Wednesday, March 11, 2009

လွမ်းမောဖွယ် ညတစ်ည

မနေ့ညကသူငယ်ချင်းတွေ ဖုန်းဆက်လာပြီးဇွဲကပင်တောင် တတ်ဖို့လာခေါ်ကြတယ် ကိုယ်ကလဲအရင်ကတည်းက သွားချင်နေတာနဲ့ ခါခါ..ခါခါနဲ့ပေါ့ ဟိဟိ
သူငယ်ချင်းတွေတစ်အုပ်နဲ့ အရင်ကတောင်တတ်ခဲ့တာတွေကို စမြုံ့ပြန်ကြတာပေါ့.....
တစ်ယောက်တစ်ပေါက်နဲ့ ၀ိုင်းပြောကြတာ အချိန်ဘယ်လိုကုန်သွားမှန်းတောင်မသိလိုက်ဘူး..
ငဖြိုးကိုခေါ်ပြီးတောင်ပေါ်တတ်မယ်လို့ပြောတော့ “ငါအဖိတ်နေ့တတ်ပြီးပြီး အခုညောင်းနေလို့မတတ်နိုင်တော့ဘူး”လိုပြောတာကို ၀ါဝါက “နင်တတ်တာဝက်ရူးပြန်လားတဲ့” ရယ်ရတာလက်ကုန်ပဲ ဟာသတွေပြောကြပေါ့ ပြီးတာနဲ့အိပ်လိုက်တာ စိတ်စွဲတာ
အိမ်မက်ထဲမှာတောင်တောင်ပြန်တတ်နေတယ် မောလိုက်တာဗျာ ဟီးးးးးးးးးး

အိမ်မက်လို့ကောင်းတုန်းပေါ့ နိုးစက်ကထမြည်ပါလေရော ဟိဟိ နိုးလာတာ တစ်ယောက်ထဲထိုင်ပြုံးလို့ပေါ့
တောင်ပေါ်တတ်လို့ ကရင်မောင်နှံ.. (မောင်ရင်လိမ့်ကျ) ပုံနားရောက်ရင် ခုန်ချချင်တဲ့စိတ်က တောင်ပေါ်ရောက်တိုင်းဖြစ်တယ် လမ်းကလဲကျဉ်းတယ်လေ ဇွဲကပင်တောင်ကရာဇ၀င်တွေများတော့ ဘယ်ဟာကအမှန်လဲကိုမသိတော့ဘူး ပုံပြင်ဆန်ဆန်ဇာတ်လမ်းတွေပေါ့
ဇွဲကပင်တောင်ကို သင်္ဘောချည်တဲ့ တောင်လို့လဲခေါ်ထွင်ခဲ့ဖူးတယ် မီးလေးသိတာလေးပြောပြချင်ပေမယ့်
မမှန်မှာလဲဆိုးတယ်..အဟဲ
သေချာပြန်လေ့လာပြီးရင် ပြောပြမယ်နော့် ဇွဲကပင်တောင်နဲ့နီးနီးကပ်ကပ် ရေတံခွန်လဲရှိသေးတယ် ဟိုအရင်
တုန်းကတော့ တောင်ပေါ်ကနေရေကျတဲ့ရေတံခွန်ကြီးပေါ့ အခုတော့ တောင်အောက်ကနေစိမ့်ထွက်တဲ့ ရေကန်ဖြစ်နေပြီး ဖြစ်တာကလဲမီးလေးတို့ငယ်ငယ်လေးထဲကပါ ခေါ်တာကတော့ရေတံခွန်ပဲပေါ့
ကျိမ်စာမိထားတယ်လို့လဲပြောကြတာပါပဲ ပါးစပ်ရာဇ၀င်ပေါ့
ဇွဲကပင်တောင်ကတော့စိတ်ဝင်စားစရာတွေ အများကြီးပါပဲ မီးလေးတောင်ငယ်ငယ်တုန်းက ဇွဲကပင်တောင်နဲ့ပတ်သတ်တဲ့ စာအုပ်ပုံပြင်ဖတ်လိုက်ရလို့သိတာ သူများပြန်ပြောပြမယ်ဆိုရင်တော့ မပြည့်စုံဘူးပေါ့ မီးလေးလဲလိုက်ပြီးရှာဝယ်ပါတယ် ခုထိတော့မတွေ့သေးဘူး မြန်မာပြည်မှာဆိုရင်တော့ ရှာဝယ်ရလွယ်မယ်လို့တော့ထင်ပါတယ်.........

အားလုံးကိုလေးစားလျှက်ပါ

6 comments:

Sein Lyan Tun said...

ခါခါ ခါခါ နဲ့  ဘာခါတာလဲလို့ လာကြည့်တာ..
အဟားးဟားး...သူခါတာက ခါတာကို..
မဇာပြောတော့
ကျနော်လဲ
ရွပိုးထိုးလာတယ်..
နှစ်တိုင်းမတက်တော့ဘူးလို့ ဘယ်လောက်ငြင်းငြင်း
အချိန်ရောက်ရင် ပိုးက မသတ်နိုင်ဘူးရယ်..
ပီးတော့ဘာမှလဲရှိတာမဟုတ်..
ဒါကိုပဲသူငယ်ချင်းတွေနဲ့ သွားရတာကိုပျော်နေတာ..
အဟား...ကျောက်ကလပ် နဲ့ ဇွဲကပင်..
အရမ်းလွမ်းတယ်..
တစ်နေ့ တော့မဇာနဲ့ ဆုံပြီးတက်ကြတာပေါ့..
အဟေး..ဟေး..ဟေး...

Welcome said...

ဇွဲကပင်ရဲ့
စိတ်ဝင်စားစရာ သမိုင်းကို
လာဖတ်ပါအုန်းမယ်
ခုတော့
.. ခါခါ .. ခါခါ နဲ့ ဆိုတော့

(အမြင်မတော်လို့ ပြန်သွားပါ၏)
(ချိတ်ချိုးနဲ့ ခင်လို့စတာ)

Anonymous said...

ညီမလေး ပျော်ရွင်ပါစေ လာလည်ပြိး လင့်ထားပါတယ်..

ဖိုးဂျယ် said...

တော်သေးတာပေါ့ တူလေးက အဝေးကနေ လှမ်းကြည့်
နေလို့တော်သေးတယ် ခါရင် အခါလွန်ပြီး တူလေးကို လာမှန်နေဦးမယ်း)

ဘာတွေတုန်း said...

ကျိန်စာမိထားတဲ့ ရေတံခွန်အကြောင်း သိချင်ပါတယ်ဗျို့ ။ ပါးစပ်ရာဇ၀င်ပဲ ဖြစ်ဖြစ်ပေါ့

ခေါင်ခေါင် said...

မီးလေး ရေ ငါလဲ တက်ချင်တယ် .. ဟ...
သိပ်လဲ မခါနေနဲ့အုံး.. အခါလွန်ပြီး တောင်အောက်လဲ ပြုတ်ကျမယ်.. ဟိဟိ..

ပါးစပ်ရာဇ၀င်တွေ အကုန်သိချင်တယ်... ပြောပြအုံး...

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit