Wednesday, November 18, 2009

၅၀% ပျော်ရွှင်မှု

မောင့်ကို မတွေ့ရ မဆက်သွယ်ရတဲ့
အချိန်နေ့ရက်တွေ
ကုန်ဆုံးလာတာနဲ့အမျှ
မောင့်ကို မေ့နိုင်ပြီးလို့......
ကိုယ့်ကိုယ်ကိုယ်.........
ယုံကြည်မိခဲ့တယ်....၊

ဒါပေမယ့် မောင်ရယ်.........
မောင့်ကို ပြန်တွေ့လိုက်ရတဲ့တခဏ
မောင့်ကို ဘယ်လောက်ထိ
လိုအပ်နေသေးတယ် ဆိုတာ
"မ" ကိုယ့်ကိုယ်ကိုယ်
ပိုမိုသေချာလာခဲ့တယ်.......၊

ဘာဖြစ်ဖြစ် ဆိုပြီး
ဇွတ်အတင်း တိုးဝင်မိခဲ့တယ်
မောင် စိတ်တင်းကျပ်နေမလားလို့
မတွေးပေးချင်မိခဲ့ဘူး
တွေ့ခွင့်ရတဲ့ခဏတာလေးမှာ
မ ကိုယ့်ရဲ့ ဆန္ဒတွေကိုပဲ
ရှေ့တန်းတင်ခဲ့မိတယ်
အပြစ်ဆိုချင်ဆိုပါမောင်
ဒါတွေဟာ
မောင့်ကိုသိပ်ချစ်နေသေးလို့ပါမောင်

3 comments:

ကျောပိုးအိတ် said...

မီးလေးရေ

ချစ်သာချစ်။ လူဖြစ်ရတဲ့ခဏမှာ စိတ်ချမ်းသာမှုကို ရွေး။
း)

ဟုတ်လားမသိဘူး။ အချွန်နဲ့ ဝင်မခဲ့တာ။
း)

sait phay yar said...

ဘုရားလည်းဖူးရင်းလိပ်ဥပါတူးနေတာလား ကောင်မလေး ဟန်..:P

တောင်ပေါ်သား said...

ငါ့အမကတော့ တမောင် မောင် နဲ့ပဲ နေတော့တယ် အဟေးဟေးးးးး


လေးစားလျက်
တောင်ပေါ်သား

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit