အဝေးမှဇွဲကပင်တောင်နှင့် ဘားအံမြို့ ရှု့ခင်း
ရွှေယဉ်မျှော်ဘုရားရင်ပြင်အနောက်ဘက်ခြမ်းမှ နဂါးနှင့်ဖား
အနောက်ဘက်ခြမ်းမှာလှမ်းမြင်နေရတာက ဖားပုတောင်ပါ မီးလေးငယ်ငယ်ကတော့ ပဲပုပ်တောင်လို့ခေါ်တယ်
သိဘူးလေနော် ပုပ္ပားတောင်နဲ့တူနေတာကိုး..ဟီးးးးးးး
(ကြာပွင့်တွေထဲကို တော့အကြွေစေ့လေးတွေပစ်ထည့်ကြတယ်)ရွှေယဉ်မျှော်ဘုရားမုဒ်ဝနှင့်စေတီတော်
ဒီပုံကတော့ ကော့ဂွန်းဂူထဲကပါ ဘုရားပုံတော်သေးသေးလေးတွေကိုထုဆစ်ထားတာပါ
ဒီပုံတော်လဲကော့ဂွန်းဂူထဲကပါပဲ
ဒါကတော့ကော့ဂွန်းဂူ အ၀င်ဝ မုဒ်ပါ
ကျောက်ကလပ် တောင်ပါ သာမညတောင်လိုမျိုးပဲ သတ်သတ်လွတ်ကျွေးတာပေါ့ ဘာချက်ချက်စားလို့အရမ်းကောင်းတယ် မောမောနဲ့စားလိုက်ရင် နှစ်ပန်ကန်ကတော့အနည်းဆုံးပဲ ဟီးးး
ဇွဲကပင်တောင်နောက်ခံနဲ့ လှပနေတဲ့ ကျောက်ကလပ်တောင်အလှရှု့ခင်း
ဟင်္သာကုန်းနားမှာရှိတဲ့ ကန်သာယာ ပန်းခြံထဲက ဇွဲကပင်ခန်းမကြီးပေါ့
ဇွဲကပင်တောင်ခြေက ဗောဓိတစ်ထောင်ဘုရားပါ
ကရင်နှစ်သစ်ကူးတုန်းကပုံတွေပါ
အသက်အလတ်ပိုင်းတွေမရှိတော့လို့ အသက်ကြီးကြီး ကရင်မ(ဒေါ်ဒေါ်)တွေကို ကခိုင်းရတာပေါ့
မကခင် ကလေးလေးတွေတစ်ပျော်တစ်ပါး စားသောက်နေကြတာပေါ့ ဟိဟိ မျှော်လိုက်ဦးနော် ကလေးစားတာလူကြီးမျှော်ပေါ့ ဟတ်ဟတ်
ကလေးတွေကိုပဲအားကိုးနေရတာလေ အပျိုမတွေ ဘယ်ရောက်ကုန်ပါလိမ့်နော်
ဒေါ်ဒေါ်တွေလဲ ကကြတာပေါ့
အတွဲလိုက်ကရတာပေါ့ (ဟိတ်ကောင်းကောင်းကနော်တဲ့)
ကရင်ပြည်နယ်မှာနေပြီးကရင်ဝတ်စုံမ၀တ်ဖူးသေးတဲ့ ကရင်သွေးနည်းနည်းပါတဲ့
ကရင်စကားကိုထမင်းစားရေသောက်လောက်ပဲတတ်တဲ့ ကရင်မလေး မီးလေးဇာပါရှင့်
ဓါတ်ပုံတွေအားလုံးကို(myanmartravelinformation) ကနေယူထားတာပါ
Friday, March 13, 2009
ဘားအံမြေ
Subscribe to:
Post Comments (Atom)
11 comments:
ရွှေရင်မျှော် ကနေ ထမင်းတဆုပ်တောင်ကို မနက်စောစော လှမ်းမြင်ရတာကိုသဘောကျတယ်..
လွမ်းတယ် မဇာရေ..
ကျနော်လဲ ဘားအံမှာ တော်တော်ကြာကြာနေဖူးတယ်..
သဘောင်္ဆိပ်ကတက်ရင် ဘုရားနားက ထမင်းဆိုင်ဆို
ကျနော်ကိုအကုန်သိ
အဖေ့နာမည်နဲ့ ထမင်းအကြွေးစားလို့ ..
လွမ်းသွားတယ်..အဖေ့ကိုလဲသတိရတယ်..
အိမ်ပြန်ရောက်ရင် အဖေတို့ အမေတို့ နဲ့ သွားလည်အုံးမယ်..
ညီမလေး ဖားအံ အလွမ်းပြေလေးတွေလာကြည့်သွား တယ် ခဏခဏရောက်ပါတယ် အရင်တုံးက.. ယောင်းမရှိလို့ခုတော့ သူတို့လည်း ပြည်ပရောက်နေလို့ မလာဖြစ်တော့ဘူး ညီမရေ.
ဘားအံကို မရောက်ဖူးတော့ သာယာလှတဲ့ အလှလေးတွေ
ကို လွမ်မော ဖတ်သွားတယ် ..။
တိုင်းရင်သား အကတွေထဲမှာ ကရင်ဒုံးယိမ်းအကကိုအကြိုက်ဆုံးပဲ အစ်ကိုတွေတုန်းကတော့ ကတယ် ကျနော့် အလှည့်ကျ ရှက်လို့မကဘူး။။ ကျောက်ကလပ်ကိုထပ်ရောက်ချင်သေးတယ် ထမင်းကတော့ တကယ်ကိုစားကောင်းတယ်ဗျ ကျေးဇူး
ဓာတ်ပုံတွေ သိပ်ကောင်းတာပဲ။ ကျမ လာကြည့်သွားပါတယ်။ မျှဝေတာကျေးဇူးပါး)
ကျောက်ကလပ်ကိုသွားတုန်းက တံတားကျိုးကျတယ်လို့အိပ်မက်မက်ဖူးတယ်။ ဓါတ်ပုံတွေ အရမ်းလှတာပဲဗျာ။ ကော့ဂွန်းဂူကို ဆရာမမေငြိမ်းစာတွေထဲမှာ ရင်းနှီးနေခဲ့တာ။ အခုမှ မြင်ရတယ် အရမ်းလှတယ်ဗျာ။
ဝိုး မမီးရေ
တစ်ခေါက်လား ဖြတ်အသွားလောက်တော့ ရောက်ဖူး တယ်
အခုလို ကျတော့လည်း ... သွားချင်လိုက်တယ်....။
ဧည်သည်လာရင်တော့ ပုန်းမနေနဲ့ နော် မမီး..။
အဲဒီဘက်တွေ တခါမှ မရောက်ဖူးသေးဘူးဗျ။
လှတယ်နော်။ ကရင်မ လေးတွေ မရှိတော့တာ
လဲမပြောနဲ့လေ အခုလက်ရှိဘလော့ရေးနေတဲ့
သူတောင် ဘယ်မှာလဲဆိုတာ အရင်စဉ်းစားပါ
ဦး။ ဒီလိုပေါ့ဗျာ ရေကြည်ရာ မြက်နုရာတွေဆီ
သူတို့လဲ ချီတက်ကြမျာပေါ့ဗျာ။
ရောက်တယ် မီးလေးရေ။ မရောက်ဖြစ်တာ အတော်ကြာနေပြီနော်။ ကရင်ပြည်နယ်က ပုံတွေတွေ့ရတော့ သာမညသွားတုံးက မြင်ခဲ့ဖူးတဲ့ ကရင်ပြည်နယ်နဲ့ ဇွဲကပင်တောင်အလှအပတွေကို ပြန်မြင်ယောင်မိတယ်။ မီးလေးရေးပြတဲ့ ပါးစပ်ရာဇ၀င်လေးတွေကလည်း သိပ်စိတ်ဝင်စားဖို့ကောင်းပါတယ်။ နောက်တစ်ခေါက် ကရင်ပြည်နယ်သွားဖြစ်ရင် ဇွဲကပင်တောင်ကို တက်ကြည့်ချင်တယ်။
ကျွန်တော်တို့ ငယ်ငယ်က သင်္ဘောစီးပြီး ဘားအံလာရင် ရွှေရင်မျှောင်ဘုရာအနီးမှာ ရေ၀ဲကြီး ရှိတယ်လို့ ပြောတယ် ကလေးတွေမို့ ငြိမ်ငြိမ်နေအောက် ခြောက်တာလား မသိဘူး
ဖိုးစိန်မျောက်မျောက် ကထမင်းအကြွေးစားဦးမလို့လား ထမင်းဆိုင်ဖွင့်မလို့ဟာ စိန်မျောက်၂ကိုကြောက်တာနဲ့ ဖွင့်ရဲတော့ဝုးးးးးဟိဟိ အဲ့အနေက်ကတောင်ကိုထမင်းတဆုပ်တောင်လို့ခေါ်တယ်ပေါ့လေ ဖားပုတောင်မဟုတ်ဖူးလာ ....လည်လည်လာရင်လဲအကြောင်းကြားလိုက်နော်
flower.poem..ကလဲယောင်းမမရှိလဲ မီးလေးကဖိတ်ခေါ်ပါတယ် လမ်းကြုံလာခဲ့ဦးနော်....
ကိုအရုပ်ကလေးနဲ့ကိုအိမ်ရေ..မရောက်ဖူးရင် အရောက်လာခဲ့ပါဦးနော့..
မောင်မျိုးကရှက်လို့..က၀ူးပေါ့ရေ ဖြစ်တတ်ပါတယ် ဟီးးးးးးးးး
မအိမ့်ချမ်းမြေ့..ရေလာကြည့်သွားတာကျေးဇူးနော်
ကိုရွာသားလေးတီးဝိုင်း...နဲ့မောင်ငယ်ေ၇ လည်လည်လာပါဦး ပုန်းမနေပါဘူးချင့် အထုတော့ဟုတ်ဝူးနော်.ဟီးးးးးး
ဇွဲကပင်တောင်ကိုတတ်ကြည့်လိုက် ကိုvanko ရေ ပွဲတော်မှတတ်နော် ပိုပျော်ဖို့ကောင်းတယ်...
မောင်မောင်ရေ တကယ်ပဲဝဲကရှိပါတယ် ရွှေယဉ်မျှော်နေရာထပ် ဖားမဲတောင်နေရာကပိုကြောက်ရပါတယ်
Post a Comment