Saturday, March 7, 2009

Happy birthday ပါ my mother

ဒီနေ့ကတော့ မီးလေးအမေရဲ့(၄၇)နှစ်ပြည့်တဲ့နှစ်ပေါ့

တစ်သက်နဲ့တစ်ကိုယ် ဒီတစ်ခါပဲအမေ့မွေးနေ့သိတော့တယ်..ဟိဟိ
အမေ့ကိုမေးတိုင်း မမှတ်မိဘူးပဲလုပ်နေလို့လေ အဖေနဲ့အမေကအသက်ချင်းကရွယ်တူပဲ အဖေကလပိုင်းပဲကြီးတယ် ဟိဟိကြုံတုန်းလေး နည်းနည်းလောက်အတင်းတုတ်လိုက်ဦးမယ်..ဟီးးးး

အဖေ..အမေ့ကိုပိုးတုန်းက လမ်းထိပ်မှာသီချင်းတွေဆိုပြီးတော့ပေါ့
အမေ့အိမ်ရှေ့ဖြတ်လျှောက်ရတာလဲခြေတောင်တိုတယ်တဲ့ အဲ့တုန်းကအဖေ့စတိုင်က
ဝင်းဦးတို့ဝတ်သလိုမျိုးပေါ့ အဖွား(အမေ့ရဲ့အမေ)ကလဲ အဖေ့ကိုကြည့်မရဘူး မိဘလုပ်စာ
ထိုင်စားနေတဲ့သူလို့မြင်တာပေါ့(အမှန်ပဲထိုင်စားတာ)
ရှူးးးးးကြားသွားရင်နာရင်းပိတ်တီးခံထိဦးမယ်ဟိဟိ


အမေနဲ့ချစ်သူတွေဖြစ်သွားကြတော့ သမီးရည်းစားသဘာဝချိန်းတွေ့တာပေါ့နော် (ပြောရင်းနဲ့ရယ်ချင်လာပြီး..ဟိဟိ) အမေတို့အိမ်ခေါင်းရင်းကသစ်ပင်ပေါ်တတ်ပြီး ဂျိုးကူသံပေးတယ်ပေါ့
သိတယ်ဟုတ်...ဟတ်ဟတ် အမေကလဲသိတော့အိမ်အခန်းထဲကပြတင်းပေါက်ကိုဖွင့်ပြီး ကြည့်တာပေါ့
တစ်ယောက်ကသစ်ပင်ပေါ် တစ်ယောက်ကအိမ်ပေါ်ကပေါ့..ဟိဟိ အဖွားကလဲလျှင်တယ် ဓါးမကိုင်ပြီးလိုက်တာပေါ့..ဟတ်ဟတ်
နောက်နေ့တော့အိမ်ဘေးပတ်ပတ်လည် မီးချောင်းတွေလင်းထိန်အောင်ထွန်းထားလိုက်ပါလေရော
အဖွားကတော့အမေ့ကိုဆူတာပေါ့ အလုပ်မရှိအကိုင်မရှိပဲ ဘောကျော့နေတဲ့သူနဲ့မှကြိုက်ရလားဘာလားပေါ့
ပရိတ်ရွတ်တာပေါ့
အဖေကလဲ..မေကြီး(အဖေရဲ့အမေ)ကိုပြောတာပေါ့ သူ့ကိုအလုပ်မရှိအကိုင်မရှိတဲ့သူလို့ပြောတယ်ပေါ့
ပြန်တိုင်တာပေါ့နော့် မေကြီးကလဲ..“ဟင်..ငါ့သားကိုများပြောရတယ်လို့ သားမပူနဲ့”ဆိုပြီးတော့အဖေ့အတွက်
မြင်းလှည်းထောင်ပေးလိုက်တယ်တဲ့ အဖေလဲတစ်နေကုန်အမေ့အိမ်ရှေ့ကိုဖြတ်သွားဖြတ်လာ မြင်းလှည်းမောင်းကြောင်းအဖွားကိုကြွားတာပေါ့..ဟိဟိ
အဖွားကတော့အထင်မကြီးပါဘူး.... အဖွားကသာသဘောမတူတာ.. ဖေကြီးနဲ့မေကြီးကတော့ အဖေ့ကိုမြှောက်ပေးနေတာပဲ သဘောမတူရင်ခိုးပြေးတဲ့ အမေတို့လုပ်ပေးမယ်တဲ့..ဟိဟိ
နောက်တော့လည်း......မီးလေးတို့မောင်နှမသုံးယောက်နဲ့မိသားစုဖြစ်လာတာပေါ့ ဟီးး

အဖေဟာအမေ့ကိုရတာကံကောင်းတယ်လို့ လူတိုင်းပြောကြသလို အမေအဖေ့ကိုရတာကံဆိုးတယ်တဲ့
အမေ့လောက်စည်းကမ်းရှိပြီးအလုပ်လုပ်သပ်ရက်တဲ့သူမီးလေး မတွေ့ဖူးသေးဘူး
အမေ့လောက်သားသမီးတွေအပေါ် နားလည်မှု့အပြည့်နဲ့ သည်းခံနိုင်တာမတွေ့ဖူးသေးဘူး
သားသမီးလှည့်သလောက်ခံရတာလဲအမေပဲ ယောင်္ကျာလှည့်သမျှခံရတာလဲအမေပဲ

မီးလေးလောက်ဆိုးတာမီးလေးပဲရှိတယ် အမေ့ကိုမျက်ရည်ပေါက်ပေါက်ကျအောင်လဲလုပ်ခဲ့ဖူးတယ်
မီးလေးဆိုးတဲ့ဒဏ်မခံနိုင်တော့တဲ့ အမေပေါ့ မီးလေးကိုကျွတ်အောင်လုပ်ခဲ့ဖူးတယ်
ဘယ်လိုစကားအသုံးနှုန်းလို့ထင်လဲ.........
(နင့်ကိုငါလက်အုပ်ချီပြီး ထိုင်ရှိခိုးဆိုလဲ ရှိခိုးပါ့မယ်တဲ့)
ဒါတောင်ဖုန်းနဲ့ပဲပြောတာ မီးလေးအဲ့တုန်းက ၀မ်းနည်းသွားတာ အသံတောင်မထွက်တော့ဘူး
ဘယ်လိုမျိုးနဲ့မှမတူဘူးခံစားရတာ မိဘမျက်ရည်ကျအောင်လုပ်ခဲ့မိတယ်လေ
အင်းးးးးးးးးးးအခုတော့ သမီးအလိမ္မာလေးပေါ့..
အမေ့ကိုပျော်ရွှင်အောင်ပဲထားတော့တယ် ကိုယ်ကပျော်ရွှင်အောင်ထားတာတောင် သူ့သားကအပူပေးသေးတယ် အမေ့ခမျာ တဇွတ်ထိုးတဇောက်ကန်း လုပ်တတ်တဲ့မီးလေးကိုစိတ်မချတာနဲ့
သူ့သားတွေသမီးတွေနဲ့တောင် အတူမနေရတာကြာပေါ့ ပြန်ခိုင်းလဲမပြန်ဘူး မီးလေးကိုပါပြန်ခေါ်တယ်
မီးလေးကလဲမပြန်ချင်ဘူး အဲ့ဒါနဲ့ပဲနှစ်တွေကလဲတစ်နှစ်ပြီးတစ်နှစ်ပေါ့...........

အမေကခုထိပဲနော် မီးလေးကိုဆူလို့မရဘူး ဟိဟိ သူ့ထက်စကားတတ်လို့ပေါ့..ဟဲဟဲ
မီးလေးကိုပြောမနိုင်တော့ရင် ဘာပြောတယ်ထင်လဲ ဆရာမကြီး ဘုန်းကြီးတစ္ဆေတဲ့
ဟိဟိ..... အမေကအရမ်းချစ်ဖို့ကောင်းတယ် မီးလေးအတွက်တော့ အမေဟာသူငယ်ချင်းတစ်ယောက်လို
မောင်နမလို...... တိုင်ပင်ဖော်တိုင်ပင်ဖတ်လိုပေါ့ မီးလေးအပေါ်နားလည်မှု့အပေးနိုင်ဆုံးပေါ့

မီးလေးတို့မောင်နှမအတွက်တော့ အမေသည်သာ...နေမင်း
အမေသည်သာ.........လမင်း
အမေကသာ..လမ်းပြပေးနိုင်တဲ့ ကြယ်ကလေးတွေပေါ့............

အမေရေမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ မိသားစုတစ်စည်းတစ်လုံးတည်း ပျော်ရွှင်ချမ်းမြေ့စွာ
အသက်ထက်ဆုံးနေထိုင်သွားကြရပါစေလို့သမီးဆုတောင်းပေးလိုက်ပါနော်

အားလုံးပဲမီးလေးလဲအိပ်တော့မယ် အခုတောင်မနက်(၃း၂၀)ရှိနေပြီးမနက်မိုးလင်းရင် အမေ့ဆီကိုဖုန်းဆက်ပြီး
ဆုတောင်းပေးလိုက်ရဦးမယ် လက်ဆောင်ကတော့မအားသေးလို့အကြွေးပါလို့ဟိဟိ
အမေ့ဆီဖုန်းဆက်ပြီးဘယ်လိုပြောမယ်ထင်လဲ...ငှဲငှဲ..အစုံပေါ့..
အစုံဆိုတာဘာသာစကားနော်ဟတ်ဟတ်


“ဟလို..မာမီ..ဘေဘီ ခေတ်ထင်..အာဘွားးးးးး.ကျွတ်ကျွတ်...
ဟက်ပီးဘတ်ဒေးပါမဲ့....အဖေနဲ့တူတူမြန်မြန်နေရပါစေလို့.”ဟီးးးးးးးးး

အဟမ်း..ရှင်းပြရဦးမယ်...ခေတ်ထင်=သတိရတယ်
ကျွတ်ကျွတ်ကတော့နမ်းတာ
မဲ့..=အမေ
အိုကေတယ်နော်..ဘိုင့်ဘိုင့်

10 comments:

Dr Phyo Wai Kyaw said...

ဘယ်လိုပြောရပါ့ ဇဇနောက်နေတာနဲ့
ဇဇအမေ ကျန်းမာပါစေဗျား
ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ။

Sein Lyan Tun said...

မဇာ အမေ သက်ကျော်ရာကျော်ရှည်ဖို့ 
ကျနော်
မောင်ဖိုးစိန်
ဆုမွန်ကောင်းတောင်းပါတယ်
မွေးနေ့ မှသည် နှစ်တရာတိုင်အောင်
ချစ်သမီးအရှုပ်နဲ့ 
နေနိုင်ပါစေဗျာ..

Welcome said...

ဆ၀ိုင်းဒီခပ် .. ..

မွေးနေ့ပွဲလေး လာအားပေးတာ..
ပျော်ရွှင်တဲ့ မွေးနေ့လေး ဖြစ်ပါစေ အန်တီခင်ဗျား ..

မီးတောက် said...

မဇာ အမေ နဲ့ မွေးနေ့မှာ ပျော်ရွှင်ပါစေ ခင်ဗျာ
နောင်နှစ်ပေါင်းများစွာ လည်း မွေးနေ့ပွဲလေးကို
ကျင်းပနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်
အသက်ရာကျော်ရှည်ပါစေလို့လည်း ဆုတောင်းလိုက်ပါတယ် ခင်ဗျာ။

Anonymous said...

very good post!!!
thanks for your visiting to my blog
how are you?
i hope you are in good health.
i am already finished my exam.
everythings is ok.
and you my sister?

Anonymous said...

ကောင်းပါပေ့...
မမရော မမမေမေရော နောက်နှစ်ပေါင်းအများကြီး အများကြီးထိ ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါစေနော်...

မသက်ဇင် said...

လိမ္မာသော မီးလေးဇာ ရဲ့ မေမေ---
မွေးနေ့ မှသည်--နှစ်ပေါင်း၁၂၀ ရှည်စေသော်--

မိုးသောက်(ရှမ်းလေး) said...

မဲ့ ဆိုတော့ ရှမ်းလူမျိုးလား...??

ဖိုးဂျယ် said...

တီတီဇာ တူလေး ကီးဘုတ်ကြောင်နေတာနဲ့
အိမ်မလည်ဖြစ်ဘူး အခုတော့ တီတီ အမေမွေးနေ့
နောက်ကျသွားတယ်
သက်ကျော်ရာကျော်ရှည်ပြီး ဒီသားသမီးတွေနဲ့
ပျော်ရွှင်စွာ နေနိုင်ပါစေ ခင်ဗျာ

My Diary said...

နောက်ကျသွားလို့ တောင်းပန်ပါတယ်
birthday မှသည် ရာသက်ပန် မေမေ ပျော်ရွှင်ပါစေ
ဆုတောင်းပေးခဲ့ပါတယ်

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit