘူး........မောင်၊

မနှစ်ကနေ့ရက်လေးတွေတမ်းတ
ပြောင်းလဲခြင်းတွေ မသေချာတာမို့
နှောင်ဖွဲတတ်သော ပုံရိပ်တစ်ခုကို
မီးလေးစိမ်းလာဖို့ ငေး
နေ့စဉ်ရက်ဆက်.............
မရေရာပေမယ့် အသေအချာ
မျှော်နေမိတတ် ခဲ့ပြီး......မောင်၊

အလွမ်းတွေပြည့်နှက်နေတဲ့
ဒီရင်အစုံနဲ့............
ချစ်သောမောင့်ကိုမျှော်မှန်း
၂၀၀၉ ရဲ့ အလွမ်းခန်း
ဖွင့်စမ်းပါရစေဦး.................မောင်။

ဒီကဗျာလေးပါပဲ တူလေးဂျယ်ရေ ကျေနပ်လိမ့်မယ်ထင်တယ်နော်

ဘယ်သူ့ကိုမှထပ်မတတ်ဂ်တော့ပါဘူး လူလဲကုန်သလောက်ရှိသွားဆိုတော့း)

8 comments:

Pinkgold said...

ဘယ်သူ့မှ ထပ်မတဂ်တော့ဘူး ပြောပြီး ငါ့ကျတော့ ဂျီတော့ကနေ လာတက်တယ် ပေါ့လေ.. အေးပါ ရေးပေးပါ့မယ်

Welcome said...

မကြီး
ဒုတိယအကြိမ် ပုံနှိပ်တယ် ဆိုပေမယ့်
မဖတ်ရသေးရင် အသစ်ပါပဲ
ကဗျာလေး ဖတ်သွားတယ် ..

ပျော်ရွှင် အဆင်ပြေပါစေ
ခင်မင်လျက်

Anonymous said...

ဒီကဗျာကိုဖတ်ဖူးတယ်..နှစ်ကုန်တုန်းက အစ်မရေးခဲ့တာ မှတ်မိတယ်.. အခုလည်း တစ်ခေါက်ထပ်ဖတ်သွားပါတယ်.. ခံစားချက်တစ်မျိုးလေးထပ်ရတာပေါ့..

Anonymous said...

လွမ်းခန်း ဖွင့်စေဗျား နောင်နှစ်ပေါင်း မရေမတွက်နိုင်အောင် အထိ၊ ဒါမှ ကဗျာကောင်းကောင်း ဖတ်ရမှာ

မြစ်ကျိုးအင်း said...

ကဗျာကောင်းလေးပါပဲ ...သေသေချာချာဖတ်ပြီး ခံစားသွား ပေးပါတယ်

Sein Lyan Tun said...

ဘာဖွင့်မှာလဲ မဇာ
သိချင်တယ်

may16 said...

ကဗျာလေးကောင်းတယ် ဒါကြောင့်လည်း ဒုတိယအကြိမ်ပြန်ဖတ်ရတော့လည်း ကောင်းပါတယ်ညီမ

Anonymous said...

ဒုတိယအကြိမ်ဆားချက်တဲ့ ကဗျာလေးကို ဒီနေ့မှပဲ ဖတ်ဖြစ်တော့တယ် ... ခံစားချက်လေးတွေ ထိမိပါရဲ့ဗျာ ...

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit