Saturday, November 22, 2008

အချစ်ရဲ့ ရလဒ်

မင်းကိုသိပ်ချစ်မိခဲ့တယ်

သိပ်ချစ်မိခဲ့လို့လဲ..........

မင်းပြန်ချစ်လာအောင်

အမျိုးမျိုးကြိုးစားခဲ့ရတယ်

နောက်ဆုံးတော့လဲ…ကွာ…….၊


ရေခဲရေနှင့် ဗြန်းခနဲအပတ်ခံလိုက်ရသလို

အေးစက်ခါးသီးမှု့ မျက်ဝန်းကြီးက

မင်းဆီကအရှိန်နှင့်ပြေးထွက်

ငါ့မျက်ဝန်းကြည်နူး ရိပ်တွေနှင့်

ဝုန်းကနဲဆောင့်......၊


နာကျင်ပွန်းပဲ့စွာ

အညိုအမဲ စွဲသွားရတဲ့

ငါ့ အကြင်နာ ကြိုးပမ်းမှု့လေးများကို

သနားကြင်နာစွာဆေးကုလျက်

အာမခံသေတ္တာထဲ ထည့်ပြီး

သိမ်းထားလိုက်ရတော့တယ်........။




12 comments:

စိုင်းစိုင်းလားရှိုး said...

ကျွန်တော် အာမခံသေတ္တာ တစ်လုံးမှာချင်လို့ပါ၊

Anonymous said...

သိပ်ကောင်းတဲ့ကဗျာလေးပါပဲလား ညီမရေ ... ။
ရှင်ရဲထွတ်လိုပဲ အကိုလည်း သေတ္တာလေးတစ်လုံးလောက် လိုချင်မိပါရဲ့ .. ။
ပျော်ရွှင်ပါစေ ... ။

အရုပ်ကလေး said...

အေးစက်ခါးသီးမှု့ မျက်ဝန်းကြီးက

မင်းဆီကအရှိန်နှင့်ပြေးထွက်

ငါ့မျက်ဝန်းကြည်နူး ရိပ်တွေနှင့်

ဝုန်းကနဲဆောင့်......၊

အဲစာသားလေး ကြိုက်တယ်
အင်အားတော်တော် ပြင်းလား
ဝုန်းကနဲ့ ဆောင့်တယ်ဆိုလို့

Unknown said...

ဆေး ကု သ မှု့ တွေ မြန် မြန် ပျောက် ကင်း ပါ စေ လို့ ဆု တောင်း လျှက်...

puluque said...

ကဗျာလေးတွေ ပြန်ရေးနေပြီဆိုတော့ နှလုံးသားလေးလဲ ပြန်လည်ပတ်နေပြီထင်ပါတယ်။ အချစ်ရဲ့ရလဒ် တွေကောင်းမွန်ပါစေဗျာ

Anonymous said...

မမ....
ဝေလေးကိုလည်း အာမခံသေတ္တာတစ်လုံးလောက်.. :)
ရင်ဘတ်လာထိတာတော့ ရင်ဘတ်ချင်းတူနေလို့နေမယ်နော်.. :D
မမကဗျာတွေလည်း ဝေလေးရင်ထဲ ထိတယ်.. :P
ချစ်မ ... တော်တယ်.... အာဝါးးးးး
ဟိဟိ..... :P :P

ဟိန်းညီ said...

ဟိတ်....
ဘာလို့ကဗျာကောင်းကောင်းလေးတွေ
စပ်စပ်နေတာလဲလို့လာမေးတာ။

Anonymous said...

သိပ်လဲမခံစားနေပါနဲ့ဗျာ။ သူမချစ်လဲ နောက်တယောက်ပေါ့ ဘာခက်တာလိုက်လို့ဗျာ ဟီ
ရှာမတွေ့လဲပြော ရှာပေးမယ်

ဇင်ယော် said...

ရေခဲရေနဲ့ ပက်လိုက်တာ ၀ုန်းကနဲဆောင့်တယ် ဆိုပါ့လား။ အားပါးပါး တော်တော်ပြင်းတာပဲ။ ပြန်ပက်လိုက်ဟာ ရေနွေးဆူဆူနဲ့ ။ ဟီး အာမခံသေတ္တာထဲ တခြားဘာတွေ ထည့်သိမ်းထားသေးလဲ။ ပိုက်ပိုက်တွေရှိရင်တော့ သော့ကုလားခေါ်ပြီး လာခိုးဦးမယ်။ ဟေဟေ.။

သက်တန့် said...

ညီမ မီးလေးဇာရေ...
အဲဒီ အာမခံ သေတ္တာကို ဖွင့်မဲ့သူ ပေါ်လာမှ.....
ဒန် တန့် တန်... :P

Welcome said...

သိပ်ချစ်မိတော့လည်း အရာရာကို နားလည် ပေးနိုင်စွမ်းတဲ့ ချစ်သူတစ်ယောက် ဖြစ်စေချင် ပါတယ်။ မီးခံသေတ္တာထဲ သော့ခတ်သိမ်းယုံနဲ့ သူ့ကိုချစ်တဲ့ အချစ်တွေ ပြေလျော့သွားမယ် ဆိုရင်တော့ ကောင်းပါတယ်။
(မနေ့ကကွန်မင့်တာ မအောင်မြင်ခဲ့ပါဘူး၊ နက်မကောင်းလို့ပါ)
http://winzaw-mdy.blogspot.com

တက်လူငယ် said...

အာမခံသေတ္တာထဲမှာသိမ်းရင် လုံခြုံပါတယ်ဗျာ။ သိမ်းလိုက်ပါ။
(အသဲကွဲတဲ့ အချစ်အကြောင်းတွေပြီးရင် တခြားဟာတွေရေးပါဦးဗျ) အမကလဲ..။

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit