Friday, November 7, 2008

ဆန္ဒ နှင့် ဘဝ

ဆန္ဒ နှင့်ဘဝ
တစ်ထပ်တည်းကျအောင်
ကြိုးစားနေတဲ့ အချိန်မှာ........
မင်းနားလည်ပေးနိုင်လိမ့်မယ်လို့
မျှော်လင့်မိခဲ့ပေမယ်လည်း...........

နာကျည်းမှု့တွေ ရောစွတ်နေတဲ့
မျက်ဝန်းတစ်စုံနဲ့
စိမ်းကားစွာကြည့်လို့.......
သံရည်ပူတွေအလား
ရင်ခွင်ကို လောင်ကျွမ်းစေမယ်
့်စကားလုံးတွေနဲ့ ထိုးနှက်
ငါ့နှလုံးသားကို ............
အသေသတ်သွားခဲ့တာလား..........၊

ဖြစ်ချင်တာထက် ဖြစ်သင့်တာကို
ဦးစားပေးရမယ့် ဘ၀မှာ
မင်းပေးခဲ့တဲ့ ဖိတ်စာလေးကိုကြည့်လို့
မင်းတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲကို.........
တတ်ရောက်နိုင်ဖို့အတွက်
ခွန်အားတွေ မွေးဖို့ကလွဲရင်......
ငါ ဘာများတတ်နိုင်ဦးမှာလဲ........နော်...၊

16 comments:

စိုင်းစိုင်းလားရှိုး said...

ဆန္ဒဟာ၊ အရးကြီးပါတယ်
ညီမျှခြင်းပါပဲ

ဝေလေး said...

ဖြစ်ချင်တာနဲ့
ဖြစ်နေတာနဲ့
ဖြစ်သင့်တာနဲ့
များပြားလိုက်တာနော်.....

အရုပ်ကလေး said...

ကဗျာလေး ကောင်းတယ်
ဆက်လက် အဆင်ပြေပါစေ

မသက်ဇင် said...

မင်းပေးခဲ့တဲ့ ဖိတ်စာလေးကိုကြည့်လို့
မင်းတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲကို.........
တတ်ရောက်နိုင်ဖို့အတွက်
ခွန်အားတွေ မွေးဖို့ကလွဲရင်......
ငါ ဘာများတတ်နိုင်ဦးမှာလဲ........နော်...၊

မီးလေးဇာရေ---
ကိုယ်တိုင်ခံစားချက်လား--
တကယ်ပဲဆိုရင်လေ-----
မိန်းခလေးအတွက်--ထပ်တူကြေကွဲ
ဆို့နင့်ရပါတယ်---
ကဗျာလေးကကောင်းတယ်---

ခွန်း said...

ဖြစ်သင့်တဲ့ ဘဝ အတွက် ဖြစ်ချင်တဲ့ ဆန္ဒတွေကို စတေးခဲ့ကြဖူးတာ လူတိုင်းလိုလို ထင်ပါတယ်။ စတေးလိုက်လို့ ရလာမယ့် အကျိုးအမြတ်နဲ့ စတေးလိုက်ရတဲ့ ဆန္ဒကို ပြန် ချိန်သင့်သလို ဖြစ်သင့် တဲ့ ဆန္ဒ ဟုတ်မဟုတ် ဆိုတာလည်း ပြန်ချိန်ရမှာ ပါပဲ။ ချစ်သူက စွန့်ခဲ့လို့ ကြေကွဲရပါတယ် ဆိုတဲ့ နေရာမှာ ချစ်သူကို ချစ်တာ အပြင် အတ္တ နဲ့ မာန ရဲ့ သက်ရောက်မှုတွေလည်း ပါနေဦးမယ် ထင်ပါတယ်။ ဗြဟ္မစိုရ် တရား လေးပါး ကို လက်ကိုင် ထားနိုင် ခဲ့မယ် ဆိုရင်တော့ ကြေကွဲမှုကို အလွယ်တကူ အဆုံး သတ်နိုင်မှာပါ။ မိန်းကလေး တစ်ယောက်ရဲ့ ခံစားချက်ကို ပီပြင် အောင် ရေးထားတဲ့ ကဗျာလေးပါ။

Anonymous said...

ဟိုက်ရှားလပါး.... မီးလေးတစ်ယောက်... အန်နေပြီ... အန်နေပြီ... နှလုံးသားထဲမှာ အစာမကြေတာတွေများနေပုံရတယ်.. အစာကြေဆေးစားမလား... မီးလေးကဗျာလေးတွေ ပိုပို ကောင်းလာတယ်နော်...

GreenGirl said...

မှန်တာပေါ့ ညီမလေးရယ်...

ဇင်ယော် said...

ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရမယ့် ဘ၀တဲ့။ ဒါဟာ မကြာခဏ ကြုံတွေ.နေရတာပါပဲလေ။ စိတ်ဓါတ်ခွန်အားတွေ အများကြီး မွေးနိုင်ပါစေဗျာ။

ဖြိုးငယ် said...

သနားစရာပါလား ... ဖြစ်တက်ပါတယ် ...

ဟိန်းညီ said...

right - ညာဘက်

Anonymous said...

ခံစားချက် အသွင်အပြင်ဆိုတာ တူရာပဲ စုနိုင်တယ် မီးလေးရေ ..
မျိုးတူရာ သွားစုတယ်လို့ပဲ သဘောထားလိုက်နော် ..
ကဗျာလေးက ခံစားရတယ် ..
ကြွေကွဲဖွယ် ဇာတ်လမ်းလေးကို ပေါ်လွင်စေပါတယ် ..
အများကြီး ဆက်ေ၇းဦးနော်
ခင်မင်တဲ့
မိုးသောက်

WWKM said...

ညီမလေး ရေ..
ကဗျာလေးကို ဖတ်ပြီး တစ်ခုခုခံစားလိုက်ရသလိုပဲ.
ကောင်းတယ် ညီိမလေး ရေ။
အဆင်ပြေ ပျော်ရွှင်ပါစေ။

Welcome said...

သယ်ချင်း
ကဗျာကောင်းလေးကို လာဖတ်သွားပါတယ်။
စိတ်ထဲမကောင်းပေမယ့်၊ စိတ်ဓာတ်မကျဖို့ ကိုတော့ ပြောချင်ပါတယ်။

http://winzaw-mdy.blogspot.com

အလင်းစေတမန် said...

ဆန္ဒနဲ. ဘ၀တစ်ထပ်တည်းကျပါစေ

Dream said...

ထပ်တူထပ်မျှ ခံစားရပါတယ်..

pandora said...

ဒီလိုပဲဖြစ်တတ်ပါတယ်။ အချိန်တွေ ကြာသွားတဲ့ အခါကျတော့လည်း ..။

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit