Tuesday, May 12, 2009

အချစ် နှလုံးသား ဦးနှောက်

မင်းအကြောင်းတွေ တွေးမိတိုင်း
အလွမ်းဒဏ်ရာတွေက
ငါ့နှလုံးသားကို ငါ့ဘာသာ
ဓါးနှင့် မွှန်းပစ်နေသလို.........

ခုနေအခါ အချစ်ဆိုတာ
ဘာလဲလို့မေးလာရင်
ထူးဆန်းလွန်းတဲ့ ခံစားချက်တွေ
ပေးနိုင်တဲ့ အရာတစ်ခုလို့ ဖြေမိလိမ့်မယ်.....၊

အချစ်က စိတ်ညစ်စေတတ်တဲ့ အရာလား
အချစ်က ၀မ်းနည်းစေတဲ့ အရာလား
အချစ်က ပျော်ရွှင်စေတတ်တဲ့အရာလား
အချစ်က ကြည်နူးသိမ်မွေ့စေတဲ့ အရာလား
အချစ်က နာကြည်းစေတဲ့ အရာလား
ဒါတွေအားလုံးကို တစ်လှည့်စီ ဖြစ်ပျက်ပြီး
လူတစ်ယောက်ကို ရူးမတတ်ခံစားစေခဲ့ တဲ့ အရာတစ်ခု...............၊

မင်းနှင့်တွေ့တိုင်း
ကြည်နူးပျော်ရွှင်မှု့တွေ ပေးတဲ့အခါတိုင်း
ခွန်အားတွေပြည့်နှက်ခဲ့ဖူးတယ်........
မင်းကိုတွေ့လိုက်တဲ့ခဏ
မင်းကိုမတွေ့ရခင် စက္ကန့်လေးက
ခံစားခဲ့ရမှု့တွေ ပျောက်ကွယ်
စိတ်တွေပြန်လည်လန်းဆန်းလာရတယ်......၊

အခုမြန်နေတဲ့ ရင်ထဲကနှလုံးသားက
သူဘာဖြစ်နေလဲဆိုတာကိုကြေငြာလို့
ငါ့ရောဂါကအတော်ကျွမ်းနေခဲ့ပြီး............
မင်းမရှိတော့တဲ့ အချိန်မှာ
ရင်ထဲမှာလစ်ဟာ ဖြစ်ကျန်ရစ်ခဲ့တဲ့ အဖြစ်..........၊

အချစ်ကို ဘယ်တော့မှဦးစားမပေးဘူးလို့
စွဲမှတ်နေအောင်......
ရိုက်သွင်းထားခဲ့တဲ့
ဦးနှောက်ကို
သတိပေးဖို့.........
............
ကိုယ်စောင့်နတ်ကြီးက
ဘယ်မှာများ အိပ်ပျော်နေပါ့လိမ့်နော်............။


13 comments:

သဉ္ဇာ said...

နှလုံးသားနဲ့ဦးနှောက်......
အဲလိုမျိုးကြုံလာရင်
သေချာတာတော့ နာကျင်ရတယ် မမရေ..

Sein Lyan Tun said...

အချစ်အတွက်ဒီလောက်တောင်ခံစားရလားမဇာရယ်
သံယောဇဉ်ကိုတည်
မေတ္တာစစ်စစ်နဲ့စားရင်
အကြွင်းကျန်မှာ
အချစ်ဖြစ်ပါလိမ့်မယ်
အချစ်စစ်စစ်ကိုပိုင်ဆိုင်နိုင်သူဖြစ်ပါစေ
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

ဝသန်မိုး said...

အချစ်ကဗျာလေးလာခံစားသွားတယ်
မဇာရေ
ခင်မင်စွာနဲ့ 
ဝသန်

vanko said...

အချစ်ဆိုသည်မှာ.. အံ့သြမှုများနဲ့ ဆန်းကျယ်သောအရာ
..
အချစ်ဆိုသည်မှာ.. ကြည်နူးတဲ့အခိုက် လမင်းတစ်ရာ
အချစ်ဆိုသည်မှာ.. ၀မ်းနည်းတဲ့အခါ နေမင်း ကုဋေကုဋာ

ဟိ သီချင်းဆိုကြည့်တာပါ။ အချစ်က အဲဒီသီချင်းလိုပဲ ထင်တယ်နော်။

မီးလေးလဲ ရူးမတက်တော့ ဖြစ်နေပြီဆိုတော့ အင်း..။ ???

ကိုယ်စောင့်နတ်ကြီးကတော့ on duty မှာ လစ်ပြီး ကာရာအိုကေဆိုင် သွားနေလို့ ဖြစ်မှာပေါ့။ :P

တောင်ပေါ်သား said...

လာပြီဗျို့ ကိုယ်စောင့်နတ်...

ကိုယ်စောင့်နတ်လဲ မကယ်နိုင်ပါ။ ဒီအချစ် အတော်ပြင်းသကိုးဗျ.. အချစ်သည် နာကျင်ရ၏၊ ပူဆွေးရ၏၊ ၀မ်းသာရ၏ ၊ ပျော်ရွှင်ရ၏ ထိုကဲ့သို့ ရသမျိုးစုံနဲ့ ပြည့်စုံချင်းကို အချစ်ဟု ခေါ်သည်


လေးစားလျက်
တောင်ပေါ်သား

Unknown said...

အချစ်ဆိုတာ ပဒိုင်းသီးနဲ့ တူတယ်လို့ ပြော ထားသားနဲ့ သွား........တာကိုး။လူဆိုး...
ဆုပ်လည်းဆူး စားလည်းရူး မလွယ်ဘူးးးးးးးး

နေ့အိပ်မက် said...

ဝိုင်းနှိုးပေးမယ်.. မမကိုယ်စောင့်နတ်ကို.. ဒါပေမဲ့ ကြည့်ရတာ... မမက သူအိပ်ပျော်နေတာကိုပဲ တိတ်တိတ်လေး ကျေနပ်နေသလားလို့.. :P

ဖိုးဂျယ် said...

တီတီဇာ ကိုယ်စောင့်နတ် ဘောပွဲ သွားကြည့်နေတာနေမယ်။း)
တူလေးတွေ့ လိုက်မိသလိုပဲ
ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ် တီတီဇာရေ

ko said...

အချစ်စစ်စစ်ကိုပိုင်ဆိုင်နိုင်သူဖြစ်ပါစေ...

ကောင်းကင်ပြာ said...

ကိုယ်စောင့်နတ် ကောင်းကင်ပေါ် ရောက်နေတယ် ထင်တယ် ညီမရေ

ကိုတိုးလေး said...

အချစ်အတွက်နဲ့အဲ့လောက်ပဲ ခံစားရလားမသိဘူးနော်။
အကြင်နာစစ်ရင်တော့ တစ်နေ့တော့ပြန်လာမှာပါနော်။

ဝေလေး said...

ကိုယ်စောင့်နတ်ကို လိုက်ရှာပြီး နှိုးပေးရမလားမမ....
:)

အဖြူရောင်ကောက်ကြောင်း said...

အချစ်ရယ် နှလုံးသားရယ်ထပ်တူကျခဲ့တာတောင်
ဦးနှောက်ကကြက်ခြေခတ်သွားခဲ့တာ
.....
..

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit