Sunday, November 9, 2008

ဖမ်းဆုပ်မရတဲ့ အချစ်

မင်းနဲ့သာ မဆုံစည်းခဲ့ဖူးဆိုရင်
ချစ်ခြင်းရသကို ရူးမိုက်စွာ
ငါခံစားတတ် ခဲ့မှာ မဟုတ်သလို........

တက်မက်ခြင်း သေရေတွေလည်း.....
ငါ့အတွတ် မူးအီချိုမြလို့
နေမှာ မဟုတ်ဘူး............၊

ရှည်လျှားတဲ့ ဘ၀ သံသရာတောင်
မင်းနဲ့ခွဲနေရတဲ့........
စက္ကန့်ဝက်လောက်.......
ရှည်လျှားမှာ မဟုတ်သလို........

ပထ၀ီမြေထု ကြီးလဲ...
မင်းအပေါ်မြက်နိုးမှု့လောက်
သိပ်သည်းမှာ မဟုတ်ဘူး........၊

မင်းသာမရှိရင်........
တိတ်ဆိတ်ခြင်းမှလဲ...
တုန်လှုပ်ခြောက်ခြားစရာ၊
နှစ်မျှော် ကြည်မွှေ့ဖွယ်ရာ
ရသတစ်ခု ဖြစ်လာမှာ မဟုတ်သလို........

စွဲလမ်းခြင်းများစွာ......၊
သတိရခြင်းများစွာ တို့သည်လည်း
ကဗျာတစ်ပုဒ် ဖြစ်လာမှာ
မဟုတ်ဘူး..........။


13 comments:

တက်လူငယ် said...

မင်းသာမရှိရင်........
တိတ်ဆိတ်ခြင်းမှလဲ...
တုန်လှုပ်ခြောက်ခြားစရာ၊
နှစ်မျှော် ကြည်မွှေ့ဖွယ်ရာ
ရသတစ်ခု ဖြစ်လာမှာ မဟုတ်သလို........

စွဲလမ်းခြင်းများစွာ......၊
သတိရခြင်းများစွာ တို့သည်လည်း
ကဗျာတစ်ပုဒ် ဖြစ်လာမှာ
မဟုတ်ဘူး..........။

သူရှိနေလို့ကြောင့်သာ ဖြစ်လာတာပေါ့နော်။ သြော်..အချစ်အချစ်..အချစ်ကိုလိုက်မဖမ်းပါနဲ့..အမရေ။ မောသွားမယ်...လွှတ်ထားလိုက်..လွှတ်ထားလိုက်...သူ့အတိုင်းလေး...ဘဝအမော...ရေစုံမျှောလိုက်။

တက်လူငယ်...

စိုင်းစိုင်းလားရှိုး said...

အချစ်က သူနဲ့အဆင်ပြေနေရင် ဖမ်းဆုပ်စရာ မလိုဘူး၊ အဆင်မပြေပြန်ရင်လည်း ဖမ်းလို့မမိနိုင်ဘူး။

Anonymous said...

ကောင်းတယ်ဗျို့...

ရှည်လျှားတဲ့ ဘ၀ သံသရာတောင်
မင်းနဲ့ခွဲနေရတဲ့........
စက္ကန့်ဝက်လောက်.......
ရှည်လျှားမှာ မဟုတ်သလို........

ဆိုတာလေး ကြိုက်တယ်.။

Anonymous said...

ကဗျာလေး တစ်ပိုဒ်အတွက်..
ရင်မှာရင်းရတာတွေက....
အများကြီးဆိုတာ....!!

ဟိန်းညီ said...

ကောင်းပါတယ်။ကဗျာလေးက။
ဒါပေမယ့်တစ်ခါတစ်လေ
ပျော်စရာလေးဘာလေးရေးပါအုံးလားဟာ။
ငါ့ညီမကလဲ။
အသည်းကွဲကဗျာရေးနေမှစားဝင်အိပ်ပျော်မှာလား။

မသက်ဇင် said...

မီးလေးဇာရေ---
"ဖမ်းဆုပ်မရတဲ့ အချစ်"
ကဗျာလေး လာဖတ်တယ်--
ခံစားချက်လေးကို ရေးဖွဲ့ထားတဲ့ ကဗျာလေး
ဖြစ်ပုံပဲနော်--
စာကားလုံးတွေက လှပါတယ်--
အနုပညာကို ဖန်တီးတဲ့အခါ--မိမိပတ်ဝန်းကျင်မှာ တွေ့မိတာတွေလည်း
ရေးပါ--အလှအပ တောတောင်သဘာဝတွေ--
အမြင်တွေ အားလုံးကို --ဖန်တီးပေါ့
အားပေးပါတယ်--

ဇင်ယော် said...

ဘယ်မှာလဲ မသိဘူး ဖတ်ဖူးတယ် အချစ်ဟာ ရေလိုပဲတဲ့။ ထိထားရင်တော့ ထိလို့ ရတယ်။ ဖမ်းဆုပ်လိုက်ရင်တော့ လျှောကနဲ လွတ်ထွက်သွားပါလေရောတဲ့။ လွှတ်သာထားလိုက်ပေတော့ ညီမရေ။

Anonymous said...

ဟိုတုန်းက မတွေခဲ့ရင်
ဒီလို ဇာတ်လမ်းလေးဟာလေ တစ်မျိုးဖြစ်ခဲ့မယ် ..
စိုင်းထီးဆိုင် ရဲ့ သီချင်းလေး တစ်ပိုင်းတစ်စ ပါ ...
ဒါပေမယ့်လည်း အချစ်ဆိုတာ ရှောင်လွှဲလို့မှ မရတာ .
အဲ့ဒီတော့လည်း ခံစားရ သမျှကိုပဲ သဘာဝ လို့ သတ်မှတ်လိုက်ပါတော့ မီးငယ်လေးရေ :P

WWKM said...

စွဲလမ်းခြင်းများစွာ......၊
သတိရခြင်းများစွာ တို့သည်လည်း
ကဗျာတစ်ပုဒ် ဖြစ်လာမှာ
မဟုတ်ဘူး..........။

ညီမလေးရေ..ကဗျာလေးလှတယ်။တော်တယ် နာ့ညီမက။

ချစ်တဲ့
မမ၀ါ

မြတ်သွယ် said...

ကဗျာအစ မင်းကနေ ဘူးအထိ တစ်ပုဒ်လုံးကောင်းတယ်
ကြိုက်လဲကြိုက်တယ်
ခံစားလို့လဲကောင်းတယ်
“တက်မက်ခြင်း သေရေတွေလည်း.....
ငါ့အတွတ် မူးအီချိုမြ”
ကဗျာကောင်းလေးဖတ်လိုက်ရလို့ ကျေးဇူးတင်ပါတယ်
အားပေးနေမယ်နော်

pandora said...

စွဲလန်းခြင်းတွေ သတိရခြင်းတွေကနေ ပျော်ရွှင်စရာတွေ အမြဲဖန်ဆင်းပေးနိုင်တဲ့ ကဗျာတပုဒ် ဖြစ်လာပါစေ။

ဝေလေး said...

မိုက်တယ်မမရဲ့ ကဗျာက

ရှည်လျှားတဲ့ ဘ၀ သံသရာတောင်
မင်းနဲ့ခွဲနေရတဲ့........
စက္ကန့်ဝက်လောက်.......
ရှည်လျှားမှာ မဟုတ်သလို........

ပထ၀ီမြေထု ကြီးလဲ...
မင်းအပေါ်မြက်နိုးမှု့လောက်
သိပ်သည်းမှာ မဟုတ်ဘူး........၊

ဂွတ်တယ် ဒီစာပိုဒ်လေး..... စကားလုံးတွေသုံးထားတာလည်းကြိုက်တယ်. :D :D

Anonymous said...

ရိုး ... စကားလုံးအဖွဲ့အနွဲ့လေးတွေက လှပပြီး ကဗျာလေးကတမျိုးလေးခံစားရတယ်။ ကဗျာရှင်က အနုအရွကို အာသီသရှိတယ် ထင်ပါ့ဗျာ ... ။

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit