Friday, November 14, 2008

ကိုယ့်အသက်ဘယ်အရွယ်ထိ နေရမလဲသိချင်လား

ဘယ်နေ့ထိနေရမလဲ သိချင်လားတဲ့
မှန်မမှန်တော့မသိပါဘူး သယ်ရင်းတစ်ယောက်ကပြောပြလို့
ဒီဆိုဒ်လေးမှာသွားကြည့်ခဲ့တာ ပြန်မျှဝေတာပါ
အပျော်ပေါ့နော်...မီးလေးကတော့အသက်..၉၀..လောက်ထိနေရဦးမှာတဲ့...ဟိဟိ
ဟုတ်လားမဟုတ်လားလဲသိဘူး.....
အားလုံးပဲပျော်ရွှင်နိုင်ကြပါစေနော်..အခုတလော...ဆားချက်နေလိုက်ဦးမယ်
ဆားဈေးတွေအရမ်းကောင်းနေလို့....ဟတ်ဟတ်
http://www.deathclock.com/index.cfm ဒီမှာပါ

8 comments:

စိုင်းစိုင်းလားရှိုး said...

ကျွန်တော် သေမယ့်နေ့ကို သိလည်းမသိချင်ဘူး၊ သိနိုင်တဲ့ ဥာဏ်လည်း မရှိဘူး၊ ဒါပေမယ့် လာလည်ပါတယ်၊ ကြိုသိနိုင်ရင်တော့ အကောင်းသား ကလား။

Dream said...

မီးဂနယ်နယ်ဖဲချိတေးဒါ ဂို..ဂယ်ဖဲ..ဂယ်ဖဲ.. တီတီယောင်းယောင်းကလည်း.. ဟွန်း..
နောက်ထပ် အနှစ်တစ်ရာနေရမယ်တဲ့..အဟိ..

Anonymous said...

ဂဌုန်မလေးပဲ...
ဟဟဟဟ
စိတ်ဝင်စားဖို့ ကောင်းတယ် ကိုယ်အလေးချိန်ကို ကီလိုကနေ ပေါင်ဘယ်လိုတွက်ရမလဲ မသိလို့  အဲ့မှာ တင် တစ်နေတယ် ဟဟဟ

ဇင်ယော် said...

အဟေး ၂၀၄၄အထိတဲ့ ။ နောက်ထပ် အနှစ်၃၀ကျော်ကြီးများတောင် နေရဦးမှပါ့။ ဒါပေမယ့် မီးလေးရေ ကြည့်လုပ်ပါဦးဟ။ Common Gastrointestinal Problems in Pregnancy တဲ့။ အဲဒါမှ ဒုက္ခပဲ။ ကိုယ်ဝန် ဆောင်ရမယ့် ပုံပေါက်နေတယ်။ ပြသနာပဲ။

တက်လူငယ် said...

ဘာပဲပြောပြော ကြိုတွေးပြီးတော့ စိတ်ကူးလေးယဉ်မိပါသေးတယ်။ ဒါလဲတစ်မျိုး ဖီလင်ပေါ့ဗျာ။ မမမီးရေ..ကျေးဇူးပါဗျာ။

ခင်မင်လျက်...
တက်လူငယ်...

Anonymous said...

ဟင်............. သေမဲ့ရက်က ၂ရက်ပဲကျန်တော့တယ် ဟောင်မငီး...........
ကြားလို့မှကောင်းကြသေးရဲ့လား အရပ်ကတို့ရဲ့.. ဟင်..
အိမ့်မှာတော့ ဘယ်နေ့ကျဘာလုပ်မယ်၊ ဘာရရင်ဘာလုပ်မယ်ဆိုပြီး စိတ်ကူးတွေယဉ်နေတာ သူ့
စာဖတ်မှကိုယ့်စိတ်ကူးတွေပျောက်ကုန်ပါပြီဗျာ။ဒီလိုမှန်းသိရင် မဖတ်ပါဘူးဗျာ..ပြောရင်းဆိုရင်း ဖင်ကကိုက်သလိုလို၊ခေါင်းက နာသလိုလို။
သေလို့ကတော့ ဂုတ်လာချိုးမယ်ဒါပဲ

ပျံသန်းခြင်းရပ်ဝန်း said...

ကျွန်တော်ကတော့နည်းနည်းစောနေသလိုပဲ...
တတ်နိုင်ဘူးလေ...
ဘ၀ပေးသလောက်ပေါ့...

ခုလိုတင်ပေးတာ ကျေးဇူးပါ..
သူငယ်ချင်းတွေကိုဆက်ဝေမျှပေးလိုက်ပါတယ်...

မသက်ဇင် said...

မီးလေးဇာရေ-----
လူ့ဘုံဘဝမှာလေ---
လူ့သက်တန်းစေ့ နေရရင်ကျေနပ်ပါပြီ---
ခုတော့--လူ့ဘဝကို မုန်းအောင်နေရအုံးမယ်တဲ့
အဲဒီတော့--ဘလော့ဂ်ရေးနိုင်တာပေါ့နော်---

 

meelayzar © 2008. Design By: SkinCorner|Minnyoonthit