Friday, November 5, 2010

HAPPY BIRTHDAY ပါ မီးလေးဇာ ရေ

Happy Birthday MeeLayZar


HAPPY BIRTHDAY MEELAYZAR

Friday, July 9, 2010

ဟက်ပီဘက်ဒေး ပါချစ်ဆုံေးလး

Happy Birthday ပါ.........မောင်

ပစ္စုပ္ပန် ရဲ့ ဇယားတွေကိုဖြေရှင်း......
လာမယ့် အနာဂတ် မှာ....
မောင် လိုချင်တောင့်တခဲ့တဲ့.
သာယာချမ်းမြေ့ဖွယ်
နွေးထွေးတဲ့ မိသားစုလေး တစ်ခုကို
ပိုင်ဆိုင်နိုင်ပါစေလို့........
မကြီး ဆုတောင်းလိုက်ပါတယ်......နော်၊

၂၄ .....ရဲ့
ခြေလှမ်းသစ်တွေကို မာန်အပြည့်ထည့်
မျှော်လင့်ချက်အလင်းတန်းတွေနဲ့
အောင်မြင်ခြင်းဆိုတဲ့...
ပန်းတိုင်ဆီကို.....
ပျှော်ရွှင်ခြင်းတွေနဲ့
အရောက် လျှောက်လှမ်းနိုင်ပါစေ...........ချစ်သူ၊

ဒီနှစ်မွေးနေ့မှသည်
နောင်နှစ်ပေါင်းများစွာ
ချစ်သောသူများနဲ့ မခွဲမခွာ
အသက်ထက်ဆုံး ပျှော်ရွှင်ချမ်းမြေ့စွာ
နေထိုင်သွားနိုင်ပါစေလို့........နော်၊

Wednesday, May 5, 2010

ပြာလဲ့နေတဲ့ ကောင်းကင် အောက်မှာ

ပြာလဲ့လဲ့ ကောင်းကင်အောက်မှာ
တီတီတာတာ ပြောတတ်ခါစ
ကလေးငယ်တစ်ယောက်လို
ငါ့မျှော်လင့်ချက်တွေ........
အသက် ၀င်ခဲ့ဖူးတယ်..........၊

ပြာလဲ့နေတဲ့ ကောင်းကင်ကြီးရဲ့ အောက်မှာပါပဲ
အဘွားအိုတစ်ယောက်ရဲ့
တုန်ချိချိ လျှောက်လှမ်းနေတဲ့
(ယိုင်တိုင်တိုင်)
ခြေလှမ်းတွေလို
ငါ့မျှော်လင့်ချက်တွေ
မသေမချာနဲ့ ယိမ်းယိုင်ခဲ့ရတယ်..၊

ဟိုးအရင် ဒီလေထုတွေကို
အဆုတ်ထဲရောက်အောင်
ရှူသွင်းလိုက်တိုင်း..............
ငါ့စိတ်ဓါတ်တွေ က
ခိုင်မာတဲ့ ရဲတိုက်တစ်လုံးလို........၊

အခုလဲ ဒီလေထုတွေ ရှူသွင်းတုန်းပါပဲ
ဒါပေမယ့်........
ငါ့စိတ်ဓါတ်က
ကမ်းပါးစောက်နားက
(ယိုင်တိုင်တိုင်)
အိမ်အိုလေး တစ်လုံးလို......၊

တကယ် ဆို ငါဟာ
ကမ်းကပ်ချင်တာတောင်
ကပ်ခွင့်မရှိတဲ့...........
လှေငယ်လေး တစ်စင်းလို.........။

Saturday, March 13, 2010

ရင်ခုန်သံ ကောက်ကြောင်း

ဟိုး အရင်အတိတ်ကာလတွေတုန်းက
မင်းရဲ့စကားလုံးတိုင်းကို
သံသယတွေ စွန်းထင်း
ငါ့နှလုံးသားရဲ့ ရင်ခုန်သံတွေကို
အကျဉ်းချထားမိခဲ့တယ်.......၊

ဒါပေမယ့်.....
မင်းအပြုံးတွေကို ငါမျိုချလိုက်တဲ့နေ့မှာ
ယုံကြည်မှု့နဲ့အတူ
ငါ့ရင်ခုန်သံတွေစည်းချက်ညီညီ
ကခုန်နေလေရဲ့......၊

အမှန်ဆို......
လွဲမှားဖူးတဲ့ရင်ခုန်သံတွေနဲ့
ငါ့ နှလုံးသားစာမျက်နာမှာ
အဆိပ်သင့် အက်ကွဲရာတွေ
ထပ်မံရေးချယ်မိမှာ
ငါစိုးကြောက်နေမိခဲ့တာပါ......။

Friday, March 5, 2010

နိုဝင်ဘာ...........ဆူး

ဆောင်းတွင်းကာလကို
သိပ်ချစ်တဲ့....
နိုဝင်ဘာလ မှာမွေးဖွားခဲ့တဲ့....ငါ.ဟာ
နိုဝင်ဘာလရဲ့ ငါ့မွေးနေ့မှာ
ငါ့အတွက် ကဗျာစပ်ပေးခဲ့တဲ့မင်းကို
မင်းရဲ့ပလီပလာ..မာယာတွေနဲ့
ပြောခဲ့တဲ့စကားလုံးတွေအောက်မှာ နှစ်မျှော်
ငါမင်းကိုသိပ်ချစ်သွားခဲ့မိတယ်.....၊

စကားလုံးလှလှလေးတွေနဲ့
ငါ့ကို အယုံသွင်း......
သြော်.....
အယုံလွယ်ခဲ့မိတဲ့ ငါ့နှလုံးသားလဲ
တစ်ဖြည်းဖြည်းတိုက်စားခံလိုက်ရတာ
ပင်လယ်ကမ်းစပ်က
ကျောက်ဆောင်လေး တစ်ခုလိုပဲပေါ့.....၊

မျှော်လင့်ချက်လေး မခိုင့်တစ်ခိုင်နဲ့
မယိုင်မနဲ့ နှလုံးသားတစ်ခုကိုပိုက်ထွေး
မင်းရှိရာကို အရောက်သွားခဲ့မိတဲ့
ဒီနှစ် နိုဝင်ဘာမှာပေါ့
နိုဝင်ဘာလချင်းတူပေမယ့်
အချိန်ရယ် နှစ်ခုနှစ်တွေရယ်
ပြီးတော့ မင်းရယ်
အလွန်ကိုကွာခြားခဲ့ပြီ.........။


ကဗျာမရေးတာကြာတော့ ရေးတောင်မတတ်တော့ဘူး အဟဲ ဒီကဗျာလဲ နိုဝင်ဘာလမှာထဲက ပြီးအောင်ရေးမလို့ပါပဲ မပြီးတာနဲ့ပဲ ဒီနေ့မှလက်စသတ်လိုက်ရတော့တယ်.....

Monday, February 15, 2010

မောင့် ကြယ်စင်လေး

တိတ်ဆိတ်တဲ့ ညအမှောင်ထဲမှာ
ကြယ်လေးတစ်လုံး လင်းလက်လာပြီး
မိုးသားနံရံတွေကတစ်ဆင့်
ခိုဆင်းလာခဲ့တယ်....၊
ငါ့အနားရောက်တော့
စကားလေးတစ်လုံးအဖြစ်
ပြောင်းလဲသွား............
အဲ့ဒီစကားလုံးလေးက
“မ” တဲ့..............။

ငါဟာ အိပ်ချင်နေသူတစ်ယောက်လို
အာရုံတွေပျံ့နှံ့သွားခဲ့တယ်..........
ဒီအချိန်မှာပဲ “မ” ဆိုတဲ့ စကားလုံးလေးက
မထင်မှတ်ပဲ ရင်ခွင်ကို ထိုးဖောက်
နှလုံးသားတစ်ခုလုံးကို
ပိုင်စိုးသွားခဲ့တယ်.........၊

ဦးနှောက်ရဲ့
မသိစိတ်နဲ့ အသိစိတ်တွေဟာ
တားဆီးဖို့ဆိုတဲ့
အတွေးမတွေးမိနိုင်လောက်အောင်
ငါဟာ လွင့်မျှော် သွားခဲ့တယ်.......၊

ဒီလိုနဲ့ ငါသတိထားမိခဲ့တဲ့ အချိန်မှာတော့
“မ” က နေရာအပြည့် ယူပြီးခဲ့ပြီးလေ......
ဒါပေမယ့် ခွင့်ပြုပါတယ်
ဘာကြောင့်လဲဆိုတော့......
မောင် “မ“ကိုချစ်လို့........။




မောင်ရေးပေးတဲ့ကဗျာလေးကို အမှတ်တရ အဖြစ် တင်လိုက်ပါတယ်.........

Tuesday, January 26, 2010

မျက်ဝန်းစကား

သူ့ရှေ့မှာတော့........
သိပ်ချစ်ဖို့ကောင်းတဲ့...
အမတစ်ယောက်အနေနဲ့......
ဟန်ဆောင်နေရတဲ့ အဖြစ်
အပြုံးတစ်ဝက်နဲ့ပေါ့............၊

အသံတိတ်နှုတ်ပိတ်လို့.....
အဓိပ္ပါယ်ပါတဲ့ အကြည့်လေးတွေနဲ့
မင်းကိုကြည့်ကြည့်နေတတ်မိတာ
မင်းသာ ရိပ်မိမယ်ဆိုရင်........
ခုလောက်ဆို
သိနှင့်နေလောက်ပါပြီး....၊

မင်းကို ရင်ထဲကစကားလေးတွေ
ပြောချင်လာတဲ့အခါတိုင်း
ငါ့ရင်တွင်းစကားလုံးလေးတွေကို
ကဗျာအဖြစ်ချရေး........၊
ငါ့ကဗျာလေးတွေတောင်
ငါ့ကိုသနားလို့တဲ့လေ.....
ငါ့အဖော် ဘောပင်လေးနဲ့
စာရွက်ကလေးတွေတောင်
မင်းသိအောင်မပြောတော့ဘူးလားလို့
မကျေမနပ်နဲ့ ဆန္ဒတွေ တောင် ပြကုန်ကြပြီး............။

Friday, January 22, 2010

ဘုရားဖူး...............

ကရင်ပြည်နယ်..ဘားအံမြို့နယ် ထဲက သာမညတောင်ပတ်ဝန်းကျင်နားမှာရှိတဲ့ ကံကော်တစ်ထောင်
ဘုရားပါ.................
မီးလေးပုံ တွေပါတာတော့ မထည့်တော့ဘူး ဒီတိုင်းပိုလှလို့ အဟဲ........



ဘားအံပြန်ပြီးသွားနေလိုက်တာ ၅လ.... လည်လိုက်ပတ်လိုက်တာလဲ လွန်ရော ဖြစ်ချင်တော့ လည်တိုင်းကင်မရာမပါတာခက်တယ် .........

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit