Monday, March 9, 2009

ဘားအံမြေက ဇွဲကပင်


“ဝေးလေးလေးဟေ.....မယ်တို့လားဝေ့........ ၀ါးလေးလေးဟေ...မောင်တို့လားဟေ့”
ဆက်ဆိုချင်ပေမယ့် ကရင်စကားမတတ်တော့ ဆိုလို့မရဘူး အဟင့်
ဒီနေ့ကတော့ တပေါင်းလပြည့်နေ့ဖြစ်ပါတယ်
ကရင်ပြည်နယ်ရဲ့ အထင်ကရဇွဲကပင်တောင်ရဲ့ ဘုရားပွဲလည်းဖြစ်ပါတယ်ရှင့်
မီးလေးကတော့ဘားအံမှာရှိနေရင် နှစ်တိုင်းတတ်ပါတယ် သူငယ်ချင်းတွေနဲ့ စလိုက်နောက်လိုက်
ရေသောက်လိုက်ပေါ့ ဟိဟိ
ဘားအံသူ ဘားအံသားမှန်ရင် ဇွဲကပင်တောင်တော့ တတ်ဖူးရတယ်တဲ့..
ဇွဲကပင်တောင်ကိုတစ်နှစ်တစ်ခါ တပါင်းလပြည့်နေ့မှာ ပွဲတော်လုပ်တယ် ပြောရင်းနဲ့ကရင်မုန့်ဟင်းခါးစားချင်လာပြီး ညနေခင်းလောက်ပွဲတမ်းလှည့်ပြီး ကရင်မအဒေါ်ကြီးတွေရောင်းတဲ့မုန့်ဟင်းခါး ထမင်းဟင်းအ၇မ်းစားလို့ကောင်းတယ် တို့စရာတွေလဲအများကြီးနဲ့ပေါ့
စားလို့မိန်သလားမမေးနဲ့ လက်ကုန်ဆွဲတာပဲ... မီးလေးအဖွားကကရင်လိုပြောပြောပြီးလေတွေပေး မီးလေးကတော့မျက်နှာမဖော်တမ်းစားတာပေါ့ ဟိဟိ
အဖွားတို့ကပွဲဈေးလိုက်တယ် စားသောက်ဆိုင်ကြီးပေါ့နော် မီးလေးက၀ိုင်းရောင်းပေးတာပေါ့
ပွဲတောင်မဖြစ်သေးဘူး လူတွေကလာလည်နေကြပြီး အမှန်တော့ ပွဲက(၃)ရက်ပဲ သူတို့ဘာသာပွဲရက်ထပ်တိုးတာတွေရှိတာပေါ့
အဖိတ်နေ့ကတည်းကတောင်ပေါ်တတ်တဲ့သူတွေနဲ့စည်နေကြပြီး လပြည့်နေ့တော့မတတ်ဖူးတဲ့သူတွေသွားမတတ်ကြနဲ့ လိမ့်ကျတတ်တယ် ယောင်္ကျာလေးအဖော်မပါပဲလဲမသွားနဲ့ ကိုယ်မတတ်နိုင်တော့ရင်ဆွဲတတ်ဖို့အဖော်လိုသေးတယ်
မိန်းကလေးအချင်းချင်း မဆွဲနိုင်ကြဘူး လမ်းကျဉ်းတဲ့နေရာတွေဆို သတိထားရတယ်
မီးလေးတို့ဆို အစတစ်ချက်ပဲအကိုတွေနဲ့တတ်တယ် ပြီးရင် ကိုယ့်ဘာသာသူငယ်ချင်းတွေနဲ့ တတ်ကြတယ် အစတစ်ချက်အရမ်းကျပ်တယ် လမ်းတောင်လျှောက်စရာမလိုဘူး ကိုယ်ကမတိုးနိုင်တော့ အကိုတွေကဆွဲထုတ်
ပေးရတယ်..ဟိဟိပြီးတာနဲ့ကိုယ့်လမ်းကိုယ်သွားပဲ ဘဲနဲ့တော့မတတ်ဖူးဘူး ကွဲမှာကြောက်လို့ ဘဲလဲမရှိပါဘူး
ဟီးးးးးးးး
လွန်ခဲ့တဲ့ (၈)နှစ်လောက်ကတတ်တုန်းကတော့ ပထမစစတတ်တုန်းကတော့ မိန်းကလေးသယ်ရင်းသုံးယောက်ထဲပဲ တတ်သွားလိုက်တာ လမ်းမှာသူ့ကိုယ်ဆွဲကိုယ့်သူဆွဲပဲ ကောင်လေးချောချောလေးတွေကိုလဲ ရွှီးတာပေါ့ ဟိဟိ
တောင်ပေါ်ရောက်တော့ ဘုရာတစ်ပတ်ပတ်ပြီးတော့ရှာစရာတောင်မလိုဘူး
မီးလေးသူငယ်ချင်းတို့အုပ်စုတွေ ဟိုတစ်ဖွဲဒီတစ်ဖွဲနဲ့ အစောဆုံးပြန်မယ့်သူနဲ့လိုက်ပြန်တာပဲ

တောင်ပေါ်ကပြန်ဆင်းလာတော့ မှတ်မိသေးတယ် မီးလေးတို့ဝတ်ထားတာကအဖြူတွေကြီးပဲ
ကိုယ်ကတော့စကားတပြောပြောပေါ့ဆင်းလာတာ သူတို့လဲအတွဲနဲ့ပေါ့ ကိုယ်ကသာအတွဲမရှိတာ
အဲ့လိုစကားပြောနေရင်းနဲ့ လက်ကလဲအငြိမ်မနေဘူးလေ ဖက်ဆိုပုခုန်းလှမ်းဖတ်ပြီး စကားတွေပြောတာပေါ့
ပြောလို့ပြီးမှ နင်ကဘာလို့ပြန်မဖြေတာလဲလို့လှမ်းမေးလိုက်တော့ မှမျက်နာကိုသေချာကြည့်မိတယ်
ဟိဟိ..မီးလေးလူမှားတာလေ မှားတာတောင်ယောင်္ကျားနဲ့မိန်းမမှားတာ သူကတော့လှမ်းစတာပေါ့
ငါ့ဖတ်ချင်တယ်ဆိုလဲ ပေးဖတ်ပါတယ်ဟာဘာညာပေါ့ အဲ့တုန်းကတော့ရင်တွေတောင်ခုန်လို့
တော်သေးတယ်သူငယ်ချင်းကဘာမှမပြောလို့ မှားတတ်တယ် သူ့ပုံကလဲမိန်းကလေးလိုပဲဆံပင်ကစတတ်ကေနဲ့ ပိန်ပိန်ပါးပါးလေ ၀တ်ထားကြတာစင်တူနေတာဆိုတော့လဲ
မှားသွားတာပေါ့ ဒီလိုမှန်းသိ မမေးပဲနဲ့ကိုယ်ကပဲတလမ်းလုံးစကားပြောသွားပါတယ်..ဟီးးးးးးးးး
အခုတော့လဲအရင်ကဟာတွေပြန်တွေးပြန်စဉ်းစာကြည့်ရင် ဘယ်လိုမှပြန်မရနိုင်တော့ဘူးနော်

ပြန်ချင်တယ်ကွားးးးးးးးလို့ပဲအော်လိုက်ချင်တော့တယ် ဒီနှစ်မရောက်ရင်တော့နောက်နှစ်တော့အရောက်ပြန်
နိုင်အောင်ကြိုးစားရမယ်လေနော်..... ပြောပြရင်တော့မီးလေးကလေရှည်တယ်ပြီးတော့မှာမဟုတ်ဘူး
အဲ့တော့နောက်မှပဲကြုံရင်ကြုံသလိုပြောပြတော့မယ်...ဟိဟိ
အခုကအိပ်ငိုက်နေလို့ နောက်မှလုံးစေ့ပတ်စေ့နဲ့ ဇွဲကပင်အကြောင်းပြောပြတော့မယ်နော်

8 comments:

ဖိုးဂျယ် said...

အား လိုက်တောင်လည်ချင်လာပီ တီတီရေ

Sein Lyan Tun said...

မဇာပြောမှ ပဲ လွမ်းသွားတော့တယ်
ကျနော်လဲ
နှစ်တိုင်းသူငယ်ချင်းတွေနဲ့ သွားနေကျ
အပေါ်မှာဘာမှမရှိပေမယ့်
ပျော်နေတာပဲ..
သွားအုံးမယ် ပြန်ရင်
အဟားး

Dr Phyo Wai Kyaw said...

ပြန်စေသတည်း
..ဖတ်ရတာ ပျော်စရာကြီး..

တောင်ပေါ်သား said...

ပြန်ချင်တယ်ဝေ့ ပြန်ချင်တယ် ရှမ်းပြည်ကို

မသက်ဇင် said...

"ဘားအံမြေက ဇွဲကပင်"

ကိုအလည်ရောက်သွားတယ်--

Welcome said...

((_ကိုယ်ကသာအတွဲမရှိတာ_))

များနေပြီနော် .. ..

ပျော်စရာ အမှတ်တရလေးတွေ ဖတ်သွားတယ်။
ခုနှစ်ရော ရောက်ဖြစ်သေးလား...
ရောက်ဖြစ်ရင်လည်း လူမမှားစေနဲ့အုန်း (အဟိ)

သက်တန့် said...

မမလည်း ဇွဲကပင်တောင် တက်ဖူးတယ် ညီမလေးရေ...
မှတ်မှတ်ရရပါပဲ...
အတက်လမ်းမှာ (သုံးပုံတစ်ပုံလောက်ပဲ ရှိဦးမယ်) အန်လိုက်တာများ အသက်ထွက်ပြီလားတောင် ထင်ရတယ်...
မနက်စာကို မဟားတရား စားသွားလို့လေ...
ဟဟဟ... :)

ခေါင်ခေါင် said...

ငါလဲ..လည်ချင်တယ် မီးလေး ရ.. ဗြဲ...
ငါ့ကိုလဲခေါ်..နောက်နှစ် တက်ရင်...

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit