Sunday, December 28, 2008

ကြွားဆိုလို့ကြွားလိုက်ပါတယ်ချင့်

မမ၀ါကတတ်ခ်လိုက်တယ်ကြွားရမယ်တဲ့........အကြွားမသန်တော့ဘာကြွားရမယ်မှန်းကို
သိတော့ဘူး
အဲ့ဒါနဲ့မရေးပဲနေလိုက်တာတစ်လပြည့်သွားပါလေရောဗျာ...........ဟင့်
ခုတော့နှစ်လည်းကူးတော့မယ် အကြွေးတွေလဲနှစ်သစ်ကိုသယ်မသွားချင်တာနဲ့
မီးလေးတို့ အကြံထုတ် လို့........ရေးလိုက်ပါတယ်ချင့်
ကြွားရမှာကတော့..........အဟမ်း..........

မီးလေးကဘယ်အရာကိုမှစွဲစွဲလမ်းလမ်း မရှိတတ်ဘူး ကြိုက်ရင်ဝယ်တယ် ပျက်ရင်ပစ်တယ်
မကြိုက်တော့ရင် ချောင်ထိုးထားတတ်တယ် ပစ္စည်းတစ်ခုကိုဘယ်တော့မှ အမြဲတမ်း..တမ်းတမ်းစွဲ
တစ်ခုထဲလဲသုံးမတတ်ဘူး နာကပ်ဆိုလဲ.....၀ယ်လိုက်မယ်..အများကြီး...(အများနဲ့ဝယ်မှဈေးချိုတယ်လေ...ဟိဟိ)
ဆွဲကြိုးဆိုလဲပုံစံအမျိုးမျိုးဝယ် ဆွဲလားဆိုတော့ မဆွဲဖြစ်ဘူး အလှကြိုက်တယ် မပြင်တတ်ဘူး (လှတဲ့သူဆိုတော့မပြင်လဲလှတာပဲလေ....ဟတ်ဟတ်)

လက်ကောက်ကတော့ကြီးကြီးပဲပတ်တယ် သိပ်မ၀ယ်ဖြစ်ဘူး ဆံပင်ညှပ်တဲ့ကလစ်ကတော့ မီးလေးမ၀ယ်ဘူး ညီမလေးဝယ်လာရင် ယူတတ်လိုက်တယ် ဟိဟိ... အ၀တ်အစားဆိုရင်လဲ ညီမလေးကများသောအားဖြင့် ၀ယ်ပေးတယ် မီးလေးဝယ်တာ သူကမကြိုက်ဘူးလေ မီးလေးဝယ်တာ..စတိုင်မရှိပါဘူးတဲ့ရှင်..ပြောတတ်လိုက်တာလဲ မပြောပါနဲ့တော့ သူဝယ်တာပဲစတိုင်ရှိတယ်လေ...ဟွန့် ခုညီမလေးပြန်သွားတော့ မီးလေးလဲအ၀တ်အစားဝယ်မတတ်တော့ဘူး ဟတ်ဟတ်

ဖိနပ်ဆိုလဲသူကရှူးတို့ဘွတ်တို့စီးတာ မီးလေးကကြိုးသိုင်း ဖိနပ်အပါး ဒေါက်ဆိုရင်မြင့်မှ (အခုတော့ဖိနပ်အပါးပဲစီးတာများတယ်) သူဖိနပ်ရွေးရင်မီးလေးခြေထောက်ညောင်းမှညောင်းပဲ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်နဲ့ အိပ်ပါငိုက်တယ် မပြီးတတ်တော့ဘူး..... မီးလေးကဖိနပ်အပိတ်မစီးတတ်ဘူး ခြေမနာတယ် ပြီးတော့ အသက်ရှူရကြပ်သလိုခံစားရတယ် သူနဲ့အမြဲစကားများတယ် နင့်ဖိနပ်ငါကြည့်တာအသက်ရှူရကြပ်တယ်လို့ သူလဲပြန်ခွပ်တာပဲ နင့်ခြေထောက်မှာကြိုးတွေပတ်ထားတာ လည်းငါအသက်ရှူရကြပ်တာပဲတဲ့..........ဟိဟိ.. ဒီလောက်လှတာကို...နော်


မမ၀ါတို့လိုတော့ကြွားစရာသိပ်မရှိပါဘူးလေ ရှိတာလေးပဲပြောပြရတာ လက်သဲဆိုးဆေးဆိုလဲ အများကြီးမရှိဘူး မီးလေးက စိတ်ကူးပေါက်ရင် လက်သဲကိုတုံးတိထားတာ အဲ့အခါကျရင်အမဲရောင်ဆိုးလိုက်တယ် အရှည်ထားရင်တော့ အကြည်ရောင်လေးတွေ မဟုတ်ရင်လဲ အရောင်ဖျော့ဖျော့လေးတွေပဲဆိုးတာ သုံးပုလင်းလောက်ပဲဝယ်ဖြစ်တယ် အများကြီးဝယ်ပြီးတစ်ခါမှလဲ စိတ်မရှည်တော့မဆိုးဖြစ်ပါဘူး

သူများတွေလိုမျက်နာမှာလိုင်နာတွေ ပါးနီတွေလဲမသုံးတတ်ဘူး မီးလေးဆီမှာဆို ပေါင်ဒါတစ်ဘူး နှုတ်ခမ်းနီအရောင်ရင်ရင့် မျက်တောင်ကော့ဆေးနဲ့ မျက်ခုံးဆွဲတံပဲရှိတာ ဒါတောင်အဒေါ်ပြောလွန်းအားကြီးလွန်းလို့ မျက်ခုံးဆွဲတာ အလှမပြင်တတ်တော့ မပြင်ဖြစ်ဘူးပေါ့

ဟီးးးးအဲ့ဒါကြောင့်လဲအပျိုကြီးဖြစ်နေတာပေါ့.......ဟတ်ဟတ်(ကြုံတုန်းကြော်ငြာဝင်တာ)
သူငယ်ချင်းတွေက အပြင်ထွက်မှတွေ့ရတာဆိုတော့ သူတို့ထင်တာမီးလေးအလှပြင်တာ ၀ါသနာပါတယ်ပေါ့ ဟိဟိ အခုအလုပ်တွေပိတ်ထားကြလို့မီးလေးဆီမှာစုရောက်နေတော့မှပဲ ဘုရားတကြတော့တယ်

မီးလေးနင်အိမ်မှာနေရင်ဒီစတိုင်ပေါ့လေ”တဲ့

“အေးလေ..ငါကဘာပြင်ရဦးမှာလဲ”
“မပြင်ချင်ပါဘူး အလုပ်ရှုပ်တယ် အချိန်ကုန်တယ်”လို့ပဲပြန်ပြောပေးလိုက်တယ် ....ဟီးးးးးးး

မီးလေးအိမ်မှာနေရင် ဆံပင်ကိုစုပြီးထုံ ဘောင်းဘီတို..အကျီ်လက်ပြတ်မျက်နာကအပြောင်နဲ့. .ဒီလောက်မိုက်တာကိုများ..သူတို့မို့ပြောကြတယ်..နော်.......ဟိဟိ.............. နောက်တစ်ခုက စာအုပ်တွေပဲ ကြိုက်ပြီးဆိုရင်..ဘာစာအုပ်ရယ်လို့မဟုတ်ဘူး အကုန်ဝယ်တယ် အခုမှနည်းနည်းတော်တယ် စာကြည့်တိုက်မှာသွားမွှေနေရလို့ အမေဆိုပြောတယ် “မီးလေးနင့်စာအုပ်တွေနင်ဘာလုပ်မှာလဲ ဖတ်ပြီးရင်လဲ စာကြည့်တိုက်သွားလှူလိုက်ပါလား အိမ်ရှုပ်တယ်” အဲ့ဒီစကားကတော့ အမေပြောလွန်းလို့ ရိုးနေတဲ့စကားတစ်ခွန်းပေါ့ မီးလေးကအင်မလုပ်အဲမလုပ်နဲ့လေ အခုတော့လဲ စိတ်ဆုံးဖြတ်လို့ စာကြည့်တိုက်မှာအကုန်သွားလှူလိုက်ပါပြီးချင့်

အမေတို့ကလဲပြန်တော့မှာ မီးလေးကလဲသယ်မနိုင်ပါဘူး ဖတ်ပြီးသွားပြီဆိုတော့ သိမ်းထားချင်တာပေါ့ သူများပေးရမှာနှမျှောတယ်လေ စာအုပ်တွေကအသစ်တွေကြီးပဲ .. အဲ့လိုလဲကပ်စီးနဲပါသေးတယ်ချင့် ဟိဟိ..ကြိုပြောထားတယ်နော် ဘာမှလာမတောင်းကြနဲ့..ဟတ်ဟတ်

မီးလေးရဲ့ကြွားတာလေးကတော့ ဒီလောက်ပါပဲရှင် ဘာမှကြွားစရာမရှိတဲ့အတွက် ဓါတ်ပုံနဲ့တကွတော့ ဖော်မပြတော့ပါဘူး.... ဟိဟိ...တော်ကြာမရှိမဲ့ရှိမဲ့လေးတွေ လာတောင်းနေကြရင်..ဒွတ်ခ...

10 comments:

သက်တန့် said...

ညီမလေး မီးလေးဇာရေ...
အကြွားခံသွားပြီနော်...
ဟဟဟ...

Welcome said...

ကြွားလုံးထုတ်တာကို လာဖတ်ပါတယ်။ တော်တော့ကို အကြွားသန်ပါလားနော်လို့

http://winzaw-mdy.blogspot.com

ပီကေ said...

အပေါ်ကဟာတွေ ဘာတစ်ခုမှ ကိုယ်နဲ့ မဆိုင်ဘူး။ စာအုပ်တွေ အကြောင်းပဲ စိတ်ဝင်စားတယ်။ နောက်နေ့ ဘာစာအုပ်တွေ ရှိတယ်ဆိုပြီး ထပ်ကြွားဦး။ ဒါပဲ။ ;P မပြောလို့ရကတော့ အကုန် လာယူမယ်။ အဲ .. မဟုတ်ဘူး။ အကုန် ပို့ပေးလိုက်။

WWKM said...

ညီမလေးရဲ့ အကြွားလေးတွေဖတ်ပြီးသွားပြီ..း)
ရေးပေးတာကျေးဇူးတင်ပါတယ် ညီမလေးရေ.
ညီမလေးက လှပြီးသားပဲ ပြင်စရာမလိုဘူး..အဲဒါမမ
သိတာပေါ့. ဟဲဟဲ
အာဝါးးးးးးးးးးးးးးးးးးးးးးးးးးးး

sait phay yar said...

ယုံပါ့တော်.... ဟဟဟဟ

တောင်ပေါ်သား said...

ကြွားထားတာတွေ အားရပါးရ ဖတ်သွားပါတယ်

Anonymous said...

စာကြည့်တိုက်ကိုလာလှူပါ စာအုပ်တွေကို စိတ်မဆိုးဘူးနော် ညီမ ပျော်ရွှင်ပါစေ.

ဗန်ပိုင်းယား said...

ယောက်ကျလုံး ...

Anonymous said...

ဘယ်အရာမှ မစွဲလန်းဘူးဆိုပေမဲ့ ရည်းစားတော့
စွဲတယ်မဟုတ်လား၊နားကပ်တွေအများကြီးဝယ်
နိုင်တာ မထူးဆန်းပါဘူး ကလေးတွေအတွက်ရောင်းတဲ့ဆိုင်မှာ ဈေးပေါ
တာတွေအများကြီးပဲ၊ ဆွဲကြိုးကဘယ်ဆွဲ မှာလဲ
ဝယ်မှ မ၀ယ်နိုင်တာ၊လက်ကောက် အကြီးမှကြိုက်တယ်ဆိုတော့ ဧကန်နမီးလေးဇာကကုလားမလေးလား မသိဘူး
ညီမကို အနိုင်ကျင့်တဲ့ အကျင့်လဲဖျောက်ပါ၊
အ၀တ်အစားလဲ ဘယ်ဝယ်တတ်မှာလဲ သူနဲ့လိုက်တာ တခုမှ မရှိတဲ့ဟာကိုပဲ၊
ေါးက်မြင့်ဖိနပ်မစီးတာတော့ ခဏ၊ ခဏချော်လဲလို့ မဟုတ်လား၊ လက်သည်းအမဲ
ရောင်ဆိုးထားတော့ စုံမနဲ့တူမှာပဲနော်၊
ဆံပင်စုထုံးပြီး ဘောင်ဘီတိုနဲ့တဲ့ ဟီ
ကြည့်တော့ ကောင်းဦးမှာပဲ ဆံထုံးနဲ့ ဘောင်ဘီတိုနဲ့ဆိုတော့ ရုပ်ပြောင်ပုံထါက်နေမလား မသိ၊
စာအုပ်တွေက ၀ယ်ထားတာမှ ဟုတ်ရဲ့လား
ဟိဟိ

ဇင်ယော် said...

အားရပါးရ ကြွားထားတာကို မျက်စိညောင်းအောင် ဖတ်သွားပါတယ် မီးလေးရေ။ ကြွားစရာ သိပ်မရှိလို့ ပဲ တော်သေးတာပေါ့ဟာ။ စာအုပ်တေါအားလုံး လှူပြီးသွားပြီလား။ နို့ မိုဆို အစ်ကိုတော်လည်း စာအုပ်အလှူခံပါ၏ :P

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit