Sunday, December 14, 2008

ပဟေဋ္ဌိ...........အဖြေ

ညီမလေးပုလဲကတော့နံပါတ်(၂)ဖြေတဲ့အတွက်..မိဘသဘောမတူတဲ့ကြားက
အချစ်ကိုဦးစားပေပြီး မိမိစိတ်သဘောကျတဲ့သူ့နဲ့..ဇွတ်အတင်းယူမှာတဲ့ကွယ်
တူလေးဂျယ်ကတော့လေ..ခုချိန်ကစပြီးဘလော့ဂါသူလေးတွေကိုဖားထားနော်
သွားပြီးစမနေနဲ့တော့…လူပျိုကြီးဖြစ်မှာတဲ့ကွယ်……….
တူမတော်မက်မက်နော်….ဟွန်းးးးးမပြောချင်ဘူးအရှောင်ကောင်းတယ်မှတ်…..
မောင်လေးဗီဗီကတော့အိမ်ရှေ့ကကောင်ဆိုတော့..သူ့ခမျာလဲခုထိရှာတာမတွေ့သေး
တော့..အချိန်တန်တော့လဲလူပျိုကြီးမဖြစ်ချင်တော့..မေမေ့သဘောဆိုပြီး………
အမေ့နားကပ်လို့..မိဘပေးစားတဲ့သူကိုပဲယူလိုက်ရတယ်ပေါ့ကွယ်…..ငှဲငှဲ
မောင်လေးစိုင်းနောင်ရေအမကအိမ်ထဲမှာရှိနေတော့နီးရာဆိုရင်
အိပ်ယာထဲကကောင်ပေါ့ကွယ်…..ဟိဟိ
ငါ့မောင်လေးဝင်းဇော်တော့သနားပါတယ်….အချစ်မတွေ့တော့ဘုန်းကြီးဝတ်ရပြီပေါ့
စကိုင်းတောင်နားမှာသွားဝတ်ရင်တော့အကြောင်းကြားလိုက်ပါကွယ်နော်…ဟဲဟဲ
မမ၀ါကတော့မြွေကြောက်တယ်ဆိုတော့…ဦးဥာဏ်ကိုအကူအညီတောင်ပေါ့..ဟိဟိ
အံမယ်လှလှကခုထိတော့မစွံသေဘူး….အင်းးးးးးးးးးးချစ်တဲ့သူကိုပိုင်ဆိုင်နိုင်မှာတဲ့..
ချစ်တဲ့သူနဲ့လက်တွဲရမှာတဲ့နော်..မရှိသေးရင်ရှာထားနော်သယ်ရင်းရေ……အကူအညီလိုလဲ
လှမ်းပြောလိုက်ပေါ့……ဟီး
ကိုစွမ်းကတော့မချစ်ချင်ချစ်ချင်နဲ့ချစ်လိုက်တော့.သူ့ခမျာချစ်တဲ့သူကိုပဲ အတင်းယူလိုက်ပါတော့တယ်ကွယ်………….
မမဆုမွန်ကတော့မြွေကြောက်တော့…ဖွားသီလရှင်လုပ်နဲ့နော်……ဟိဟိ
မောင်လေးအိမ်ရေသနားပါတယ်…ထင်ပါတယ်…ပေါကြောင်ကြောင်လေးဆိုတာကို
ဟီးးးးးးးးစတာနော်မဖြေတော့မသိရဘူးပေါ့ကွယ်
ကိုvankoကတော့ချစ်တဲ့သူနဲ့လက်တွဲရမယ်ဆိုတာတော့သေချာသလောပါပဲ
ဖြေထားတာကကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု့အပြည့်နဲ့ပဲဆိုတော့…ဟဲဟဲ
မောင်လေးအိတာရေတိုတိုပြတ်ပြတ်နဲ့ဖြေထားလိုက်တာ…စိတ်မကောင်းပါဘူး
လူပျိုကြီးတဲ့ကွယ်…ခုထဲကရှာထားတော့နော်…..း)
ကိုကြီးပီကေ..ကီပေ..ကတော့ပြောချင်တော့ဘူးဟွန်းးးးးးးး
သူမဖြေချင်တိုင်း….လူချိုး…
မောင်လေးတောင်ပေါ်သားကတော့လူလည်ကြီးပဲ..ဖြေထားဘူး..ဟွန်း
Htike22ကတော့ငယ်ထိပ်မြွေပေါက်မှတော့မောင်လေးရယ်လည်ပင်းမှာကြိုးနဲ့ချည်
ထားလိုက်ပေါ့ကွယ်….ဟိဟိ……လူပျိုကြီးတဲ့ကွယ်…
ညီမလေးနေ့အိမ်မက်ကသိနေတယ်ဆိုတော့…ပြောတော့ပါဘူး…အဟဲ
မောင်လေးအညတြကတော့..တော်လိုက်တာချစ်တဲ့သူနဲ့လက်တွဲရမယ်တဲ့
ကံကောင်းပါစေနော်..း)
အကိုတော်ဇင်ယော်ကတော့ခုထိမစွံသေးတာ..မဆန်းပါဘူးနော်……. အံ့ပါရဲ့တော်မအိပ်ပဲနေမှာလာ….မြွေနဲ့ဖက်အိပ်မယ်ပေါ့လေ…. ငယ်ထိပ်မြွေပေါက်မှာတော့ကြောက်တတ်တယ်ပေါ့လေ..ဟွန့်..သတိထားနော်လူပျိုကြီးရဲ့…ဟိဟိ
မလတ်(နှင်းဆီနက်)ကတော့အပျိုကြီးတဲ့တော်…အရှုံးမပေးနဲ့မလတ်ရေကြိုးစားကြိုးစား
အလင်းရောင်လေးရေ..အိုကေအိုကေ….ချစ်တဲ့သူနဲ့လက်တွဲရမယ်တဲ့..အဆင်ပြေပါစေကွာနော်
4everlove..ကမိဘသဘောတူတဲ့လူနဲ့လက်တွဲမယ်ဆိုပါလား….အင်း.သူလဲမိဘအားကိုးတာပဲ…း)
သယ်ရင်းခေါင်ခေါင်ရေ…မီးမီးမထင်လိုက်မိဘူးကွယ်..ဟိဟိအပျိုကြီးဖြစ်မှာတဲ့… သိပ်မရွေးနဲ့တော့နော်…ဖြစ်သွားမှဒွတ်ခ…..ဟိဟိ
ဒီတစ်ခါတော့..ညခင်းနဲ့လမင်း..ကလူလိမ္မာလေးပေါ့နော်…မိဘပေးစားတဲ့သူနဲ့ပဲ လက်တွဲတော့မယ်ဆိုပါလား…ကောင်းလေစွကောင်းလေစွ….း)
စေတန်လေးရေမသွားချင်လဲနေပေါ့..ဟွန်း
မောင်လေးမိုးကြယ်ရေအဖြေပေးပြီနော်..လူပျိုကြီးတဲ့..ဟားဟ…ခုထဲကရှာထားတော့နော်
ဂျူဝသန်လဲလူလည်လေးပဲ…ရပါတယ်ရပါတယ်…း)
ကိုအိမ်မက်ရှင်လဲ…ဘာမှပူနဲ့တော့မမနဲ့လက်တွဲရမယ်..ဟိဟိ..ပျော်ရွှင်ပါစေနော်
ငှက်ငယ်လေးရယ်..ဟင့်..နံပါတ်(၁)ကိုသတ်ချင်တယ်ဆိုတော့…နည်းနည်းတော်သေးတယ်.. ခုတော့(၃)တဲ့….သညားပါရယ်ကွာ…စိတ်မကောင်းမဖြစ်နဲ့..ခုထဲကရှာထားတော့နော်
ဟိဟိ..စတာနော်..
အင်းးးးးးးကိုဟိန်းညီကိုမှတ်ချက်ချရမယ်ဆိုရင်တော့…အဟမ်း.. အကိုကအနီးဆုံးကအကောင်ကိုသတ်ချင်တဲ့သူဆိုတော့… အကိုကနီးစပ်မှု့ကိုတင်းမခံနိုင်ဘူးနော်… .ပြီးတော့…ဒီလောက်ပဲပြောတော့မယ်..သိချင်သေးရင်မုန့်လာဝယ်ကျွေး……ဟိဟိ
သံလွင်ဟီးရိုးတဲ့ကွာ..အကြံပိုင်သလားမမေးနဲ့..ဟွန့်..မပြောလိုက်ချင်ဘူး..လိုချင်တယ်ပေါ့လေ နောက်မှအများကြီး.ယူလာပေးမယ်…ဟင်းဟင်း
အကိုတော်မိုးသောက်လဲဝေ့လည်ကြောင်ပတ်လုပ်သွားတယ်နော် နောက်တစ်ခေါက်ထိမှာစိုးတယ်ပေါ့လေ..ဟိဟိ
ကိုဂျုလိုင်ကတော့အကြံပိုင်တယ်ဗျာ......ချစ်တဲ့သူနဲ့ရမှာပါ.....
မမသက်တန့်လဲတူတူပဲ..ဟွန့်ဖြေပါဆိုဖြေသွားဘူး..သိပ်မကြောက်ပါနဲ့မမရယ်….
ကော်ရုပ်တွေပါ…ဟိဟိ
Dream..angel…ကတော့ချစ်တဲ့သူနဲ့လက်တွဲရမယ်တဲ့….တကယ်ဖြစ်နိုင်ပါစေရှင်…
ပျော်ရွှင်ပါစေနော်…..း)
မောင်လေးရှင်းသန့်ကိုတော့မြွေသတ်ဖို့အပ်တစ်ချောင်းပေးမယ်..ကျေနပ်လား….ဟိဟိ
ကိုရုပ်ကလေးကတော့လေ….သတ်ပါဆိုမသတ်သွားဘူး..မြွေမင်းသားကခုမရှိသေးဘူးကွ… ချိတ်ချိုးတယ်နော်..ဟွန့်
ညီမလေးသဉ္ဇာရေ…မလွမ်းနဲ့တော့နော်အဆင်ပြေသွားလိမ့်မယ်.. ချစ်တဲ့သူနဲ့လက်တွဲနိုင်မှာတဲ့ကွယ်….ဟေးးးးးးးဖြောင်းဖြောင်းရွှီးရွှီး….ဟိဟိ
ညီမလေးရောင်ပြန်ကအိမ်ရှေ့ဆိုတော့…မိဘသဘောတူတဲ့သူနဲ့တဲ့ကွယ်… ချစ်တဲ့သူကိုမိဘကျေနပ်လာတဲ့အထိ…ကြိုးစားခိုင်းပေါ့ကွယ်နော်…
အဆင်ပြေပါစေနော်ညီမလေး
မီးတောက်ရေကြားထဲကအထီးအမခွဲခိုင်းနေရတယ်လို့..မီးမီးကဇူးနဲ့မပြီးထားဘူးချင့်..ဟီး
စတာနော်….း)
ကိုစိုင်းဝဏ္ဏကတော့ချစ်တဲ့သူလေးကိုလက် တွဲနိုင်အောင်သာကြိုးစားပေတော့ဗျို့…..
(၁)မိဘသဘောတူတဲ့လူနဲ့ဖူးစာဆုံမယ်
(၂)ခိုးရာလိုက်ပြေးမယ်
(၃)အပျိုကြီး ၊ လူပျိုကြီးဖြစ်မယ်
(၄)ချစ်တဲ့သူနဲ့လက်တွဲရမယ်တဲ့……….
လာရောက်ဖြေပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးတင်ရှိပါတယ်နော်….
မီးလေးလာ..အဟဲ…ပထမမေးတော့ချက်ချင်းပဲ…
မြွေနဲ့တော့မအိပ်ချင်ပါဘူးဆိုပြီးအိပ်ယာကမြွေကို သတ်ပြီးချက်စားလိုက်တာတော့..ဟိဟိ…. ဗိုက်ဝသွားတာနဲ့…တစ်ခြားအကောင်တွေငါ့ဆီလာရင်ဒွတ်ခပဲဆိုပြီးအိမ်ရှေ့ကကောင်ကို သတ်ပြီးထွက်ပြေးတာပေါ့..ဟားဟ
အကြံပိုင်ပါတယ်ဆိုတဲံ့..ဟီးရိုး..မင်းဘာတတ်နိုင်သေးလဲကွ..ဟိဟိ

16 comments:

အလင်းစေတမန် said...

လာဖတ်တာ နောက်ကျသွားလို. မဖြေလိုက်ရဘူး တော်ပါသေးရဲ. ဖြေရင်ဘာဖြစ်မယ်မသိ။

Anonymous said...

ဝေ့လည်ကြောင်ပတ်တဲ့ အဟီး
အနော်လည်း ဖြေတာပဲလေ အနီးဆုံး အကောင်လို့
လူက ဘယ်နားမှာ နေမှန်းမှ မသိတာနော့်
အိပ်ယာနားမှာ ဆိုရင် အိပ်ယာပေါ်က အကောင်ကို သတ်မယ်
ထုတ်တန်းအောက်မှာ ဆိုရင်တော့ ထုတ်တန်းပေါ်က အကောင်ကို သတ်မယ်
အိမ်ရှေ့မှာ ရောက်နေရင်လည်း အဲ့ဒီ အကောင်ကို သတ်ရမှာပဲလေ .. အိမ်နောက်ဖေး အတူတူပဲ သတ်ရမှာပဲ
ဟုတ်ဘူးလား အဟီး ...
အဟဲ ဒီလောက်ဆို လူပျိုကြီးတော့ မဖြစ်လောက်တော့ပါဘူး အဟီး

Anonymous said...

မီးလေးရေ တကယ်ပဲ ချစ်တဲ့သူနဲ့ပေါင်းရမှာနော် မဟုတ်ရင်တော့ တိမယ်။ အဟိ။ နောက်တာနော်။

Dr Phyo Wai Kyaw said...

ဟူးရား
တယ်ဟုတ်တဲ့ နာကွ...
:P :P :P

ဖိုးဂျယ် said...

လူပျိုကြီးဖြစ်မယ်တဲ့ သွားပါပြီ။
ဒီကမနည်းကြိုးစားနေရတာ သွားပါပြီ။
အဟင့် အဟင့်

ဇင်ယော် said...

ကြိုးစားပမ်းစား ခေါင်းအရှုတ်ခံပြီး ဖြေလိုက်ရတာ၊ နောက်ဆုံးတော့ ဒီဘူတာပဲ ဆိုက်တာပဲ ဟွန်း။

Anonymous said...

ဟားဟား... ပျော်စရာကြီး ... တိုင်းကျူး တိုင်းကျူး ညီမရေ ... :D

မြတ်သွယ် said...

ကံမကောင်းလိုက်လေခြင်း
အမေတို့ကိုပြောပြီး ခုထဲက သဘောတူပါလို့တိုက်တွန်းလိုက်မယ် မမီးလေးရယ်
စိတ်ပျက်လက်ပျက် ပြန်ပြီနော်
တာ့တာ

Welcome said...

အဟီး တော်သေးတယ်၊ အမှုမှန်ပေါ်တော့ မလို့၊ စစ်ကိုင်း မိုးမိတ်ချောင်မှာ လာရှာရင် တွေ့နိုင် ပါတယ်။

http://winzaw-mdy.blogspot.com/

မီးတောက် said...

ဟီးဟီး........တားတား လွှတ်တွားတယ်...
အထီးလား အမလား မေးကြည့်တာပါ...
ဆက်လက်ရေးသားနိုင်ပါစေ..

Dream said...

အဟတ်အဟတ်... နာကွ... တော်သေးတယ်... အဖြေအရှောင်ကောင်းလို့.. ဟတ်ဟ်:P :P

Anonymous said...

ဘယ်နဲ့ ဖြေထားတယ်လေဗျာ
တကောင်မသက်ပါဘူးဆိုနေမှပဲ
မရဘူးပြန်ဖြေပေး

Anonymous said...

မီးလေးဇာရေ----
ကျေးဇူးတင်ကြောင်းလာနှုတ်ဆက်ရင်း--
ပျော်ရွှင်စရာကောင်းတဲ့---
"ပဟေဋ္ဌိ...........အဖြေ"
ပိုစ့်လေးက်ုဖတ်သွားပါတယ်---

ဗီလိန် said...

ဟဟဟ မေမေက ဒူနဲ့ပေးစားမရဲတိဘူးနော်။

ခေါင်ခေါင် said...

ဟင်.. ဒွတ်ခပဲ .. အရူးမ ငါအပျိုကြီးဖြစ်ရင် နင်တင်ကျွေးထားရမယ် .. ဟိဟိ

Anonymous said...

ညီမလေးသဉ္ဇာရေ…မလွမ်းနဲ့တော့နော်အဆင်ပြေသွားလိမ့်မယ်.. ချစ်တဲ့သူနဲ့လက်တွဲနိုင်မှာတဲ့ကွယ်….ဟေးးးးးးးဖြောင်းဖြောင်းရွှီးရွှီး….ဟိဟိ

တွေ့လား ....
မနာလိုမရှိကြနဲ့နော် ... ဟဲဟဲ

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit