Sunday, March 22, 2009

ဖြစ်နေတာလေးပေါ့ (၂)

ခံစားချက်ကြောင့်ပဲ
ငါ့အစာအိမ်က
တဂြီဂြီျမည္ခဲ့တာလား?

ရင်တွေခုန်/တုန်ခဲ့တာကရော
ငါသောက်ခဲ့တဲ့
ကော်ဖီတွေကြောင့်များလား?

ရေးချင်ခဲ့တဲ့ ငါ့ကဗျာတွေက
အလွမ်းကဗျာတွေချည်း ဖြစ်နေမှာကြောင့်
ငါမခံစားရဲခဲ့ပြန်ဘူး။

နင်မချစ်ခဲ့ပဲနဲ့များ
နင့်အကြောင်းရေးချင်နေမိတဲ့
ငါ့ကိုယ်ငါ ဘာလုပ်ရမလဲ?
တစ်ဆိတ် လမ်းညွှန်ပေးပါလား။

ခုတော့
ခံစားချက်ကြောင့်
နွမ်းကြေသွားတဲ့စိတ်ကို
ခဏတာမေ့ထားလို့
အစာအိမ်ရဲ့ တောင်းဆိုချက်အရ
အရင်ဦးဆုံး
ပန်းကန်ပြားနဲ့
ခံစားလိုက်ဦးမယ်ဟာ
နင်ရော စားသွားပါဦးလား?

ချစ်မီးလေး အတွက် အမှတ်တရ.... :P

ချစ်မညလေး ကွန်မန့်မှာရေးပေးသွားတဲ့ကဗျာလေးပါ အမှတ်တရ ပြန်တင်လိုက်ပါတယ်
ဆားချက်တာလဲနည်းနည်းပါတာပေါ့နော် ကိုယ့်ချစ်မကရေးပေးတော့လဲ ၀မ်းသာလို့တင်လိုက်တာလဲ
ဟုတ်တာပေါ့...ဟီးးးးးးးးးးချစ်မညလေးရေ အာဝါးးးးးးးးးး

3 comments:

မသက်ဇင် said...

ကဗျာလေး ဖတ်သွားပါတယ်--
မီးလေးဇာ---
ပျော်ရွှင်ပါစေ--

Welcome said...

ဇွဲကပင်တောင်ခြေက ချက်တဲ့ ဆားက အတော်ငံပဲဗျ။ အနော်လဲ ငံပြာရည် ကျိုထားတယ်..

Anonymous said...

ဆားထပ်ချက်လို့ရအောင် နောက်တစ်ပုဒ် ထပ်ရေးပေးဦးမှ... နော်

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit