Thursday, June 11, 2009

မီးလေးဇာရဲ့ ၀ါသနာ

ဝါသနာဆိုပြီးတော့ မလတ်(နှင်းဆီနက်)ကတတ်ဂ်လာပါတယ်
အဲ့ဒါနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးသုံးသပ်ကြည့်မိတယ် ငါဘာဝါသနာပါလဲပေါ့
မီးလေးက ဒီနေရာလဲပါချင် ဟိုနေရာလဲပါချင်နဲ့ ဟိုစပ်စပ်ဒီစပ်စပ် လိုက်လုပ်ရတာကို ၀ါသနာပါတယ်
သူများကိုလိုက်ရှုပ်ရတာလဲ ၀ါသနာပါတယ်လေ...ဟီးးးးးးးးးးးး
မီးလေးဇာဆိုတာ အဲ့လိုအဲ့လို ဟိဟိ စတာပါနော် ယုံနဲ့း)

အမှန်တော့မီးလေးက သီချင်းဆိုရတာဝါသနာပါတယ် ထမင်းဟင်းချက်ရင်လဲ သီချင်းလေးဖွင့်ပြီးတော့ လိုက်ဆိုရတာကြိုက်တယ် အမေကတော့ပြောတာပေါ့ ထမင်းဟင်းချက်ရင်းနဲ့ သီချင်းမဆိုရဘူး ကိုယ့်ထက်အသက်ကြီးတဲ့သူနဲ့ရတတ်တယ်တဲ့ မီးလေးကလဲ အဲ့လိုဆိုကောင်းတာပေါ့ ကြီးရင်မှီငယ်ရင်ချီလို့ ဟိဟိ
အမှန်တော့ သီချင်းဆိုရင်း ထမင်းဟင်းချက်ရင် တံတွေး တွေဟင်းအိုးထဲ ၀င်ကုန်မှာစိုးတာပါ...
အသံကဒီတိုင်းဆိုရင် သိပ်မသိသာပေမယ့် ကာရာအိုကေဆိုလိုက်တော့ အဖေကလာပြောတယ် မီးလေးရာ ရုပ်နဲ့နှိပ်စက်ရ တော်တော့ပေါ့တဲ့ အသံဆိုးနဲ့တော့ထပ်မနှိပ်စက်ပါနဲ့တော့တဲ့လေ အဲ့ဒါနဲ့ ကာရာအိုကေကို ဆိုကိုမဆိုဖြစ်တော့ဘူး ဘန်ကောက်ရောက်တော့ ၀ါသနာက မသေသေးဘူးလေ သူငယ်ချင်းတို့ရေ ဂွမ်းသာစွပ်ထားကြဆိုပြီးတော့ အပြတ်ဟဲတာပေါ့ ဟိဟိ မီးလေးတို့မိသားတစ်စုလုံးက သီချင်းဆိုတာဝါသနာပါကြတယ်လေ မီးလေးက ပါးစပ်ထဲ တွေ့ကရာလျှောက်ဆိုတာ ညီမလေးဆိုအမြဲပြောရတယ် ဆိုနေတာ တစ်ခြားစီပဲတဲ့ မျက်စောင်းခဏခဏထိုးတယ်လေ............

ပြီးတော့ ဓါတ်ပုံရိုက်တာဝါသနာပါတယ် ကင်မရာတစ်လုံးလက်ထဲရောက်ပြီးဆိုတာနဲ့ ရိုက်လိုက်တဲ့ဓါတ်ပုံတွေ
လှလှမလှလှ ရိုက်တာပဲ အိုက်တင်ကလဲ မျိုးစုံပေးတာ ရိုက်ပေးတဲ့သူတောင်မျက်စိမူးတယ် ကူးလိုက်ရတဲ့ ပုံတွေလဲ အိမ်မှာပုံလို့ ........ပြီးခဲ့တဲ့အပတ်ကတောင် သူငယ်ချင်းတွေက ပန်းပြပွဲမှာဓါတ်ပုံသွားရိုက်မယ်
လိုက်မလားလို့အဖော်စပ်သေးတယ် အလုပ်ကမနားတာနဲ့ မလိုက်သွားလိုက်ရဘူး သူငယ်ချင်းပြန်လာတော့ ဘယ်လိုလဲလို့မေးလိုက်တာ နင်သွားရင်သေချင်စော်တောင်နံသွားမယ်တဲ့ အယ် ..ဘာလို့လဲပေါ့
ပန်းတွေကအရမ်းလှပြီး လူတွေကရုပ်ဆိုးနေလို့ပေါ့ဟဲ့ ...တဲ့လေ.ဟိဟိ တော်သေးတာပေါ့ အီဖေကိုမပါသွားလို့ ခွိခွိ

နောက်တစ်ခုကတော့ ၀တ္ထုဖတ်တာ ၀ါသနာပါတယ် ကျောင်းစာတော့လုံးဝပဲနော် ကိုင်လိုက်တာနဲ့အိပ်ပျော်သွားတာ အဲ့လိုကြိုးစားတာ ညည၀တ္ထုဖတ်ချင်ရင် သချာင်္တွက်တယ် အိမ်စာလုပ်တယ်
အဲ့လိုမှဖတ်ရမယ်လေ စာကျက်ရင်တော့ ဘယ်ရမလဲနော် ဘာလို့ဆိုတော့ မီးလေးကစာကိုအော်ကျက်လို့ အမေတို့ဆို မီးလေးစာကျက်ရင်အနားမှာမနေဘူး အသံကိုနားထောင်တာ ပြောရရင်ရှည်နေဦးမယ်.....

ဒီသုံးမျိုးကတော့ ၀ါသနာအရမ်းပါတာပေါ့နော် မီးလေးတစ်ခုခုကိုစိတ်ဝင်စားလို့ လုပ်ချင်ပြီးဆိုရင် အမေနဲ့အဖေ
ပြောနေကြစကားကတော့ မီးလေးတစ်ယောက် ဒီရေတတ်ပြန်ပြီးတဲ့ ဘယ်နေ့ဒီရေပြန်ကျမလဲမသိဘူးတဲ့ ဟီးးးးးးး အဲ့လိုဆို သိပြီးပေါ့နော် ခွိခွိ.....း)

မလတ်ရေ ကျေနပ်တယ်ဟုတ် ဘယ်သူ့မှထပ်မတတ်ဂ်ရင်လဲ ပျင်းစရာကောင်းနေမှာပေါ့နော် အဲ့တော့ ပင့်ကူမ(ပင့်ဂိုးလ်)ကိုတတ်ဂ်လိုက်မယ်နော့်

9 comments:

Sein Lyan Tun said...

အဆိုတော်ကြီး မီးလေးဇာ
ဓာတ်ပုံရိုက်တော့မလှပါ..
ထမင်းချက်ရင်းသီချင်းဆိုတော့
ဟင်းတွေကလဲတူးတာပေါ့...
ဝတ္တုကလဲ ခိုးဖတ်ပြန်...
စိတ်ကူးယဉ်လဲ ကိုလတ်ပဲ...
ဒီဝါသနာများနဲ့ မီးလေးဇာ
တချက်ကလေးမှကိုမအားပါ...
ရေကျချိန် ရောက်ရင်တော့
မီးလေးဇာတော့ဂေါက်ပီးပေါ့...
အဟီးးး
ကောင်းလိုက်တဲ့ကဗျာ
ချစ်ခင်စွာဖြင့်
ဖိုးစိန်
စူပါမင်းပြေးပီးဗျို့

ကျောပိုးအိတ် said...

မီးလေးရေ

ဝါသနာက တယ်ကြီးတာဘဲနော်။ တစ်ခါလောက်တော့ နားထောင်ကြည့်ချင်တယ်။ မီးလေးသီချင်းဆိုတာ
း)

နှင်းဆီနက် said...

မီးလေးရေ သီချင်းဆိုပြပါဗျို့

တောင်ပေါ်သား said...

အမ ၀ါသနာ ကျနော် သိတယ် ဟေးဟေးး အစားလဲ ၀ါသနာပါပါသေးတယ် ဟုတ်တယ်ဟုတ်... အဲ ညာပါနဲ့ သိနေပါတယ်နော့် အဟား


လေးစားလျက်
တောင်ပေါ်သား

Anonymous said...

ဝါသနာက ဒါပဲလား ကျန်ဦးမှာပါ။ အဟေဟေ

Dr Phyo Wai Kyaw said...

ကျန်လောက်ပါသေးတယ် ဇဇ..

Unknown said...

ဟေ့ မီးညှောင် အဲလေ မီးလေး
ငါ့အိမ်မှာ လာတုန်းက အစိုးတို့ ၀ါဝါ တို့ နဲ့ လေ
သူငယ်ချင်းတွေလည်း စုံတုန်း
ရာသီဥတုလည်း ကိုယ့်ဘက်ပါတုန်း တွေလည်း ထည့်ရေးလေဟာ
ကျန်သေးတယ်
ဟို အထုပ်လေးလဲ လာပြန်ယူအုံးလေဟာ
မှိုတွေလဲတက်လို့
...................အဟိ

ကိုတိုးလေး said...

ဝါသနာတွေက ဒါအကုန်ပဲလားနောက်ထပ်ရှိတာလေးတွေပြောပြပေးပါအုံး။ ရှိသေးတယ်လို့ထင်တယ်နော်။

မြစ်ကျိုးအင်း said...

ဘလော့ဂါတွေ ပိုက်ဆံလိုက်စုမယ် မီးလေးဇာကို အခွေ ထုတ်ပေးဘို့

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit