Thursday, August 20, 2009

အမှတ်တရ

မီးလေးတို့အဖွဲ့ siam paragon မှာအမှတ်တရ ရိုက်ထားတာလေးပေါ့
ဒီပုံကတော့မီးလေးက၇ိုက်ပေးတာဆိုတော့ မီးလေးပုံမပါဘူး မီးလေးအစား ကိုvanko (ပန်းစကား) ကနေရာယူလို့း)
ကိုvanko(ပန်းစကား)မွေးနေ့တုန်းက ပေါ့


မောင်နှမ များအားလုံးပဲ မင်္ဂလာပါရှင့်
မီးလေးဘလော့ဂ်ကို ခဏပြစ်ထားတုန်း လည်လည်လာပြီးအားပေးသွားတဲ့ သူများအားလုံးကို
ကျေးဇူးတင်ရှိပါတယ် မီးလေးဘယ်မှမပျောက်ပါဘူး လက်ငြိမ်နေတာပါ ခြေတော့ငြိမ်ဘူး ဟီးးးးး
လျှောက်သွားနေတာ အားတာနဲ့အပြင်ထွက်လည်တယ် အိမ်မှာနေရတာ စိတ်မပျော်လို့...

ဒီလဆိုရင် နေ့တိုင်းလိုလို လိုက်လည်ဖြစ်နေတာ ကိုvanko မွေးနေ့တုန်းကလဲ ဘလော့ဂ်မှာတင်ဦးမလို့ပါပဲ
စာရေးဖို့စိတ်မပါတာနဲ့ မတင်ဖြစ်လိုက်ဘူး

မွေးနေ့တုန်းက သွားစားကြတဲ့ပုံတစ်ပုံတင်ပေးလိုက်တယ် အမှတ်တရပေါ့
ပြီးတော့ ထိုင်းမှာ ထိုင်းဘုရင်မရဲ့မွေးနေ့ (၈လပိုင်း၁၂ရက်) နေ့ကိုအမေနေ့လို့ သတ်မှတ်ထားပါတယ်..

အဲ့နေ့မှာလဲတိုက်တိုက်ဆိုင်ဆိုင် ကရင်လူမျိုးတို့ရဲ့ လက်ချည်ပွဲ(လိပ်ပြာခေါ်ပွဲ) ကျင်းပပါတယ်
မီးလေးတို့အဖွဲ့ လက်သွားချည်ဦးမလို့ပါပဲ သူငယ်ချင်းတွေကအ၀တ်စားတွေဝယ်တာနဲ့ အချိန်မလောက်တော့လို့ သူငယ်ချင်းတစ်ယောက်ရဲ့ အဒေါ်အိမ်မှာပဲ မုန့်ဟင်းခါးသွားစားဖြစ်ခဲ့တော့တယ်
ညပိုင်းကျတော့ မီးရှူးမီးပန်းတွေလွှတ်ကြတာကိုကြည့်ရင်းနဲ့ ( siam paragon , centar world ) ဘက်မှာလိုက်လည်ရင်းနဲ့ ဓါတ်ပုံတွေမှတ်တရ ရိုက်ကြတာပေါ့

မီးလေးလဲ ပို့စ်မရေးရတာကြာပြီးဆိုတော့ မီးလေးအိမ်ကိုလာလည်ပြီး ကိုယ်ကဘာမှမရေးနိုင်တာကိုအားလည်နာတယ်လေ. ပို့မတင်တာလဲကြာပြီး မီးလေးလဲဘလော့ဂ်တွေလျှောက်မလည်ဖြစ်တော့ မီးလေးကိုမေ့သွားမှာ စိုးလို့ပါ အဟဲ

5 comments:

တောင်ပေါ်သား said...

သေချာကိုကြည့်သွားတယ် အမပုံကို အမရေ သတိထား နဲနဲလေး ပိန်သွားလားလို့ အဟီးးး အစားအသောက် မလျှော့နဲ့လေ နော့်


လေးစားလျက်
တောင်ပေါ်သား

sait phay yar said...

အယ် ပိန်နေတယ် ဘယ်လိုလုပ်လိုက်တာလည်း ဟန်
အသဲကွဲလိုလား ..
နာလည်း အဲဒီနေရာမှာရိုက်ထားတာရှိတယ် ပြဘူး

war said...

သူများပုံကို သူဘလော့မှာလျှောက်တင်တယ်
ဗြဲးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

Dream said...

စားလဲစား မပိန်စေနဲ့နော်... ဟိဟိ

ဝိတ်ချတာကလဲ ဟွင့်..ပြောချင်ဘူး ပြောချင်ဘူး ..

ဒါနဲ့ ဟိုမသင်းမေယောက်ျားကလဲ မွေးနေ့ကို ဒိုင်လှိုလေး လုပ်သွားတယ်ပေါ့လေ.. ဟွန်းးး
ရဖူး သူ့ဆီမှာ သွားအော်ဦးမယ်...မက်မက်ကိုကျ ကျွေးဖူးလို့...

Sein Lyan Tun said...

ကိုလတ်ပေးတဲ့ဒဏ်ရာကြောင့် ပိန်သွားတာ အဟိ


ဖွတယ်
ဖွတယ်


ချစ်တဲ့

ဖိုးစိန်

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit