Friday, December 25, 2009

မြှားစိုက်ခံခဲ့ရတဲ့ နှလုံးသား

“ မနဲ့ စကားပြောနေရင်းနဲ့
ဘာပြောရမလဲ မသိတော့လို့
ပျင်းပျင်းရှိတာနဲ့ ရည်းစားစကား
လှမ်းပြောလိုက်တာ ”

အတ္တဆန်တဲ့ စကားလုံးတွေ
သုတ်လိမ်းထားတဲ့ မြှားက
ငါ့ရင်တည့်တည့်ကို ချိန်ပြီးပစ်ချိန်မှာ
ငါ့ရင်တစ်ခုလုံး တစ်ဖျက်ဖျက်ကွဲလို့
ဒါအမှန်တွေပဲလား............?
ဒါသေချာရဲ့လားလို့ ...
ငါသွေးပျက်ခဲ့တာ....၊
အပြုံးတွေနဲ့ ငါ့မျက်နာ
ဘယ်လိုဟန်ဆောင်ထားရလဲဆိုတာ
ငါ့ကိုအမြင်ကပ်နေဆတဲ့ မင်းက
ဘယ်သိနိုင်မှာလဲလေနော်...

ချစ်သူစွန့်ပစ်ခံ သမာရိုးကျ
ဇာတ်လမ်းလေးတစ်ခုလို...
နင့်နေအောင် ခံစားလိုက်ရတဲ့
ဗလောင်ဆူနေတဲ့
ငါ့နှလုံးသား တစ်ခုနဲ့
မင်းကို မုန်းပစ်လို့မရနိုင်သေးတာ
ငါဘယ်လိုဆေးအမျိုးအစားနဲ့ မှ
ကုသရမှာလဲ.........?

Sunday, December 20, 2009

အလွမ်း ဒဏ်ရာ

ကောင်ကလေးရေ ...........
တကယ်ဆို မင်းနဲ့ ပတ်သက်ခဲ့တာ

အိမ်မက်တစ်ခုလိုပါပဲ....နော်...
မင်းအနား နေခွင့်ရတဲ့
ခဏတာ နေ့ရက်တွေကို လွမ်းဆွတ်
ငါတော့ တစ်သက်တာ
မမေ့တော့ပါဘူး ကောင်ကလေးရေ.........၊

ကောင်ကလေးရေ ............
မင်းအနားထိုင်ပြီး

မင်းရဲ့ ဆံပင်ပျော့ပျော့လေးတွေကို
ကိုင်ဖွ ဆော့ကစားခဲ့တဲ့ နေ့ရက်လေးတွေကို
သတိရမိသေးတယ်.........
မင်းရဲ့ဒူးနှစ်ဖက်ကို ပိုက်ပြီး
မင်းနဲ့ ရောက်တတ်ရာရာ
စကားလေးတွေကို ပြောခဲ့တဲ့
နေ့ရက်လေးတွေကိုလဲ
လွမ်းဆွတ်မိနေသေးတယ်....၊

ကောင်ကလေးရေ..........
ခုတော့လည်းမင်းရဲ့

နွေးထွေးဖူးခဲ့တဲ့ မျက်ဝန်းတစ်စုံက
စိမ်းကားခြင်းတွေ ပြည့်နှက်
ချိုသာဖူးတဲ့ နှုတ်ခမ်းလေးတွေက
ငါ့ကို ရင်နင့်အောင် ပြောတတ်ခဲ့ပြီးတဲ့လား.........၊

ကောင်ကလေးရေ ...........
နောက်ဆုံးတော့လည်း

ငါပိုက်ထွေးဖူးတဲ့ ခြေအစုံ
ငါ့ကို ကျောခိုင်းထွက်သွားဖို့တဲ့လား............၊

Sunday, December 13, 2009

မာယာမဲ့ အလွမ်း

ကဗျာရေးတိုင်း
မင်းကို တမ်းတမိတာ
ငါ့ကဗျာတွေ မင်းကို
ရည်ညွှန်းစေဖို့.......
အစချီနေခဲ့တာလား.........?၊

ကဗျာ ဆိုတာ.....
ခံစားချက်ရှိမှ
ပိုမိုပီပြင်အောင် ရေးနိုင်မယ်ဆိုရင်........
ငါ့ကဗျာတိုင်းမှာ...
မင်းနှင့် ပတ်သတ်တဲ့
အလွမ်းစာသားလေးတွေအဖြစ်
အမြဲတမ်းပြောင်ူးလဲနေမှာပေါ့နော်......၊

တကယ်ဆိုရင် မင်းတောင်းပန်မှ
မင်းရဲ့အပြစ်တွေကို
ကျေအေးလိုက်မှာ မဟုတ်ပါဘူး.........၊
ငါကိုယ်တိုင်မင်းအပေါ်
အပြစ်မမြင်ခဲ့တာပါ........၊

ချစ်သူတစ်ယောက်လို
ပတ်သက်ခွင့်မရှိတော့ပေမယ့်.......
ငါမင်းကို သိပ်ချစ်နေသေးတာ
အမှန်ပါ...........၊
အနည်ထိုင်နေတဲ့ ငါ့နှလုံးသားကို
မင်းအပျော်တမ်း ကစားခဲ့တာတောင်
ငါ့ဘက်က သည်းခံပေးခဲ့တာပါ.....၊

မင်းစိတ်ညစ်သွားအောင်
တစ်ခါလေး လုပ်မိတာနဲ့
အမုန်းပွားလာတဲပ မင်းကို
ငါတောင်းပန်ရင်းနဲ့.........
မင်းကို ပျော်ရွှင်မှု့များသာ
ပေးချင်ပါတယ် (...)..။

Saturday, November 28, 2009

တရားပွဲတော်






မီးလေးရန်ကုန်ကပြန်လာကတည်းကအင်တာနတ်ဆိုင်ခုမှပဲရောက်တော့တယ်
နေမကောင်းဖြစ်တာနဲ့ ဘုရားပွဲလုပ်နေတာနဲ့ မအားမလပ်ဖြစ်နေတာ အခုတော့ တရားပွဲလုပ်တုန်းကပုံတွေတော့တင်ပေးလိုက်တယ် အချိန်မရတာနဲ့ သေချာတော့မပြောတော့ဘူးနော် မနက်ဖြန်မှပို့ပြန်တင်တော့မယ် တရားပွဲက၅ညလုပ်တာလေ ဇွဲကပင်တောင်ဆရာတော် ကိုလဲပင့်ထားတယ် ဆရာတော်လဲတရားဟော်ပေးတယ် ဒီနေ့တော့နောက်ဆုံးညပေါ့ ပရိတ်ရွတ်မယ် မနက်ဖြန်မနက်အစောကြီးကျရင်တော့ အာရုံဆွမ်းကပ်မှာပေါ့နော် အဲ့တော့မီးလေးလဲအိမ်မှာဝိုင်းလုပ်ပေးနေရတယ် မီးလေးလဲအွန်လိုင်းခဏ၀င်လာချင်လို့ မအားတဲ့ကြားက လစ်ထွက်လာတာဟီးးးးးးးးးး

အားလုံးပဲအဝေးကနေ တရားနာပေါ့နော် အဟဲ တာ့တာ

Wednesday, November 18, 2009

၅၀% ပျော်ရွှင်မှု

မောင့်ကို မတွေ့ရ မဆက်သွယ်ရတဲ့
အချိန်နေ့ရက်တွေ
ကုန်ဆုံးလာတာနဲ့အမျှ
မောင့်ကို မေ့နိုင်ပြီးလို့......
ကိုယ့်ကိုယ်ကိုယ်.........
ယုံကြည်မိခဲ့တယ်....၊

ဒါပေမယ့် မောင်ရယ်.........
မောင့်ကို ပြန်တွေ့လိုက်ရတဲ့တခဏ
မောင့်ကို ဘယ်လောက်ထိ
လိုအပ်နေသေးတယ် ဆိုတာ
"မ" ကိုယ့်ကိုယ်ကိုယ်
ပိုမိုသေချာလာခဲ့တယ်.......၊

ဘာဖြစ်ဖြစ် ဆိုပြီး
ဇွတ်အတင်း တိုးဝင်မိခဲ့တယ်
မောင် စိတ်တင်းကျပ်နေမလားလို့
မတွေးပေးချင်မိခဲ့ဘူး
တွေ့ခွင့်ရတဲ့ခဏတာလေးမှာ
မ ကိုယ့်ရဲ့ ဆန္ဒတွေကိုပဲ
ရှေ့တန်းတင်ခဲ့မိတယ်
အပြစ်ဆိုချင်ဆိုပါမောင်
ဒါတွေဟာ
မောင့်ကိုသိပ်ချစ်နေသေးလို့ပါမောင်

Friday, November 6, 2009

ဘုရားဖူး၊ အလည်း)




မီးလေးမော်လမြိုင်ကိုအလည်သွားရင်းနဲ့ ဗျိုင်းနှစ်ကောင်ဘုရားကိုရောက်ခဲ့တုန်း ရိုက်ခဲ့တဲ့ပုံပါ
ဇင်းကျိုက်ရေတံခွန်ရောက်တာတော့ ဓါတ်ပုံမရိုက်လိုက်ရဘူး ပျော်ဖို့အရမ်းကောင်းတာပဲ ဘားအံကရေတံခွန်ကိုတော့ တစ်ပတ်တစ်ခါလောက်တော့ရောက်တယ်
ရေတံခွန်ကအပြန်ဆိုရင် ကျောက်ကလပ်တောင်မှာ ထမင်းသွားစားတာပေါ့အခုကအပျော်မက်နေလို့
ပို့စ်ကိုသေချာမတင်ပေးရသေးဘူး ဟီးးးးးး ပွဲပြီးရင်တော့ အပြတ်အသတ်တင်ပေးပါ့မယ်နော် ဘားအံကိုလာချင်ရင်တော့ မေးလ်သာပို့ထားလိုက်ပေါ့နော် အမြဲတမ်းကြိုဆိုပါတယ်နော်
မီးလေးရဲ့မွေးနေ့ကိုမမေ့ကြသေးတဲ့အတွက် ကျေးဇူးပါနော် မီးလေးပို့မတင်အားလို့ ပျက်ကွက်နေတာကိုလဲတောင်းပန်ပါတယ်နော်
ပို့စ်မရှိတာတောင်လာလည်ပေးကြတဲ့ သူတွေများကို အထူးပဲကျေးဇူးတင်သလို အားလဲနာပါတယ်
နောက်မှတွေ့ကြတာပေါ့နော် တာ့တာ

Thursday, November 5, 2009

အားလုံးပဲ နော် နေကောင်းကြလား

ချစ်ခင်ရသော မီးလေးရဲ့ သူငယ်ချင်း၊မောင်နှမများရှင့် ဟီးးးးး
မပြောရတာကြာတော့ တစ်ညိုးကြီးနော်း) ဒီနေ့မီးလေးမွေးနေ့နော် မှတ်မိကြရဲ့လား မောင်နှမတွေကိုတော့ ဒီတစ်ခါဘာမှမကျွေးရတော့ ဘူးအိမ်မှာတော့မုန့်ဟင်းခါးလုပ်တယ် သူငယ်ချင်းတွေနဲ့အမျိုးတွေကိုပဲ ဖိတ်ပြီးတော့ မွေးနေ့ပွဲသေးသေးလေးပဲလုပ်လိုက်တော့တယ် နောက်နှစ်မှပဲ တစ်ဝကြီးကျွေးတော့မယ်နော်

အားလုံးကိုသတိရတယ် အခုနောက် ပိုင်း အွန်လိုင်းကို မ၀င်ဖြစ်တာတော်တော်လေးကိုကြာသွားတယ်
ကုန်ကြမ်းတွေလဲ များကြီးရှိတယ် အခုလဲ အင်တာနက်ဆိုင်လာဖို့မဟုတ်ဘူး IC ရှိုး သွားကြည်ဖို့လတ်မှတ်လာဝယ်ရင်းနဲ့ ထိုင်ဖြစ်သွားတာ ပုံတွေမပါလာလို့ အဲ့ဒါ နောက်မှတင်မယ်နော် ကရင်ပြည်နယ်ပွဲက ၇ရက်နေ့စမှာဆိုတော့လေ မကဲရတာလဲကြာတော့ လက်ကုန်ကဲလိုက်မလို့ ပုံတွေရိုက်ပြီးတင်ပြမယ်နော် အားလုံးကိုသတိလဲရတယ် ခင်လဲခင်တယ် ရန်ကုန်ကဘလော့ဂါတွေမီးလေး၁၃ မဟုတ်ရင် ၁၄ရက်နေ့လာလည်မယ်နော် မုန့်ဝယ်ကျွေးရမယ်နော် ဟီးးးးးးးးးးးး အားလုံးပဲတာ့တာနော်

Wednesday, September 30, 2009

ခရီးသွား (၂)





ပုံတွေတော့တင်ပေးလိုက်တယ်
နောက်မှပဲသေချာပြောပြတော့မယ်နော် ရေးကိုသွားတုန်းကရိုက်ထားတာတွေ ဟီးးးးးးးးးးးးး
သေချာဖူးလိုက်ပါဦးနော် ပုံတွေကျန်သေးတယ်

ခရီးသွား

ပို့စ်တင်မလို့ ကွန်ကမကောင်း ညစ်လိုက်တာ
ဓါတ်ပုံတွေဆိုတော့ တော်ရုံနဲ့တင် လို့မရတာနဲ့ နောက်မှပဲတင်လိုက်တော့မယ်
မီးလေးရန်ကုန်ကိုခရီးဆက်ရင်းနဲ့ အပြန်မှာ မော်လမြိုင်ကနေ ရေးကိုဆက်သွားလိုက်တယ်
ဘုရားဖူးဆိုတော့ ဘုရားပုံတွေပဲရိုက်လာရတယ်
လမ်းမှာရိုက်ခဲ့တဲ့ပုံတွေကတော့ ကားဆောင့်တာနဲ့ ပုံတွေက ကောင်းကောင်းလေးတွေမထွက်တော့ဘူး
ရေးမြို့က တောင်ကုန်းတွေပေါ်မှာတည်ထားတာဆိုတော့ သာယာတယ် ...
ရေးမြို့က ရွှေဆံတော်စေတီတော်၊စကားတောင်စေတီနဲ့ ရေလည်ဘုရားကတော့ နာမည်ကြီးတာပေါ့နော်
မီးလေးကညဘက်ရောက်သွားတာဆိုတော့ စကားတောင်စေတီပုံတော်ကို အဝေးကနေလှမ်းပြီးမရိုက်လိုက်ရဘူး
ရွှေဆံတော်စေတီတော်ကိုတော့ မနက်ကားပေါ်မတတ်ခင်လေးသွားရိုက်လိုက်တယ်
ရေလယ်ဘုရားမှာမြတ်စွာဘုရား ဓါတ်တော်နဲ့ ရဟန္တာ မထေရ်မြတ်များ၏ ဓါတ်တော်များကိုပေါင်းစုထားတာကို ဖူးမျော်ခဲ့ရတယ်
ရွှေဆံတော် စေတီမှာတော့ ဗုဒ္ဓမြတ်စွယ်တော်ကိုဖူးမျော်ခဲ့ရတယ် နောက်မှပဲ ဓါတ်ပုံတွေတင်ပေးတော့မယ်နော်
ခုတော့အားတော့ဝူး အားလုံးပဲတာ့တာ

Monday, August 31, 2009

နှုတ်ဆက်ခဲ့ပါတယ်ရှင့်


မောင်နှမများအားလုံး မင်္ဂလာပါရှင့်
လိုရင်းတိုရှင်းပဲပြောတော့မယ်နော် မီးလေးမရစ်တော့ဘူး ဟီးးးးးးးးးးး(ကိုယ့်အကြောင်းကိုယ်သိလို့)
(၇)ရက်နေ့ကျရင်မြန်မာပြည်ကိုအလည်ပြန်မယ်ပေါ့နော် တူလေးဂျယ်လိုတော့ တစ်လလောက်ကြိုတင်မပြောဖြစ်ဘူးလေနော် (နည်းနည်းခွပ်ကြည့်တာ)
ထိုင်းကိုတော့ ၂လပိုင်းလောက်မှပြန်လာဖြစ်မယ်ထင်တာပဲလေ
သူငယ်ချင်းတွေကတော့ ပြန်တောင်မပြန်ရသေးဘူး သတိရနေကြပြီး ဟိဟိ

ဘားအံရောက်လို့ရှိရင်လိုက်လည်ရင်းနဲ့ ဓါတ်ပုံတွေရိုက်ပြီးတင်ပေးပါဦးမယ်
မျက်စိရှုပ်ဖို့သာပြင်ထားပေတော့ပေါ့နော်း)
ဘားအံမှာကွန်နရှင်လေးလဲ ကိုယ့်ဘက်ပါရင် ကဗျာတွေလဲစပ်ဖြစ်ရင် ဘလော့ဂ်ကိုတော့မပြစ်ထားပါဘူးနော်
မီးလေးကိုလဲမမေ့သွားကြနဲ့ဦးနော်

မီးလေးရဲ့ မောင်နှမများအားလုံးကို သတိရနေမှာပါနေမှာပါနော်

Saturday, August 22, 2009

အမှတ်တရ လေးတွေပါ

ဘာပို့စ်မှ တင်စရာမရှိလို့ ဘုရားလိုက်ဖူးတုန်းက ပုံတွေပဲတင်လိုက်တော့တယ်
အပျော်ပေါ့နော် ဟီးးးးးးးးးးးးးး
အပေါ်ကပုံကတော့ မြဘုရားသွားတုန်းက အ၀င်ဝကနေလှမ်းရိုက်ထားတာပါ
ဒီပုံနှစ်ပုံကတော့ (Golden Mount) ဘုရား သွားဖူးတုန်းက အတတ်လမ်းမှာပါ

မြဘုရား ၀င်းထဲမှာပါ
ဘီလူးနဲ့ မီးလေးဘယ်သူအကောင်ပိုကြီးလဲလို့ ဟိဟိ
ဘုရားဝင်းထဲမှာပါ

အောက်ဆုံးက ပုံ၃ပုံကတော့ မြဘုရားဖူးပြီးတော့ လှေနဲ့ တစ်ဘက်ကမ်းကိုကူးသွားပြီး သွားဖူးတာပါ
ငါးတွေအများကြီးပဲနော်

မီးလေးဝတာကိုပဲ ပြောနေကြတယ် လှတာကိုတော့ အဒူမှ မကျောဝူးးးးး ဟင့်

Thursday, August 20, 2009

အမှတ်တရ

မီးလေးတို့အဖွဲ့ siam paragon မှာအမှတ်တရ ရိုက်ထားတာလေးပေါ့
ဒီပုံကတော့မီးလေးက၇ိုက်ပေးတာဆိုတော့ မီးလေးပုံမပါဘူး မီးလေးအစား ကိုvanko (ပန်းစကား) ကနေရာယူလို့း)
ကိုvanko(ပန်းစကား)မွေးနေ့တုန်းက ပေါ့


မောင်နှမ များအားလုံးပဲ မင်္ဂလာပါရှင့်
မီးလေးဘလော့ဂ်ကို ခဏပြစ်ထားတုန်း လည်လည်လာပြီးအားပေးသွားတဲ့ သူများအားလုံးကို
ကျေးဇူးတင်ရှိပါတယ် မီးလေးဘယ်မှမပျောက်ပါဘူး လက်ငြိမ်နေတာပါ ခြေတော့ငြိမ်ဘူး ဟီးးးးး
လျှောက်သွားနေတာ အားတာနဲ့အပြင်ထွက်လည်တယ် အိမ်မှာနေရတာ စိတ်မပျော်လို့...

ဒီလဆိုရင် နေ့တိုင်းလိုလို လိုက်လည်ဖြစ်နေတာ ကိုvanko မွေးနေ့တုန်းကလဲ ဘလော့ဂ်မှာတင်ဦးမလို့ပါပဲ
စာရေးဖို့စိတ်မပါတာနဲ့ မတင်ဖြစ်လိုက်ဘူး

မွေးနေ့တုန်းက သွားစားကြတဲ့ပုံတစ်ပုံတင်ပေးလိုက်တယ် အမှတ်တရပေါ့
ပြီးတော့ ထိုင်းမှာ ထိုင်းဘုရင်မရဲ့မွေးနေ့ (၈လပိုင်း၁၂ရက်) နေ့ကိုအမေနေ့လို့ သတ်မှတ်ထားပါတယ်..

အဲ့နေ့မှာလဲတိုက်တိုက်ဆိုင်ဆိုင် ကရင်လူမျိုးတို့ရဲ့ လက်ချည်ပွဲ(လိပ်ပြာခေါ်ပွဲ) ကျင်းပပါတယ်
မီးလေးတို့အဖွဲ့ လက်သွားချည်ဦးမလို့ပါပဲ သူငယ်ချင်းတွေကအ၀တ်စားတွေဝယ်တာနဲ့ အချိန်မလောက်တော့လို့ သူငယ်ချင်းတစ်ယောက်ရဲ့ အဒေါ်အိမ်မှာပဲ မုန့်ဟင်းခါးသွားစားဖြစ်ခဲ့တော့တယ်
ညပိုင်းကျတော့ မီးရှူးမီးပန်းတွေလွှတ်ကြတာကိုကြည့်ရင်းနဲ့ ( siam paragon , centar world ) ဘက်မှာလိုက်လည်ရင်းနဲ့ ဓါတ်ပုံတွေမှတ်တရ ရိုက်ကြတာပေါ့

မီးလေးလဲ ပို့စ်မရေးရတာကြာပြီးဆိုတော့ မီးလေးအိမ်ကိုလာလည်ပြီး ကိုယ်ကဘာမှမရေးနိုင်တာကိုအားလည်နာတယ်လေ. ပို့မတင်တာလဲကြာပြီး မီးလေးလဲဘလော့ဂ်တွေလျှောက်မလည်ဖြစ်တော့ မီးလေးကိုမေ့သွားမှာ စိုးလို့ပါ အဟဲ

Thursday, July 16, 2009

ဆွေးမြည့်သွားသော နှလုံးသား

မင်းအချစ်တွေနဲ့ စတင်ပြီး
ဝင်ရောက် လာတုန်းကတော့
လေပြေညှင်း လေးလို့ပေါ့
ငါ့နှလုံးသားထဲ မင်းအချစ်တွေ
ပြည့်နှက်နေတော့မှ
မင်းကမုန်တိုင်းအဖြစ်ကိုပြောင်းသွား......၊

ပါးပါးလေးမှ တကယ့်ကို
ပါးပါးလေး..............ပါ၊

အခုတော့လဲ ငါ့နှလုံးသားက
ုမြို့ပျက်တစ်ခုလို
ဟောင်းနွမ်းဆွေးမြည့်လို့.................၊

Wednesday, June 24, 2009

မင်းရိုက်ချိုးခဲ့သော

ချစ်တတ်လာအောင်
ဘယ်သူသင်ပေးခဲ့တာလို့
မေးမိတိုင်း........
ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်......၊

လွမ်းတတ်လာအောင်
ဘယ်သူလုပ်ခဲ့တာလဲ လို့
မေးမိရင်းးး နဲ့
မင်းကိုသိပ်လွမ်းလာတယ်......၊

မျှော်လင့်ချက်တွေပေးလို့
ခြေရာဖျောက်
မင်းကိုယ်ယောင်ဖျောက်သွားခဲ့တယ်......၊

မင်းဘာတွေလုပ်လို့
ဘယ်လိုတွေဖြစ်နေမယ်ဆိုတာ
သိပိုင်ခွင့်မရှိခဲ့ တော့မှ
ငါ ပိုမို ပိုင်ဆိုင်ချင်လာတယ်......၊

သိပ်ချစ်မိသွားတော့မှ ငါ့မာနတွေ
ငါ့အတ္တတွေ မင်းခြေဖ၀ါးအောက် မှာ
ဝပ်စင်းလို့..........၊

ချစ်တယ်ဆိုတဲ့
စကားလေးကြားချင်လို့
အပြုံးလေးတစ်ချက်မြင်ချင်လို့
အိပ်ပျက်ရတဲ့ နေ့ညတွေကများလို့..........၊

ငါ မင်းကိုသိပ်ချစ်ခဲ့တာ
မင်း သိနေခဲ့သလို...
ငါ မင်းကို မျှော်လင့်ခဲ့တာလဲ
မင်းသိနေခဲ့လို့............၊

ယုံကြည်လွယ်ခဲ့မိတယ်.............
အချစ်တွေပုံအောပြီး ပေးခဲ့မိတယ်....
မဖြစ်နိုင်မှန်းသိနေခဲ့တာတောင်
မင်း စိတ်တစ်ခုထဲနဲ့ ငါဖြစ်လာအောင်
ကြိုးစားမိခဲ့တယ်............၊

ဒါပေမယ့်..........

မင်း နဲ့ ပတ်သတ်ပြီးသိလိုက်ရတဲ့
ရှုံးဆုံးမှူ့........
ငါ အံ့သြော်မိခဲ့တယ်ဆိုတာထက်
ထင်မှတ်မထားခဲ့မိတာ ......
ကိုယ့် မျက်စိ ကိုယ်တောင်
မယုံကြည်နိုင်ခဲ့တာ...ဆိုရင်
ပိုမှန်နေလိမ့်မယ်..........၊

မင်းနာမည် မခေါ်ရဲလောက်အောင်
ငါ ရှက်တယ်..........
မင်းနာမည် မတချင်လောက်အောင်
ငါ နာကျည်းတယ်.........
ငါရွံတယ်.......
တစ်ခါမှ မမုန်းဖူးတဲ့ အမုန်းတွေနဲ့
ငါ မင်းကို သိပ်မုန်းတယ်.......၊

Tuesday, June 23, 2009

ခေါင်းစဉ်မရှိ

အခုတော့ အရှုပ်ထုတ်ကြီး ပိုက်မိလို့ အလုပ်တွေရှုပ်နေပါကြောင်း သတင်းပေးတာပါ
ပို့စ်အသစ်လဲမတင်နိုင် ဘလော့ဂ်တွေလဲ လျှောက်မလည်နိုင်ဖြစ်နေပါတယ်
အပျင်းလဲတစ်နေပါကြောင်း စိတ်လဲလေနေပါကြောင်း..... ပြီးတော့
ဝ လဲ ၀လာကြောင်းပါ ...........း)

သတင်းပြီးဆုံးပါပြီးရှင်

Monday, June 15, 2009

နောင် အနှစ် (၂၀)

မောင်လေး ၀သန်မိုးက တတ်ဂ်ထားတာပါ တတ်ဂ်ထားတာလဲ ကြာနေပြီး သူများတွေလဲ ရေးပြီးကုန်ပြီး
မီးလေးလဲ ဘာရေးရမှန်းမသိသေးလို့ ခုမှပဲရေးရတော့တယ် ..... နည်းနည်းအပျင်းတစ်တာလဲပါတာပေါ့နော်
ဟီးးးးးးးးး
အမှန်တော့နောက်နှစ်(၂၀) မပြောနဲ့ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာတောင် သိကြတာမှမဟုတ်တာနော်....
ဝသန်ပြောသလို မီးလေးဇာတစ်ယောက် အမှန်တကယ်ပဲ ဒီဇိုင်နာကြီးဖြစ်လာခဲ့ရင်ဘယ်လောက်ကောင်းလိုက်မလဲနော် စိတ်ကူးယဉ်လို့တော့ကောင်းသား......း)
ဖြစ်ချင်ရင်တော့ ကြိုးစားရမှာပေါ့နော် လွယ်တော့မလွယ်ဘူးပဲ ......

မမြင်တွေ့နိုင်သေးတဲ့ နောက်အနှစ်(၂၀)အတွင်းမှာ ချစ်တဲ့ကိုလတ်နဲ့အတူ ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းတဲ့
မိသားစုလေးကိုပိုင်ဆိုင်ချင်တယ် လိုချင်တောင့်တပေမယ့် ဖြစ်လာနိုင်ဖို့အတွက် ကြိုးစားရမှာတွေလဲအများကြီးရယ် ဒီလိုမိသားစုတစ်ခု ဖြစ်ဖို့ကလဲ ကိုယ်တစ်ယောက်ထဲ ကြိုးစားလို့ရတာမျိုး မဟုတ်တော့ ပုံသေတွက်ချက်လို့ မရနိုင်ဘူးလေနော်......
ဘယ်အရာကမှတည်မြဲတာမှ မဟုတ်ပဲလေ............. အပျိုကြီးပဲဖြစ်နေမလား ဟိဟိ သိမှမသိရတာလေနော်

စိတ်ကူးယဉ်တာ ပိုက်ဆံကုန်တာမှ မဟုတ်တာနော် များများသာယဉ်လိုက်....... ပျော်ရွှင်စရာလေးတွေတွေး
စိတ်ချမ်းမြေ့နေရင် လူလဲလန်းဆန်းနေရော .... စိတ်ပျိုကိုယ်နုပေါ့နော့.း)
ဒီလောက်ပဲပေါ့နော် မောင်လေးဝသန်ရေ ကျေနပ်လိမ့်မယ်ထင်တယ်

ကျန်းမာနေရင် ဖြစ်ချင်တာတွေဖြစ်အောင်လုပ်လို့ရတဲ့အတွက် ကျန်းမာရေးဂရုစိုက်ကြနော်

Thursday, June 11, 2009

မီးလေးဇာရဲ့ ၀ါသနာ

ဝါသနာဆိုပြီးတော့ မလတ်(နှင်းဆီနက်)ကတတ်ဂ်လာပါတယ်
အဲ့ဒါနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးသုံးသပ်ကြည့်မိတယ် ငါဘာဝါသနာပါလဲပေါ့
မီးလေးက ဒီနေရာလဲပါချင် ဟိုနေရာလဲပါချင်နဲ့ ဟိုစပ်စပ်ဒီစပ်စပ် လိုက်လုပ်ရတာကို ၀ါသနာပါတယ်
သူများကိုလိုက်ရှုပ်ရတာလဲ ၀ါသနာပါတယ်လေ...ဟီးးးးးးးးးးးး
မီးလေးဇာဆိုတာ အဲ့လိုအဲ့လို ဟိဟိ စတာပါနော် ယုံနဲ့း)

အမှန်တော့မီးလေးက သီချင်းဆိုရတာဝါသနာပါတယ် ထမင်းဟင်းချက်ရင်လဲ သီချင်းလေးဖွင့်ပြီးတော့ လိုက်ဆိုရတာကြိုက်တယ် အမေကတော့ပြောတာပေါ့ ထမင်းဟင်းချက်ရင်းနဲ့ သီချင်းမဆိုရဘူး ကိုယ့်ထက်အသက်ကြီးတဲ့သူနဲ့ရတတ်တယ်တဲ့ မီးလေးကလဲ အဲ့လိုဆိုကောင်းတာပေါ့ ကြီးရင်မှီငယ်ရင်ချီလို့ ဟိဟိ
အမှန်တော့ သီချင်းဆိုရင်း ထမင်းဟင်းချက်ရင် တံတွေး တွေဟင်းအိုးထဲ ၀င်ကုန်မှာစိုးတာပါ...
အသံကဒီတိုင်းဆိုရင် သိပ်မသိသာပေမယ့် ကာရာအိုကေဆိုလိုက်တော့ အဖေကလာပြောတယ် မီးလေးရာ ရုပ်နဲ့နှိပ်စက်ရ တော်တော့ပေါ့တဲ့ အသံဆိုးနဲ့တော့ထပ်မနှိပ်စက်ပါနဲ့တော့တဲ့လေ အဲ့ဒါနဲ့ ကာရာအိုကေကို ဆိုကိုမဆိုဖြစ်တော့ဘူး ဘန်ကောက်ရောက်တော့ ၀ါသနာက မသေသေးဘူးလေ သူငယ်ချင်းတို့ရေ ဂွမ်းသာစွပ်ထားကြဆိုပြီးတော့ အပြတ်ဟဲတာပေါ့ ဟိဟိ မီးလေးတို့မိသားတစ်စုလုံးက သီချင်းဆိုတာဝါသနာပါကြတယ်လေ မီးလေးက ပါးစပ်ထဲ တွေ့ကရာလျှောက်ဆိုတာ ညီမလေးဆိုအမြဲပြောရတယ် ဆိုနေတာ တစ်ခြားစီပဲတဲ့ မျက်စောင်းခဏခဏထိုးတယ်လေ............

ပြီးတော့ ဓါတ်ပုံရိုက်တာဝါသနာပါတယ် ကင်မရာတစ်လုံးလက်ထဲရောက်ပြီးဆိုတာနဲ့ ရိုက်လိုက်တဲ့ဓါတ်ပုံတွေ
လှလှမလှလှ ရိုက်တာပဲ အိုက်တင်ကလဲ မျိုးစုံပေးတာ ရိုက်ပေးတဲ့သူတောင်မျက်စိမူးတယ် ကူးလိုက်ရတဲ့ ပုံတွေလဲ အိမ်မှာပုံလို့ ........ပြီးခဲ့တဲ့အပတ်ကတောင် သူငယ်ချင်းတွေက ပန်းပြပွဲမှာဓါတ်ပုံသွားရိုက်မယ်
လိုက်မလားလို့အဖော်စပ်သေးတယ် အလုပ်ကမနားတာနဲ့ မလိုက်သွားလိုက်ရဘူး သူငယ်ချင်းပြန်လာတော့ ဘယ်လိုလဲလို့မေးလိုက်တာ နင်သွားရင်သေချင်စော်တောင်နံသွားမယ်တဲ့ အယ် ..ဘာလို့လဲပေါ့
ပန်းတွေကအရမ်းလှပြီး လူတွေကရုပ်ဆိုးနေလို့ပေါ့ဟဲ့ ...တဲ့လေ.ဟိဟိ တော်သေးတာပေါ့ အီဖေကိုမပါသွားလို့ ခွိခွိ

နောက်တစ်ခုကတော့ ၀တ္ထုဖတ်တာ ၀ါသနာပါတယ် ကျောင်းစာတော့လုံးဝပဲနော် ကိုင်လိုက်တာနဲ့အိပ်ပျော်သွားတာ အဲ့လိုကြိုးစားတာ ညည၀တ္ထုဖတ်ချင်ရင် သချာင်္တွက်တယ် အိမ်စာလုပ်တယ်
အဲ့လိုမှဖတ်ရမယ်လေ စာကျက်ရင်တော့ ဘယ်ရမလဲနော် ဘာလို့ဆိုတော့ မီးလေးကစာကိုအော်ကျက်လို့ အမေတို့ဆို မီးလေးစာကျက်ရင်အနားမှာမနေဘူး အသံကိုနားထောင်တာ ပြောရရင်ရှည်နေဦးမယ်.....

ဒီသုံးမျိုးကတော့ ၀ါသနာအရမ်းပါတာပေါ့နော် မီးလေးတစ်ခုခုကိုစိတ်ဝင်စားလို့ လုပ်ချင်ပြီးဆိုရင် အမေနဲ့အဖေ
ပြောနေကြစကားကတော့ မီးလေးတစ်ယောက် ဒီရေတတ်ပြန်ပြီးတဲ့ ဘယ်နေ့ဒီရေပြန်ကျမလဲမသိဘူးတဲ့ ဟီးးးးးးး အဲ့လိုဆို သိပြီးပေါ့နော် ခွိခွိ.....း)

မလတ်ရေ ကျေနပ်တယ်ဟုတ် ဘယ်သူ့မှထပ်မတတ်ဂ်ရင်လဲ ပျင်းစရာကောင်းနေမှာပေါ့နော် အဲ့တော့ ပင့်ကူမ(ပင့်ဂိုးလ်)ကိုတတ်ဂ်လိုက်မယ်နော့်

Thursday, June 4, 2009

မနာလိုဘူးးးးးးးးးးးး

ကိုလတ်ရေ

ကိုလတ်နဲ့ ပတ်သက်လာရင်

မနာလိုမှု့များစွာက

ရင်ထဲမှာခိုအောင်းလို့ ..ပေါ့၊


ကိုလတ်ရဲ့ ဦးခေါင်းထက်မှာ

နေရာယူတတ်တဲ့ ဦးထုပ်လေးကိုလဲ

မနာလိုဘူး…...၊


ငယ် မြတ်နိုးတဲ့

မျက်ဝန်းလေးတွေကို ပိုင်စိုးလွန်းတဲ့

နေကာမျက်မှန်ကိုလဲ

မနာလိုဘူ.............၊


ရယ်လိုက်တိုင်း သိပ်ချစ်ဖို့ကောင်းတဲ့

သွားတန်းလေးတွေကို …

ဖုံးအုပ်ထားတတ်တဲ့

ပါးလွှာတဲ့ နှုတ်ခမ်းအစုံကိုလည်း

မနာလိုဘူး..........၊


ငယ် ၀င်ချင်တဲ့

ရင်ခွင်နွေးနွေးကို

အမြဲတစေ ခြုံလွှမ်းထားတတ်တဲ့

ဂျာကင်အကျီ ကိုလဲ

မနာလိုဘူး...........၊


ကိုလတ်ဘယ်သွားသွား

အမြဲတမ်းလိုက်ပါတတ်တဲ့

အဲ့ဒီ ဘွတ်ဖိနပ်တွေကိုလဲ

မနာလိုဘူးးးးးးးးးးး


ဖြစ်နိုင်မယ်ဆိုရင်

အကုန်လုံးကို

သော့ခတ်ချိတ်ပိတ်လို့

ငယ် တစ်ယောက်ထဲ ပိုင်ဆိုင်ထားချင်တယ်…....။




Tuesday, June 2, 2009

ပို့စ်(၁၀၀) ပြည့်

မီးလေးရဲ့ ပို့စ်(၁၀၀)ပြည့် အမှတ်တရအနေနဲ့ မီးလေးရဲ့မောင်နှမသူငယ်ချင်းများကိုဧည့်ခံလိုက်ပါတယ်

ကြက်သားခေါက်ဆွဲကြော်ပါ
ယိုးဒယား တုန့်ယမ် ဟင်းချိုး
ငါးပေါင်း
စားပြီးရင်အအေးလဲသောက်ပါဦးနော်
ကော်ကော်သောက်ချင်တဲ့သူအတွက်ပါ
လိမ်မော်ရည်အေးအေးလေးနော်
ငါးကြော်ကတော့ အမြည်းပေါ့နော် ဟီးးးးးးး
ကိုကိုမောင်မောင်တူတွေအတွက်ပေါ့
ဘီယာမသောက်ချင်တဲ့သူတွေအတွက်တော့ ၀ိုင်းလေးလဲရှိတယ်နော်
အိမ်ပြန်လက်ဆောင် တစ်ယောက်တစ်ပုလင်း သယ်သွားလို့ရပါတယ်ချင့်

အားလုံးကိုကျေးဇူးတင်ပါတယ်နော် အဟီးးးးးးး အကုန်လုံးက ဂူဂယ်လ်ကယူထားတာ မီးမီးလက်ယာပါဝူးးးးးးး ခွိခွိ

Friday, May 29, 2009

Nick name

တတ်ဂ်ပို့စ်နဲ့ ဆားချက်လိုက်ပြန်ပြီးနော့် တူတော်ဂျယ်ကတတ်ဂ်တာဆိုတော့ အမြန်လေးရေးပေးရတယ်း) အမြန်ရေးလို့ နည်းနည်းကြာသွားတယ် အဟီးးးးးးး

မီးလေးကိုတော့အိမ်မှာ မီးလေး အိစံကွား ဘုတ်စုံမ မီးငယ်လေး အဲ့လိုခေါ်ကြပါတယ် ကျောင်းကသူငယ်ချင်းတွေကတော့ ခိုင်သဉ္ဇာလို့ခေါ်ပါတယ်

မီးလေးဇာဆိုတဲ့နာမည်ကိုတော့ မီးလေးရဲ့မိတ်ဆွေသုံးဦးကပေးခဲ့တာပါ

ပထမ မီးလေးရဲ့ရည်းစားဟောင်းက (yahoo)မေးလ် ကိုဖွင့်ပေးပါတယ် မီးလေးဆိုတဲ့နာမည်ယူတော့ သူများသုံးနေလို့မရဘူး

အဲ့ဒါနဲ့ သူလဲစဉ်းစားပေးလိုက်တာ မီးလေးရဲ့ခိုင်သဉ္ဇာ ဆိုတဲ့နာမည်ကနေ ဇာကိုယူပြီး melayzar လို့ပေးလိုက်တယ်

ဘလော့ဂ်လည်တော့လည်း melayzar နဲ့ပဲလည်ဖြစ်တယ် ဘလော့ဂါသူငယ်ချင်းမီးလေးနဲ့ခဏခဏ အမှားခံရလို့

မီးလေးဆိုတဲ့နာမည်ကိုမယူဖြစ်ခဲ့ဘူး သဉ္ဇာယူမယ်လုပ်တော့လဲ

ဘလောဂါသူငယ်ချင်းသဉ္ဇာနဲ့မှားပြန်ရော အဲ့ဒါနဲ့မမီဘန်ကောက်လာတုန်းက စကားစပ်မိပြီးဘလော့ဂ်ရေးမယ်လုပ်တော့ ဘာနာမည်ပေးရမလဲမသိဘူးလို့

မီးလေးလဲပေးဖို့က လူမှားမှာစိုးတယ်လို့ အဲ့ဒါနဲ့ မမီ(မယ်လိုဒီ)က မီးလေးဇာလို့ပေးလိုက်တဲ့

ဘလော့ဂ်လုပ်တော့ ကိုကောင်းကင်ကိုကြီးကို အကူအညီတောင်းတော့ ကိုကောင်းကင်ကိုက ဘာနာမည်သုံးမလဲတဲ့ သိဘူးလို့ ပေးချင်တဲ့နာမည်ပေးဆိုလို့

ကိုကောင်းကင်ကိုလဲ meelayzar ဆိုပြီးပေးလိုက်တယ် အဲ့ဒါပါပဲမီးလေးရဲ့မီးလေးဇာဖြစ်လာရခြင်း ဟီးးးးးးးးးးးးး အရှည်ကြီးရေးတော့ဘူးနော် တိုတိုလေးပဲရေးလိုက်တယ် အဟဲ


Friday, May 22, 2009

မရုန်းထွက်ချင် ခဲ့သော

မထင်မှတ်ပဲ ဆုံတွေ့ခဲ့တယ်
ရင်ထဲမှာ မဖော်ပြတတ်အောင်
ရင်းနှီးစွာ ခင်မင်မိခဲ့တယ်.......၊
စိတ်ချင်းမတူညီလို့
ဝေးကွာခဲ့ရတယ်နော်.....။

ဒါပေမယ့်..........
ပုံရိပ်တစ်ခုကိုတော့
တိုးတိတ်စွာ နှစ်သက်လို့
လှုပ်ရှားမူ့လေးကို နှစ်ခြိက်လို့
အဝေးကနေ အမှတ်ထင်ထင်
သတိရနေမိတတ်ခဲ့တယ်...။

မှတ်မိသေးတယ် ကိုလတ်ရေ.....
သောကြာနေ့ရဲ့ ညတစ်ညကိုပေါ့
ရင်ထဲက ခံစားချက်လေးတွေ
ဖွင့်အံလို့ ကိုလတ်ရဲ့
ရင်ထဲကိုလှမ်းမြင် ခဲ့ရတယ်..
ရင်ခုန်လှိုက်မောစွာနဲ့
ပျော်ရွှင်မှု့တွေဖြစ်တည်
လက်ဖျားလေးတွေတောင် အေးစက်လို့ပေါ့.....၊

ငြို့ဓါတ်ပြင်းတဲ့ စပါးကြီးမြွေရဲ့
မျက်ဝန်းအစုံလို
ငယ့်နှလုံးသားကို ရစ်ပတ်လို့
ဒီညွှတ်ကွင်းက ရုန်းထွက်ဖို့
မကြိုးစားခဲ့မိတာ
တစ်ချိန်ကျရင်...............
...........................
မသိသေးလို့ပါ ကိုလတ် ရယ်........။

Tuesday, May 12, 2009

အချစ် နှလုံးသား ဦးနှောက်

မင်းအကြောင်းတွေ တွေးမိတိုင်း
အလွမ်းဒဏ်ရာတွေက
ငါ့နှလုံးသားကို ငါ့ဘာသာ
ဓါးနှင့် မွှန်းပစ်နေသလို.........

ခုနေအခါ အချစ်ဆိုတာ
ဘာလဲလို့မေးလာရင်
ထူးဆန်းလွန်းတဲ့ ခံစားချက်တွေ
ပေးနိုင်တဲ့ အရာတစ်ခုလို့ ဖြေမိလိမ့်မယ်.....၊

အချစ်က စိတ်ညစ်စေတတ်တဲ့ အရာလား
အချစ်က ၀မ်းနည်းစေတဲ့ အရာလား
အချစ်က ပျော်ရွှင်စေတတ်တဲ့အရာလား
အချစ်က ကြည်နူးသိမ်မွေ့စေတဲ့ အရာလား
အချစ်က နာကြည်းစေတဲ့ အရာလား
ဒါတွေအားလုံးကို တစ်လှည့်စီ ဖြစ်ပျက်ပြီး
လူတစ်ယောက်ကို ရူးမတတ်ခံစားစေခဲ့ တဲ့ အရာတစ်ခု...............၊

မင်းနှင့်တွေ့တိုင်း
ကြည်နူးပျော်ရွှင်မှု့တွေ ပေးတဲ့အခါတိုင်း
ခွန်အားတွေပြည့်နှက်ခဲ့ဖူးတယ်........
မင်းကိုတွေ့လိုက်တဲ့ခဏ
မင်းကိုမတွေ့ရခင် စက္ကန့်လေးက
ခံစားခဲ့ရမှု့တွေ ပျောက်ကွယ်
စိတ်တွေပြန်လည်လန်းဆန်းလာရတယ်......၊

အခုမြန်နေတဲ့ ရင်ထဲကနှလုံးသားက
သူဘာဖြစ်နေလဲဆိုတာကိုကြေငြာလို့
ငါ့ရောဂါကအတော်ကျွမ်းနေခဲ့ပြီး............
မင်းမရှိတော့တဲ့ အချိန်မှာ
ရင်ထဲမှာလစ်ဟာ ဖြစ်ကျန်ရစ်ခဲ့တဲ့ အဖြစ်..........၊

အချစ်ကို ဘယ်တော့မှဦးစားမပေးဘူးလို့
စွဲမှတ်နေအောင်......
ရိုက်သွင်းထားခဲ့တဲ့
ဦးနှောက်ကို
သတိပေးဖို့.........
............
ကိုယ်စောင့်နတ်ကြီးက
ဘယ်မှာများ အိပ်ပျော်နေပါ့လိမ့်နော်............။


Wednesday, May 6, 2009

အလွမ်း

လွတ်လပ်ပေါ့ပါးတဲ့
ဟန်အမူအရာနဲ့..............
အပြစ်ကင်းစင်တဲ့
မောင့်ရဲ့အပြုအမူ ပုံရိပ်တွေကို........
မ..ဘယ်လိုနှလုံးသားနဲ့
မေ့နိုင်အောင်ကြိုးစားရမှာလဲ .၊

မောင့်နဲ့ပတ်သတ်လာရင်
တိုက်ဆိုင်မူ့တိုင်းမှာ.........
အမှတ်ရတမ်းတမိတာ
မမေ့နိုင်လွန်းလို့ပါ.မောင်..၊

တစ်ခါတစ်လေ
အားလျော့ စိတ်ပျက်မူ့နဲ့
အထီးကျန် ၀မ်းနည်းမူ့တွေက
ရင်ထဲမှာတင်းကျပ်လို့.......ပေါ့၊




ဆက်ရေးလို့ ဘယ်လိုမှမရတော့လို့ ဒီလောက်နဲ့ပဲ အဆုံးသတ်ထားလိုက်တယ် ပို့စ်အသစ်မတင်ရတာကြာလို့ ဖြစ်ညှစ်ပြီးတော့ကဗျာလေးတစ်ပုဒ်ရေးလိုက်ပါတယ်
လာရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်

Thursday, April 30, 2009

မီးလေးအတွေ့ချင်ဆုံး(၁၀)ယောက်

အားလုံးပဲမင်္ဂလာပါ....(စိုင်းစိုင်းလေသံနဲ့)

မီးလေးလဲပျင်းကြောဆွဲနေတာနဲ့ ပို့စ်အသစ်လဲမရေးဖြစ်ဘူး
မီးလေးကိုတတ်ဂ်ထားတဲ့ အတွေ့ချင်ဆုံး(၁၀)ယောက် ပို့စ်လေးကို ရေးသားလိုက်ပါတယ်

မီးလေးကိုအရင်စတတ်ဂ်တာကတော့ မီးလေးထက်အသက်ကြီးပေမယ့် မောင်လေးလို့ခေါ်တာနှုတ်ကျိုးနေလို့
မောင်လေးဝင်းဇော်လို့ခေါ်ခေါ်နေတဲ့ ကိုဝင်းဇော်တတ်ဂ်တာပါ ...........
ဒုတိယ ကတော့ သူကမီးလေးလိုပဲသိပ်ကြွားတာ မောင်ဆိုတာနှုတ်ဖျားကမချတဲ့ မီးလေးတို့ရဲ့ ချစ်မကြီး
မမ၀ါပါပဲ......
တတိယကတော့ မျောက်တောင်အရှုံးပေးရတဲ့ ဟိုနေရာလဲသူပါ ဒီနေရာလဲသူပါနဲ့ စိန်မျောက်မျောက်
ဖိုးစိန်ပါပဲ သူ့ကိုထမီမပြီးလိုက်လို့ မျောက်လိုကွတကွတနဲ့ထွက်ပြေးနေရတာလေ......
နောက်တစ်ယောက်ကတော့ ချစ်ညီမဝေလေးပါပဲ မီးလေးရဲ့တိုင်ပင်ဖော်တိုင်ပင်ဖတ်ပေါ့ တစ်ခါတစ်လေ ကိုယ်ကဆရာကြီးလေသံနဲ့ လုပ်သေးတာ အမှန်တော့ဘာမှသိတာမဟုတ်ဘူး ဟိဟိ
နောက်ဆုံးအယောက်ကတော့ တူတော်ဖိုးဂျယ်ပါပဲ အစလဲသန်သလို သူလဲမျောက်လောင်းလေးပါပ

အဲ့ဒီလေးဦး တတ်ဂ်ထားတယ်ဆိုတော့ရာ....မီးလေးကအဲ့ငါးဦးလုံးကိုတွေ့ချင်နေတာ မီးလေးကတွေ့ချင်တဲ့သူစာရင်းထဲမှာပြန်ထည့်လိုက်ရင် ၅ယောက်ပဲကျန်တော့မှာဆိုးလို့ ဟိဟိ
မီးလေးကမမ၀ါ၊မောင်လေးဝင်းဇော်တူလေးဖိုးဂျယ်ဖိုးစိန်နဲ့ ညီမဝေလေးတို့ကိုတွေ့ချင်ပါတယ်လို့နော်

မီးလေးထပ်တွေ့ချင်တဲ့ .................၁၀ ယောက်ကတော့
(၁) မီးလေးဘလော့ဂ်မရေးခင်ကတည်းက သူ့ရဲ့စာအရေးအသား အပြောအဆိုလေးတွေကိုချစ်ခင်ခဲ့ရ အားကျခဲ့ရတဲ့ ချစ်မမညလေးကိုတွေ့ချင်ပါတယ် အမြဲတမ်းလိုလိုမအားတတ်တဲ့ ချစ်မညလေးကတော့ မအားတဲ့ကြားက မီးလေးသိချင်တာတွေစပ်စုတာတွေကို စိတ်ရှည်ရှည်ဖြေပေးခဲ့သူပါပဲ ချစ်မညလေးကိုအရမ်းတွေ့ချင်ပါတယ်

(၂) သယ်ရင်းပင့်ဂိုးလ်..မီးလေးခေါ်တာတော့ ပင့်ကူမပေါ့ သူကအကြွားကလဲပိုတယ် အခုတော့ အကွဲတွေသဲနေလို့တဲ့လေ သူ့နဲ့ကမီးလေးဘလော့ဂ်မရေးခင်ကတည်းကခင်လာတာပေါ့.........

(၃) သယ်ရင်းမင်းယွန်း....ကိုဖတ်တီးပေါ့ဗျာ သူနဲ့လဲမီးလေးဘလော့ဂ်မရေးခင်ကတည်းကခင်လာတဲ့သူပါ မီးလေးဘလော့ဂ်ကိုအမျိုးမျိုးလုပ်ခိုင်း ကလိခိုင်းနေကြပေါ့ သူလုပ်ချင်ချင်မလုပ်ချင်ချင် မီးလေးကတော့ဇွတ်လုပ်ခိုင်းတာပဲ မရရင်စိတ်ကောက်ပြီးနေတာ ဟီးးးးးးးး

(၄) ကိုမိုးသောက်ကြီးပါ မီးလေးရဲ့ ဆရာပေါ့ မီးလေးပျင်းတယ်ဆိုလို့ ဘိလိယက်ထိုးသင်ပေးတဲ့ ဆရာကြီးပေါ့
မီးလေးဘာခိုင်းခိုင်း မညည်းမညူနဲ့လုပ်ပေးရရှာတာလေ ဆိုးလို့ကောင်းတဲ့ အကိုတစ်ယောက်ပေါ့ မီးလေးလဲဆုံနိုင်မယ်ဆိုရင်တွေ့ချင်မိပါတယ် သူကမီးလေးကိုသူ့ရွာမှာထန်းရည်အရမ်းကောင်းတယ် ဆိုပြီးဆွယ်ထားတာ ဟိဟိ

(၅)အသက်တူပေမယ့် သူကအမလို့ခေါ်နေမှတော့ ကိုယ်ကလဲမောင်လေးလို့သာခေါ်ပေးလိုက်တဲ့ တောင်ပေါ်သား ပါပဲသူ့ကိုလဲတွေ့ချင်တယ် အွန်လိုင်းမှာတွေ့တိုင်းအမနေကောင်းလားပဲ မေးမေးနေတယ် သူမေးမှကိုယ့်ရောဂါကို သတိရရသွားတယ် ခင်ဖို့အရမ်းကောင်းသလို့ တိုင်ပင်လို့လဲရပါတယ် အချွန်နဲ့မလာတော့သိဘူးရယ် ဟီးးးးးးးး လူပျိုကြီးဖြစ်မှာစိုးလို့ သူငယ်ချင်းနဲ့စပ်ပေးမလို့လုပ်နေတာ အတင်းငြင်းနေတယ်လေ ဟတ်ဟတ်

(၆) အွန်လိုင်းမှာတွေ့တိုင်း ၀က်ဆိုပြီးတော့ လာလာခေါ်တတ်တဲ့ဦးရှင်ကြီးပါ အဖိုးကြီးဖြစ်နေတာတောင်
ကလေးစိတ်ကမကုန်သေးဘူးရယ် ကလေးတော့မဟုတ်တော့ဘူး သူငယ်ပြန်နေတာလေ ဦးရှင်ကြီးကိုလဲတွေ့ချင်တယ် အရူးထောင်ပို့မလို့ လေ

(၇) ဇဇ လို့ခေါ်တတ်တဲ့ သူ တစ်ယောက်ပဲရှိပါတယ် သယ်ရင်းအလှတရားပါ သူ့ကိုရှယ်တွေ့ချင်တာ
ဆီးချိုရှိရင် သူနဲ့ကုမလို့လေ ဟိဟိ ခင်ဖို့ကောင်းတဲ့သယ်ရင်းလှလှကိုလဲတွေ့ချင်ပါတယ်

(၈) မမကဗျာတွေက ညီမလေးရဲ့ခံစားချက်နဲ့အရမ်းတိုက်ဆိုင်တာပဲ ကောင်းတယ်ဆက်ရေးဆိုပြီး အမြဲလာလာချွဲတတ်တဲ့ ညီမလေးသဉ္ဇာပါ အွန်လိုင်းမှာတွေ့တိုင်းအာဝါးးးတွေဇွတ်ဇွတ်ပေးတတ်လို့ ပါးတောင်ပဲ့ကုန်ပြီးးးဟတ်ဟတ် ညီမလေးကိုလဲတွေ့ချင်ပါတယ်

(၉)တီတီယောင်းယောင်းလို့ ခေါ်တတ်တဲ့ လူတွေ့ရင်အာဝါးးးးးးးးးကြီးပဲပေးတတ်ပြီး စကားလဲမပီတဲ့
တူမလေးယောင်းယောင်း(မက်မက်)ကိုတွေ့ချင်ပါတယ် အကိုတွေနဲ့မျှားတတ်တဲ့ကောင်မလေးလေ ဟီးးးးးးး

(၁၀)နောက်ဆုံးပိတ်အိတ်နဲ့တစ်ခါထဲလွယ်ခိုင်းလိုက်မယ် အပျိုကြီးမမကိုပေါ့ မီးလေးစိတ်ညစ်ရင် အားပေးပေးတတ်တဲ့ စိတ်ပြေအောင်ပြေရာပြေကြောင်းပြောပြောပေးတတ်တဲ့ ဟင်းတွေလဲ အမြဲတမ်းချက်ကျွေးတဲ့ မမလုလုကိုတွေ့ချင်ပါတယ် မီးလေးဆီလာရင်ဟင်းတွေတစ်ဝကြီးချက်ကျွေးမယ်လို့ အစားပုပ်တဲ့ မီးလေးကိုပြောပြောနေတတ်တဲ့ချစ်မမလုကိုတွေ့ချင်ပါတယ်ချင့်

(၁၀)ယောက်ပဲဆိုလို့ (၁၀)ယောက်ပဲရေးလိုက်ရတာ ဒါတောင်၅ယောက်ဖယ်ထားလိုက်လို့ ဟိဟိ
အမှန်တော့မောင်နှမများအားလုံးကို တွေ့ချင်ပါတယ် တစ်နေ့နေ့တော့တွေ့ကြရလိမ့်မယ်လို့လဲမျှော်လင့်ပါတယ်
အားလုံးကိုချစ်ခင်လျှက်ပါ

မှတ်ချက်။ ။ မောင်လေးဖြိုးဝေတိုးကဒီပို့စ်ကိုစလုပ်တာဆိုပြီးမမ၀ါလာသတိပေးမှ မီးလေးကိုတတ်ဂ်တဲ့သူတွေထဲမှာမောင်လေးဖြိုးဝေတိုးလဲပါတယ်ဆိုတာ သတိရတယ် အဟဲ
မောင်လေးရေတောင်းပန်ပါတယ် မောင်လေးကအရင်ဦးဆုံး တတ်ဂ်ထားတာဆိုတော့ အမလဲမရေးဖြစ်တာနည်းနည်းကြာသွားတယ်လေကွယ်နော် တောင်းပန်ပါတယ်နော် တွေ့မှပဲ မုန့်တွေအများကြီးနဲ့ဖားတော့မယ်နော် ဟီးးးးးးးးးး

Thursday, April 23, 2009

ဒုတိယအကြိမ် ပုံနှပ်ခြင်း(သို့)ဆားချက်ခြင်း

တူလေးဖိုးဂျယ် တတ်ဂ် ထားတဲ့ ဒုတိယ အကြိမ်ပုံနှိပ်ခြင်း (သို့)ဆားချက်ခြင်းတဲ့
တတ်ဂ်ထားတာတော့ နည်းနည်းကြာနေပြီး ခုမှပဲ ရေးရတော့တယ်
မီးလေးကတော့ ကဗျာပဲရေးတာများတော့ ကဗျာပဲပြန်ပြီး ဆားချက်ရတာပေါ့နော်
မီးလေးရဲ့ အကြိုက်ဆုံးကဗျာလေးပေါ့

အလွမ်းသင့် နှစ်အဖွင့်

သမာရိုးကျ အလွမ်းကဗျာတွေကို ဆက်ရေး
ထပ်ဝေးနေရဦးမယ့် ..............
နေ့ရက်လေးတွေ အတွက်
မျှော်လင့်ချက်လေးတွေ
ပေးဆပ်ရင်းပေါ့.........၊


မနှစ်က ပြက္ခဒိန်လိုမျိုး
အလွမ်းတွေကို .............
ချောင်ထိုးလိုက်ချင်ပေမယ့်
အပြောချိုချိုလေးတွေကို
နှလုံးသားက..................
မြတ်နိုးတွယ်တာနေလေတော့.......
နှောင်ကြိုး တစ်ခုရဲ့
ဒဏ်ရာတွေနှင့်ဖြတ်ကျော်
မလွန်ဆန် နိုင်သေးဘူး........မောင်၊

မနှစ်ကနေ့ရက်လေးတွေတမ်းတ
ပြောင်းလဲခြင်းတွေ မသေချာတာမို့
နှောင်ဖွဲတတ်သော ပုံရိပ်တစ်ခုကို
မီးလေးစိမ်းလာဖို့ ငေး
နေ့စဉ်ရက်ဆက်.............
မရေရာပေမယ့် အသေအချာ
မျှော်နေမိတတ် ခဲ့ပြီး......မောင်၊

အလွမ်းတွေပြည့်နှက်နေတဲ့
ဒီရင်အစုံနဲ့............
ချစ်သောမောင့်ကိုမျှော်မှန်း
၂၀၀၉ ရဲ့ အလွမ်းခန်း
ဖွင့်စမ်းပါရစေဦး.................မောင်။

ဒီကဗျာလေးပါပဲ တူလေးဂျယ်ရေ ကျေနပ်လိမ့်မယ်ထင်တယ်နော်

ဘယ်သူ့ကိုမှထပ်မတတ်ဂ်တော့ပါဘူး လူလဲကုန်သလောက်ရှိသွားဆိုတော့း)

Wednesday, April 22, 2009

မနက်စာ


မီးလေး ရဲ့ ဒီနေ့စားဖြစ်တဲ့ မနက်စာလေးပါ
စားသွားကြပါဦးချင့် ပဲပြုတ်နဲ့ထမင်းကြော်လေးပါ ကော်ဖီပူပူလေးတစ်ခွက်နဲ့ပေါ့

Sunday, April 19, 2009

သူ့ရဲ့ တမ်းချင်း

အိမ်မက် မက်တယ်
သူငယ်ချင်းရယ်.............၊
ညရဲ့ ကမ္ဘာ
အတိတ်စိတ်တွေမှာ ချာချာလည်
ကြယ်ပြာတွေ ကြွေတော့
ငါ တစ်ရေးနိုးခဲ့ရတယ်..........၊
သဉ္ဇာ ဗွေမှာ
တစ်ညလုံး ငုတ်တုတ် ပေါ့ကွာ
ပီယ......တဲ့ ခေါ်သံလိုလို
နားထဲကြားယောင်တယ်
ငါလဲ သတိရတယ်
နှလုံးလှတဲ့“မင်း”က
ပြုံးပြနေသလားကွယ်............
ငါ့ရင်ထဲမှာ စွဲလန်းမှန်းဆ
တမ်းတရအောင်............
ဝေးနေကြရတယ်......
ညတစ်ညရဲ့ အိမ်မက် မက်တဲ့
ညရဲ့ကမ္ဘာ မှာပေါ့ကွယ်..........။


နင်လွမ်းနေသလို ငါလဲတမ်းတမိ ပါတယ်
ငါလဲ ဒီညအိပ်မပျော်ဘူး နင့်စာတွေဖတ်ပြီး နင့်ကိုလွမ်းတယ် နင့်ရဲ့ အားပေးမှု့တွေ
ငါလိုအပ်နေတယ် ချစ်သူ ငယ်ချင်း

Thursday, April 16, 2009

သင်္ကြန် တဲ့လား

ချောင်းစပ်မှာရိုက်ထားတာလေးပါ အပေါ်ကနေလှမ်းရိုက်တော့ လူကပုတုတုလေးတွေဖြစ်ကုန်ရော


သူငယ်ချင်းယောင်္ကျားလေးတွေနဲ့ပေါ့ သူတို့အလုပ်ရုံကိုသွားလည်ကြတာ

သင်္ကြန်တဲ့လား ဘာမှန်းမသိလိုက်ဘူး...........
ဒီနှစ်သင်္ကြန်အပြတ်ကဲမယ်လို့ အပီလုပ်ထားတာ ရေလည်လေသွားတာပဲ
ထိုင်းတွေဆန္ဒပြနေကြတာ လမ်းတွေပိတ် တာနဲ့ ၁၃ရက်နေ့က မသွားလိုက်ရဘူး
သူငယ်ချင်းတွေနဲ့ပဲ အိမ်ထဲမှာသောက်လိုက်စားလိုက်ကလိုက်သီချင်းဆိုလိုက်နဲ့ပေါ့....၊
၁၄ရက်နေ့ကျတော့ သူငယ်ချင်းတွေရှိတဲ့အလုပ်ရုံကိုမီးလေးတို့ချီတတ်သွားကြတာပေါ့
ဒါတောင်တစ်ချို့လမ်းတွေကပြန်မဖွင့်သေးဘူး ကွေ့ပတ်ပြီးတော့သွားလိုက်ရတယ်
ဟိုရောက်တော့သင်္ကြန်ထမင်းနဲ့ မုန့်ပိန္နဲစေ့(မုန့်ကြာစေ့) ကျွေးကြတယ် စားပြီးတော့ သောက်ကြတာပေါ့ သောက်ရင်းနဲ့သီချင်းတွေဆိုရေတွေပတ် ပြီးတော့ ချောင်းဘက်ကိုသွားကြတယ် လမ်းမှာနေကပူ
ရေကစို မူးကမူးနဲ့ မကြွသွားတာကံကောင်းတယ်မှတ်ရမယ် ဟိဟိ
ချောင်းဘေးနားမှာသူငယ်ချင်းတွေက ဓါတ်ပုံတွေရိုက်ကြပေါ့ မီးလေးကတော့နှပ်နေတယ် အားယူနေတယ်လေ ဟိဟိ
လေလေးတစ်ဖြူးဖြူးနဲ့ လေတွေကန်နေကြတာပေါ့
ခဏနေပြီးတော့ သူတို့အခန်းကိုပြန်လာကြတယ် အဲ့မှာထပ်စားလိုက်သေးတယ် အဟီး စားနိုင်တဲ့ဗိုက်ပဲ
စားပြီးသောက်ပြီးတော့ မီးလေးတို့တွေသူတို့ဆီကနေပြန်လာကြတယ် အိမ်ကိုမိုးချုပ်မှရောက်တယ်
ကားပေါ်မှာအိပ်ပျော်လာတာ ဘေးကကားရေလှမ်းပတ်တော့မှလန့်နိုးသွားတော့တယ် ဟီးးးးးးးး

ညကျတော့ သီချင်းတွေထိုင်ဆို မုန့်တွေစားပေါ့ ၀ိုင်နဲ့ဘီယာကိုတော့ လက်ဖျားတောင်မတို့မိတော့ဘူး
အဟီးးးးးး မီးမီးကြောက်ကြောက်ပဲ လည်ပင်းတွေနာလို့ အသံတောင်မထွက်တော့ဘူး အဟဲ

၁၅ရက်နေ့ဆက်နားမလို့ဟာ ဘော့စ်ကဖုန်းလှမ်းဆက်တာနဲ့ ပြန်လာလိုက်ရတယ်
မြန်မာပြည်မှာတော့ ဒီနေ့ထိကဲတုန်းပဲပေါ့ လွမ်းလိုက်တာမြန်မာပြည်ကြီးရယ် အဟင့်
ဘာအံကိုလဲလွမ်းတယ်

မီးလေးရဲ့ မောင်နှမများ အားလုံးနှစ်သစ်မှာရွှင်လန်းချမ်းမြေ့ကြပါစေရှင်

Monday, April 13, 2009

သင်္ကြန်အမှတ်တရ

မုန့်လုံးရေပေါ်လေးတွေစားသွားကြပါဦးနော်
သရက်သီးနဲ့ ငါးခြောက်ကြော်ကို သုတ်တာပါ သင်္ကြန်ထမင်းလုပ်ဖို့လေ
ပွဲပြီးတော့ မီးလေးတို့တစ်ဖွဲ့ အလှပြပေါ့ ဟိဟိ
ဦးဇင်နဲ့ မီးလေးတို့အဖွဲ့ အမှတ်တရ ပေါ့
တရားနာနေတဲ့အချိန်လေးပေါ့ ကုသိုလ် ယူကြတယ်လေ ဟိဟိ
သာဓုလေးခေါ်ရင်းနဲ့ မုန့်လုံးရေပေါ်လေးသုံးဆောင်သွားကြပါဦးနော်

ဒီနေ့တော့ ခုထိဘယ်မှမသွားရသေးဘူး အိမ်မှာနေရတာ ပျင်းနေပြီး ဟင့်
သူငယ်ချင်းတွေပေါ့ ငြိမ်နေကြတယ် တစ်အုပ်နဲ့တစ်ယောက်ဆိုတော့ မီးမီးလဲ မနိုင်ဘူး ဟင့်
လိုက်လည်ချင်တယ် ရေစိုချင်တယ် ဟင့်ဟင့်

Saturday, April 11, 2009

အလှူ ဒါန

မီးလေးရဲ့ မောင်နှမများအားလုံး နှစ်သစ်မှာပျော်ရွှင်ကြပါစေရှင့်
မီးလေးလဲမနက်ဖြန်ကြရင် ဘုန်းကြီးကျောင်းမှာ သင်္ကြန်ထမင်းနဲ့ မုန့်လုံးရေပေါ် အလှူလုပ်မယ်..
လာလို့ရနိုင်မယ့်သူတွေ လာစေချင်တယ် ....
မီးလေးရဲ့မောင်နှမများအားလုံးကိုအလှူဖိတ်ပါတယ်
မနက်ဖြန်မှပဲ ပုံတွေရိုက်ပြီးဧည့်ခံတော့မယ်နော် ဟိဟိ

ငရုတ်သီးတွေမမိအောင်ဆုတောင်းကြနော် ဟတ်ဟတ်

အလှူလုပ်မယ့်ဘုန်းကြီးကျောင်းက
SuKhumVit 66/1 မှာပါ
လမ်းထိပ်မှာဆိုင်ကယ်စီးပြီး ၀က်ဖမာ့လို့ ပြောလိုက်ရင် ရောက်ပါပြီးရှင့်

Thursday, April 9, 2009

အဲ့လိုကဲ လိုက်ရင်တော့



က နေလိုက်တာ ပြောကိုမပြောချင်ဘူး
လှနေရင်တော့ခက်မယ် မီးလေးသာအဲ့လိုကလိုက်ရင်တော့
အင်းးးးးးးးးးးးးးးးးးးးး
မြင်ယောင်သေးတယ်

Monday, April 6, 2009

ကတုံး တုံးချင်တယ်

မီးလေးတစ်ယောက် လှချင်လို့ ဆံပင်ဆေးသွားဆိုပြီး ဟိုက်လိုင်းလုပ်မိပါတယ်
သင်္ကြန်အတွက်ပေါ့
ဆံသဆိုင်ကနေပြန်လာတုန်းကတော့လူကလှလို့ပါ့လို့ပါပဲ
မနက်အိပ်ယာနိုးလို့မှန်ထဲကြည့်လိုက်မိတာ ကိုယ့်ကိုယ်ကိုယ်တောင်လန့်သွားတယ်
ဒါပေမယ့် ဒီလောက်မဟုတ်သေးဘူး. အလုပ်သွားတော့ ဘော့စ်က တွေ့တွေ့ ချင်း အိုးမိုင်ဂေါ့ တဲ့လေ
မီးလေးလဲမျက်နာကချက်ချင်းအီးမှန်တဲ့မျက်နာဖြစ်သွားလို့ ဘော့စ်က မဆိုးပါဘူးတဲ့
ဘာမဆိုးလဲတော့မသိဘူး..........း)
စနေနေ့ညကသွားလုပ်တာပေါ့နော် တနင်္ဂနွေနေ့အလုပ်နေ့တစ်ဝက်ဆင်းပြီးတော့
အဒေါ့်ဆီသွားတယ် မီးလေးကိုတွေ့တာနဲ့ “ဘာကြီးလဲ ဘာပုံကြီးလဲ ”တဲ့
မလှရတဲ့ကြားထဲ ဘာသွားလုပ်ထားတာလဲတဲ့ ဟင့်
မီးကိုပဲဝိုင်းပြောနေကြတယ် လူကစိတ်ဓါတ်ကကျချင်ချင်ဖြစ်နေပြီး
အဒေါ်ဆီကနေအပြန် တီချမ်းဆီဝင်လည်ဖြစ်တယ် တီချမ်းကိုမေးကြည့်တယ် လှရဲ့လားလို့မေးကြည့်တယ်
ကိုယ့်ခေါင်းနဲ့ကိုယ်စိတ်ကြိုက်သာလုပ်တဲ့ ရှင်းရေား)
အခုလဲသူငယ်ချင်းအိမ်ကပြန်လာတာ သူကပြောတယ် လှပါတယ်တဲ့ ကိုယ်ကတော့ ကတုံးတုံးချင်တာလက်ကုန်ပဲ...........ဟူးးးးးးးးးးး
ပိုက်ပိုက်ကုန်ခံပြီးစိတ်ညစ်ရတယ် ဟင့်

Thursday, April 2, 2009

အားလုံးမြူးတဲ့ မြန်မာ နှစ်သစ်ကူး

မီးလေးနေတဲ့တိုက်အပေါ်ထပ်ကနေ ဟိုဖတ်ခြံထဲကိုလှမ်းရိုက်လိုက်တာပါ
ပိတောက်တွေပွင့်နေတာကို အသဲယားလွန်း လွန်းလွန်းလို့ အဟီးးး

အဟဲ ဒီပုံကတော့ လမ်းသွားရင်းနဲ့ သူများခြံစည်းရိုးမှာငုဝါပန်းတွေပင်လုံးကျွတ် ပွင့်နေတာတွေ့လို့လိုချင်တာ ခုးမရတော့ ရအောင်ယူမယ်ဆိုပြီး ဓါတ်ပုံရိုက်လာလိုက်တာ အဟီးးးးးးး
ဖုန်းနဲ့လှမ်းရိုက်တာဆိုတော့ ပုံတွေကမကြည်ဘူးဖြစ်နေတယ်( ကင်မရာမရှိတော့လို့ သနားရင်ဝယ်ပေးကြပါနော် အဟီးးးး)


တူလေးဖိုးဂျယ်ကတတ်ဂ်လို့ ရေးချင်နေတာနဲ့ အတော်ပဲဖြစ်သွားတယ် တူလေးကအလိုက်သိတယ် အဟတ်
မီးလေးငယ်ငယ်ကကျောင်းသူငယ်တန်း တစ်တန်းကနေစပြီးတော့ နှစ်တိုင်းပဲ(၇)တန်းထိ သင်္ကြန်အက ကရတယ် အဲ့တုန်းကဆို လိုက်လည်ဖို့သိပ်စိတ်မ၀င်စားသေးဘူးပေါ့ အကပဲကချင်နေတာ ဟီးး
မှတ်မှတ်ရရ(၈)တန်းကျောင်းပြီးတော့ အက ကဖို့ကအကောင်တွေကကြီးနေကြပြီးလေ ရပ်ကွက်မှာကဖို့ လာခေါ်ကြတယ် မီးလေးက ရပ်ကွက်မှာမကချင်တာနဲ့ မကတော့ပဲသင်္ကြန်မှာကားနဲ့လိုက်လည်တာပေါ့ ပထမဦးဆုံးပဲ သင်္ကြန်တွင်းမှာ ကျိုက္ခမီ..စပ်စဲရောက်ဖူးတာပေါ့ ...၊
အရမ်းပျော်ဖို့ကောင်းတာပဲ အဲ့တုန်းကအမျိုးတွေနဲ့သွားကြတာ မောင်နှမတွေနဲ့ပေါ့ မီးလေးရဲ့အမ၀မ်းကွဲကသူငယ်ချင်းလဲဟုတ်မောင်နှမလဲဟုတ်ပေါ့ သူပါရင်လိုက်တယ် သူမပါရင်အဖော်မရှိလို့
အိမ်ကလဲအဒေါ်တွေနဲ့ဆိုထည့်တာပေါ့. သင်္ကြန်ထမင်းကိုလေ ချမ်းကချမ်း ဗိုက်ကဆာနဲ့ စားရတာ ဘာနဲ့မှ
လဲလို့မရနိုင်တော့ဘူး .....သတိရတယ်

မီးလေး(၁၀)တန်းကျောင်းပြီးတဲ့နှစ်မှာ သူငယ်ချင်းတွေနဲ့ ကားငှားပြီးတော့ တစ်ညအိပ် ကျိုက္ခမီ..စပ်စဲ သွားကြတာပေါ့ အဲ့တုန်းကတော့ အမေနဲ့အဖေနဲ့ကို နေ့ချင်းပြန်ဆိုပြီး လိမ်သွားတယ် အကျီအပိုကိုတော့ ဖွက်ပြီးယူလာတာပေါ့ မီးလေးရဲ့ညီမတော်ကလဲလိုက်ချင်တယ် ပြီးတော့သူကညအိပ်ရင်ရှူးပေါက်ချတယ်
အဲ့တုန်းကသူက၅တန်းပဲရှိသေးတယ်...
သူ့ကိုအမေ့ဆီမှာမုန့်ဖိုးတောင်းခိုင်းတာလေ မီးလေးပါတာပဲ မီးလေးပဲထမင်းဝယ်ကျွေးပေါ့တဲ့
ကောင်းရော အဲ့တုန်းက ကိုယ့်မှာစိတ်လွပ်ကိုယ်လွတ်မသုံးရဘူး သိတယ်မဟုတ်လားငှဲ့တော်မူရတယ်လေ
နှမတော်ကို ညအိပ်တော့ အခန်းကကြိုတင်မငှားရလို့ အခန်းမရှိဘူး ကားပေါ်မှာပဲအိပ်ရတယ် မနက်ရောက်တော့ တစ်ယောက်တစ်ပေါက်နဲ့ ပြောကြတာပေါ့ ဘယ်ကရေတွေလာလဲတဲ့ စိုကုန်ပြီးတဲ့ မီးလေးကကားပေါ်မှာမအိပ်ပဲ အုန်းပင်ခုံတန်းမှာသွားအိပ်နေတာ သူတို့ကိုကြည့်ပြီးရီရတာလက်ကုန်ပဲ
မီးလေးညီမရှူးတွေပေါက်ချထားတာသူတို့ကိုစိုကုန်တယ်လေ ဟိဟိ ရေးနေရင်းတန်းလန်းနဲ့ ရယ်နေသေးတယ် ဟတ်ဟတ်

အမှတ်တရလေးတွေပေါ့ ...အယ်ကျန်သေးတယ် စပ်စဲကိုအသွားတုန်းက ကားပေါ်ကနေ တတ်လိုက်ဆင်းလိုက်နဲ့
သူငယ်ချင်းယောင်္ကျားလေးတွေလေ ဂွတွေပြဲကုန်တယ် ဟိဟိ ဂွပြဲတာနှစ်ယောက်ပေါ့ သူတို့ကားပေါ်လှမ်းတတ်ရင် ကိုယ်တွေကမျက်နှာလွဲထားရတယ် ဟိဟိ
ဘာအံအပြန်လမ်းမှာ ရိုးဂိုးဘုရားကိုဝင်ဖြစ်သေးတယ် စည်သလားမမေးနဲ့ ကားတောင်တိုးမပေါက်ဘူး ကဲနေကြတာ ရန်ပွဲတွေလေ ကိုယ်တွေကအိပ်ငိုက်နေလို့ မကဲနိုင်တော့ဘူး မော်လမြိုင်တစ်ပတ်ပတ်ပြီးတာနဲ့
ဘားအံကိုချီတတ်လာတာပေါ့ အိန္နုအ၀င်မှာထမင်းအ၀ဆွဲကြတာပေါ့ လိုက်ပွဲတွေကထပ်နေရော ညီမတော်ကတော့ အလကားရတယ်လေ အသကုန်ဆွဲတာ အဲ့ဒိကတည်းက ကြိုတင်မသိလိုက်မိဘူး သူတို့တွေကိုယ့်အပေါ်တာဝန်ကျလာမှာ ..း)

စားပြီးသောက်ပြီးတာနဲ့ချီတတ်ပြန်တာပေါ့ ဆဒ္ဒန်ဂူ ကိုပေါ့ ပြီးတော့ရေတံခွန် သူကပြောင်းပြန်စီးဆင်းတဲ့ရေတံခွန် မတွေ့ဖူးရင်လာကြည့်ကြနော် အဟဲ
အိမ်ကိုမိုးချုပ်မှပြန်ရောက်တယ် ဘာဖြစ်တယ်သိလား အဟင့် ပျော်လာကြပီးပြီးလေ အဖေ့ရဲ့ နရင်းအုပ်တာလေးတော့ ထမင်းမစားခင် ခံလိုက်ရတာပေါ့ချင့် .....အဟိ

မီးလေးဘန်ကောက်ရောက်ပြီးတစ်နှစ်ကြာတော့ပြန်သွားတယ် သင်္ကြန်ပြန်ကဲတယ် ၄ရက်ရှိတာ၅ရက်ကဲတယ်
တော်သေးတယ် အဖေအိမ်ပေါ်ကမနှင်ချတာ ဟီးးးးးးးးး အဲ့မှာပြောပြချင်သေးတယ် စကားစပ်မိလို့ပါ အဟိ
ပထမတစ်ရက်မုန့်လုံးရေပေါလုပ်တယ် အိမ်ရှေ့မှာမဏ္ဍပ် ထိုးပြီးတော့ပေါ့ မနက်ပိုင်းကျတော့လုံးနေကြတာအဆင်ကိုပြေလို့ အိမ်ရှေ့ကနေ ဟေးးးးးးးးဟေးးးးးးးးးလို့အော်အော်ပြီး သွားကြတဲ့ကားတွေရဲ့အသံကြားတော့ မနေနိုင်တော့ဘူး သူငယ်ချင်းတွေ ကားငှားပြီး ကမ်းနားလေးတစ်ပတ်လောက်ပတ်လိုက်ကျတယ် နောက်နေ့မှာလိုက်လည်မှာဆိုလို့ အဆာပြေပေါ့ အဟီး
ပြန်လာပြီးမုန့်လာပြန်စားကြတယ် ကျွတ်ကျွတ်အိတ်လေးတွေနဲ့ထုပ်ထုပ်ထားပြီးသွားလည်ပြီးပြန်လာတဲ့ သူတွေရဲ့ကားပေါ်ကိုပြစ်တင်ပေးကြတယ် ပျော်ဖို့ကောင်းလိုက်တာမပြောပါနဲ့တော့ အဲ့အချိန်မှာသူတို့လဲဗိုက်တွေဆာနေလောက်ပြီးလေ သင်္ကြန်မှာအဲ့လိုကုသိုလ်လုပ်ရတာလဲ ပီတိတစ်မျိုးပါပဲ..။

ပြီးခဲ့နှစ်ကတော့ ပထမရက်မှာမီးလေးသောက်တယ် ဧည့်သည်တွေများလို့ဟန်ဆောင်ပန်ဆောင်ပဲကဲလိုက်ရတယ် မလွတ်လပ်ဘူး သူများပြောပေါက်ဖြစ်မှာလဲဆိုးရသေးတယ် ဒုတိယရက်ကျတော့မသောက်ဘူး မုန့်လုပ်ကျွေးတယ် နောက်ဆုံးရက်လဲရောက်ရော ဘီယာကနှစ်ဖာကျန်သေးတယ် အလုပ်ပြန်လုပ်တဲ့သူကပြန်သွားကြပြီး
မီးလေးကတော့ အလုပ်ပိတ်သေးတယ်ဆိုတော့ ပျင်းနေတာပေါ့ အဲ့ဒီလိုနဲ့ထိုင်နေကြတုန်း ရေခဲထုပ်နဲ့ ခေါက်ဆွဲသုပ်ပန်ကန်နဲ့ ဘီယာတစ်ဖာနဲ့ အကိုကြီးတစ်ယောက်ရောက်ချလာပါရော သူယူလာတဲ့ရေခဲတွေကို
ဇလုံကြီးထဲထည့်ရေထည့်ပြီး အဲ့ရေအေးနဲ့ မီးလေးလိုက်လောင်းတာပေါ့ သွေးပေးပူတယ်လေ ရေဆော့ရင်းနဲ့ သူတို့သောက်နေတာကိုသွားလုသောက်လိုက် ခေါက်ဆွဲသုပ်လေးစားလိုက်နဲ့ သီချင်းကိုအကျယ်ကြီးဖွင့်ပြီးကလိုက်နဲ့ တစ်ယောက်ထဲရှုပ်နေတော့တာ...။

ဘယ်သူ့မှရှက်ရမဲ့သူတွေလဲရှိတော့ဘူးလေ မီးလေးသောက်တာများသွားလာတော့မသိဘူး
သီချင်းနဲ့အညီ ခုန်ုခုန်ပြီးကတာ ကကွက်တွေတော့တော်တော်စုံသွားတယ် ဟိဟိ
ဘီယာသုံးဖာလဲကုန်ရော မီးလေးအခန်းထဲတောင်ဝင်မနိုင်ဘူး အပေါက်ဝမှာပဲစက်တော်ခေါ်သွားပါတော့တယ်ရှင်..ဟီးးးးးးးးး
အဲ့ဒါကအတိတ်က ခုလာမယ့်သင်္ကြန်ကတော့ ပင်လယ်မှာသွားကဲမယ် ဘုန်းကြီးကျောင်းမှာမုန့်လုံးရေပေါ်နဲ့
မုန့်လက်ဆောင်းလုပ်မယ်လို့ပြောထားကြတာပါပဲရှင့် မကြာခင်ဖြစ်လာမည် ပေါ့ ....
ဘန်ကောက်မှာရှိသူများ မီးလေးတို့နဲ့အုပ်စုဖွဲ့မယ်ဆိုရင်ဆက်သွယ်လိုက်နော် .ဟီးးးးးးးးးးးး

တူလေးဂျယ်ရေ အိုကေတယ်နော် ကျေနပ်တယ်နော်
အာလုံးပဲနှစ်သစ်မှာစိတ်လက်ပေါ့ပါးပြီး နုပျိုလန်းဆန်းလို့ပျော်ရွှင်ကြပါစေရှင့်။။။။။။။

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit