Wednesday, June 24, 2009

မင်းရိုက်ချိုးခဲ့သော

ချစ်တတ်လာအောင်
ဘယ်သူသင်ပေးခဲ့တာလို့
မေးမိတိုင်း........
ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်......၊

လွမ်းတတ်လာအောင်
ဘယ်သူလုပ်ခဲ့တာလဲ လို့
မေးမိရင်းးး နဲ့
မင်းကိုသိပ်လွမ်းလာတယ်......၊

မျှော်လင့်ချက်တွေပေးလို့
ခြေရာဖျောက်
မင်းကိုယ်ယောင်ဖျောက်သွားခဲ့တယ်......၊

မင်းဘာတွေလုပ်လို့
ဘယ်လိုတွေဖြစ်နေမယ်ဆိုတာ
သိပိုင်ခွင့်မရှိခဲ့ တော့မှ
ငါ ပိုမို ပိုင်ဆိုင်ချင်လာတယ်......၊

သိပ်ချစ်မိသွားတော့မှ ငါ့မာနတွေ
ငါ့အတ္တတွေ မင်းခြေဖ၀ါးအောက် မှာ
ဝပ်စင်းလို့..........၊

ချစ်တယ်ဆိုတဲ့
စကားလေးကြားချင်လို့
အပြုံးလေးတစ်ချက်မြင်ချင်လို့
အိပ်ပျက်ရတဲ့ နေ့ညတွေကများလို့..........၊

ငါ မင်းကိုသိပ်ချစ်ခဲ့တာ
မင်း သိနေခဲ့သလို...
ငါ မင်းကို မျှော်လင့်ခဲ့တာလဲ
မင်းသိနေခဲ့လို့............၊

ယုံကြည်လွယ်ခဲ့မိတယ်.............
အချစ်တွေပုံအောပြီး ပေးခဲ့မိတယ်....
မဖြစ်နိုင်မှန်းသိနေခဲ့တာတောင်
မင်း စိတ်တစ်ခုထဲနဲ့ ငါဖြစ်လာအောင်
ကြိုးစားမိခဲ့တယ်............၊

ဒါပေမယ့်..........

မင်း နဲ့ ပတ်သတ်ပြီးသိလိုက်ရတဲ့
ရှုံးဆုံးမှူ့........
ငါ အံ့သြော်မိခဲ့တယ်ဆိုတာထက်
ထင်မှတ်မထားခဲ့မိတာ ......
ကိုယ့် မျက်စိ ကိုယ်တောင်
မယုံကြည်နိုင်ခဲ့တာ...ဆိုရင်
ပိုမှန်နေလိမ့်မယ်..........၊

မင်းနာမည် မခေါ်ရဲလောက်အောင်
ငါ ရှက်တယ်..........
မင်းနာမည် မတချင်လောက်အောင်
ငါ နာကျည်းတယ်.........
ငါရွံတယ်.......
တစ်ခါမှ မမုန်းဖူးတဲ့ အမုန်းတွေနဲ့
ငါ မင်းကို သိပ်မုန်းတယ်.......၊

10 comments:

Sein Lyan Tun said...

မုန်းရတာက

ချစ်နေတာ

လွမ်းနေတာထက် ပိုပြီး ပင်ပန်းပါတယ် မဇာ


မုန်းဖိုးကြိုးစားနေရတာ


မုန်းနေတယ်လို့ စိတ်ထဲမှာ ထင်နေတာက


ပိုပြီးပင်ပန်းစေသလားလို့

ချစ်မြဲတိုင်းချစ်

လွမ်းမြဲတိုင်းလွမ်း

ဒါက အရသာတစ်ခုပဲလေး)

ချစ်ခင်ချင်းများစွာဖြင့်

ဖိုးစိန်

Anonymous said...

အရမ်းကောင်းတယ် ငါကိုကျေးဇူးတင် ဟီးးးးးးးး

Anonymous said...

အဲဒါပဲ မိန်းကလေးတွေ ပြောပြန်ရင်လဲ အိမ်တို့ လွန်တယ် ဖြစ်ဦးမယ်။ ကြားဖူးတဲ့ စကားပုံထဲကလိုပဲ မေ့တောင်နေပြီ ဘာတဲ့.....
တရွာသားကိုလဲ မလှမ်းနဲ့၊ ကြက်သားကိုလဲ ဇာပဝါနဲ့ မထုပ်နဲ့ဆိုလား
တရွာသားကို လှမ်းတော့ လွမ်းရတတ်တယ် ၊ကြက်သားကိုဇာပဝါနဲ့ ထုတ်တော့ စွန်းတတ်တယ်တဲ့။ ခုတော့ လွမ်းနေပြီပေါ့ မစွန်းတာပဲ ကံကောင်းတယ်မှတ်ပါ...။ စွန်းများစွန်းရင် ခုလောက်ဆို ဒုးနဲပ မျက်ရည် သုတ်ပြီး ပါတ်ဝန်းကျင်ရဲ့ တံထွေးခွက်မှာ မှောက်ခုံ ကူးနေရလောက်ပြီ...။
အဟီးဟီး ပယ်ပယ်နယ်နယ် တွယ်ပြိး သကာလ ကဗျာလေးကို သေချာ ဖတ်ပြီး ခံစားသွားပါတယ်ဗျာ....။
ကဗျာလေးက ကောင်းတယ်ဗျ ရင်တွင်းခံစားချက်တွေ မို့လားမသိဘူး ထိထိမိမိလဲ ရှိပါ့... ။အဟီး ဖားထားရသေးတယ်....။

Unknown said...

wa !!! good :)

ရောင်ပြန် said...

မင်းရိုက်ချိုးခဲ့သော...... ခေါင်းစဉ်က စလို့ မိုက်တယ်...

sait phay yar said...

အင်း
ဒီလိုပါဘဲလေ
ဘာမှမပြောလိုပါဘူးလေ

Unknown said...

အာ
နာငိုပြီးနော့် အဟင့်
မီးလေး ၀လါပါတယ်လို့
ဒါကြောင့်ကိုး
သူငယ်ချင်း ပူနဲ့
one go
tow come
three ready......... :P

စိုင်းစိုင်းလားရှိုး said...

အယ်လယ်လယ်
ရက်ရက်စက်စက်ကို မုန်းနေပါလား
ဘယ်သူလည်းကွ မီးလေးကို စိတ်နာအောင် လုပ်သွားတာ
ပြောစမ်း.........

တောင်ပေါ်သား said...

အမရေ လာခံစားသွားတယ်ဗျာ.. အချစ်တခုကို ရယူရတာလဲ မကောင်းသလို ပိုင်ဆိုင်ချင်တာလဲ မလွယ်ပါ့လား ကိုယ်ဟာကိုယ်တော့ မမုန်းလိုက်ပါနဲ့ဗျာ.. တနေ့ပေါ့ အဆင်ပြေသွားမှာပါ

လေးစားလျက်
တောင်ပေါ်သား

မြစ်ကျိုးအင်း said...

ပေါက်ကွဲသံစဉ်ပေမဲ့ စကားလုံးလေးတွေ လှလှပပ တန်ဆာဆင်ထားတဲ့ ကဗျာလေးပါပဲ...။
ရင်ထဲမှာခံစားတွေဖွင့်ထုတ်တာအကောင်းဆုံးပဲ..
အခုပေါ့ပါးသွားပြီဆို ဒါဟာကောင်းတာပါပဲ

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit