Sunday, December 13, 2009

မာယာမဲ့ အလွမ်း

ကဗျာရေးတိုင်း
မင်းကို တမ်းတမိတာ
ငါ့ကဗျာတွေ မင်းကို
ရည်ညွှန်းစေဖို့.......
အစချီနေခဲ့တာလား.........?၊

ကဗျာ ဆိုတာ.....
ခံစားချက်ရှိမှ
ပိုမိုပီပြင်အောင် ရေးနိုင်မယ်ဆိုရင်........
ငါ့ကဗျာတိုင်းမှာ...
မင်းနှင့် ပတ်သတ်တဲ့
အလွမ်းစာသားလေးတွေအဖြစ်
အမြဲတမ်းပြောင်ူးလဲနေမှာပေါ့နော်......၊

တကယ်ဆိုရင် မင်းတောင်းပန်မှ
မင်းရဲ့အပြစ်တွေကို
ကျေအေးလိုက်မှာ မဟုတ်ပါဘူး.........၊
ငါကိုယ်တိုင်မင်းအပေါ်
အပြစ်မမြင်ခဲ့တာပါ........၊

ချစ်သူတစ်ယောက်လို
ပတ်သက်ခွင့်မရှိတော့ပေမယ့်.......
ငါမင်းကို သိပ်ချစ်နေသေးတာ
အမှန်ပါ...........၊
အနည်ထိုင်နေတဲ့ ငါ့နှလုံးသားကို
မင်းအပျော်တမ်း ကစားခဲ့တာတောင်
ငါ့ဘက်က သည်းခံပေးခဲ့တာပါ.....၊

မင်းစိတ်ညစ်သွားအောင်
တစ်ခါလေး လုပ်မိတာနဲ့
အမုန်းပွားလာတဲပ မင်းကို
ငါတောင်းပန်ရင်းနဲ့.........
မင်းကို ပျော်ရွှင်မှု့များသာ
ပေးချင်ပါတယ် (...)..။

4 comments:

Anonymous said...

ကဗျာလေး က တကယ့်ကို
ပီပီပြင်ပြင် လွမ်းထားတာပဲ
ကဗျာလေးကို ခံစားသွားတယ်နော်
မဇာ

ခင်တဲ့
ဝသန်မိုး

ကျော်ညိုသွေး said...

မာယာနဲ့လွမ်းတဲ့သူရှိလို့လား

sait phay yar said...

အဟမ်း လွမ်းနေတယ်ပေါ့လေ
တစ်ကယ်ချစ်သွားတာပေါ့လေ..........

Anonymous said...

မမ အရမ်းမိုက်တယ်ကဗျာလေးက အားပေးတယ်သိလား

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit