Friday, December 25, 2009

မြှားစိုက်ခံခဲ့ရတဲ့ နှလုံးသား

“ မနဲ့ စကားပြောနေရင်းနဲ့
ဘာပြောရမလဲ မသိတော့လို့
ပျင်းပျင်းရှိတာနဲ့ ရည်းစားစကား
လှမ်းပြောလိုက်တာ ”

အတ္တဆန်တဲ့ စကားလုံးတွေ
သုတ်လိမ်းထားတဲ့ မြှားက
ငါ့ရင်တည့်တည့်ကို ချိန်ပြီးပစ်ချိန်မှာ
ငါ့ရင်တစ်ခုလုံး တစ်ဖျက်ဖျက်ကွဲလို့
ဒါအမှန်တွေပဲလား............?
ဒါသေချာရဲ့လားလို့ ...
ငါသွေးပျက်ခဲ့တာ....၊
အပြုံးတွေနဲ့ ငါ့မျက်နာ
ဘယ်လိုဟန်ဆောင်ထားရလဲဆိုတာ
ငါ့ကိုအမြင်ကပ်နေဆတဲ့ မင်းက
ဘယ်သိနိုင်မှာလဲလေနော်...

ချစ်သူစွန့်ပစ်ခံ သမာရိုးကျ
ဇာတ်လမ်းလေးတစ်ခုလို...
နင့်နေအောင် ခံစားလိုက်ရတဲ့
ဗလောင်ဆူနေတဲ့
ငါ့နှလုံးသား တစ်ခုနဲ့
မင်းကို မုန်းပစ်လို့မရနိုင်သေးတာ
ငါဘယ်လိုဆေးအမျိုးအစားနဲ့ မှ
ကုသရမှာလဲ.........?

2 comments:

ဖိုးဂျယ် said...

တီရေ အတ္တဆန်တဲ့ ကောင်လေးကို ချစ်မိတဲ့ ကောင်မလေးတယောက် အကြောင်း ဖတ်သွားတယ်

Anonymous said...

အတ္တဆန်တာ လူတိုင်းပါပဲ။ အားမငယ်နဲ့

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit